" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label တိုက္ပြဲ. Show all posts
Showing posts with label တိုက္ပြဲ. Show all posts

Thursday, April 4, 2019

ရခိုင်မြောက်ပိုင်းက တိုက်ပွဲတွေ အရှိန်မြင့်လာ

B  B  C
ဘီဘီစီ မြန်မာပိုင်း
ဧပြီလ ၄ ရက် ၂၀၁၉၊

ရခိုင်ပြည်နယ်မြောက်ပိုင်း လေးမြို့မြစ်ကမ်း တလျောက်နဲ့ ဘူးသီးတောင်မြို့နယ် စိုင်းတင်ချောင်း တစ် ဝိုက် မှာ ဧပြီ ၃ ရက်မနက်ပိုင်း ၈ နာရီ လောက်က စပြီး တစ်နေ့လုံးနီးပါး တိုက်ပွဲတွေ ပြင်းပြင်း ထန်ထန် ဖြစ်ပွား နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘူးသီးတောင်မြို့နယ် စိုင်းတင်ချောင်း တစ်ဝိုက်မှာ ထင်းခုတ်ဝါးခုတ်နေကြတဲ့ မွတ်ဆလင်ရွာသားတွေကို စစ်တပ် ရဟတ်ယာဉ်ပေါ်က မှားယွင်း ပစ်ခတ်တဲ့ အတွက် ဝါးခုတ်နေတဲ့ မွတ်ဆလင်ရွာသား ၄၀ လောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဘူးသီးတောင်မြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံ ပြောပါတယ်။

Monday, April 1, 2019

ဘူးသီးတောင်ဒေသ လက်နက်ကြီးကျည်ကျ၊ ရွာခံများ တိမ်းရှောင်ရ

MYANMAR NOW
By အောင်ငြိမ်းချမ်း
1/04/2019

၂၀၁၉ ဇန်နဝါရီလက တွေ့ရသည့် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှ စစ်ရှောင် ဒေသခံတချို့ (ဓာတ်ပုံ-အောင်ငြိမ်းချမ်း/Myanmar Now)


ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်ရှိ စံဂိုးတောင်ကျေးရွာအုပ်စုအတွင်း မတ် ၃၁ နံနက်ပိုင်းက လက်နက်ကြီးကျည် အလုံး ၂၀ ခန့် ကျရောက် ပေါက်ကွဲခဲ့ပြီးနောက် ရွာ ၄ ရွာမှ ဒေသခံတို့ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း ထိုဒေသမှ လွှတ်တော်အမတ်များက ပြောသည်။

Sunday, March 31, 2019

မြန်မာအင်္ဂလားဒေ့ရှ်နယ်စပ်မှာ အာဆာနဲ့ မြန်မာလုံခြုံ ရေးတိုက်ပွဲဖြစ်

B  B  C 
ဘီဘီစီ မြန်မာပိုင်း
31 မတ် 2019

ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် မောင်တောမြိ့ မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ အာရကန် ရိုဟင်ဂျာကယ်တင်ရေးတပ် (ARSA) နဲ့ မြန်မာလုံခြုံရေး တပ်ဖွဲ့ဝင်တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါ တယ်။

မတ်လ ၃၀ ရက်နေ့ မနက် ၁၀နာရီကနေ ၁၁ နာရီကျော်အထိ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲကြားက ထွက်ပေါ်လာတဲ့ လက်နက်ကြီး လက်နက်ငယ် သံတွေကို အနီးအနား ကျေးရွာတွေကပါ ကြားခဲ့ရတယ်လို့ ဒေသခံ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

တိုက်ပွဲဟာ မီးတိုက်ကျေးရွာနဲ့ သင်္ဘောလှ ကျေးရွာအကြားမှာ စတင် ဖြစ်ပွားခဲ့ပေမယ့် မြန်မာ့တပ်မတ်ာက နေ လိုက်လံ ရှင်းလင်းတဲ့အခါ မီးတိုက် ၊ သင်္ဘောလှအပြင် တမန်းသား၊ ကွမ်းသီးပင်၊ မဲဒီ ဆိုတဲ့ နေရာ ၅ ခုလောက်မှာ ဆက်ပြီး တိုက်ပွဲတွေဖြစ်နေပါတယ်။

    ARSA အကြမ်းဖက်မှုတွေ စစ်ဆေးဖို့ မြန်မာပြော

    ရခိုင်မှာ အစိုးရက အစီအစဉ်တကျ လူ့အခွင့်အရေးချိုးဖောက်နေလို့ ကုလ ဆို

    ထွက်ပြေးတဲ့ ရိုဟင်ဂျာ အရေအတွက် အခုသီတင်းပတ်ထဲ တိုးမြင့်လာ

လင့်၊ https://www.bbc.com/burmese/47764003

ကျောက်တော်တွင် တပ်မတော်နှင့်အေအေ တိုက်ပွဲ ဖြစ်ပွား

DVB
By ဒီဗွီဘီ
31 March 2019


ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် သလူချောင်းကျေးရွာအနီးနဲ့ ဖားဝပ်ချောင်းတောင်နား တဝိုက်မှာ ဒီကနေ့ မနက်ပိုင်းက တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မျက်မြင်တွေက ပြော ပါတယ်။

Saturday, March 30, 2019

မောင်တောင်မြို့နယ်မြောက်ပိုင်းတွင် တိုက်ပွဲဖြစ်

နိရဉ္စရာ
နိရဉ္စရာ၊ မတ်လ ၃၀

ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ်၊ မောင်တောမြို့နယ် မြောက်ပိုင်း မီးတိုက်ရွာနှင့် သင်္ဘောလှ ကျေးရွာ အကြားတွင် ယနေ့ နံနက်က တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။

တောင်ပြိုကျေးရွာသား တစ်ဦးက “ ဒီကနေ့ နံနက် ၁၀ နာရီကျော်ကနေ ဖြစ်တာပါ။ နံနက် ၁၁ နာရီထိ ဖြစ်ပါတယ်။ လက်နက်ကြီး၊ လက်နက်ငယ်သံတွေကို ကြားခဲ့ရပါတယ်” ဟု ပြောကြားသည်။

မြောက်ဦးမြို့ အောက်သကန်ကျေးရွာအနီးတွင် တပ်မ တော်စစ်ကြောင်းကို AA အဖွဲ့က ပစ်ခတ်ဟု တပ်မ တော် ထုတ်ပြန်

မဇ္ဈိမ သတင်းဌာန
30 March 2019



ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

 ရန်ကုန်၊ မတ် ၃၀ ။          ။ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် အောက်သကန်ကျေးရွာနှင့် အနီးပတ်ဝန်း ကျင် တဝိုက်တွင် တပ်မတော် စစ်ကြောင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းလုံခြုံရေးတပ် ဖွဲ့ ဝင် များကို မတ်လ ၂၉ရက် နံနက်ပိုင်း၌ AA အဖွဲ့မှ ၁၀ ဦးခန့်က မိုင်းဖောက်ခွဲ၍ ရွာအတွင်းမှ လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်း ထုတ် ပြန်ခဲ့သည်။

Friday, March 22, 2019

လူမျိုးရေးကြောင့် ဖြစ်တဲ့ တိုက်ပွဲမဟုတ်ဘူးလို့ ရက္ခိုင့် တပ်မတော် အေအေက ပြော

B  B  C
ဘီဘီစီ မြန်မာပိုင်း
21 မတ် 2019

 

ရခိုင်ပြည်နယ်မှာ မြန်မာအစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (အေအေ)တို့ကြား ဖြစ်နေတဲ့ တိုက်ပွဲတွေ နဲ့ပတ်သက်ပြီး လူမျိုးရေးခွဲခြားပြောဆိုမှုတွေ ရှိနေပြီး အေအေကတော့ ဒီတိုက်ပွဲတွေက လူမျိုးရေးကြောင့် မဟုတ်ဘူးလို့ ပြောပါတယ်။

Thursday, March 14, 2019

တပ်မတော်နဲ့ AA တိုက်ပွဲကြောင့် ဒေသခံအများအ ပြား ထွက်ပြေးနေရ

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-03-14

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့။Photo: Min Thein Aung/RFA



ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ဗုဒ္ဓေါကျေးရွာအနီးမှာ မနေ့ကစပြီး ဒီနေ့မနက်ပိုင်းအထိ အစိုးရ တပ်မတော်နဲ့ ရခိုင့်တပ်မတော် AA တို့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ တိုက်ပွဲကြောင့် ဒေသခံ အတော်များများ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ရဲစခန်းများ၊ အရပ်ဖက်အာဏာပိုင်များနှင့် လူပုဂ္ဂိုလ် များအား တိုက်ခိုက်မှုများကို ရန့်တန့်ရန် အီးယူသတိ ပေး

မြန်မာတိုင်းမ်
စိုင်းဝဏ္ဏ 14 Mar 2019 | မြန်မာတိုင်းမ်နေ့စဉ်

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦးအား ဇန်နဝါရီ ၇ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ- အီးပီအေ


ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေသော တိုက်ခိုက်မှုများအတွင်း ရဲစခန်းများ၊ အရပ်ဖက် အာဏာပိုင်များနှင့် လူပုဂ္ဂိုလ်များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းကို ရပ်တန့်ရန် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂရုံး (အီးယူ)က မတ် ၁၄ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

Tuesday, March 12, 2019

ပလက်ဝမြို့နယ်မှာ တပ်မတော်နဲ့ AA တိုက်ပွဲပြင်းထန်

VOA
နိုင်ကွန်းအိန်၊ 12 မတ်၊ 2019

AA တပ်မတော် (ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)


ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ရဲကင်းစခန်း တချို့ တိုက်ခိုက်ခံခဲ့ရတာကြောင့် စခန်း တချို့ကို ပြန်လည်ရုတ် သိမ်းတာနဲ့ ရွှေ့ပြောင်း အင်အားဖြည့်တာတွေ လုပ်ဆောင်နေတဲ့ တချိန်တည်းမှာပဲ ချင်းပြည်နယ် ပလက်ဝ မြို့ နယ်ဘက်မှာ တပ်မတော်ရဲ့ တပ်စခန်းကို ရခိုင် လက်နက်ကိုင်အဖွဲ့ AA ဘက်က စီးနင်းတိုက်ခိုက်ခဲ့ပြီး လက်နက်ပစ္စည်းနဲ့ စစ်သုံ့ပမ်းတချို့ ဖမ်းဆီးခဲ့တယ်လို့ AA အဖွဲ့က ထုတ်ပြန်ထားပါတယ်။
 

Saturday, March 9, 2019

ရခိုင်ပြည်နယ်က မြို့နယ် ၃ခုမှာ တိုက်ပွဲတွေ ပြင်းထန်

B  B  C
ဘီဘီစီ မြန်မာပိုင်း
၂၀၁၉ မတ်လ ၉ ရက်


ရခိုင်ပြည်နယ် အတွင်း မြန်မာ အစိုးရ စစ်တပ်နဲ့ ရက္ခိုင့်တပ်မတော်(အေအေ)တို့ အကြား တိုက်ပွဲတွေ ကျယ် ကျယ် ပြန့်ပြန့်ဖြစ်ပွားနေရာမှာ မတ် ၉ ရက်နေ့မှာလည်း မြို့နယ် ၃ ခုလောက်မှာ တိုက်ပွဲတွေပြင်းပြင်းထန် ထန် ဖြစ်ပွားခဲ့ပါတယ်။

Wednesday, March 6, 2019

ကျောက်တော်က ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းတစ် ဦး အသတ်ခံရ

ဘီဘီစီ မြန်မာပိုင်း
၂၀၁၉ မတ်လ ၆ ရက်
ရခိုင်မြောက်ပိုင်းမှာ တပ်မတော်နဲ့ အေအေကြားတိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ နှစ်ကုန်ကတည်းက ရပ်ရွာ တည်ငြိမ်မှု အားနည်းနေ

မတ်လ ၅ ရက်နေ့ ညနေပိုင်းက ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာက အုပ်ချုပ်ရေး မှူးဟောင်းတစ်ဦးကို ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတာ တွေ့ရှိခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါ တယ်။

Sunday, March 3, 2019

ရခိုင်တိုက်ပွဲတွေအပေါ် သူတို့ ဘယ်လိုမြင်ကြလဲ



2 March 2019

ရခိုင်ပြည်နယ်အတွင်းသို့ ဗိုလ်ချုပ် ထွန်းမြတ်နိုင် ဦးဆောင်သည့် ရက္ခိုင့်တပ်မတော် (AA) အဖွဲ့က ၂၀၁၅ ခုနှစ်တွင် ပြန်လည်ဝင်ရောက်လာခဲ့သည်။ AA သည် ကချင်လွတ်လပ်မြောက်ရေး တပ်မတော် (KIA) ထိန်း ချုပ်နယ်မြေတွင် ဖွဲ့စည်းခဲ့သည့် အဖွဲ့ ဖြစ်သည်။

ရခိုင်ပြည်နယ် အတွင်းသို့ AA ဝင်ရောက်လာပြီးနောက် တပ်မတော်နှင့် ကြိုကြားကြိုကြား ထိတွေ့မှုများ ရှိ ခဲ့ ပြီးယခုနှစ်ဆန်းပိုင်းတွင် ရခိုင်ပြည်နယ် မြောက်ပိုင်းက လုံခြုံရေး ကင်းစခန်း ၄ ခုကိုအလစ်အငိုက်ဝင်ရောက်  တိုက်ခိုက်ခဲ့ပြီးနောက် တပ်မတော် အနေဖြင့် AA ကို စစ်ဆင်ရေး ပုံစံဖြင့် ရှင်းလင်းမှုများ ဆက်တိုက် လုပ် ဆောင်လာခဲ့သည်။

အရှိန်မြင့်လာသည်နှင့် တပြိုင်တည်းမှာဘဲ ပြည်နယ်အတွင်း ဗုံးပေါက်ကွဲမှုများ၊ ပစ်ခတ်မှုများ ဖြစ်လာပြီး အ ရပ် သားများ၊ အစိုးရဝန်ထမ်းများ ဖမ်းဆီးနှိပ်စက် ခံရမှုများ၊ ထိခိုက်သေဆုံးမှုများ၊ စီးပွားရေး၊ လူမှုရေးနှင့် ပ ညာရေးများကိုပါထိခိုက်မှုများရှိလာပြီး အခြေအနေ တနေ့ထက်တနေ့ ဆိုးရွားလာနေသည်ကို တွေ့ရ သည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပတ်သက်ပြီး နယ်ပယ်အသီးသီးက အမြင်သဘော ထားများကို ဧရာဝတီက စုစည်း ဖော်ပြလိုက်သည်။


Sunday, February 24, 2019

ရခိုင်ပြည်နယ်တိုက်ပွဲတွေကြား သေဆုံးသူနဲ့ ပျောက် ဆုံးသူများလာ

ဘီဘီစီ မြန်မာပိုင်း
၂၄ ရက် ဖေဖေါ်ဝါရီ ၂၀၁၉


ရခိုင်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ဒေသအတွင်း နယ်လှည့်စီးပွားရှာသူတွေ ၊ သစ်ခုတ်ဝါးခုတ် ရောင်း ချသူတွေနဲ့ ဒေသခံ ၉ ဦးဟာ အခုရက်ပိုင်းအတွင်း ပျောက်ဆုံးခဲ့ပါတယ်။

ဒီဖေဖော်ဝါရီလမှာ ဒေသအခေါ် အထုပ်သည်လို့ ခေါ်တဲ့ နယ်လှည့်ဈေးရောင်းသူတဦးဟာ လပေးစနစ်နဲ့ ရောင်းချပေးနေတဲ့ ဖောက်သည်တွေရှိရာကို ပစ္စည်း သွားပို့ရာကနေ ပျောက်ဆုံးသွားခဲ့သလို အဲဒီပျောက်
ဆုံး သူကို လိုက်လံ ရှာဖွေနေတဲ့ နှစ်ယောက်ပါ ထပ်ပျောက်သွားတယ်လို့ ပျောက်ဆုံးသွားသူရဲ့ အကိုဖြစ်သူ ကိုမျိုးထိုက်ဦးက ဘီဘီစီကို ပြောပါတယ်။

Friday, February 22, 2019

ရသေ့တောင်မြို့နယ် မင်းဖူးကျေးရွာမှာ အစိုးရတပ် ကပစ်လို့ ရွာသားတစ်ဦးသေဆုံး


VOA
လွတ်လပ်တဲ့ အာရှအသံ
ရသေ့တောင်မြို့နယ် မင်းဖူးကျေးရွာတွင် ၂ဝ၁၉ ဖေဖော်ဝါရီလ ၂ဝ ရက်နေ့က အစိုးရတပ်မတော်က ပစ် ခတ်သည့်                   သေနတ်ကျည်ထိမှန်ပြီး သေဆုံးခဲ့သူ မရီရီစိုး။Citizen Journalist

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မင်းဖူးကျေးရွာအတွင်းကို အစိုးရတပ်ဘက်က မနေ့မနက်ပိုင်းက ပစ် ခတ်ခဲ့တဲ့အတွက် အသက် ၁၈ နှစ်အရွယ် မရီရီစိုး သေနတ်ကျည်ထိမှန်ပြီး သေဆုံးခဲ့တယ်လို့ ရွာသားတွေ က ပြောပါတယ်။

Sunday, February 17, 2019

ရသေ့တောင်မြို့နယ် နွားတင်းကုတ်ကျေးရွာအနီး တိုက်ပွဲဖြစ်

နိရဉ္စရာ 

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၇

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ နွားတင်းကုတ်ကျေးရွာအနီးတွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ် မတော် (AA) တို့အကြား ယနေ့နံနက်က မိနစ် ၂၀ခန့် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။

Friday, February 15, 2019

ရခိုင်မြောက်ပိုင်း နယ်ခြားရဲကင်းတစ်ခု တိုက်ခိုက်ခံခဲ့ ရပြီး ဒုရဲအုပ်တစ်ဦး သေဆုံး

ဘီဘီစီ မြန်မာပိုင်း
ရက်စွဲ့၊ ဖေဖေါ်ဝါရိလ(၁၄)၂၀၁၉၊


မောင်တောမြို့နယ်ထဲက နယ်ခြားစောင့် ကင်းတစ်ခု ဖေဖေါ်ရီလ ၁၄ ရက် မနက်အစောပိုင်းက တိုက် ခိုက် ခံခဲ့ရတဲ့ အတွက် ဒုရဲအုပ်တစ်ယောက် ကျဆုံး ခဲ့ပါတယ်။

သေဆုံးသူ ဒုရဲအုပ်ရဲ့ နာမည်ဟာ စောမောင်မောင် ဖြစ်တယ်လို့ သိရပေမယ့် ဘယ်လက်နက်ကိုင်အဖွဲ့က တိုက်ခိုက်တာလဲ ဆိုတာတော့ အတည် မပြုနိုင်သေးပါဘူး။

Thursday, February 14, 2019

မောင်တော နယ်ခြားစောင့်ရဲကင်း တိုက်ခိုက်ခံရ

VOA
,နိုင်ကွန်းအိန်
 

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဘင်္ဂလားနယ်စပ်အနီး အောင်သပြေကျေးရွာ နယ်ခြားစောင့်ရဲကင်း စခမ်းတခုကို အမည်မသိအဖွဲ့ ကနေ မနေ့ညကနေ ဒီမနက်ပိုင်းအထိ ၀င်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ ပါတယ်။

စားပွဲဝိုင်းဆွေးနွေးပွဲ ကျင်းပရေးအဆို ရခိုင်ပြည်နယ် လွှတ်တော်မှာ ဆွေးနွေးမည်

RFA လွတ်လပ်တဲ့ အာရှ အသံ
2019-02-14
 ၂၀၁၉ ဖေဖော်ဝါရီ ၁၃ ရက်နေ့ကကျင်းပတဲ့ ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးကို တွေ့ရစဉ်

  

ရခိုင်ပြည်နယ်ထဲမှာ အစိုးရတပ်မတော်နဲ့ AA ရက္ခိုင့်တပ်မတော်တို့ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့် နိုင်ရေး စားပွဲဝိုင်းမှာဆွေးနွေးဖို့ ပြည်နယ်အစိုးရကနေတဆင့် ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်း အဆိုကို ရခိုင်ပြည်နယ် လွှတ်တော်မှာ ကန့်ကွက်မယ့်သူမရှိတာကြောင့် ဒီနေ့ အတည်ပြုလိုက်ပါတယ်။

မောင်ေ​တာမြို့နယ်​​တွင် အာဆာအဖွဲ့နှင့် တိုက်​ပွဲဖြစ်​၊ ဒုရဲအုပ်​ ၁ ​ဦးကျဆုံး

DVB
14 February 2019

( ARSA ဟုမမှန်မကန် သတင်းတွင်ဖေါ်ပြ )
ရခိုင်ပြည်နယ်၊ မောင်ေ​တာမြို့နယ်​​မြောက်​ပိုင်း သုပဏ္ဏကကျေးရွာအနီး နယ်ခြားစောင့် ရဲတပ်ဖွဲ့နဲ့ အာဆာ အကြမ်းဖက်အဖွဲ့တို့ တိုက်​ပွဲဖြစ်​ပွားခဲ့ပြီး ဒုရဲအုပ်​ တဦးကျဆုံးခဲ့တယ်လို့ သုပဏ္ဏက ကျေးရွာသားတွေက ပြောပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */