နိရဉ္စရာ
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၇
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၇
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ နွားတင်းကုတ်ကျေးရွာအနီးတွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ် မတော် (AA) တို့အကြား ယနေ့နံနက်က မိနစ် ၂၀ခန့် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။
နွားတင်းကုတ်ကျေးရွာ မူလတန်းကျောင်းအုပ်ဆရာကြီးအား ဆက်သွယ်မေးမြန်းရာ သူက “ တိုက်ပွဲက ၉ နာရီလောက်မှာ စဖြစ်ပါတယ်။ နွားတင်းကုတ်ရွာ အရှေ့ဘက် ကျောက်ပြင်ဆိုတဲ့ နေရာမှာ ဖြစ်ပွားခဲ့တာပါ။ တိုက်ပွဲ ဖြစ်ပွားချိန်က မိနစ် ၂၀ လောက်ကြာပါတယ်” ဟု ပြောသည်။
တိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး နွားတင်းကုတ် ကျေးရွာ ကသာမက အနီးအနားရှိ လိုင်ဂွင်ရွာ၊ လမုန်းတိုင်၊ ကျောက်တန်းကျေးရွာတို့မှလည်း ကြားခဲ့ရသည်ဟု ပြော ဆိုသည်။
“ ဖြစ်တဲ့နေရာက ရွာကဆို တစ်မိုင်ခွဲလောက်ရှိပါတယ်။ သေနတ်သံတွေကတော့ ကြားရပါတယ်။ အနီး ကပ်ကြားရပါတယ်။ ရွာသားတွေကတော့ ပြေးလွှားပြီး ဗုံးခိုကျင်းတွေမှာ ခိုအောင်းနေကြရပါတယ်။ ရွာထဲ ကို လက်နက်ကျည်ဆံတွေ ထိမှန်မရှိပါဘူး” ဟု ၎င်းကပြောဆိုသည်။
အကျအဆုံး၊ အထိအခိုက် ရှိ မရှိကို မသိရကြောင်း၊ တိုက်ပွဲ ရွာအနီးတွင် ဖြစ်ပွား၍ ရွာသားများ စိုးရိမ်နေ ကြကြောင်း၊ ရွာထဲသို့ မည်သည့် လက်နက်ကိုင်အဖွဲ့မှ ဝင်ရောက်လာခြင်း မရှိကြောင်း ၎င်းကျောင်းဆရာ ကြီးက ပြောကြားသည်။

Link : Here
No comments:
Post a Comment