Friday, February 22, 2019

ရသေ့တောင်မြို့နယ် မင်းဖူးကျေးရွာမှာ အစိုးရတပ် ကပစ်လို့ ရွာသားတစ်ဦးသေဆုံး

RFA
လွတ်လပ်တဲ့ အာရှအသံ
2019.02.20 

 ရသေ့တောင်မြို့နယ် မင်းဖူးကျေးရွာတွင် ၂ဝ၁၉ ဖေဖော်ဝါရီလ ၂ဝ ရက်နေ့က အစိုးရတပ်မတော်က ပစ် ခတ်သည့်သေနတ်ကျည်ထိမှန်ပြီး သေဆုံးခဲ့သူ မရီရီစိုး။Citizen Journalist
 
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မင်းဖူးကျေးရွာအတွင်းကို အစိုးရတပ်ဘက်က မနေ့မနက်ပိုင်းက ပစ် ခတ်ခဲ့တဲ့အတွက် အသက် ၁၈ နှစ်အရွယ် မရီရီစိုး သေနတ်ကျည်ထိမှန်ပြီး သေဆုံးခဲ့တယ်လို့ ရွာသားတွေ က ပြောပါတယ်။
တပ်မတော်က ပစ်ခတ်နေချိန်မှာ သူ့ရဲ့မိသားစုတွေက နံဘေးအိမ်တွေကို ထွက်ပြေးပြီး မရီရီစိုးက အိမ်ပေါ် ကိုတက် ပြေးချိန်မှာ ကျည်ထိမှန်သွားတာကို မိသားစုတွေက မြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီနောက် ရွာသားတွေအားလုံးဟာ စာသင်ကျောင်းနဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ စုပြီး စစ်ဆေးခံနေ ရတဲ့ အတွက် ညနေ ၃ နာရီလောက်အချိန်မှာမှ ရွာသားတွေအားလုံး သွားရောက်ကြည့်ရှုပြီး မရီရီစိုး သေ ဆုံးတယ်ဆိုတာကို အတည်ပြုနိုင်ခဲ့တာလို့ သိရပါတယ်။

အခုလိုသေဆုံးမှုအပေါ် ကျေးရွာအတွင်း စစ်ကြောရေးတွေဆောင်ရွက်ခဲ့တဲ့ တပ်မတော်စစ်ကြောင်း တာဝန် ရှိသူတွေကို ရွာသားတွေက အသိပေးပြောဆိုခဲ့ပေမယ့်၊ အစိုးရတပ်မတော်စစ်ကြောင်း တာဝန်ရှိသူတွေက သူတို့လက် ချက်မဟုတ်ကြောင်း ငြင်းဆိုခဲ့ကြတယ်လို့လည်း ရွာသားတစ်ဦးကပြောပါတယ်။

မနေ့ကမနက် ၁ဝ နာရီခွဲလောက်မှာ မင်းဘူးနဲ့ နော်ဝေကျေးရွာ နှစ်ရွာအကြား ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်မတော်အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး အစိုးရတပ်မတော်ဘက်က ၂ဝ ထက်မနည်း ကျဆုံးခဲ့ တယ် လို့ AA အဖွဲ့ ပြောခွင့်ရသူ ခိုင်သုခက ပြောပါတယ်။

မနေ့မနက်က မင်းဖူးကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ညနေ ၆ နာရီခွဲလောက်မှာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှစိုးထွန်း အပါအဝင် ဦးသန်းဖေ၊ ဦးဝေစိုးထွန်း၊ ဦးဆန်းလင်း၊ ဦးထွန်းမြတ်၊ ဦးသန်းချေ တို့ ၆ ဦးကို တပ်မတော်စစ်ကြောင်းနဲ့အတူ ခေါ်ဆောင်သွားတယ်လို့ ရွာသားတွေကပြောပါ တယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ အစိုးရတပ်မတော်ဘက်က ရွာအတွင်းကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ် ခတ်ပြီးနောက် ကျေးရွာသားတွေကို စာသင်ကျောင်းနဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ စုခိုင်းပြီးစစ်ကြောရေး တွက် လုပ် ဆောင်ခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။

အဲဒီနောက် ညနေ ၆ နာရီခွဲလောက်မှာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှစိုးထွန်း အပါအဝင် ဦးသန်းဖေ၊ ဦးဝေစိုးထွန်း၊ ဦးဆန်းလင်း၊ ဦးထွန်းမြတ်၊ ဦးသန်းချေ တို့ ၆ ဦးကို တပ်မတော်စစ်ကြောင်းနဲ့အတူ ခေါ်ဆောင်သွားတယ်လို့ ရွာသားတွေက ပြောပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကို မနေ့ည ၈ နာရီလောက်မှာ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းပိတ်ထားတာကြောင့် မေးမြန်းနိုင်ခြင်းမရှိပါဘူး။ 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */