Saturday, March 30, 2019

မောင်တောင်မြို့နယ်မြောက်ပိုင်းတွင် တိုက်ပွဲဖြစ်

နိရဉ္စရာ
နိရဉ္စရာ၊ မတ်လ ၃၀
ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ်၊ မောင်တောမြို့နယ် မြောက်ပိုင်း မီးတိုက်ရွာနှင့် သင်္ဘောလှ ကျေးရွာ အကြားတွင် ယနေ့ နံနက်က တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။
တောင်ပြိုကျေးရွာသား တစ်ဦးက “ ဒီကနေ့ နံနက် ၁၀ နာရီကျော်ကနေ ဖြစ်တာပါ။ နံနက် ၁၁ နာရီထိ ဖြစ်ပါတယ်။ လက်နက်ကြီး၊ လက်နက်ငယ်သံတွေကို ကြားခဲ့ရပါတယ်” ဟု ပြောကြားသည်။
 
၎င်းတိုက်ပွဲမှာ မြန်မာနယ်ခြားစောင့် လုံခြုံရေး တပ်ဖွဲ့နှင့် အာဆာအကြမ်းဖက်အဖွဲ့ အကြားြ ဖစ်ပွားခဲ့သည် ဟု ကြားသိရကြောင်းဒေသခံများက ပြောကြားသည်။

သို့သော် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောခွင့်ရသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက မည်သူနှင့် ဖြစ်ကြောင်းကိုအတည် မပြုနိုင်သေးကြောင်း နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

“ တိုက်ပွဲ ဖြစ်ပွားတာတော့ မှန်တယ်။ ဘယ်သူနဲ့ ဖြစ်တယ်ဆိုတာ ဂဃနဏ မသိရသေးဘူး။ တိုက်ပွဲ ဖြစ် တာတော့ အတည်ပြုနိုင်ပါတယ်” ဟု ၎င်းက ပြောဆိုသည်။

သို့အတွက် နိရဉ္စရာသတင်းဌာနမှ နယ်ခြားစောင့်တပ်ဖွဲ့ ရဲမှူကြီး (G- 1)သို့ ဆက်သွယ်ရာ သူ့အနေဖြင့် ပြောပိုင်ခွင့်မရှိသဖြင့် ပြောရေး ဆိုခွင့်ရှိသူများကိုသာ မေးပါဟု ပြောကြားသည်။

မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးသို့ ဆက်သွယ်ရာတွင်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိပါ။

တောင်ပြိုဒေသခံက “ တိုက်ပွဲတွင် မီးတိုက်နယ်ခြားစောင့် စခန်းမှ ရဲဘော်တစ်ဦး ခြေထောက်တွင် ဒဏ်ရာ ရသွားသဖြင့် တောင်ပြို (ဝဲ) ဆေးရုံတွင် တင်ထားရသည်” ဟု ပြောကြားသည်။

လင့်၊ FB
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */