ဘီဘီစီ မြန်မာပိုင်း
၂၀၁၉ မတ်လ ၆ ရက်
၂၀၁၉ မတ်လ ၆ ရက်
ရခိုင်မြောက်ပိုင်းမှာ တပ်မတော်နဲ့ အေအေကြားတိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ နှစ်ကုန်ကတည်းက ရပ်ရွာ တည်ငြိမ်မှု အားနည်းနေ
အုပ်ချုပ်ရေးမှူးဟောင်း ဦးဘစောကို ရွာထဲက ဈေးဆိုင်ခန်းသစ်တွေ ဆောက်လုပ်နေတဲ့ နေရာမှာ လည်မျို ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ဝမ်းဗိုက်မှာ ထိုးသွင်းဒဏ်ရာ ၃ ချက်နဲ့ သေဆုံးနေတာကို တွေ့ရတာ ဖြစ်တယ်လို့ သရက်တပင် ရဲစခန်းမှူးက အတည်ပြုပါတယ်။
"သေတဲ့သူက အသက် ၄၈ နှစ် လောက်ရှိပြီ၊ သူ့သား လာအကြောင်းကြားလို့ သိတာ၊ အသတ်ခံရတာလား ဆိုတာက ပြောလို့ မရသေးပါဘူး၊ ကျောက်တော်မြို့မ ရဲစခန်းမှူးက အသေးစိတ် စစ်ဆေးနေတယ်" လို့ သရက်တပင် ရဲစခန်းမှူး ရဲအုပ်မင်းသိန်းစိုးက ပြောပါတယ်။
ဘယ်သူ့လက်ချက်နဲ့ ဘာကြောင့် ဖြစ်ရတယ် ဆိုတာကိုလည်း မသိရသေးဘူးလို့ သရက်တပင် ရဲစခန်းမှူးက ပြောပါတယ်။
သေဆုံးသူဟာ အရင်က သရက်တပင် ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဖြစ်ခဲ့လို့ ပေါင်းသင်းဆက်ဆံရေး ကောင်းသူဖြစ်ပြီး လက်ရှိမှာ လယ်ယာလုပ်ငန်းနဲ့ အရောင်းအဝယ် လုပ်ကိုင်နေသူ တစ်ဦး ဖြစ်တယ်လို့ ဒေ သခံ တစ်ဦးက ပြောပါတယ်။
အုပ်ချုပ်ရေးမှူးဟောင်း ဦးဘစော အသတ်မခံရမီ ရှေ့ရက်ပိုင်းက သူနဲ့ ပတ်သက်ပြီး အမျိုးသားသစ္စာဖောက် လုပ်ငန်းတွေ ဆောင်ရွက်နေတာတွေကို ရပ်တန်းကရပ်ဖို့ ခြိမ်းခြောက်တဲ့ စာတွေကို လူမှုကွန်ရက် အွန်လိုင်း ပေါ်မှာ ထွက်ပေါ် လာတာကို တွေ့ရတယ်လို့ အဲဒီ ဒေသခံက ပြောပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းက ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်နဲ့ မြောက်ဦး မြို့နယ်တွေ အနီးမှာ ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရ တပ်မတော်အကြား တိုက်ပွဲတွေ ဖြစ်နေကာ ကျေးရွာ အုပ်ချုပ်ရေးမှုး တချို့ နဲ့ ရွာခံ တချို့ကို အစိုးရအာဏာပိုင်က မတရားအသင်းနဲ့ ဆက်သွယ်လို့ ဖမ်းဆီးတာတွေ ရှိသလို AA အဖွဲ့က လည်း အစိုးရကို သတင်းပေးလို့ ဆိုပြီး ဖမ်းဆီးခြမ်းခြောက်တာတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေကပြော ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက် ကလည်း သရက်တပင် ကျေးရွာမှာရှိတဲ့ မဟာနွယ် ကိုယ်ပိုင်အထက် တန်း ကျောင်း ပိုင်ရှင် အပါအဝင် လူ ၄ ဦး ကို ကျောက်တော်မြို့မ ရဲစခန်းက ဖမ်းဆီးခဲ့တာတွေ တယ်လို့ ဒေသခံ တွေက ပြောပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ AA ရက္ခိုင့်တပ်မတော် နဲ့ အစိုးရ စစ်တပ်အကြား တိုက်ပွဲတွေ ဖြစ်ပွားလာပြီး နောက်ပိုင်းမှာ အခုလို လုပ်ကြံသတ်ဖြတ်ခံရတဲ့သူ ၄ ဦး ရှိလာပြီ ဖြစ်ပါတယ်။
"သေတဲ့သူက အသက် ၄၈ နှစ် လောက်ရှိပြီ၊ သူ့သား လာအကြောင်းကြားလို့ သိတာ၊ အသတ်ခံရတာလား ဆိုတာက ပြောလို့ မရသေးပါဘူး၊ ကျောက်တော်မြို့မ ရဲစခန်းမှူးက အသေးစိတ် စစ်ဆေးနေတယ်" လို့ သရက်တပင် ရဲစခန်းမှူး ရဲအုပ်မင်းသိန်းစိုးက ပြောပါတယ်။
ဘယ်သူ့လက်ချက်နဲ့ ဘာကြောင့် ဖြစ်ရတယ် ဆိုတာကိုလည်း မသိရသေးဘူးလို့ သရက်တပင် ရဲစခန်းမှူးက ပြောပါတယ်။
NARINJARA။ ။သေဆုံးသူ အုပ်ချုပ်ရေးမှူးဟောင်း ဦးဘစောဟာ ရပ်ရွာထဲမှာ အပေါင်းအသင်းဝင်ဆန့်သူလို့ ဒေသခံတွေ ဆို
အုပ်ချုပ်ရေးမှူးဟောင်း ဦးဘစော အသတ်မခံရမီ ရှေ့ရက်ပိုင်းက သူနဲ့ ပတ်သက်ပြီး အမျိုးသားသစ္စာဖောက် လုပ်ငန်းတွေ ဆောင်ရွက်နေတာတွေကို ရပ်တန်းကရပ်ဖို့ ခြိမ်းခြောက်တဲ့ စာတွေကို လူမှုကွန်ရက် အွန်လိုင်း ပေါ်မှာ ထွက်ပေါ် လာတာကို တွေ့ရတယ်လို့ အဲဒီ ဒေသခံက ပြောပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းက ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်နဲ့ မြောက်ဦး မြို့နယ်တွေ အနီးမှာ ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရ တပ်မတော်အကြား တိုက်ပွဲတွေ ဖြစ်နေကာ ကျေးရွာ အုပ်ချုပ်ရေးမှုး တချို့ နဲ့ ရွာခံ တချို့ကို အစိုးရအာဏာပိုင်က မတရားအသင်းနဲ့ ဆက်သွယ်လို့ ဖမ်းဆီးတာတွေ ရှိသလို AA အဖွဲ့က လည်း အစိုးရကို သတင်းပေးလို့ ဆိုပြီး ဖမ်းဆီးခြမ်းခြောက်တာတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေကပြော ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက် ကလည်း သရက်တပင် ကျေးရွာမှာရှိတဲ့ မဟာနွယ် ကိုယ်ပိုင်အထက် တန်း ကျောင်း ပိုင်ရှင် အပါအဝင် လူ ၄ ဦး ကို ကျောက်တော်မြို့မ ရဲစခန်းက ဖမ်းဆီးခဲ့တာတွေ တယ်လို့ ဒေသခံ တွေက ပြောပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ AA ရက္ခိုင့်တပ်မတော် နဲ့ အစိုးရ စစ်တပ်အကြား တိုက်ပွဲတွေ ဖြစ်ပွားလာပြီး နောက်ပိုင်းမှာ အခုလို လုပ်ကြံသတ်ဖြတ်ခံရတဲ့သူ ၄ ဦး ရှိလာပြီ ဖြစ်ပါတယ်။
Link : Here
No comments:
Post a Comment