DVB
By ဒီဗွီဘီ
31 March 2019
By ဒီဗွီဘီ
31 March 2019
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် သလူချောင်းကျေးရွာအနီးနဲ့ ဖားဝပ်ချောင်းတောင်နား တဝိုက်မှာ ဒီကနေ့ မနက်ပိုင်းက တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မျက်မြင်တွေက ပြော ပါတယ်။
သလူချောင်းကျေးရွာနဲ့ မနီးမဝေးမှာရှိတဲ့ ဖားဝပ်ချောင်းကျေးရွာ အနီးအနားတောင်းနား တဝိုက်တွေမှာ နှစ် ဖက်တိုက်ပွဲ ဖြစ်ခဲ့ပြီး တပ်မတော်ဘက်က တိုက်လေယာဉ်နှစ်စီးနဲ့ လာရောက်တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ တယ်လို့ သလူချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ဒီဗွီဘီကို ပြောပါတယ်။အခုလို တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီးနောက်ပိုင်း ကျေးရွာအပြင်ဘက်ကို မထွက်ရဲကြတော့တဲ့ အပြင် ပျက်စီး ထိ ခိုက်မှုတွေကိုလည်း လောလောဆယ်မသိရသေးဘူးလို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
သလူးချောင်ကျေးရွာက မျက်မြင်တဦးဖြစ်တဲ့ ဦးသန်းနိုင်စိုးက “အမြောက်သံတွေကတော့ အခုထိ ကြားနေ ရ တုန်းပါ။ ကန်စောက်တောင်အနားက တပ်ရင်း ၅၃၉ က အမြောက်ကြီးတွေ အဲ့ဒီနားတဝိုက်ပစ်နေတယ်။ တဂျိမ်းဂျိမ်းနဲ့ ဆက်တိုက်ကြားနေရတယ်။ လက်နက်ကြီးတွေ ပစ်လို ကျေးရွာလူတွေက အကုန်ကြောက် လန့်နေပြီ။ ကလေးတွေ၊ လူကြီးတွေ အကုန်ကြောက် နေကြတယ်။ တယောက်မှ အပြင်မထွက်ရဲတော့ဘူး။ ဗုံးခိုတွင်းမှာ ပုန်းတဲ့သူက ပုန်းနေကြတယ်” လို့ ပြောပါတယ်။
ဒီပစ်ခတ်မှုဖြစ်စဉ်နဲ့ ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးနဲ့ တပ် မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ဖုန်းဆက် သွယ်ခဲ့ပေမယ့် ဖုန်းကိုင်ခြင်း မရှိခဲ့ပါဘူး။
အေအေအဖွဲ့ ပြောခွင့်ရ ခိုင်သူခကတော့ သလူချောင်းကျေးရွာအနီး ဖားဝပ်ချောင်းတဝိုက်မှာ ဒီကနေ့ တပ် မတော်နဲ့ အေအေတပ်ဖွဲ့တို တိုက်ပွဲဖြစ်တာမရှိဘဲ တပ်မတော်ဘက်က တောင်နားတဝိုက် တိုက်လေယာဉ် တွေနဲ့ လာရောက်ပစ်ခတ်ခဲ့တာလို့ ပြောပါတယ်။
သတင်း-ဝဏ္ဏခွာညို
Link : Here
No comments:
Post a Comment