Thursday, March 14, 2019

တပ်မတော်နဲ့ AA တိုက်ပွဲကြောင့် ဒေသခံအများအ ပြား ထွက်ပြေးနေရ

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-03-14
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့။Photo: Min Thein Aung/RFA


ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ဗုဒ္ဓေါကျေးရွာအနီးမှာ မနေ့ကစပြီး ဒီနေ့မနက်ပိုင်းအထိ အစိုးရ တပ်မတော်နဲ့ ရခိုင့်တပ်မတော် AA တို့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ တိုက်ပွဲကြောင့် ဒေသခံ အတော်များများ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။


RFA သတင်းထောက် မဇာဏီထွဏ်းက တင်ပြထားပါတယ်။

■ မတ် ၁၃ ရက်နေ့ မနေ့ မနက်ပိုင်းကစပြီး ဒီနေ့မနက်ပိုင်းအထိ တပ်မတော်ဘက်က လက်နက်ကြီးတွေ အပြင် လေယာဉ်တွေနဲ့ပါ ပစ်ခတ်နေတာဖြစ်တယ်လို့ ရခိုင့်တပ်မတော် AA ပြောခွင့်ရ ခိုင်သုခက ပြောပါ တယ်။

"ည ကိုးနာရီနောက်ပိုင်းမှာ ဂျက်လေယာဉ်တွေနဲ့ ညလုံးပေါက် ဗုံးခွဲတိုက်ခိုက်တာရှိတယ်။ တညလုံး ဗုံးခွဲ တိုက်ခိုက်တာဆိုရင် ၁၀ ကြိမ်ရှိတယ်ခင်ဗျ။ ဒီနေ့မှာလည်းပဲ မနက်ကစပြီး တိုက်ပွဲတွေက ပြင်းထန်နေ တယ် အဲဒီနေရာမှာပဲ။ မနေ့က တိုက်ပွဲဖြစ်တဲ့နေရာမှာပဲ။ တိုက်ပွဲတွေ အပြင်းထန်ဖြစ်နေတယ်။"

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်တာတွေရှိပေမယ့် ဘယ်လောက် ထိခိုက်ကျဆုံးတယ်ဆိုတာကိုတော့ မသိ ရသေးဘူး လို့လည်း သူက ပြောပါတယ်။

အဲဒီတိုက်ပွဲ အခြေအနေတွေနဲ့ ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးမှူး ဗိုလ်မှူးကြီးဝင်း ဇော်ဦး ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

အဲဒီလိုပစ်ခတ်မှုတွေရှိနေတာကြောင့် တိုက်ပွဲဖြစ်ပွားနေတဲ့ ဗုဒ္ဓေါရွာက ဒေသခံ လူဦးရေ ၃၀၀ လောက် ထွက်ပြေး ခဲ့ရသလို ရန်ကုန်-စစ်တွေ ကားလမ်းဘေးမှာရှိတဲ့ ကျေးရွာ ၆ ခု လောက်က ဒေသခံတွေဟာ နီးစပ်ရာဆွေ မျိုးတွေအိမ်မှာ သွားရောက်ခိုလံှှုနေရတယ်လို့ သိရပါတယ်။

အခုဆိုရင် ဗုဒေါ္ဓကျေးရွာမှာ အိမ်စောင့်အနေနဲ့ ရွာသား ၂၀ လောက်သာရှိပြီး ကျန်တဲ့သူတွေကတော့ ထွက် ပြေးနေရတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကျော်လှိုင်က ပြောပါတယ်။

"လေယာဉ်နဲ့လာပြီး တညလုံးပစ်တာ။ ရွာသူရွာသားတွေ၊ ကလေးတွေ အကုန်လုံး ယိုးတရုပ်ဘုန်းကြီး ကျောင်း မှာ သွားနေရတယ်။ တစ်ယောက်မှမရှိတော့ဘူး။ နေအိမ်မှာ ရွာသား တစ်ယောက်လောက်ပဲ ကျန် တယ်။ အခုဆို မကျန်တော့ဘူး။"

တိုက်ပွဲဖြစ်ပွားတဲ့ ဗုဒေါ္ဓကျေးရွာနဲ့ ၃ မိုင်လောက်သာဝေးပေမယ့် လေယာဉ်သံ၊ သေနတ်သံတွေ ကြားနေရ တာကြောင့် အမျိုးသမီးနဲ့ ကလေးတွေကို ဘေးလွတ်ရာပို့ထားရတယ်လို့ အောက်မြတ်လေးကျေးရွာက ဒေ သခံ ဦးလှမောင်သိန်း က ပြောပါတယ်။

"မိန်းမတွေက ယိုးတရုတ်နဲ့ ဆွေမျိုးရှိတဲ့နေရာကို ပြေးနေကြတာ။ ဦးလေးတို့သွားရင် ရွာမှာလူကျန်မှာ မဟုတ်တာ။ အိုးအိမ်တွေနဲ့နေရတာကို။ ရွာမှာ အစောင့်ရှောက်မရှိလို့ မဖြစ်ဘူးလေ"

မနေ့ညကစပြီး လေယာဉ်တွေ ၊ ရဟတ်ယာဉ်တွေနဲ့ တညလုံးပစ်ခတ်နေတာဖြစ်ပြီး အခုညနေပိုင်းအထိ လည်း ပစ်ခတ်နေတုန်းပဲလို့ ဒေသခံတွေက ပြောပါတယ်။

အခုဆိုရင် ယိုးတရုပ်ဘုန်းတော်ကြီးကျောင်းမှာ ကျေးရွာ ၄၊ ၅ ရွာက ဒေသခံတွေ ထွက်ပြေးရောက်ရှိနေ ကြပြီး စားနပ်ရိက္ခာအခက်ခဲတွေဖြစ်နေတယ်လို့ အဲဒီဘုန်းတော်ကြီးကျောင်းကို ရောက်ရှိနေတဲ့ အောင် မင်္ဂလာကျေးရွာက ဦးလှမောင်က ပြောပါတယ်။

"အခုက လူကအများကြီးပဲ ။ စာရင်းတွေ ဘာတွေတော့ မရှိသေးဘူး။ ဘယ်လောက်ရှိလဲဆိုတာကို။ ကျနော်တို့က ရောက်ကာစဆိုတော့ ဝယ်စားတာလည်း ဝယ်စား၊ သူတို့ဆီက ပေးတာလည်းရှိပါတယ်။ မိသားစုတွေကလာပြီး ချိုင့်နဲ့ထမင်းပို့တာလည်းရှိတယ်။ လိုအပ်နေတာ အဓိကက စားနပ်ရိက္ခာပေါ့။"

မနေ့ကနေစပြီး ဒီနေ့အထိ ဗုဒ္ဓေါကျေးရွာနားမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်နေတာဟာ ရခိုင်ပြည် နယ်မှာ အပြင်းထန်ဆုံး တိုက်ပွဲဖြစ်တယ်လို့လည်း ခိုင်သုခက ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ရခိုင့်တပ်မတော် AA ကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ဖို့ ဖိတ်ခေါ်ထားကြောင်း ပြောတယ်လို့ သိရပါတယ်။

ရခိုင့်တပ်မတော် AA ပြောခွင့်ရ ခိုင်သုခကပြောတာကတော့ ဦးဇော်ဌေးတို့က အဲဒီလိုပြောနေပေမယ့် တပ်မတော်က ထိုးစစ်ဆင်နေတာကြောင့် အခုလိုပြန်တိုက်ခိုက်နေရတာဖြစ်တယ်လို့ ပြောပါတယ်။

Link :  Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */