Thursday, February 14, 2019

စားပွဲဝိုင်းဆွေးနွေးပွဲ ကျင်းပရေးအဆို ရခိုင်ပြည်နယ် လွှတ်တော်မှာ ဆွေးနွေးမည်

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-02-14
 ၂၀၁၉ ဖေဖော်ဝါရီ ၁၃ ရက်နေ့ကကျင်းပတဲ့ ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးကို တွေ့ရစဉ်

  

ရခိုင်ပြည်နယ်ထဲမှာ အစိုးရတပ်မတော်နဲ့ AA ရက္ခိုင့်တပ်မတော်တို့ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့် နိုင်ရေး စားပွဲဝိုင်းမှာဆွေးနွေးဖို့ ပြည်နယ်အစိုးရကနေတဆင့် ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်း အဆိုကို ရခိုင်ပြည် နယ် လွှတ်တော်မှာ ကန့်ကွက်မယ့်သူမရှိတာကြောင့် ဒီနေ့ အတည်ပြုလိုက်ပါတယ်။

အဲဒီအဆိုကို ရသေ့တောင်မြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်က တင်သွင်း တာဖြစ်ပြီး မြောက်ဦးမြို့နယ်က လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်းကထောက်ခံခဲ့ပြီး အဆိုကို ဆွေးနွေး  ဖို့အတွက် လာမယ့်တနင်္လာနေ့ နောက်ဆုံးထားပြီး အမည်စာရင်းတင်သွင်းရမယ်လို့ ဦးဦးသန်း နိုင် က RFA ကို ပြောပါတယ်။

လာမယ့်အပတ်ထဲမှာ လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးကြမှာဖြစ်ပြီး အဆိုအောင်မြင်ရင် ပြည် နယ်အစိုးရကနေတဆင့် ပြည်ထောင်စုအစိုးရဆီ တိုက်တွန်းအကြောင်းကြားရမှာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */