ဖေဖော်ဝါရီ ၁၄ ရက် မနက်အစောပိုင်းက နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (၅) မှ ဒုရဲအုပ်စိုးမောင်မောင် ဦးစီးတဲ့ ၁၀ ဦးအဖွဲ့ဟာ ကာလာဒေ့ဘက်ကျေးရွာအုပ်စု အောင်သပြေနဲ့ သုပဏ္ဏကကြား ကင်းပုန်းဝပ်နေစဉ် ရန်သူ အင်အား ၃၀ လောက် ချည်းကပ်လာတဲ့အတွက် တိုက်ပွဲဖြစ်ပွားခဲ့ရာ ဒုရဲအုပ်စိုးမောင်မောင်ရင် ကျည်ထိမှန် ကျဆုံးသွားခဲ့ပြီး ARSA ဘက်ကလည်း အကျအဆုံးရှိတယ်လို့ ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
သုပဏ္ဏက ကျေးရွာအုပ်ချုပ်ရေးမှူး ဇော်ဝင်းထွန်းက “သုပဏ္ဏကကျေးရွာနဲ့ နီးနီးလေးပါ။ ဒီနေ့မနက် ၂ နာရီ ကျော်မှ ၅ နာရီ ကျော်လောက်ထိ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ် သုပဏ္ဏက ကျေးရွာက နယ်မြေ ၁ အပိုင် ပါ။ ARSA အဖွဲ့နဲ့ဖြစ်တာလို့ သိရပါတယ်။ ARSA အဖွဲ့ဘက်က ၁၅ ဦးလောက်ကျတယ်လို့ သိရပါတယ်။ ကျတဲ့အလောင်းတွေကို ပြန်ဆွဲသွားတာတွေ ရှိပါတယ်။ ဒီဘက်က အရာရှိတဦးကျတယ်။ရွာသူရွာသားတွေကတော့ စိုးရိမ်နေကြပါတယ်။ လုံခြုံရေး ကတော့ ချထားပါတယ်”လို့ ပြောပါတယ်။
ကာလာဒေ့ဘက်အုပ်စုမှာ ကာလာဒေ့ဘက်၊ အောင်သပြေ၊ စံဖြူရီ၊ စံဖြူရီရွာသစ်၊ အနောက်ဖက်ချောင်း စတဲ့ကျေး ရွာ ၅ရွာရှိပါတယ်။ အောင်သပြေတရွာတည်းသာ တိုင်းရင်းသား ကျေးရွာဖြစ်ပြီး ကျန်ရွာတွေက ဘင်္ဂလီကျေးရွာတွေဖြစ်ကာ အခုအခါ လူနေထိုင်ခြင်းမရှိပါဘူး။ သုပဏ္ဏကကျေးရွာမှာတော့ လူဦးရေ ၂၃၀ကျော် နေထိုင်ကြပါတယ်။
လတ်တလော ဒီဒေသတဝိုက်မှာ လုံခြုံရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေပြီး ကျဆုံးသွားတဲ့ ဒုရဲအုပ်ရဲ့အလောင်းကိုတော့ မောင်တောဆေးရုံသို့ ပို့ဆောင်ထားပါတယ်။
ဗညား
Link : Here
No comments:
Post a Comment