Saturday, March 9, 2019

ရခိုင်ပြည်နယ်က မြို့နယ် ၃ခုမှာ တိုက်ပွဲတွေ ပြင်းထန်

B  B  C
ဘီဘီစီ မြန်မာပိုင်း
၂၀၁၉ မတ်လ ၉ ရက်
ရခိုင်ပြည်နယ် အတွင်း မြန်မာ အစိုးရ စစ်တပ်နဲ့ ရက္ခိုင့်တပ်မတော်(အေအေ)တို့ အကြား တိုက်ပွဲတွေ ကျယ် ကျယ် ပြန့်ပြန့်ဖြစ်ပွားနေရာမှာ မတ် ၉ ရက်နေ့မှာလည်း မြို့နယ် ၃ ခုလောက်မှာ တိုက်ပွဲတွေပြင်းပြင်းထန် ထန် ဖြစ်ပွားခဲ့ပါတယ်။
မြောက်ဦးမြို့နယ် ခြိတ်တောင်အုပ်စု စာပေါင်မြိုတိုင်းရင်းသားကျေးရွာအနီးနဲ့ ပုဏ္ဍားကျွန်းမြို့နယ် တောဖျား ချောင်း ဗုဒ္ဓေါရွာအနီး တဝိုက်မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ မတ်လ ၈ ရက်နေ့ ညကလည်း ရသေ့တောင် မြို့နယ် အုန်းချောင်းရွာ အနီးမှာဆိုရင်လည်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါ တယ်။မတ်လ ၉ ရက်နေ့က ဖြစ်ပွား ခဲ့တဲ့ တိုက်ပွဲနဲ့ ပတ်သက်လို့ ခြိတ်တောင် အုပ်ချုပ်ရေးမှူး ဦးမောင်သိန်းထွန်းက စာပေါင်ရဲ့ အနောက်ဘက် လှိုင်ကြီးမှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်သံတွေကို ကြားရတယ်လို့ ပြောပါတယ်။

ခြိတ်တောင်ကျေးရွာသားတွေက လေးမြို့မြစ် အထက်ပိုင်း ချော်မယ်ရွာနဲ့ ကုန်းကြီးရွာဘက်ကို ထွက်ပြေးခဲ့ ကြပြီး အားလုံးကို တစုတဝေးတည်း ထားတယ်လို့ ပြောပါတယ်။ 
ဒီခြိတ်တောင်အုပ်စုထဲက ဘုရားကြီး၊ မော်ရွာသစ်နဲ့ မော်ရွာဟောင်းက လူပေါင်း ၂၀ဝ၀ ကျော်ဟာလည်း မြောက်ဦး မြို့ပေါ်နဲ့ ပိုလုံခြုံတဲ့ စင်းဘော ကိုင်းရွာမှာ ထွက်ပြေး ခိုလှုံနေကြပါတယ်။

မတ်လ ၈ ရက်နေ့ ညဦး ပိုင်းကလည်း စာပေါင် ကျေးရွာ အနီးမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒါကြောင့် ဒီရွာမှာ နေတဲ့ မြို့တိုင်းရင်းသားတွေဟာ ထွက်ပေါက်မရှိဘဲ ပိတ်မိနေတယ်လို့လည်း သူက ပြောပါတယ်။

ရခိုင်မှာ ကျေးရွာအုပ်ချုပ်ရေးမှူး တချို့ ဖမ်းဆီးစစ်ဆေးခံနေရဒါ့အပြင် မတ်လ ၉ ရက်နေ့ ပုဏ္ဍားကျွန်းမြို့ နယ်အတွင်းမှာ တိုက်ပွဲ ပြင်းပြင်း ထန်ထန် ဖြစ်ပွားခဲ့တာကြောင့် ရွာသားတွေ ထွက်ပြေးလာကြတယ်လို့ ဒေသခံ တဦးက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် ဒေသခံတွေအနေနဲ့ ရှာဖွေ စားသောက်ဖို့ အတွက် တောတောင်ထဲကို မသွားရဲလို့ စားဝတ်နေရေး အခက်အခဲတွေကို ရင်ဆိုင်နေရ တယ်လို့ သူက ပြောပါတယ်။ရသေ့တောင်မြို့နယ် အုန်း ချောင်းကျေးရွာသား ၃၀ လောက်ကလည်း တိုက်ပွဲကြောင့် ရသေ့တောင် မြို့ပေါ်နဲ့ နီးစပ်ရာ ရွာတွေကို လှေတွေနဲ့ ထွက်ပြေး သွားကြပါတယ်။ရခိုင်ပြည်နယ်အတွင်း ဆက်ဖြစ်နေတဲ့ တိုက်ပွဲတွေဟာ ရပ်တန့် သွားမယ့် အခြေ အနေမရှိဘဲ နေ့စဉ်ရက်ဆက်ဆိုသလို တိုက်ပွဲဖြစ်နေတဲ့ အနီး တဝိုက်မှာနေတဲ့ ဒေသခံ ရွာသားတွေက ရွာကို စွန့်ခွာထွက်ပြေးနေကြရာမှာ အခုအခါ စစ်ဘေးရှောင် အရေအတွက်ဟာ မြို့နယ် ၅ ခုမှာ တစ်သောင်းကျော် ရှိသွားပြီ ဖြစ်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */