B B C
ဘီဘီစီ မြန်မာပိုင်း
21 မတ် 2019
ဘီဘီစီ မြန်မာပိုင်း
21 မတ် 2019
ရခိုင်ပြည်နယ်မှာ မြန်မာအစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (အေအေ)တို့ကြား ဖြစ်နေတဲ့ တိုက်ပွဲတွေ နဲ့ပတ် သက်ပြီး လူမျိုးရေးခွဲခြားပြောဆိုမှုတွေ ရှိနေပြီး အေအေကတော့ ဒီတိုက်ပွဲတွေက လူမျိုးရေးကြောင့် မဟုတ်ဘူးလို့ ပြောပါတယ်။
မတ်လ ၂၁ ရက်နေ့က နေပြည်တော်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နဲ့ NCA အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့တို့ တွေ့ဆုံပွဲအပြီးမှာ အေအေ ကိုယ် စားလှယ် ဗိုလ်မှူးကြီးကျော်ဟန်က မီဒီယာတွေကို ပြောတာ ဖြစ်ပါတယ်။
တိုက်ပွဲတွေနဲ့ပတ်သက်လို့ လူမျိုးရေးခွဲခြားပြောဆိုမှုတွေကို အထူးသဖြင့် အင်တာနက် လူမှုကွန်ရက်တွေ မှာ ကျယ်ကျယ်ပြန့်ပြန် တွေ့နေရပါတယ်။
ဗိုလ်မှူးကြီး ကျော်ဟန်ကတော့ "ကျွန်တော်တို့ကတော့ အစိုးရတပ်မတော်နဲ့ ကိုယ့်ပြည်ကိုယ့်ရွာကိုယ့် လူ ထုကို ကာကွယ်လိုတဲ့ ကျွန်တော်တို့ တပ်မတော်ကြား ဖြစ်တဲ့ တိုက်ပွဲဖြစ်တယ်။ လူမျိုးရေးပဋိပက္ခ၊ လူမျိုး ရေး ပြဿနာလို့မယူဆဘူး'' လို့ ပြောပါတယ်။
မြန်မာပြည်မှာဖြစ်ပွားနေတဲ့ ပြည်တွင်းလက်နက်ကိုင်စစ်တလင်းဟာ အခု ဆိုရင် နှစ်ပေါင်း ၇၀ နီးပါးရှိ လာပြီဖြစ်ပြီး အများအားဖြင့် အစိုးရတပ်မတော်နဲ့ လူနည်းစု တိုင်းရင်းသားလက်နက်ကိုင်တွေကြား ဖြစ် ပွားနေခဲ့တာပါ။ ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်တစ်ခုလည်း ဖြစ်ပါတယ်။
အေအေက ရခိုင်မှာအခြေချမယ်ပြောဆယ်စုနှစ်တစ်ခုလောက်ပဲ သက်တမ်းရှိသေးတဲ့ အေအေ အဖွဲ့က ဒီ နှစ်ဆန်းကစလို့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ စတင်ခဲ့ပြီး ရခိုင်ပြည်နယ်မှာ အခြေချဖို့က သူ တို့ရဲ့ ရည်မှန်းချက် ဖြစ်တယ်လို့ ဗိုလ်မှူးကြီးကျော်ဟန်က ပြောပါတယ်။
"ရက္ခိုင့်တပ်မတော် ရခိုင်ပြည်နယ်မှာရှိနေတာကို တပ်မတော်ဘက်က လက်မခံတဲ့သဘောလို့ နားလည် ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရခိုင်တွေအဖို့ကတော့ ရခိုင်ပြည်မှာ ရက္ခိုင့်တပ်မတော်တည် ရှိရေးဟာ ULA (ရက္ခိုင်အမျိုး သားအဖွဲ့ချုပ်) ရည်မှန်းချက် ဖြစ်ပါတယ်။
''တိုင်းရင်းသား အဖွဲ့ ၈ ဖွဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ NRPC ဒုဥက္ကဋ္ဌဌ ဒေါက်တာတင်မျိုးဝင်းက မိန့်ခွန်း ပြော ကြား ရာမှာတော့ ရခိုင်ပြည်နယ်ဟာ အဖြူရောင်နယ်မြေဖြစ်ပြီး အခုလိုလက်နက်ကိုင်အဖွဲ့အစည်းတွေ အခြေချဖို့ကြိုးစားခြင်းဟာ နယ်မြေတည်ငြိမ်အေးချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့အတွက် အစိုးရ ဘက်က ထိုက်သင့်တဲ့ လုံခြုံရေး ဆောင်ရွက်ချက်တွေကို ဆောင်ရွက်နေတာဖြစ်တယ်လို့ ပြောသွားပါ တယ်။
တိုက်ပွဲတွေ လျှော့ချနိုင်မလား
ဒီဆွေးနွေးပွဲအပြီးမှာ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကလည်း အခု တိုက်ပွဲဟာ သောင်းကျန်းသူ နှိမ်နင်းရေး စစ်ဆင်ရေး အနေနဲ့ ထိထိရောက်ရောက်ဆောင်ရွက်ဖို့ အစိုးရဘက်က ညွှန် ကြားထားသလို တပ်မတော်ဘက်ကလည်း လုပ်ဆောင်နေတယ်လို့ မီဒီယာတွေကို ပြောပါတယ်။
ဒါပေမယ့် အခုလို ဆွေးနွေးပွဲတွေကတစ်ဆင့် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အစိုးရတပ်မေ တာ်တို့ ကြား တိုက်ပွဲတွေ လျှော့ချနိုင်ဖို့ မျှော်လင့်ကြောင်း နှစ်ဘက်စလုံးက ပြောပါတယ်။
"အရင်က စကားမပြောဘဲ နေခဲ့တာကနေ အခု ဆွေးနွေးလာတယ်။ ပြီးရင် ထပ်ပြီး ဆွေးနွေးဖို့တော့ လို တယ်။ အရင်ထက်တော့ တိုးတက်မှုရှိပါတယ်"လို့ ဗိုလ်မှူးကြီးကျော်ဟန်က ပြောပါတယ်။
အခု တွေ့ဆုံမှုဟာ တိုင်းရင်းသား အဖွဲ့ ၈ ဖွဲ့စလုံးနဲ့ အစိုးရတို့ကြား ပထမဆုံး တွေ့ဆုံပွဲလည်း ဖြစ်ပါတယ်။
အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)ဘက်ကတော့ ၂ လတစ်ကြိမ် တွေ့ဆုံဖို့ အဆိုပြုခဲ့ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့နဲ့ ဆွေးနွေးပွဲအပြီး ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်မှာတော့ တိုက်ပွဲတွေေ လျှာ့ချဖို့အတွက် ဆက်လက်ညှိနှိုင်းဆောင်ရွက်ဖို့၊ တစ်နိုင်ငံလုံးတည်ငြိမ်အေးချမ်းမှုကို ဆက်လက်ထိန်း သိမ်းဖို့အတွက် ဆက်လက်ညှိနှိုင်းကြိုးပမ်းဖို့၊ ဒေသဖွံ့ဖြိုးရေးနဲ့ ဒေသခံပြည်သူတွေအတွက် နှစ်ဘက်စလုံးက အလေးထားဆောင် ရွက်ဖို့၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ငြိမ်းချမ်းစွာ ညှိနှိုင်းဖြေရှင်းဖို့၊ နှစ်ဘက်ဆုံး ဖြတ်ချက်ပေးနိုင်တဲ့ ပုဂ္ဂိုလ်တွေပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ မကြာခဏ ဆက်လုပ်ဖို့ ဆိုတဲ့ အချက် ၅ ချက်ကို သဘောတူခဲ့ကြပါတယ်။
"ဒီနေ့ဆွေးနွေးပွဲအရရော ဒီနေ့ထုတ်ပြန်ချက်အရရော လက်ရှိဖြစ်ပေါ်နေတဲ့ လက်နက်ကိုင်တိုက်ပွဲလျှော့ ချရေး ဆက်လက် ညှိနှိုင်းကြိုးပမ်းရန် ဆိုတဲ့ အချက်တစ်ချက် ပါတယ်။ ဒီအချက်ကို နှစ်ဘက်လုံးက စေတ နာမှန်မှန်ကန်ကန် အကောင်အထည်ဖော်ကြမယ်ဆိုရင်တော့ တိုက်ပွဲတွေက နှစ်ဘက်စလုံးကနေ လျော့ ကျဖို့ အလားလာရှိတယ်။ ဒီနေ့ဆွေးနွေးပွဲ ရလဒ်အရ အကောင်ထည် မဖော်ဘူးဆိုရင်တော့ အရင်အတိုင်း ပဲ နေမှာပါ " လို့ အေအေ ကိုယ် စားလှယ် ဗိုလ်မှူးကြီးကျော်ဟန်က ပြောပါတယ်။
-
Link : Here
No comments:
Post a Comment