ဘီဘီစီ မြန်မာပိုင်း
ရက်စွဲ့၊ ဖေဖေါ်ဝါရိလ(၁၄)၂၀၁၉၊
သေဆုံးသူ ဒုရဲအုပ်ရဲ့ နာမည်ဟာ စောမောင်မောင် ဖြစ်တယ်လို့ သိရပေမယ့် ဘယ်လက်နက်ကိုင်အဖွဲ့က တိုက်ခိုက်တာလဲ ဆိုတာတော့ အတည် မပြုနိုင်သေးပါဘူး။
လာတိုက်တဲ့အဖွဲ့ဆီက အလောင်းတစ်လောင်းမှ မကျန်ခဲ့တဲ့ အတွက် သဲလွန်စ ကျန်ရစ် မနေခဲ့ဘူးလို့ နယ် ခြားစောင့် ရဲတပ်ဖွဲ့ ဂျီဝမ်းရဲမှူးကြီးက ဘီဘီစီကို ပြောပါတယ်။
တိုက်ပွဲသတင်း အချက်အလက်တွေကို တရားဝင် ထုတ်ပြန်ပေးမယ်လို့လည်း အဲဒီ ရဲအရာရှိက ပြောပါ တယ်။ ထိတွေ့ တိုက်ခိုက်မှု ဖြစ်ခဲ့တဲ့ ရဲကင်းဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့ နယ်စပ်အနီး မောင်တောမြို့ နယ် မြောက် ပိုင်း၊ ဗန္ဓုလ-ခမောင်းဆိပ်-ကြိမ်ချောင်းသွား ကားလမ်း ကာလာဒေးဗတ်ကျေးရွာအနီး ရဲဘောက်ချ ချောင်း တံတားထိပ် ကင်းပုန်းဝပ်နေတဲ့ တပ်စိတ် ဖြစ်တယ်ဆိုပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ တရားဝင် ဖေ့စ် ဘုတ် စာ မျက်နှာအဖြစ် အပြာရောင် အမှတ်အသားရထားတဲ့ ရဲဇာနည် စာမျက်နှာမှာ သတင်းထုတ်ပြန် ထားပါတယ်။ ရဲဇာနည် ဖေ့စ်ဘုတ် စာမျက်နှာပေါ် ရေးသားထားချက်အရ အာဆာနဲ့ အေအေ ပူးပေါင်း အဖွဲ့ အင် အား ၃ဝ နဲ့ တိုက်ပွဲ ဖြစ်ခဲ့တာလို့ ဆိုထားပါတယ်
ဒါဟာ ရိုဟင်ဂျာ လက်နက်ကိုင် အာဆာ အဖွဲ့နဲ့ ရခိုင်အေအေ အဖွဲ့တို့ကြား ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိတယ်ဆိုပြီး အစိုးရလုံခြုံရေး အာဏာပိုင်တွေဘက်က ပြောဆို လာပြန်တာ ဖြစ်ပါတယ်။အခုနှစ်ဆန်း လွတ်လပ်ရေးနေ့မှာ အစိုးရ နယ်ခြားစောင့် ရဲစခန်း ၄ ခု ကို အေအေ အဖွဲ့ တိုက်ခိုက်ခဲ့တဲ့ နောက်ပိုင်း အေအေနဲ့ အာဆာ အဆက်အစပ် ရှိတယ်ဆိုတဲ့ ပြောဆိုမှုမျိုး အစိုးရဘက်က ပြုလုပ်ခဲ့ပါတယ်။အေအေ အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ အာဆာအဖွဲ့နဲ့ တွေ့ဆုံခဲ့တယ် ဆိုတဲ့ သမ္မတရုံးရဲ့ ပြောဆိုခဲ့ပြီး အေအေအ ဖွဲ့က ငြင်းဆို ခဲ့ပါတယ်။
၂ဝ၁၈ ဇူလိုင်လထဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရာမူးမြို့မှာ အာဆာနဲ့ အေအေ အဖွဲ့တွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ်ထဲ ဘယ်အဖွဲ့တွေက ဘယ်နယ်မြေတွေမှာ လှုပ်ရှားမလဲ ဆိုတာ ခွဲခြား သတ်မှတ်တာတွေ လုပ်ခဲ့တယ်လို့ သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေး သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့သလို အေအေပြောခွင့်ရ ခိုင်သုခက ဒီပြောဆိုမှုဟာ အခြေအမြစ်မရှိ စွပ်စွဲတာသာ ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။
ကာလာဒေးဗတ်တိုက်ပွဲ
မနက်မိုးမလင်းခင် ၂ နာရီ ခွဲကျော်ကျော် အချိန်မှာပစ်ခတ်သံတွေ စကြား ခဲ့ရပြီး မနက် ၄ နာရီ ခွဲလောက် အထိ ပစ်ခတ်မှုတွေ ရှိနေခဲ့တယ်လို့ အနီးအနား အောင်သပြေ ကျေးရွာက ရွာ သားတစ်ဦးက ပြောပါတယ်။ လက်နက်ကြီးသံတွေလည်း ၁၁ ချက် ဝန်းကျင် ကြားခဲ့ရတယ်လို့ ဆိုပါ တယ်။ ကျဆုံးသွားခဲ့တဲ့ ဒုရဲအုပ် စောမောင်မောင်ရဲ့ အလောင်း မောင်တောမြို့နယ် ဆေးရုံကြီးဆီ ပို့ဆောင်ခဲ့ပြီလို့ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။ရဲဇာနည် စာမျက်နှာရဲ့ ထုတ်ပြန်ချက်အရ အေအ အာဆာ ပူးပေါင်း အဖွဲ့ အင်အား ၃ဝနဲ့ အမှတ် ၅ နယ်ခြားစောင့်တပ်က တပ်စိတ်တစ်စိတ် တိုက်ပွဲ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ရဲအရာရှိ တစ်ဦး ကျ ဆုံးကြောင်း အဲဒီ ထုတ်ပြန်ချက်ထဲ အတည်ပြုထားပြီး တပ်မတော် စစ်ကူ ရောက်လာလို့ လက်နက် ကိုင် တွေ ပြန်ဆုတ်သွားတယ်လို့ ဆိုပါတယ်။
ပစ္စည်းတချို့ သိမ်းဆည်းမိတယ်ပြော
သွေးစွန်းနေတဲ့ ပြောက်ကျား ဝတ်စကုတ် တစ်ထည်နဲ့ M-22 ကျည် အိမ်တွေ၊ လက်လုပ်လက်ပစ်ဗုံး နှစ်လုံး၊ စကားပြောစက် စတာတွေနဲ့ အတူ ပစ္စည်းတချို့ ကျန်ခဲ့တယ်လို့ ရဲဇာနည်က ဓာတ်ပုံတွေ တင်ထားတာမှာ အာရ်ဗီဘာသာနဲ့ ပုံနှိပ်ထားတယ် ဆိုတဲ့ စာအုပ် တစ်အုပ် ကို လည်း ဖော်ပြထားတာ တွေ့ရပါတယ်။
ဆုတ်သွားတဲ့ လက်နက်ကိုင်တွေနောက် လိုက်လံ ရှင်းလင်းနေ တယ်လို့ ရေးသားထားပါတယ်။
ရခိုင်ပြည်နယ်ထဲ လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်လာခဲ့တဲ့ အခု နှစ်ပိုင်းတွေ အတွင်း ဘင်္ဂလားဒေ့ရှ် နဲ့ နယ်စပ်တလျှောက် နေရာချထားတဲ့ ရဲကင်းစခန်းတွေ ပစ်မှတ်ထား ခံရလာရတာတွေ့ရပါတယ်။ အခုတစ် ကြိမ်လည်း နယ်ခြားစောင့်တပ်က ချထားတဲ့ ကင်းပုန်းနဲ့ လက်နက် ကိုင်တွေ ထိတွေ့ တိုက်ပွဲပေါ်ပေါက်ခဲ့ တာပါ။
ရိုဟင်ဂျာ လက်နက်ကိုင် အာဆာ အဖွဲ့က နယ်ခြားစောင့် စခန်းတွေကို ၂ဝ၁၆ အောက်တိုဘာနဲ့ ၂ဝ၁၇ ဩဂုတ်လ တွေတုန်းက ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။တခါ ရခိုင်ပြည်နယ်ထဲ ခြေကုပ်ယူနိုင်ဖို့ ရခိုင် အဖွဲ့ အေအေ ကြိုးစားလာခဲ့တဲ့နောက် ၂ဝ၁၈ အတွင်း အစိုးရတပ်နဲ့ အေအေကြား ရခိုင်ပြည်နယ်ထဲ တိုက် ပွဲတွေ ဆက်တိုက် ဖြစ်လာခဲ့ပြီး ၂ဝ၁၉ ဇန်နဝါရီ ၄ ရက်မှာတော့ အေအေ အဖွဲ့က နယ်ခြားစောင့် စခန်း လေးခုကို တိုက်ခိုက်ခဲ့ပါတယ်။အခု နယ် ခြားစောင့်ကင်းနဲ့ လက်နက်ကိုင်တွေ တိုက်ပွဲ ဖြစ်ခဲ့တဲ့ တစ်ရက် တည်းမှာပဲ ရသေ့တောင်မြို့နယ်ထဲမှာလည်မြောက် ပိုင်းအရပ်မှာ ရှိတဲ့ ကျောက်တန်းနဲ့ ရေဘုတ်ဆိုတဲ့ ရွာ နှစ်ရွာကြား ပြိုင်းခေါင်း ဆိုတဲ့ နေရာမှာ အစိုးရစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် အဖွဲ့ အေအေတို့ကြား အချိန် အနည်းငယ် တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။
တိုက်ပွဲသတင်း အချက်အလက်တွေကို တရားဝင် ထုတ်ပြန်ပေးမယ်လို့လည်း အဲဒီ ရဲအရာရှိက ပြောပါ တယ်။ ထိတွေ့ တိုက်ခိုက်မှု ဖြစ်ခဲ့တဲ့ ရဲကင်းဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့ နယ်စပ်အနီး မောင်တောမြို့ နယ် မြောက် ပိုင်း၊ ဗန္ဓုလ-ခမောင်းဆိပ်-ကြိမ်ချောင်းသွား ကားလမ်း ကာလာဒေးဗတ်ကျေးရွာအနီး ရဲဘောက်ချ ချောင်း တံတားထိပ် ကင်းပုန်းဝပ်နေတဲ့ တပ်စိတ် ဖြစ်တယ်ဆိုပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ တရားဝင် ဖေ့စ် ဘုတ် စာ မျက်နှာအဖြစ် အပြာရောင် အမှတ်အသားရထားတဲ့ ရဲဇာနည် စာမျက်နှာမှာ သတင်းထုတ်ပြန် ထားပါတယ်။ ရဲဇာနည် ဖေ့စ်ဘုတ် စာမျက်နှာပေါ် ရေးသားထားချက်အရ အာဆာနဲ့ အေအေ ပူးပေါင်း အဖွဲ့ အင် အား ၃ဝ နဲ့ တိုက်ပွဲ ဖြစ်ခဲ့တာလို့ ဆိုထားပါတယ်
အေအေ အာဆာ ပူးပေါင်းမှု ရှိတယ်လို့ အစိုးရရဲ့ ပြောဆိုချက်
- AA ကို ချေမှုန်းဖို့ ဒေါ်အောင်ဆန်းစုကြည် ပြောတယ်လို့ တပ်မတော်ဆို
- အာဆာအဖွဲ့ နဲ့ လုံးဝ ပတ်သက်မှုမရှိဘူးလို့ အေအေ ငြင်းဆို
၂ဝ၁၈ ဇူလိုင်လထဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရာမူးမြို့မှာ အာဆာနဲ့ အေအေ အဖွဲ့တွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ်ထဲ ဘယ်အဖွဲ့တွေက ဘယ်နယ်မြေတွေမှာ လှုပ်ရှားမလဲ ဆိုတာ ခွဲခြား သတ်မှတ်တာတွေ လုပ်ခဲ့တယ်လို့ သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေး သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့သလို အေအေပြောခွင့်ရ ခိုင်သုခက ဒီပြောဆိုမှုဟာ အခြေအမြစ်မရှိ စွပ်စွဲတာသာ ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။
ကာလာဒေးဗတ်တိုက်ပွဲ
မနက်မိုးမလင်းခင် ၂ နာရီ ခွဲကျော်ကျော် အချိန်မှာပစ်ခတ်သံတွေ စကြား ခဲ့ရပြီး မနက် ၄ နာရီ ခွဲလောက် အထိ ပစ်ခတ်မှုတွေ ရှိနေခဲ့တယ်လို့ အနီးအနား အောင်သပြေ ကျေးရွာက ရွာ သားတစ်ဦးက ပြောပါတယ်။ လက်နက်ကြီးသံတွေလည်း ၁၁ ချက် ဝန်းကျင် ကြားခဲ့ရတယ်လို့ ဆိုပါ တယ်။ ကျဆုံးသွားခဲ့တဲ့ ဒုရဲအုပ် စောမောင်မောင်ရဲ့ အလောင်း မောင်တောမြို့နယ် ဆေးရုံကြီးဆီ ပို့ဆောင်ခဲ့ပြီလို့ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။ရဲဇာနည် စာမျက်နှာရဲ့ ထုတ်ပြန်ချက်အရ အေအ အာဆာ ပူးပေါင်း အဖွဲ့ အင်အား ၃ဝနဲ့ အမှတ် ၅ နယ်ခြားစောင့်တပ်က တပ်စိတ်တစ်စိတ် တိုက်ပွဲ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ရဲအရာရှိ တစ်ဦး ကျ ဆုံးကြောင်း အဲဒီ ထုတ်ပြန်ချက်ထဲ အတည်ပြုထားပြီး တပ်မတော် စစ်ကူ ရောက်လာလို့ လက်နက် ကိုင် တွေ ပြန်ဆုတ်သွားတယ်လို့ ဆိုပါတယ်။
ပစ္စည်းတချို့ သိမ်းဆည်းမိတယ်ပြော
သွေးစွန်းနေတဲ့ ပြောက်ကျား ဝတ်စကုတ် တစ်ထည်နဲ့ M-22 ကျည် အိမ်တွေ၊ လက်လုပ်လက်ပစ်ဗုံး နှစ်လုံး၊ စကားပြောစက် စတာတွေနဲ့ အတူ ပစ္စည်းတချို့ ကျန်ခဲ့တယ်လို့ ရဲဇာနည်က ဓာတ်ပုံတွေ တင်ထားတာမှာ အာရ်ဗီဘာသာနဲ့ ပုံနှိပ်ထားတယ် ဆိုတဲ့ စာအုပ် တစ်အုပ် ကို လည်း ဖော်ပြထားတာ တွေ့ရပါတယ်။
ဆုတ်သွားတဲ့ လက်နက်ကိုင်တွေနောက် လိုက်လံ ရှင်းလင်းနေ တယ်လို့ ရေးသားထားပါတယ်။
ရခိုင်ပြည်နယ်ထဲ လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်လာခဲ့တဲ့ အခု နှစ်ပိုင်းတွေ အတွင်း ဘင်္ဂလားဒေ့ရှ် နဲ့ နယ်စပ်တလျှောက် နေရာချထားတဲ့ ရဲကင်းစခန်းတွေ ပစ်မှတ်ထား ခံရလာရတာတွေ့ရပါတယ်။ အခုတစ် ကြိမ်လည်း နယ်ခြားစောင့်တပ်က ချထားတဲ့ ကင်းပုန်းနဲ့ လက်နက် ကိုင်တွေ ထိတွေ့ တိုက်ပွဲပေါ်ပေါက်ခဲ့ တာပါ။
ရိုဟင်ဂျာ လက်နက်ကိုင် အာဆာ အဖွဲ့က နယ်ခြားစောင့် စခန်းတွေကို ၂ဝ၁၆ အောက်တိုဘာနဲ့ ၂ဝ၁၇ ဩဂုတ်လ တွေတုန်းက ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။တခါ ရခိုင်ပြည်နယ်ထဲ ခြေကုပ်ယူနိုင်ဖို့ ရခိုင် အဖွဲ့ အေအေ ကြိုးစားလာခဲ့တဲ့နောက် ၂ဝ၁၈ အတွင်း အစိုးရတပ်နဲ့ အေအေကြား ရခိုင်ပြည်နယ်ထဲ တိုက် ပွဲတွေ ဆက်တိုက် ဖြစ်လာခဲ့ပြီး ၂ဝ၁၉ ဇန်နဝါရီ ၄ ရက်မှာတော့ အေအေ အဖွဲ့က နယ်ခြားစောင့် စခန်း လေးခုကို တိုက်ခိုက်ခဲ့ပါတယ်။အခု နယ် ခြားစောင့်ကင်းနဲ့ လက်နက်ကိုင်တွေ တိုက်ပွဲ ဖြစ်ခဲ့တဲ့ တစ်ရက် တည်းမှာပဲ ရသေ့တောင်မြို့နယ်ထဲမှာလည်မြောက် ပိုင်းအရပ်မှာ ရှိတဲ့ ကျောက်တန်းနဲ့ ရေဘုတ်ဆိုတဲ့ ရွာ နှစ်ရွာကြား ပြိုင်းခေါင်း ဆိုတဲ့ နေရာမှာ အစိုးရစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် အဖွဲ့ အေအေတို့ကြား အချိန် အနည်းငယ် တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။
Link: Here
No comments:
Post a Comment