" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Saturday, February 26, 2022

ယူကရိန်းကျူးကျော်မှုသည် တောင်အာရှမှ ပြင်းထန်သော တုံ့ပြန်မှုကို မီးခိုးများထွက်စေသည်။

THE I DIPLOMAT

 BZ Khasru
ဖေဖော်ဝါရီ ၂၆၊ ၂၀၂၂ 

ကျူးကျော်မှုစတင်စဉ် ပါကစ္စတန်ဝန်ကြီးချုပ်သည် ရုရှားတွင်ရှိနေသည်။ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့သည် အလားတူ မော်စကိုကို ဝေဖန်ခြင်းမှ ရှောင်ကြဉ်ကြသည်။  

ပါကစ္စတန် ၀န်ကြီးချုပ် Imran Khan (ဘယ်) သည် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ဖေဖော်ဝါရီ ၂၄၊ ၂၀၂၂ ခုနှစ် မော်စကိုသို့ အလည်အပတ်ရောက်ရှိစဉ်၊ Credit: Facebook/ Imran Khan


ပါကစ္စတန်ဝန်ကြီးချုပ် Imran Khan က မော်စကိုတွင်ရှိစဥ် စိတ်လှုပ်ရှားနေချိန်တွင် ဝါရှင်တန်က ၎င်း၏ရေရှည် မဟာမိတ်ကို စစ်အေးတိုက်ပွဲအပြီးတွင် စွန့်ပစ်ခဲ့ပြီး ကြီးထွားလာမည်ဟု တွေးကာ ရွှင်မြူးနေသော ပါကစ္စတန် နိုင်ငံသားအများအပြား၏ စိတ်ဓာတ်ကို ထင်ဟပ်ပြသခဲ့သည်။ အမေရိကန် ပြိုင်ဘက်နဲ့ ပိုနီးစပ်တယ်။

သို့သော် Khan သည် ၎င်း၏ထုတ်ပြန်ချက်ကို ပြောကြားသည့်အခါတွင်၊ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပ၏ ပထမဆုံးသော အဓိကပဋိပက္ခကြီး ပေါ်ပေါက်တော့မည်ကို သူ သတိမထားမိခဲ့ပုံရသည်။ နာရီအကြာတွင်၊ ဖေ ဖော်ဝါရီ ၂၄ ရက် နံနက်အစောပိုင်းတွင် ရုရှားက ယူကရိန်းကို ကျူးကျော်ဝင်ရောက်ခဲ့ပြီး နိုင်ငံတစ်ဝှမ်းတွင် ပြင်း ထန်သော စစ်ပွဲကြီးတစ်ရပ် ဖြစ်ပွားခဲ့သည်။ 

Saturday, February 19, 2022

အကြမ်းဖက်စစ်တပ်က ပြည်သူတွေ ကြောက်လာအောင် ရက်ရက်စက်စက် သတ်ဖြတ်ထားတဲ့ လူသေ အလောင်းတွေ အသုံးပြု

CDMM
Civil Disobedience Movement Myanmar
ချစ်သဲညှာ
ရန်ကုန်၊ မေ ၂၈ ၂၀၂၁

အနက်ရောင် Pickup ကားနှစ်စီးဟာ လူသူကင်းမဲ့တဲ့ မြို့ထဲလမ်းမပေါ်မှာ အရှိန်လျော့မောင်းနှင် လာရင်း ရုတ် တရက်ရပ်တန့်သွားပါတယ်။ ကားရဲ့နောက်ဘက်မှာ ပါလာတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ လူငယ်သုံးဦး စီးနင်းမောင်းနှင်လာတဲ့ မော်တော်ဆိုင်ကယ်ကို စတင်ပစ်ခတ်ခဲ့ပါတော့တယ်။
 
ဆိုင်ကယ်ဟာ ရုတ်တရက်ဆိုသလိုပဲ ထိုးကွေ့ပြီး ဘေးနားရှိ ခြံတံခါးတစ်ခုကို ဝင်တိုက်မိပါတယ်။ စီးနင်း လိုက် ပါလာသူတွေအနက် နှစ်ဦးကတော့ အပစ်အခတ်တွေကြားက ထွက်ပြေးလွတ် မြောက်သွားခဲ့ပေမယ့် တတိယတစ်ဦးဖြစ်တဲ့ ကိုကျော်မင်းလတ် ဆိုသူကတော့ မြေပေါ်မှာ လဲကျကျန်ရစ်ခဲ့ပါတော့တယ်။
 

Thursday, February 17, 2022

ဂမ်ဘီယာက မြန်မာအပေါ်တရားစွဲထားသည့်အမှုကိစ္စ ICJ တရားရုံးက NUG အစိုးရထံ အကြောင်းမပြန်သေး

DVB
ဒီမိုကရက်တစ်မြန်မာ့အသံ
Published By DVB | 17 February, 2022
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ မြန်မာနိုင်ငံရင်ဆိုင်နေရတဲ့အမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ အစိုးရ ကိုယ် စားပြုအနေနဲ့ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဦးဆောင်ကာ ရင်ဆိုင်ဖြေ ရှင်းဖို့ တရားရုံးကို စာပေးပို့ထားပေမယ့် ဒီကနေ့အချိန် ထိ အကြောင်းပြန်စာမရသေးဘူးလို့ NUG နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်က ဒီဗွီဘီကို ပြောပါတယ်။

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို နယ် သာလန်နိုင်ငံ သည် ဟိတ်မြို့က ICJ တရားရုံးမှာ တရားစွဲဆိုထားတဲ့အမှုနဲ့ပတ်သတ်ပြီး ဖေဖေါ်ဝါရီ ၂၁ ရက်မှ ၂၈ ရက် အထိ ဒုတိ ယအကြိမ်ကြားနာစစ်ဆေးဖို့ ရုံးချိန်းရှိနေတာပါ။

ရိုဟင်ဂျာ စစ်သွေးကြွမှု- ဒဏ္ဍာရီ သို့မဟုတ် အမှန်တရား။

THE I DIPLOMAT
Shafi Md Mostofa
February 15, 2022
 

ဘာသာပြန်ဆောင်းပါး၊

ရိုဟင်ဂျာ ဒုက္ခသည်များသည် ကမ္ဘာလုံးဆိုင်ရာ ဂျီဟတ်ဝါဒ၏ ဥဩခေါ်သံကို အံ့အား သင့်ဖွယ် ခံနိုင်ရည် ရှိ ကြောင်း သက်သေပြခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားရှိ ဒုက္ခသည်စခန်းတစ်ခုတွင် အမည်မသိသေနတ် သမား များ က ထင်ရှား သော ရိုဟင်ဂျာခေါင်းဆောင် မိုဟီဘူလာ ကို သတ်ဖြတ်ပြီးနောက် ယမန် နှစ်တွင် ရိုဟင်ဂျာစစ်သွေးကြွအဖွဲ့ Arakan Rohingya Salvation Army (ARSA) သည် တစ်ကမ္ဘာလုံးက အာရုံစိုက်လာခဲ့သည် ။ Mohibullah ၏ အစ်ကို Habibullah က ARSA သည် ရိုဟင်ဂျာ အကျပ်အတည်းကိုရဖြေရှင်းရန် ငြိမ်းချမ်းစွာ အကြမ်းမဖက် သော ချဉ်း ကပ်မှု ဖြင့် စည်းရုံးလှုံ့ဆော်မှုကြောင့် ARSA တွင် တာဝန်ရှိသည်ဟု ဒေါသ ဖြစ်နိုင်သည်ဟု အခိုင်အမာဆိုသည်။

Tuesday, January 11, 2022

အမေရိကန်တို့ အဘယ်ကြောင့် အာဖဂန်နစ္စတန် တွင် မအောင်မြင်ခဲ့ရသနည်း - ကစ်ဆင်ဂျား

ဘာသာပြန်ဆောင်းပါး
25-08-2021

အမေရိကန်တို့ အဘယ်ကြောင့် အာဖဂန်နစ္စတန် တွင် မအောင်မြင်ခဲ့ရသနည်း - ကစ်ဆင်ဂျား

(ဩဂုတ် ၂၅ ရက်နေ့ထုတ် အီကော်နော်မစ် မဂ္ဂဇင်းတွင် ပါရှိသည့် အမေရိကန် နိုင်ငံခြားရေး မူဝါဒ ဂုရုကြီး ဖြစ် ခဲ့သည့် ဟင်နရီ ကစ်ဆင်ဂျား ရေးသားသည့် “Why American failed in Afghanistan” ဆောင်းပါးကို ပြန်လည် တင်ပြသည်)

Sunday, January 9, 2022

ဒေါ်အောင်ဆန်းစုကြည်၏ သူရဲကောင်း ပုံရိပ် အဆုံးသတ် သွားသော နေ့ရက်များ

ဧရာဝတီ
By David Scott Mathieson
23 November 2018
၂၀၀၇ စက်တင်ဘာလ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်ရှိ မြန်မာသံရုံးရှေ့ ဆန္ဒပြပွဲတွင် ဆန္ဒပြသူတဦးက ဒေါ်အောင်ဆန်းစုကြည်ပုံကို ကိုင်ဆောင်ထားစဉ် / Reuters

 မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လောက် လူ့အခွင့်အရေး ဂုဏ်ပြုဆုနှင့် ချီးကျူးမှုများခံရသည့် အာ ရှ ခေါင်းဆောင် မရှိသလောက်ပင်။ အလားတူ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ သူရဲကောင်း ပုံရိပ်မှ လူသားမျိုး နွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအလယ်တွင် မာရေကျောရေရှိပြီး ထီမထင်သော ခေါင်း ဆောင်အဖြစ် ရုတ်တရက် အရာကျသွားသူလည်း မရှိပေ။

ရက္ခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ရဲ့ ထုတ်ပြန်ချက် နောက်ကွယ်က ဝှက်ဖဲတစ်ချပ်က ဘာဖြစ်နိုင်မလဲ

DMG
ဇန္နဝါရီ ၉ ၂၀၂၂

(အတွေးအမြင်ဆောင်းပါး)

၁၉၆၇ ခုနှစ်မှာ စတင်ခဲ့ပြီး တော်လှန်ရေးဂုဏ်သိက္ခာ ကြီးမားတဲ့ ရခိုင်ပြည်လွတ်မြောက်ပါတီက ဇန်နဝါရီလ ၆ ရက်နေ့ ၂၀၂၂ ခုနှစ် နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ဟာ သာမန်ထုတ်ပြန်ချက်တစ်ခုဆိုပေမယ့် မြန်မာနိုင်ငံ အနှံ့ ဖြစ်ပေါ်ပြောင်းလဲတိုးတက်နေတဲ့ ခုခံတော်လှန်ရေးဖြစ်စဉ်တွေနဲ့ တိုက်ဆိုင်စဉ်းစားလိုက်ရင် ထူးခြားမှုတွေ ရှိနေတာကို သတိထားမိတယ်။ 

ဒီထုတ်ပြန်ချက်ရဲ့ နှောက်ကွယ်က စဉ်းစားချက်တွေက ဘာလဲ။ ဘယ်ခြေလှမ်း ကို သူတို့လှမ်းမှာလဲ။ဘာကြောင့် အဲဒီခြေလှမ်းတွေကို လှမ်းဖို့ ပြင်ဆင်လာတာလဲ။ ရက္ခိုင်ပြည်အတွက် ဘယ် လို အကျိုးစီးပွားတွေဖြစ်ထွန်းပြီး၊ ဘယ်လိုဆိုးကျိုးတွေ ဖြစ်ပေါ်စေနိုင်သလဲ။ ရက္ခိုင်ပြည်တော်လှန်ရေး အုပ်စုနဲ့ ဘယ်လိုဘယ်လို ချိတ်ဆက် မျှော် မှန်းချက်တွေရှိနိုင်သလဲ။ ဒီမေးခွန်းပေါင်းများစွာဟာ ဒီထုတ်ပြန်ချက်နဲ့အတူ တွဲပြီးပေါ်လာတဲ့ ကွတ်ချန်မက်(ခ်) တွေဖြစ်ပါတယ်။ ဒီမေးခွန်းတွေအပေါ် ထင်မြင် ယူ ချက်တွေက ဘာတွေ ဖြစ်မလဲဆိုတာ ဆက်ကြည့်ရအောင်ပါ။ (ဒီဆောင်းပါးကို ကိုယ်တိုင်မေး ကိုယ်တိုင်ဖြေ နည်းနဲ့ သုံးသပ်ထားတဲ့ ဆောင်းပါးဖြစ်ပါတယ်။)

Friday, December 31, 2021

လိမ္မလိမ္မာပါးနပ်သည်၊ နှစ်လိုခင်မင်ဖွယ်ကောင်းသည်၊ ကြမ်း ကြုတ်သော စစ်တပ်တစ်တပ်ကို တိတ်တဆိတ် လက်နက် တပ်ဆင်ပေးနေသည်။

The New York Times
Hannah Beech
Dec. 24, 2021

ဗမာ-အိုင်ယာလန် ကပြားမိသားစုတစ်စုက ပိတ်ဆို့အရေးယူမှု စစ်ဆေးမှုများကို ရှောင်ကွင်းလျက် မြန်မာ စစ်အ စိုးရအတွက် လေယာဉ်များ၊ ကာကွယ်ရေး ရေဒါ၊ အခြားနည်းပညာနှင့် ကိရိယာများကို ကူညီဝယ်ယူ ပေးနေေ သာ်လည်း အမြဲသူတော်ကောင်းစကားသာ ဆိုကြလေသည်။

ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ မတ်လတွင်နိုင်ငံ့မြို့တော် နေပြည်တော်၌ ၇၆ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြချီတက်ပွဲတွင် တွေ့ရစဉ်။Credit...Stringer/EPA, via Shutterstock
 
လွန်ခဲ့သည့် သုံးနှစ်က ကျော်သောင်းမိသားစုကို ပဲခူးကလပ်တွင် ပါတီပေးလျက် ပျော်ပါးလျက် တွေ့နိုင်မည် ဖြစ် သည်။ လေးစားကြည်ညိုဖွယ် ဗမာ-အိုင်ယာလန်ကပြား ဤမိသားစုက ကျွန်းသစ်အတိ တန်ဆာဆင် ထား သော ပဲခူးကလပ် အဆောက်အဦးကို မူလ ၁၉ ရာစု ဂုဏ်ကျက်သရေပြန်ရောက်အောင် ပြန်လည် မွမ်းမံခဲ့ပြီး ဂျင်အ ရက် တမြမြနှင့် ကိုလိုနီအရာရှိများ စိုးမိုးခြယ်လှယ်ခဲ့သည့် အငွေ့အသက်ပြန်ရအောင် အသက်သွင်း ထား သကဲ့ သို့ပင်ဖြစ်သည်။ ပဲခူးကလပ် ပြန်လည်ဖွင့်လှစ်ခြင်းသည် ကျော်သောင်းမိသားစု၏ အရှေ့တိုင်းနှင့် အနောက်တိုင်း ရောပြွမ်းပေါင်းစပ်မှုမှ အားယူသော ရပ်တည်ချက်မျိုး၊ ကမ္ဘာ့အသိုင်းအဝိုင်းနှင့် ဆက်ဆံ‌ ပေါင်း စပ်ခါစ နိုင်ငံ တစ် ခု၏ အကောင်းမြင်မှုမျိုးတို့နှင့် အံဝင်ခွင်ကျဖြစ်လှသည်။

Tuesday, December 28, 2021

လူမျိုးရေး ပဋိပက္ခ ရခိုင်မှာ ပြန်ဖြစ်မလား

ဧရာဝတီ
28 December 2021
ရခိုင်ပြည်နယ်အတွင်း လူမျိုးရေး ပဋိပက္ခများကို ဦးတည်စေနိုင်သော ဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပေါ်လာနေကြောင်း AA က သတိပေးထားသည် / ဧရာဝတီ
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲသံများ ငြိမ်သက်သွားပြီးနောက် စစ်အေးကာလ အခြေအနေ ကဲ့သို့ ဖြစ်နေသည့် အချိန် ယခုလ ဒီဇင်ဘာလအတွင်းမှာပင် လူမျိုးရေး ပဋိပက္ခများကို ဦးတည်စေနိုင်သော ဖြစ်စဉ်များ ဆက် တိုက် ဖြစ်ပေါ်လာနေသည်ကို တွေ့ရှိလာရကြောင်း ပြည်နယ်တခုလုံးကို သြဇာလွမ်းမိုးထားသည့် ရက္ခိုင်အမျိုး သား အဖွဲ့ချုပ် ( ULA / AA )က သတိ ပေးစာ တစောင်ထုတ်ပြန်ထားသည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ဒီဇင်ဘာလ ၁၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် သတိပေးစာတွင် ဒီဇင်ဘာ လ ၉ ရက်နေ့ မြောက်ဦးမြို့နယ် အောက်သားကန်ကျေးရွာအတွင်း စပါးရိတ်သိမ်းစက် ၂ စီး အား ရည်ရွယ်ချက် ရှိရှိဖြင့် ညဉ့်အချိန် မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ဖြစ်စဉ်၊ ဒီဇင်ဘာလ ၁၁ ရက် မြောက်ဦးမြို့နယ် လောင်းကြက် ကျေး ရွာ၌ စပါးရိတ်သိမ်းစုပုံထားသည်ကို မီးရှို့ဖျက်ဆီးသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။

Tuesday, December 21, 2021

တရုတ်နဲ့ ကမ္ဘောဒီးယား ဘယ်လဲ.. ဘာလဲ…

DVB
ဒီမိုကရက်တစ်မြန်မာ့အသံ
14 December, 2021

မြန်မာ့အရေး မျှော်တွေးမိတဲ့အခါတိုင်း စိတ်မသက်မသာဖြစ်ရတဲ့ကိစ္စက တရုတ်နဲ့ အိမ်နီးချင်း ဖြစ်နေရခြင်းပါ ပဲ။ တရုတ်နိုင်ငံရဲ့ လူဦးရေက ၂၀၂၁ သြဂုတ်လ ၁၁ ရက်နေ့မှာ ၁,၄၄၅,၄၇၈,၈၃၇ ယောက်ဖြစ်ကြောင်း ကုလသမ ဂ္ဂ စာရင်းဇယားတွေအရသိရတယ်။ ၁၄ ဘီလီယံကို အတော်ကြီး ကျော်လွန်လာပြီ ဖြစ်တယ်။ တရုတ် လူဦးရေ ပေါက်ကွဲလျှံကျနေခြင်းဟာ ကမ္ဘာကြီးကို ခြိမ်းခြောက်မှု ကြီးမားလာစေတယ်လို့ ဆိုနိုင်တယ်။ အထူးသဖြင့် အိမ် နီးချင်း အရှေ့တောင်အာရှနဲ့ တောင်အာရှနိုင်ငံတွေရဲ့နိုင်ငံရေး စီးပွားရေးပြဿနာတွေအပေါ် ဖိ အားတွေ သက် ရောက်စေတယ်။ အရှေ့တောင်အာရှနိုင်ငံတခုဖြစ်တဲ့ မြန်မာနိုင်ငံဟာလည်း ခေတ်အဆက်ဆက် တရုတ်နဲ့ ဆက် ဆံရေး အဆင်ပြေအောင် အထူးသတိထားခဲ့ရတယ်။

Monday, December 6, 2021

ကုလသမဂ္ဂနှင့် နိုင်ငံတကာက မြန်မာစစ်တပ်ကို အရေးယူ ချိန်တန်ပြီ

Myanmar Now
သုတဇော်
Published on Dec 5, 2021

အာဏာသိမ်းမှုဆန့်ကျင်သူတို့ကို စစ်သားနှင့် ရဲများက ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်နေကြပြီး စစ်ဗိုလ်ချုပ်ကြီးများကလည်း ထိုသို့ ပြုလုပ်ရခြင်းမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက်ဖြစ်သည်ဟု အကြောင်းပြထားသည်
 
မြန်မာစစ်တပ်သည် နိုင်ငံသားနှင့် တိုင်းရင်းသားမျိုးနွယ်စုများအပေါ် အနိုင်ကျင့်နှိပ်စက်မှု၊ လူ့အခွင့်အရေး ချိုး ဖောက်မှု၊ စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည်မှာ ဆယ်စုနှစ် ၃ ခု (နှစ်ပေါင်း ၃၀) ရှိပြီ ဖြစ်သည်။ သို့သော် ယေ န့အချိန်ထိ တာဝန်ရှိသူ စစ်ခေါင်းဆောင်များကို နိုင်ငံတကာက အရေးယူအပြစ်ပေးနိုင်ခြင်း မရှိသေးပါ။ ပို၍ဆိုး ရွားသော လူမျိုးသုဉ်းသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်မှုသံသယဖြင့် နိုင်ငံတကာတရားရုံး (ICJ) တွင် ရင်ဆိုင်နေရစဉ်မှာပင် အာဏာသိမ်းပြီးနောက် စစ်တပ်သည် နိုင်ငံတကာဥပဒေများကို ပြောင်ပြောင်တင်း တင်း ဆက်လက်ချိုးဖောက်နေသည်။

Thursday, December 2, 2021

ရိုဟင်ဂျာ ဂျီနိုဆိုဒ်အမှု အာဂျင်တီးနား တရားရုံး ကြားနာ မည်

ဧရာဝတီ
30 November 2021 

Burmese Rohingya Organisation UK ဥက္ကဋ္ဌ ဦးထွန်းခင် (ဝဲ) နှင့် တရားလိုရှေ့နေ သောမတ် အိုဂျေး ကင်တားနား (ယာ)

 မြန်မာစစ်တပ်က ကျူးလွန်သော ရက်စက်ကြမ်းကြုတ်မှုခံရသည့် ရိုဟင်ဂျာများက တင်သွင်းသည့် လူမျိုးတုန်း သတ်ဖြတ်မှုကို စစ်ဆေးရန် အာဂျင်တီးနား တရားစီရင်ရေးက သဘောတူလိုက်သောကြောင့် ကျူးလွန်ခံရသူများ နှင့် ၎င်းတို့အတွက် လိုက်ပါဆောင်ရွက်နေသူများက ထိုဆုံးဖြတ်ချက်သည် စစ်ဗိုလ်ချုပ်များကို ဥပဒေ အရအရေး ယူရန် သမိုင်းဝင် ဆုံးဖြတ်ချက်ဖြစ်ကြောင်း ကြိုဆိုကြသည်။ ထိုအမှုကို ဗြိတိန်အခြေစိုက် ရိုဟင် ဂျာအဖွဲ့တခုနှင့် ၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ စစ်အုပ်စု၏ ဖြိုခွဲမှုအတွင်း လွတ်မြောက်လာသူ အမျိုးသမီး ၆ ဦးက စွဲဆိုခြင်းဖြစ်သည်။ ထိုစဉ်က မြန်မာစစ်တပ်သည် လက်နက်ကိုင် အုံကြွတိုက်ခိုက်မှုကို ဖြိုခွင်းနှိမ်နင်းသောစစ် ဆင် ရေးတွင် အရပ်သားများစွာကို သတ်ဖြတ်ခဲ့ပြီး အမျိုးသမီးများကိုလည်း မုဒိန်းကျင့် ကာ ကြာမြင့်စွာ ဖိနှိပ်ခံ နေရသော ရခိုင်ပြည်နယ် မြောက်ပိုင်းနေ မွတ်ဆလင် ၇ သိန်းခွဲကို ဘင်္ဂလားဒေ့ရှ်သို့ မောင်းထုတ်ခဲ့သည်။

Tuesday, November 30, 2021

မွတ်ဆလင်၂၀၀ ကျော် တင်ဆောင်လာသော စက်လှေ ၁ စီး ဖမ်းမိ

ဧရာဝတီ
30 November 2021

မလေးရှားနိုင်ငံသို့ သွားမည့် မွတ်ဆလင် ၂၂၈ ဦးတင်ဆောင်လာသည့် စက်လှေတစီးကို စစ်တွေမြို့နယ် မေယု ကျွန်း အနောက်ဘက် ၁၇မိုင်အကွာတွင် ယမန်နေ့ နံနက်ပိုင်းက မြန်မာရေတပ်က ဖမ်းဆီးလိုက်ကြောင်း သိရ သည်။

အဆိုပါ စက်လှေသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကူတူပါလောင် ဒုက္ခသည်စခန်းမှနေ မလေးရှားနိုင်ငံသို့ သွားရန် ထွက် ခွာလာ စက်လှေတစီးဖြစ်ကြောင်း လက်ရှိတွင် ဥပဒေအရ အရေးယူရန် ပြင်ဆင်နေကြောင်း ရခိုင်ပြည် နယ် စီမံ အုပ်ချုပ်ရေး ကောင်စီမှ အရာရှိတဦးက ပြောသည်။

၎င်းက “မနေ့က ဖမ်းမိတဲ့သူတွေက ကူတူပါလောင် ဒုက္ခသည်စခန်းကနေ မလေးရှားသွားဖို့ ထွက်လာကြတာ လို့ သူတို့က ထွက်ဆိုတယ်။ အဲဒီမှာ ၁၂ နှစ်အောက် ကလေးတွေလည်း ပါလာတော့ ကလေးတွေကိစ္စကို ကျေ နာ်တို့ ဘယ်လို ဆောင် ရွက်မယ်ဆိုတာ စီစဉ်နေကြတယ်။ ကျန်တဲ့ လူကြီးတွေကိုတော့ တရားဥပဒေအရ အ ရေး ယူဖို့ စီစဉ်နေပါတယ်” ဟု ဧရာ ဝတီသို့ ပြောသည်။

အဆိုပါ လူမှောင်ခို စက်လှေမှာ ဝဒီထွန်း (၅) အမည်ရှိပြီး စက်လှေပါ မြန်မာလူမျိုး (တရားခံ) ၅ ဦး၊ မွတ်ဆလင် (ကျား) ၇၀ ဦး၊ မွတ်ဆလင် (မ) ၁၂၅ ဦး၊ ကလေး ၃၃ ဦးတို့ ပါဝင်ကာ လက်ရှိအချိန်တွင် ၎င်းတို့ကို မည်သည့် နေ ရာတွင် ထိန်း သိမ်း စစ်ဆေးနေသည်ကိုတော့ မသိရပေ။

ဘင်္ဂလားဒေ့ရှ် နိုင်ငံရောက် မွတ်ဆလင် ဒုက္ခသည်စခန်းများတွင် မွတ်ဆလင် လက်နက်များ ချင်းချင်းကြား ပဋိ ပက္ခဖြစ်ပွား မှုကြောင့် စခန်းရှိ မွတ်ဆလင် မိသားစုဝင်များမှာ မလေးရှား၊ ထိုင်း စသည့် နိုင်ငံများသို့ ထွက်ခွာမှု များရှိလို တချို့မှာလည်း နှစ်နိုင်ငံ နယ်စပ်မှတဆင့် ဘူးသီးတောင်၊ မောင်တောမြို့နယ်များသို့လည်း တရားမ ဝင် လမ်းကြောင်းဖြင့် ဝင်ရောက်မှု များရှိကြောင်း လေ့လာစောင့်ကြည့်သူများက ပြောသည်။

ပြီးခဲ့သော ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့သော မောင်တော အရေးအခင်းတွင် စစ်တပ်က နယ်မြေရှင်းလင်းမှုကြောင့် မွတ်ဆ လင် ကျေးရွာသားများ သိန်းနှင့်ချီ တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဝင်ရောက် ခိုလှုံသွားရာ လက်ရှိအချိန် အထိ အဆိုပါ မွတ် ဆလင်အရေးနှင့် ပတ်သက်ပြီး စစ်ကောင်စီက ပြန်လည် နေရာချထားမှု မပြုလုပ်နိုင် သေး ပေ။

ယခုလ နိုဝင်ဘာလ ၂၇ ရက်ကလည်း ဘူးသီးတောင်မြို့နယ်အတွင်း နေထိုင်ကြသော မွတ်ဆလင်များအ နေ ဖြင့် လဝက ဌာနက ထုတ်ပေးလေ့ရှိသော ခရီးသွားခွင့် (ပုံစံ – ၄) ရယူခြင်းမရှိဘဲ မြို့နယ်၊ ခရိုင်၊ ပြည်နယ်၊တိုင်း သို့ ကျော်လွန်ပြီး ခရီးသွားလာခွင့် မပြုကြောင်း ဒေသအာဏာပိုင်များက တားမြစ်စာ ထုတ်ထားသည်ကိုလည်း အင်တာနက် လူမှုကွန် ရက်တွင် တွေ့ရှိရသည်။

တားမြစ်ထားသည့်အတိုင်း လိုက်နာမှု မရှိဘဲ ဖောက်ဖျက် ကျူးလွန်သူများကိုလည်း တည်ဆဲဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကိုလည်း ဒေသအာဏာပိုင်များ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိ သည်။

ဘူသီးတောင်မြို့နယ်အတွင်းကမွတ်ဆလက် ကျေးရွာလူကြီး တဦးက “ကျနော်တို့ NVC (National Verification Card) နဲ့ ခရီးသွားလာလို့ ရနေတာကို အခုလို ပုံစံ – ၄ ရ ယူပြီးမှ သွားရမယ် ဆိုတာကတော့ ကျ နော်တို့အတွက် တော်တော် အခက် အခဲဖြစ်တယ်။ ပုံစံ- ၄ ရဖို့ဆိုတာက ဒီအတိုင်း ထုတ်ပေးတာမှ မဟုတ် တာ။ အဆင့်ဆင့် တင် ပြရတယ်။ အချိန်ကုန်၊ ငွေ ကုန် ဖြစ်တာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

မွတ်ဆလင် ကျေးရွာသားများကို ထိုသို့ ခရီးသွားလာခြင်းမှ တားမြစ်မှုမှာ လုပ်ထုံး၊ လုပ်နည်းအရ မှန်ကန်သော် လည်း ပုံစံ – ၄ ထုတ်ပေးသည့် ဌာနဆိုင်ရာများကို ကိုယ်တိုင် အချိန်နှောင့်နှေး ကြန့်ကြာမှု မဖြစ်ရန် မြန်မြန်ဆန် ဆန် စိစစ်ကာ ထုတ်ပေး နိုင်မည် ဆိုပါက အားလုံးအတွက် အဆင်ပြေမည်ဖြစ်ကြောင်း ဘူးသီးတောင်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဟောင်း ဦးအောင်သောင်းရွှေက ဆိုသည်။

ဦးအောင်သောင်းရွှေက “ကျနော့် အမြင်ကတော့ ပုံစံ – ၄ ပါမှ ခရီးသွားခွင့်ပြုမယ်ဆိုရင် လဝက ဌာနက အဲဒီ ပုံစံ – ၄ ကို ကြန့်ကြာမှု မဖြစ်အောင် ထုတ်ပေးသင့်တယ်လို့ မြင်တယ်။ အဲဒီလို မဟုတ်ရင် သူတို့ကို တမင် ဖိနှိပ်ထား သလိုမျိုး ဝေဖန်မှု တွေ ထွက်လာနိုင်တယ်ပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

Link : Here

Thursday, November 4, 2021

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်များကို နယ်စပ် ဖြတ်ကျော်မှုခင်းများ မည်ကဲ့သို့ ဖမ်းစီး၍ အန္တရာယ်ဖြစ်စေ သနည်း။

THE I DIPLOMAT
By MD Mufassir Rashid
November 05, 2021

ကျဉ်းမြောင်းသောနယ်စပ်နှင့် အလွန်စိုးရိမ်ရသောဒုက္ခသည်များသည် Cox's Bazar တွင် လုံခြုံ ရေးအိပ်မက်ဆိုးတစ်ခု ဖန်တီးနေပါသည်။


နေရပ်ပြန်ပို့ရေးနဲ့ ပတ်သက်လို့ အပြုသေ ဘာဆောင် တဲ့ တိုးတက်မှုတွေ မရှိဘဲ နှစ်တွေကြာလာတာနဲ့အမျှ ဘင်္ဂလားဒေ့ရှ်၊ Cox's Bazaar ရှိ ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေမှာ အခြေအနေတွေ ပိုဆိုးလာနေပါတယ်။ ရိုဟင်ဂျာတွေကြား ပဋိပက္ခတွေ တိုးလာနေပြီး တရားမ ဝင် အစိတ်အပိုင်း မျိုးစုံက စခန်းတွေထဲကို သူတို့ရဲ့ နည်းလမ်းတွေကို ရှာဖွေနေပါတယ်။

အောက်တိုဘာ ၂၃ ရက် က စခန်းအတွင်း တိုက် ခိုက်မှုတစ်ခုအတွင်း လူခြောက်ဦး သေဆုံးပြီး ဓားနှင့် ပစ်သတ်ခံခဲ့ရသည်။ အဆိုပါ ဆိုးရွားသော အဖြစ် အ ပျက် သည် ၎င်း၏ ရုံးခန်းတွင် အသတ်ခံခဲ့ရသော ရိုဟင်ဂျာ ထိပ်တန်း ခေါင်းဆောင် Muhibullah ၏ သတ် ဖြတ်မှု နောက်ဆက်တွဲ ဖြစ်သည်။ အဆိုပါ ဖြစ်ရပ်များအပြင် အခြားသော မှုခင်းများသည် စခန်းများတွင် နေ့ စဉ်လိုလို ဖြစ်ပွားနေပါသည်။ တရားမဝင် လက်နက် အရေ အတွက် တိုးများလာနေပြီး စခန်းများကို ယာဘ လမ်းကြောင်းသစ် အဖြစ် (Methamphetamines )မက်သာဖက်တမင်းနှင့် ကဖိန်းဓာတ် ပေါင်းစပ်ထားသည့် တရားမဝင် မူးယစ်ဆေးဝါး သုံးစွဲလျက်ရှိသည်။ ထို့အပြင် ဂိုဏ်းဂဏနိုင်ငံရေးနှင့် မှောင်ခိုစီးပွားရေးများလည်း မြင့်တက်လာနေသည်။

Tuesday, November 2, 2021

ရိုဟင်ဂျာဂျီနိုဆိုက်နှင့် အစိုးရအမှားတော်ပုံ (၁)

Myat Min Maung Maung
November 2, 2021
မကြာသေးမီက ရိုဟင်ဂျာဂျီနိုဆိုက်ဖြစ်ခဲ့တာ (၄) နှစ်ပြည့်ခဲ့ပါပြီ။ ရိုဟင်ဂျာဂျီနိုဆိုက်နဲ့ပတ်သက်ပြီး အာဏာ သိမ်းခံလိုက်ရတဲ့ NLD အစိုးရဟာ ဝေဖန်မှုတွေ အများကြီး ကြုံခဲ့ရပါတယ်။ Ayyanttu News မှာဆိုရင် ဒေါ် အောင်ဆန်းစုကြည်ကို အဆိုးဝါးဆုံးနိုဘယ်ဆုရှယ်၊ The Guardian သတင်းစာမှာဆိုရင် “ဒေါ်အောင်ဆန်း စုကြည်ရဲ့ နိုဘယ်ဆုကို ရုပ်သိမ်းပါ” စသည်ဖြင့် ရေးသားဝေဖန်မှု‌တွေ ရှိခဲ့ပါတယ်။ နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှုတွေမှာပါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဩဇာကျဆင်းခဲ့ပြီးတော့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
 

Saturday, September 4, 2021

မြန်မာ့ အာဏာသိမ်းမှု ဖြစ်စဉ်နှောင်းပိုင်း မြန်မာ-တရုတ် ဆက်ဆံရေး၏ ပထဝီဝင်နိုင်ငံရေး: မြန်မာ့အာဏာသိမ်းမှု ဖြစ်စဉ်တွင် တရုတ်နိုင်ငံ၏ မဟာဗျူဟာ‌မြောက်တွက်ချက်မှု များ

BY TEACIRCLEOXFORD
POSTED ON JULY 26, 2021

 ( For Reference Only )

အောက်ပါ ဆောင်းပါးအား Tea Circle တွင် ဇွန်လ ၇ ရက်နေ့ ၂၀၂၁ ခုနှစ်တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။

ဆောင်းပါးရှင် Julian (ကလောင်အမည်) သည် ယခု ဆောင်းပါးတွင် တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ်ထား ရှိ သော ပထဝီနိုင်ငံရေးဆိုင်ရာ တွက်ချက်မှုများနှင့် ရည်မှန်းချက်များကို ဆွေးနွေးရေးသားထားသည်။

မြန်မာ့စစ်အာဏာသိမ်းမှု စတင်ဖြစ်ပွားခဲ့ချိန်မှစ၍ စစ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန့်ကျင်ဆန္ဒပြသူများနှင့် အများပြည်သူတို့သည် မြန်မာပြည် စစ်အာဏာသိမ်းမှုဖြစ်စဉ်တွင် တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့ လျှိူ့ဝှက်စွာ အားပေးအားမြှောက်ပြုခြင်းများ ရှိခဲ့သည်ဟု သံသယများ ရှိနေကြသော်လည်း တရုတ်နိုင်ငံကမူ ထိုအချက်ကို ငြင်းဆိုသည်။ ၎င်းသံသယဖြစ်စဉ်များအနက် တစ်ခုမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မှ ကူမင်းသို့ ပျံသန်းပြေးဆွဲသော ပစ္စည်းတင် လေကြောင်းလိုင်းများဖြစ်ပြီး နှစ်နိုင်ငံစလုံးကမူ ၎င်းပျံသန်းမှုများသည် ပုံမှန် ပင်လယ်စာ သယ်ယူပို့ဆောင်သည့် ခရီးစဉ်များဟုသာ တုန့်ပြန်ခဲ့ကြသည်။ ထိုဖြစ်ရပ်များကြောင့် တရုတ် နိုင် ငံအနေဖြင့် နည်းပညာများနှင့် ကျွမ်းကျင်သူများကို မြန်မာ့ အာဏာသိမ်း စစ်ခေါင်းဆောင်များအား ပံ့ပိုးပေးနေ ကြသလော စသည့် မှန်းဆမှုများ တိုးပွားလာခဲ့သည်။

Friday, September 3, 2021

ရက္ခိုင့်တပ်တော်ရဲ့ နိုင်ငံရေးဦးဆောင်မှုနဲ့ ရခိုင်ပြည်အလား အလာ

DMG
မင်းထီး ရေးသားသည်
ရက္ခိုင့်တပ်တော် တပ်မှူးချုပ်နဲ့ အာရက္ခမီဒီယာတို့ တွေ့ဆုံမေးမြန်းခန်းတစ်ခုကို သြဂုတ်လ ၁၆ ရက်နေ့က ပြုလုပ်ခဲ့တာကိုတွေ့ရပါတယ်။ အဲဒီအင်တာဗျူးမှာ အေအေတပ်မှူးချုပ်က တော်လှန်ရေးကို အဆင့်လေး ဆင့် နဲ့ ခွဲခြားသတ်မှတ်မည်ဆိုပါက လက်ရှိအချိန်မှာ အဆင့်သုံးကိုရောက်ရှိနေပြီလို့ ဖြေကြားခဲ့ပါတယ်။ အဲဒီအ ဆင့် လေးဆင့်ကတော့ တော်လှန်ရေးအစပြုကာလ၊ နှစ်ဘက်အားပြိုင်မှုကာလ၊တစ်ပြည်လုံးကိုသိမ်းဆည်း     တဲ့ ကာလနဲ့ နိုင်ငံတည်ဆောက်ရေး(State Building)ကာလလို့ ဆိုပါတယ်။

Wednesday, August 25, 2021

AA သွားနေတဲ့ လမ်း

ဧရာဝတီ
24 August 2021
ပလက်ဝမြို့နယ် ကျေးရွာတွေမှာ AA လက်နက်ကိုင်တွေကို တွေ့ခဲ့ရစဉ် / ဧရာဝတီ

အပစ်ရပ်ထားသော ရခိုင်ပြည်နယ် တခုလုံးနီးပါးကို နိုင်ငံရေးဩဇာကို ခိုင်မာစွာ တိုးချဲ့ တည်ဆောက်လာနေ သော ရက္ခိုင်စစ်တပ် (AA) ၏ ခပ်စိတ်စိတ် ခြေလှမ်းအသစ်များမှာ အာရုံစိုက်စရာ ဖြစ်သည်။

AA သည် ရက္ခိတလမ်းစဉ် ချမှတ်ပြီး ရခိုင်ပြည်နယ်အတွင်း အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကို ကဏ္ဍကိုပါ ကျယ်ကျယ်ပြန့်ပြန့် ကိုင်တွယ်လာသည်။ ထိုသို့ ကိုင်တွယ် ဆောင်ရွက်ရာတွင် တကြိမ်တခါမှ အလေးပေး မခံ ရသော၊ မျက်နှာလွှဲ ပစ်ပယ်ခံထားရသော မွတ်ဆလင် အသိုင်းအဝိုင်း၏ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးကဏ္ဍ များကိုပါ ချန်လှန်မထားဘဲ ပူးပေါင်း ပါဝင်ရန် စီစဉ်ဆောင်ရွက်နေသည် ဟူသော AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် ထုတ်ဖော်ပြောကြားမှုအပေါ် လူအများ စိတ်ဝင်စားမှု ရှိခဲ့ကြသည်။

Sunday, August 1, 2021

အာဏာသိမ်းပေမယ့် အာဏာမထိန်းနိုင်သေးပါ

ဧရာဝတီ
အောင်မျိုးမင်း
31 July 2021 

ဦးအောင်မျိုးမင်းသည် အမျိုးသားညီညွတ်ရေးအစိုးရ၏ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဖြစ်သည် / ဧရာဝတီ
 
ရွေးကောက်ပွဲအတွင်း မဲသမာမှုများရှိသည်ဆိုသည့်အကြောင်းပြချက်ဖြင့် အာဏာသိမ်းယူခဲ့သော စစ်ကောင်စီ ၏ မတရားအာဏာသိမ်းယူမှုသည် သြဂုတ်လ ၁ ရက်နေ့တွင် ခြောက်လပြည့်ပြီဖြစ်သည်။

မတရား အာဏာလုယူခဲ့သည့်နောက်ပိုင်း နိုင်ငံ‌ရးခေါင်းဆောင်များအား ဥပဒေမဲ့ဖမ်းဆီးခြင်းမှအစ ဆန့်ကျင် တော် လှန်သူများကို တရားမဲ့နှိမ်နှင်းသတ်ဖြတ်မှုများအလယ် မြို့ရွာတခုလုံးကို ပစ်ခတ်တိုက်ခိုက်ပြီး ‌ဒေသခံ ပြည်သူများကို နေရပ်မှ အတင်းအကြပ်မောင်းထုတ်ခြင်းများအဆုံး နိုင်ငံတကာရာဇဝတ်မှုများကို ကျူးလွန်   နေလျက်ရှိသည်။

Wednesday, July 28, 2021

ရခိုင်ပြည်နယ်တွင် အောက်ဆီဂျင်စက်ရုံများ တည်ဆောက် ရန် အရပ်ဖက်အဖွဲ့များ ကြိုးပမ်း

ဧရာဝတီ
27 July 2021
စတင်စမ်းသပ် လည်ပတ်နေပြီဖြစ်သည့် မြောက်ဦးမြို့မှ အောက်ဆီဂျင်စက်ရုံ / ခရက်ဒစ်-နန်းရိပ်ကရုဏာ / Facebook
 
ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာ များပြားလာသည်နှင့်အမျှ ရောဂါပြင်းထန်သူများအတွက် အောက်ဆီ ဂျင်ရရှိမှု အခက်အခဲများ ရှိလာနေသဖြင့် ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် အောက်ဆီ ဂျင် စက်ရုံများ တည်ဆောက်ရန် ရခိုင်အရပ်ဖက်အဖွဲ့အစည်းများက ကြိုးပမ်းနေကြသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */