" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, December 6, 2021

ကုလသမဂ္ဂနှင့် နိုင်ငံတကာက မြန်မာစစ်တပ်ကို အရေးယူ ချိန်တန်ပြီ

Myanmar Now
သုတဇော်
Published on Dec 5, 2021

အာဏာသိမ်းမှုဆန့်ကျင်သူတို့ကို စစ်သားနှင့် ရဲများက ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်နေကြပြီး စစ်ဗိုလ်ချုပ်ကြီးများကလည်း ထိုသို့ ပြုလုပ်ရခြင်းမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက်ဖြစ်သည်ဟု အကြောင်းပြထားသည်
 
မြန်မာစစ်တပ်သည် နိုင်ငံသားနှင့် တိုင်းရင်းသားမျိုးနွယ်စုများအပေါ် အနိုင်ကျင့်နှိပ်စက်မှု၊ လူ့အခွင့်အရေး ချိုး ဖောက်မှု၊ စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည်မှာ ဆယ်စုနှစ် ၃ ခု (နှစ်ပေါင်း ၃၀) ရှိပြီ ဖြစ်သည်။ သို့သော် ယေ န့အချိန်ထိ တာဝန်ရှိသူ စစ်ခေါင်းဆောင်များကို နိုင်ငံတကာက အရေးယူအပြစ်ပေးနိုင်ခြင်း မရှိသေးပါ။ ပို၍ဆိုး ရွားသော လူမျိုးသုဉ်းသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်မှုသံသယဖြင့် နိုင်ငံတကာတရားရုံး (ICJ) တွင် ရင်ဆိုင်နေရစဉ်မှာပင် အာဏာသိမ်းပြီးနောက် စစ်တပ်သည် နိုင်ငံတကာဥပဒေများကို ပြောင်ပြောင်တင်း တင်း ဆက်လက်ချိုးဖောက်နေသည်။
စစ်တပ်သည် အရပ်သားပြည်သူများကို သတ်ဖြတ်ခြင်း၊ နှိပ်စက်ဖမ်းဆီးခြင်း၊ တရားမဲ့ နှစ်ရှည်အကျဉ်းချခြင်း၊ လုယက်ခြင်း၊ မုဒိန်းကျင့်ခြင်း၊ နေအိမ်ပစ္စည်းဥစ္စာများကို မီးရှိုးဖျက်ဆီးခြင်းတို့ ကျူးလွန်လျက်ရှိသည်။ ထိုကဲ့သို့ ကျူးလွန်မှုများက စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများကဲ့သို့ နိုင်ငံတ ကာက သတ်မှတ်ထားသော အဆိုးရွားဆုံး ရာဇဝတ်မှုများအဆင့်သို့ ရောက်ရှိလာပြီ ဖြစ်သည်။

ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် တည်ဆဲ နိုင်ငံတကာတရားရုံးတစ်ခုခုတွင်လည်းကောင်း သို့မဟုတ် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာရာဇဝတ်ခုံရုံး (International Criminal Tribunal for Myanmar) ကဲ့ သို့ သီးခြားခုံရုံး ဖွဲ့စည်းခြင်းဖြင့်လည်းကောင်း မြန်မာစစ်တပ်ကို အရေးယူချိန်တန်ပြီ ဖြစ်သည်။

စစ်တပ်ကို နိုင်ငံတကာရာဇဝတ်ခုံရုံးတင်ရန် လုံလောက်သော အကြောင်းရင်းများ

မြန်မာစစ်တပ်၏ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ နိုင်ငံတကာဥပဒေများ ချိုးဖောက်မှုများနှင့် ပတ် သက်ပြီး ကုလသမဂ္ဂအထွေထွေညီလာခံက မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးချိုးဖောက်မှု အစီရင်ခံစာ ကို ၁၉၉၁ ခုနှစ်မှစ၍ နှစ်စဉ်တင်သွင်း၊ ဆုံးဖြတ်ချက်များ (Resolutions) ချမှတ် အတည်ပြုခဲ့သည်။ နှစ်ပေါင်း ၃၀ ရှိပြီဖြစ်သည်။ ထိုမျှ သက်တမ်းရှည်ကြာ စုံစမ်းလေ့လာခဲ့သော မှတ်တမ်းများသည် မြန်မာစစ်တပ်ကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးတင်ရန် အခြေခံသက်သေအထောက်အထားများ ဖြစ်သည်။

ထို့အတူ ယခင် ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင် (UNCHR) နှင့် ယခု လူ့အခွင့်အရေးကောင်စီ(UNHRC) တို့ က လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်များဖြစ်သော Prof. Yozo Yokota (၁၉၉၂ - ၁၉၉၆)၊ Mr. Rajsoomer LALLAH (၁၉၉၆ - ၂၀၀၀)၊ Mr. Paulo Serjio Pinheiro (၂၀၀၀ - ၂၀၀၈)၊ Mr. Tomás Ojea Quintana (၂၀၀၈ - ၂၀၁၄)၊ Ms. Yanghee Lee (၂၀၁၄ - ၂၀၂၀) နှင့် Mr. Thomas H. Andrew (၂၀၂၀ - လက် ရှိ) တို့ကို ခန့်အပ်ခဲ့ပြီး၊ စစ်တပ်၏ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ နိုင်ငံတကာဥပဒေများ ချိုး ဖောက်မှုများကို နှစ်စဉ် UNCHR နှင့် UNHRC ညီလာခံများတွင် အထောက်အထား များနှင့် တ ကွအစီရင်ခံစာ တင်သွင်း အတည်ပြု ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ပြီး ဖြစ်သည်။

၂၀၁၆ - ၂၀၁၇ ခုနှစ်များတွင် ရခိုင်ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာလူမျိုးများအရေး ဖြစ်ပွားပြီး၊ ကုလသမဂ္ဂအေ ထွထွေ အတွင်းရေးမှူးချုပ်ကိုယ်တိုင် မြန်မာ့အရေး ပိုမိုအာရုံစိုက်ဖြေရှင်းရန် အထူးကိုယ်စားလှယ်တစ်ဦး ခန့် အပ်ဆောင်ရွက်ခဲ့သည်။ မကြားသေးခင်က အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်အပြောင်းအလဲရှိခဲ့ပြီး သက်တမ်းပြည့်သွားသော ဆွီဒင်နိုင်ငံသူ အထူးကိုယ်စားလှယ် Christine Schraner Burgener နေရာတွင် စင် ကာပူနိုင်ငံသူ ကုလအဆင့်မြင့်အရာရှိဟောင်း Noeleen Heyzer ကို ခန့်အပ်တာဝန်ပေးအပ်ပြီး မြန်မာ့ပြဿနာ ကို ဆက်လက်ကိုင်တွယ်နေသည်။

ထို့အပြင် ရခိုင်ပြည်နယ်တွင် စစ်တပ်၏ ရိုဟင်ဂျာလူမျိုးများအပေါ် ကျူးလွန်မှုများကို စုံစမ်းစစ်ဆေးရန်UNHR UNHRC က Independent International Fact-Finding Mission on Myanmar (IIFFMM) ကို ၂၀၁၇ မတ်တွင် ဖွဲ့စည်းခဲ့သည်။ သက်သေအထောက်အထားများစွာ ပါဝင်သော စာမျက်နှာ (၁၉၀) ပါရှိသည့် အစီရင်ခံစာတစ် စောင်ကို ၂၀၁၉ စက်တင်ဘာတွင် ထုတ်ပြန်ခဲ့သည်။

IIFFMM ၏ စုံစမ်းစစ်ဆေးမှု ရလဒ်များအပေါ် အခြေခံပြီး ဆက်လက်စုံစမ်းစစ်ဆေးရန် UNHRC က Independent Investigative Mechanism for Myanmar (IIMM) ကို ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် ထပ်မံဖွဲ့ စည်း တာဝန်ပေးအပ်ခဲ့သည်။ စစ်တပ်က ရိုဟင်ဂျာလူမျိုးများအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် မြန် မာသည် နိုင်ငံတကာတရားရုံး (ICJ) တွင် ၂၀၁၉ ကတည်းက စပြီး ရင်ဆိုင်နေရသည်။

IIMM သည် နိုင်ငံတကာက အမြင့်ဆုံးရာဇဝတ်မှုများအဖြစ် သတ်မှတ်ထားသော စစ်ရာဇဝတ်မှုများ (War Crimes)၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုများ (Crimes against Humanity) နှင့် လူမျိုးသုဉ်း သတ်ဖြတ်မှု (Genocide) တို့ကို ၂၀၁၁ က စတင်ပြီး မြန်မာစစ်တပ် ကျူးလွန်ခဲ့ခြင်းအပေါ် စုံစမ်းစစ်ဆေးရန် အခွင့်အာဏာ (Mandate) ရရှိထားသည်။

၂၀၂၁ ဇူလိုင်လ ၄၈ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီညီလာခံသို့ တင်သွင်းခဲ့သော IIMM အစီရင်ခံစာ တွင် ယနေ့အချိန်ထိ အချက်အလက်ပေါင်း ၁.၃ သန်းကို စုဆောင်းထားရှိပြီး ၂၀၂၁ ဇန်နဝါရီ ၁ ရက်နေ့နောက် ပိုင်း အချက်အလက်ပေါင်း ၉ သိန်းကျော်ကို စုစည်း စစ်ဆေးခဲ့ပြီး ဖြစ်သည်။

စက်တင်ဘာ ၁၃ လူ့အခွင့်အရေးကောင်စီညီလာခံရှေ့မှောက်၌ IIMM ၏ အကြီးအကဲ Mr. Nicholas Koumjian ကိုယ်တိုင် အစီရင်ခံရာတွင် “မြန်မာစစ်တပ်သည် အလွန်ကြီးလေးသော ရာဇဝတ်မှုများကို ဆက်လက် ကျူးလွန် ကာ နိုင်ငံတကာဥပဒေများကို ချိုးဖောက်လျက်ရှိပြီး… ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ် တပ်၏ လက်နက်မဲ့ပြည်သူများအပေါ် ရာဇဝတ်မှုကျူးလွန်မှု အချက်အလက်ပေါင်း (၂၁၉,၀၀၀) လက်ခံရရှိ ထား သည်။ အစောပိုင်း စိစစ်ခွဲခြားစိတ်ဖြာမှုများအရ ထိုရာဇဝတ်မှုများကို စနစ်တကျနှင့် ကျယ် ကျယ်ပြန့်ပြန့် ကျူး လွန်ထားခြင်းဖြစ်သည်” ဟု ဆိုပါသည်။

IIMM က စုဆောင်းရရှိထားသော သက်သေအထောက်အထားများတွင် စာရွက်စာတမ်းများ၊ ဓာတ်ပုံများ၊ ဗီဒီ ယို များ၊ ကောင်းကင်မှရိုက်ယူထားသော မြေပြင်ပုံရိပ်များ၊ မျက်မြင်သက်သေတို့၏ ပြောဆိုချက်များ၊ ရင်းမြစ်အ သီး သီးက ထုတ်ပြန်ထားသော အထောက်အထားများ ပါဝင်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ ဩဇာအကြီးဆုံး လုံခြုံရေးကောင်စီ (UNSC) ကလည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ နိုင် ငံအခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး၊ မြန်မာ့အရေး ကောင်စီအစည်းအဝေးများကို ဖေဖော်ဝါရီ ၄၊ မတ် ၁၀၊ ဇွန် ၁၈၊ ဩဂုတ် ၁၇၊ နိုဝင်ဘာ ၈ (၂၀၂၀ အထွေထွေရွေးကောက်ပွဲ နှစ်ပတ်လည်နေ့) တို့တွင် ကျင်းပခဲ့သည်၊ တရုတ်၊ ရုရှား နိုင်ငံတို့အပါအဝင် အဖွဲ့ဝင်အားလုံး၏ တညီတညွတ်တည်း သဘောတူညီချက်ဖြင့် လုံခြုံရေး ကောင်စီဥက္ကဌ၏ ထုတ်ပြန်ကြေညာချက် တစ်ကြိမ် (S/PRST/2021/5)၊ သတင်းထုတ်ပြန်ကြေညာ ချက်နှစ်ကြိမ် (SC/14430 နှင့် SC/14697) ထုတ်ပြန်ပြီး၊ မြန်မာစစ်တပ် ကိုယ့်နိုင်ငံသားများအပေါ် အကြမ်းဖက် ကျူးလွန်နေ မှုများကို ရပ်တန့်ရန် အကြိမ်ကြိမ် သတိပေးခဲ့ပြီး ဖြစ်သည်။
အထက်ပါ အချက်များအားလုံးကို ခြုံငုံလေ့လာလျှင် ကုလသမဂ္ဂသည် မြန်မာစစ်တပ်၏ နိုင်ငံတကာရာဇဝတ်မှု မြောက်သော ကျူးလွန်မှုများအပါအဝင် လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ နိုင်ငံတကာဥပဒေများ ကို ဖောက်ဖျက်ကျူးလွန်မှုများအတွက် အထွေထွေညီလာခံ (UNGA)၊ လုံခြုံရေးကောင်စီ (UNSC)၊ လူ့အခွင့်အေရေး ကောင်စီ (UNHRC)၊ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM)၊အထွေ‌ထွေအတွင်းရေး မှူးချုပ်ရုံး (UNSG Secretariat Office) တို့က အထူးကိုယ်စားလှယ် (၂) ဦးနှင့် စုံစမ်းစစ်ဆေးရေး ယန္တရားများနှင့် ကိုင်တွယ်ဆောင်ရွက်နေသည်။

သို့သော် လုံခြုံရေးကောင်စီကသာ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကို အရေးယူဆောင်ရွက်နိုင်သည့် ကုလသမဂ္ဂစနစ် တွင် မြန်မာ့အရေးကို ပြည်တွင်းရေးဟု ဆိုကာ စစ်ခေါင်းဆောင်များကို တရုတ်နှင့် ရုရှားနိုင်ငံ တို့က အကာအ ကွယ် ပေးနေသည်။ ထို့ကြောင့် စစ်ခေါင်းဆောင်များသည် စစ်ရာဇဝတ်မှုများကို လွတ်လွတ်လပ်လပ် ကျူးလွန် နိုင်ပြီး၊ ပြစ်ဒဏ်ကင်းလွတ်ခွင့် (Impunity) ရရှိနေကြသည်။ ထိုအခြေအနေကို အမြန်ဆုံးအဆုံးသတ်နိုင်ရန် ကမ္ဘာကြီး တွင် တာဝန်ရှိသည်။ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုကြီးတစ်ခု ကမ္ဘာ့မိသားစု ဝင် ဖြစ်သော မြန်မာနိုင်ငံတွင် ထပ်မံကျူးလွန်နေသည်ကို အမြန်ဆုံးဟန့်တားရပေလိမ့်မည်။

ကုလသမဂ္ဂယန္တရားအသီးသီးက စုဆောင်းရရှိထားသော အထောက်အထားများအရ လုံခြုံရေးကောင်စီသည် ၂၀၁၁ ခုနှစ်တွင် လစ်ဗျားခေါင်းဆောင် မာမွတ်ကဒါဖီနှင့် အပေါင်းအပါများကို အရေးယူသည့်နည်းလမ်း အ တိုင်း မြန်မာစစ်ခေါင်းဆောင်များကို အရေးယူရန် နိုင်ငံတကာရာဇဝတ်ခုံရုံး (International Criminal Court – ICC) သို့ လွဲပြောင်းရန်၊ သို့မဟုတ် ၁၉၉၄ ခုနှစ် အာဖရိကတိုက်၊ ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်ခဲ့သော လူမျိုးသုဉ်း သတ် ဖြတ်မှုများကို အရေးယူသည့်နည်းလမ်းအတိုင်း မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာရာဇဝတ်ခုံရုံး (International Criminal Tribunal for Myanmar) သီးခြားဖွဲ့စည်း၍ အရေးယူနိုင်ပါသည်။ ထိုအတွက် လုံခြုံ ရေးကောင်စီ အဖွဲ့ဝင်အားလုံးက မြန်မာအရေးသည် ပြည်တွင်းရေးမဟုတ်တော့ဘဲ ဒေသတွင်းလုံခြုံရေးကို ခြိမ်းခြောက်နေ ပြီဟု တညီတညွတ်တည်း လက်ခံကြရန် လိုအပ်သည်။

လစ်ဗျားအရေး လုံခြုံရေးကောင်စီအရေးယူမှုကို လေ့လာခြင်း

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အဓိကတာဝန်သည် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်း ဆောင်ရွက်ရန်ဖြစ်ပြီး၊ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံက နိုင်ငံတကာလုံခြုံရေးကို ခြိမ်းခြောက်နေလျှင် ကောင်စီက ပဋိ ညာဉ်စာတမ်း၏ အခန်း ၇ အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံးရပြီး၊ ထိုနိုင်ငံကို အရေးယူနိုင် သည်။ သို့သော် ကောင်စီတွင် ဗီတိုအာဏာရရှိထားသော အဖွဲ့ဝင် ၅ နိုင်ငံစလုံး၏ သဘောတူညီမှု လိုအပ် သည်။

ထို့ကြောင့် လုံခြုံရေးကောင်စီ၏ အရေးယူမှုများသည် နိုင်ငံတကာလုံခြုံရေးကို ခြိမ်းခြောက်နေခြင်း ရှိမရှိ ဆို သည့်အချက်ကို အဓိက သက်သေပြနိုင်ရမည် ဖြစ်သည်။ ထိုသို့ သက်သေပြရာတွင် ဒေသတွင်းအ ဖွဲ့အစည်း များ၏ အခန်းကဏ္ဍက အဓိကကျကြောင်း ၂၀၁၁ ခုနှစ် လစ်ဗျားနိုင်ငံအပေါ် အရေးယူမှုဖြစ်စဉ်ကို လေ့လာ ကြည့်ရာတွင် တွေ့ရှိရသည်။

လစ်ဗျားနိုင်ငံဖြစ်စဉ်ကို လေ့လာရသည့် အကြောင်းရင်းမှာ ထိုစဉ်က လစ်ဗျားပြည်သူများက လစ်ဗျားအာဏာ ရှင် မာမွတ်ကဒါဖီကို လူထုအုံကြွတော်လှန်မှု (အာရပ်နွေဦး) နှင့် မြန်မာနိုင်ငံက စစ်အာဏာရှင်စနစ်တော်လှန်မှု (နွေဦးတော်လှန်ရေး) ဖြစ်ရပ်နှစ်ခုလုံးတွင် အလွန်ဆင်တူသော အကြောင်းအချက်များရှိ၍ ဖြစ်သည်။

ပထမတူညီမှုက နှစ်နိုင်ငံလုံးတွင် လူထုအုံကြွမှုများ ဖေဖော်ဝါရီလတွင် ဖြစ်ပွားခဲ့ပြီး ဆယ်စုနှစ်တစ်ခုတိတိ ကွာ ခြားသည်။ ဒုတိယတူညီချက်က နှစ်နိုင်ငံစလုံး၏ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးများက ၎င်းတို့၏ အာဏာ ရှင်အစိုးရအသီးသီးကို ဆန့်ကျင်သော မိန့်ခွန်းများ ကုလသမဂ္ဂစင်မြင့်ပေါ်တွင် ပြောကြားခဲ့ကြပြီး၊ ပြည်သူ များ နှင့်အတူ ရပ်တည်ခဲ့ကြသည်။ တတိယတူညီချက်က နှစ်နိုင်ငံလုံးတွင် ကြားကာလအစိုးရအသီးသီး ဖွဲ့စည်း ပြီး အာဏာရှင်တော်လှန်ရေးကို ဦးဆောင်တိုက်ပွဲဝင်ခဲ့ကြသည်။ စတုတ္ထတူညီချက်က နှစ်နိုင်ငံစလုံး၏ ကြား ကာလ အစိုးရများကို ထောက်ခံခဲ့သော ဥရောပနိုင်ငံမှာ ပြင်သစ်နိုင်ငံဖြစ်သည်။

လစ်ဗျားကြားဖြတ်အစိုးရကို ပြင်သစ်အစိုးရက ထောက်ခံခဲ့ပြီး၊ မြန်မာအမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ပြင်သစ်အထက်လွှတ်တော်က တညီတညွတ်တည်း ထောက်ခံခဲ့သလို ဥရောပပါလီမန်ကလည်း တရားဝင်အစိုးရ အဖြစ် ဆုံးဖြတ်အတည်ပြုခဲ့သည်။ NUG ကို မြန်မာပြည်သူများကို ကိုယ်စားပြုသော တရားဝင်အစိုးရ အဖြစ် နိုင် ငံတကာအစိုးရများက တရားဝင်အသိအမှတ်ပြု မရှိသေးသော်လည်း၊ တစ်စိတ်တစ်ပိုင်းအသိ အ မှတ်ပြု ဆက် ဆံနေသော နိုင်ငံများစွာ ရှိနေပြီ ဖြစ်သည်။

လစ်ဗျားနိုင်ငံဖြစ်စဉ်တွင် လုံခြုံရေးကောင်စီက အရေးမယူမီ ဒေသဆိုင်ရာအဖွဲ့အစည်းများဖြစ်သော အာရပ် အဖွဲ့ချုပ် (The League of Arab States) နှင့် ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်မှုကောင်စီ (The Gulf Cooperation Council) ကဲ့သို့ ဒေသတွင်းအဖွဲ့အစည်းများက လစ်ဗျား၏ အခြေအနေသည် ဒေသတွင်းလုံခြုံ ရေးကို ခြိမ်းခြောက်လာပြီဟု အသီးသီးကြေညာခဲ့ကြပြီး၊ လုံခြုံရေးကောင်စီက အရေးယူပေးရန် တောင်းဆို ခဲ့ ကြသည်။

လုံခြုံရေးကောင်စီက အရေးယူဆောင်ရွက်ရာတွင် ကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် S/RES/1970 (2011) တွင် အဆိုပါ ဒေသတွင်းအဖွဲ့အစည်းများ၏ ရပ်တည်ချက်နှင့် ကုလသမဂ္ဂဆိုင်ရာ လစ်ဗျားသံအမတ်ကြီးက လုံခြုံ ရေးကောင်စီဥက္ကဌထံ စာရေးတောင်းဆိုချက်များကို ဆုံးဖြတ်ချက်ချရာတွင် အလေးထား ထည့်သွင်းစဉ်းစားခဲ့ သည်ဟု ဖော်ပြထားသည်။

မြန်မာ့အရေး ဒေသတွင်းလုံခြုံရေးပြဿနာဟု အာဆီယံအသိအမှတ်ပြု

မြန်မာ့အရေးတွင် ဒေသတွင်း တစ်ခုတည်းသော ဩဇာရှိအဖွဲ့အစည်းဖြစ်သည့် အရှေ့တောင်အာရှနိုင်ငံများ အသင်းကြီး (အာဆီယံ) ၏ ရပ်တည်ဖြေရှင်းဆောင်ရွက်မှုက အလွန်အရေးကြီးပါသည်။ လက်ရှိတွင် အာဆီ ယံခေါင်းဆောင်များသည် မြန်မာ့ပြဿနာကို ဖြေရှင်းရန် “တူညီဆန္ဒ ၅ ချက်” ကို ဆုံးဖြတ်ခဲ့ကြပြီး၊ လုံခြုံရေး ကောင်စီကလည်း အာဆီယံ၏ ကြားဝင်ဖြေရှင်းဆောင်ရွက်မှုကို ထောက်ခံရပ်တည်ထားသည်။

ဧပြီလ ၂၄ ရက်နေ့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော် အာဆီယံအတွင်းရေးမှူးချုပ်ရုံးတွင် အာဆီယံခေါင်း ဆောင်များ လူကိုယ်တိုင်တက်ရောက်ကြပြီး၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပါဝင်သဘောတူခဲ့သည့် မြန် မာ့ပြဿနာဖြေရှင်းရေး အာဆီယံတူညီဆန္ဒ ၅ ချက်ကို လက်တွေ့တွင် မင်းအောင်လှိုင်က အကောင်အထည် ဖော်ရန် ငြင်းဆန်နေသည်။

ထို့ကြောင့် မြန်မာ့အခြေအနေမှာ ဆိုးရွားသည်ထက် ဆိုးရွားလာနေပြီး၊ အောက်တိုဘာ ၁၅ အာဆီယံနိုင်ငံခြား ရေး ဝန်ကြီးများ အရေးပေါ်အစည်းအဝေးခေါ်ယူကာ မင်းအောင်လှိုင်ကို အာဆီယံထိပ်သီးအစည်းအဝေး များ နှင့် ဆွေးနွေးဖက်နိုင်ငံများနှင့် ပူးတွဲကျင်းပသော ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခွင့်မပြုရန် ဆုံး ဖြတ် ခဲ့ကြသည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ်အစည်းအဝေးထုတ်ပြန်ကြေညာချက်ကို အလှည့်ကျ ဥက္ကဌတာ ဝန် ယူထားသော ဘရူနိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ရာတွင် အလွန်အရေးကြီးသောအချက် ပါဝင် ပါသည်။ ယင်းမှာ “မြန်မာ့အခြေအနေသည် ဒေသတွင်းလုံခြုံရေးအပေါ် ထိပါး သက်ရောက်လျက်ရှိ သည်” (The situation in Myanmar was having an impact on regional security) ဟူသော အချက်ကို အသိ အမှတ်ပြု သည်ဟု ဖော်ပြခဲ့ကြသည်။ ထိုအချက်သည် ကုလလုံခြုံရေးကောင်စီက မြန်မာနိုင်ငံအပေါ် အရေးယူ ရန် စဉ်းစား သည့်အခါ အလွန်အရေးပါသော အချက်ဖြစ်သည်။

အလားတူပင် အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ဩစတြေးလျ၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ နော်ဝေ စသည့် ၇ နိုင်ငံအစိုးရများက နိုဝင်ဘာ ၂၆ တွင် ထုတ်ပြန်ခဲ့သော ပူးတွဲကြေညာချက်တွင် မြန်မာနိုင်ငံအခြေအနေသည် ဒေသတွင်းလုံခြုံရေးအပေါ် ထိပါးသက်ရောက်မှုများ ရှိနေသည်ဟု အာဆီယံ၏ ထုတ်ပြန်ချက်အတိုင်း ထပ်မံ ထောက်ခံအတည်ပြုထားကြသည်။

မြန်မာ့အခြေအနေသည် ဒေသတွင်းလုံခြုံရေးကို ထိပါးလျက်ရှိမရှိ မြန်မာ၏ အိမ်နီးချင်းနိုင်ငံများအခြေ အနေ ကို လည်း လေ့လာနိုင်ပါသည်။ မြန်မာနှင့် နယ်နိမိတ်အရှည်လျားဆုံး အိမ်နီးချင်း ၃ နိုင်ငံမှာ တရုတ်၊ အိန္ဒိယ၊ ထိုင်း နိုင်ငံတို့ ဖြစ်သည်။ တရုတ်က မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကိုဗစ်ကပ်ရောဂါအေ ကြာင်းပြ လျက် နယ်စပ်တစ်လျှောက် ခြံစည်းရိုးကာရံခဲ့ခြင်းက ၎င်း၏ စိုးရိမ်မှုကို ဖော်ညွန်းနေသည်။

အလားတူ အိန္ဒိယကလည်း နယ်စပ်လုံခြုံရေးကြောင့် ခြံစည်းရိုးခတ်ရန် စဉ်းစားနေသည်။ ထိုင်းနိုင်ငံသည် မြန် မာနိုင်ငံဘက်က နယ်စပ်ဖြတ်ကျော် တရားမဝင်ဝင်ရောက်မှုများ နေ့စဉ်ကြုံတွေ့နေရပြီး၊ လွန်ခဲ့သောလပိုင်းအ တွင်း သောင်းနှင့်ချီသော မြန်မာများကို နယ်စပ်တစ်လျှောက် ဖမ်းဆီးရမိကာ ၎င်းနိုင်ငံ၏ နယ်စပ်လုံခြုံရေးအ တွက် စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်များကို ၉ လကျော်လာချိန်အထိ ကုလသမဂ္ဂကသော်လည်းကောင်း၊ အာဆီယံ အဖွဲ့ကြီးကသော်လည်းကောင်း သံတမန်ရေးနည်းလမ်းအားလုံး အသုံးပြုပြီး ဖြေရှင်းဆောင်ရွက်ခဲ့ကြပြီး ဖြစ် သည်။ သို့သော် မြန်မာစစ်ခေါင်းဆောင်များသည် မည်သူတစ်ဦးတစ်ယောက်၏ ကြားဝင်ဖြေရှင်းမှုမျိုးကိုမျှ လက် ခံခြင်းမရှိဘဲ အကြမ်းဖက်မှုများကို ဆက်လက်ကျူးလွန်နေသည်။

ခြုံ၍သုံးသပ်ရလျှင် မြန်မာ့အရေးသည် ဒေသတွင်းလုံခြုံရေးကို ထိပါးသက်ရောက်နေကြောင်း အာဆီယံအ သင်း ကြီး ၏ အသိအမှတ်ပြုထုတ်ပြန်ကြေညာချက်၊ တာဝန်သိ ကမ္ဘာ့နိုင်ငံကြီး (၇) နိုင်ငံ အစိုးရများ၏ ထပ် လောင်း အတည်ပြုကြေညာချက်နှင့် အိမ်နီးချင်းနိုင်ငံများ နယ်စပ်ဒေသလုံခြုံရေး ယိုယွင်းလာနေမှုအပေါ် စိုး ရိမ်မှုမြင့် တက်လာနေသည့် အချက်အလက်များက သိသာထင်ရှားသည်။

လုံခြုံရေးကောင်စီသည် မြန်မာစစ်ခေါင်းဆောင်များကို အရေးယူရန် ကောင်စီ၏ အခွင့်အာဏာကို ကျင့်သုံး နိုင် သည့် သက်သေအထောက်အထားများစွာ ရှိနေပြီဖြစ်သည်။ အာဆီယံအသင်းကြီးသည် မြန်မာ့အရေးကို အချိန် ဆွဲဖြေရှင်းနည်းထက်၊ လုံခြုံရေးကောင်စီက ထိထိရောက်ရောက် အရေးယူဖိအားပေးရန် တရားဝင် တောင်း ဆို သင့်ပြီ ဖြစ်သည်။ သို့မှသာ မြန်မာပြည်သူများ ဒုက္ခခံစားရမှုမှ အမြန်လွတ်မြောက်နိုင်မည် ဖြစ်သည်။

လက်နက်မဲ့ပြည်သူများပေါ် လက်နက်အားကိုး အနိုင်ကျင့်အကြမ်းဖက် သတ်ဖြတ်နေသော မြန်မာစစ်တပ်၏ ကျူးလွန်မှုများကို တရုတ်နှင့် ရုရှားနိုင်ငံတို့သည် ၎င်းတို့၏ ပထဝီနိုင်ငံရေးအကျိုးစီးပွားကို ရှေ့တန်းတင်ပြီး စစ် ကောင်စီကို အကာအကွယ်မပေးသင့်တော့ပါ။ မြန်မာပြည်သူများ ခံစားနေရသော ဒုက္ခဝေဒနာကို စာနာ နား လည်စွာဖြင့် အာဆီယံ၏ ဒေသတွင်းလုံခြုံရေးအပေါ် ထိပါးသက်ရောက်နေကြောင်း ပြောဆိုချက်ကိုအလေး ဂရု ပြုလျက် လုံခြုံရေးကောင်စီတွင် ကျန်အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းကာ အရေးယူဆောင် ရွက်ခြင်း ဖြင့် နိုင်ငံ ကြီးများတွင် ရှိသင့်သော နိုင်ငံရေးကိုယ်ကျင့်သိက္ခာကို ပြသသင့်ပါသည်။

မြန်မာပြည်သူများသည် မည်သည့်နိုင်ငံက ၎င်းတို့နှင့်အတူ ရပ်တည်ပေးခဲ့ကြသည်ကို မေ့လျော့လိမ့်မည် မဟုတ် သလို၊ မည်သည့်နိုင်ငံက စစ်အာဏာရှင်စနစ်ဆိုးဘက်က ရပ်တည်ခဲ့ကြသည်ကို မေ့လျော့မည် မဟုတ် ပါ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */