" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, August 1, 2021

အာဏာသိမ်းပေမယ့် အာဏာမထိန်းနိုင်သေးပါ

ဧရာဝတီ
အောင်မျိုးမင်း
31 July 2021 

ဦးအောင်မျိုးမင်းသည် အမျိုးသားညီညွတ်ရေးအစိုးရ၏ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဖြစ်သည် / ဧရာဝတီ
 
ရွေးကောက်ပွဲအတွင်း မဲသမာမှုများရှိသည်ဆိုသည့်အကြောင်းပြချက်ဖြင့် အာဏာသိမ်းယူခဲ့သော စစ်ကောင်စီ ၏ မတရားအာဏာသိမ်းယူမှုသည် သြဂုတ်လ ၁ ရက်နေ့တွင် ခြောက်လပြည့်ပြီဖြစ်သည်။

မတရား အာဏာလုယူခဲ့သည့်နောက်ပိုင်း နိုင်ငံ‌ရးခေါင်းဆောင်များအား ဥပဒေမဲ့ဖမ်းဆီးခြင်းမှအစ ဆန့်ကျင် တော် လှန်သူများကို တရားမဲ့နှိမ်နှင်းသတ်ဖြတ်မှုများအလယ် မြို့ရွာတခုလုံးကို ပစ်ခတ်တိုက်ခိုက်ပြီး ‌ဒေသခံ ပြည်သူများကို နေရပ်မှ အတင်းအကြပ်မောင်းထုတ်ခြင်းများအဆုံး နိုင်ငံတကာရာဇဝတ်မှုများကို ကျူးလွန်   နေလျက်ရှိသည်။

ထိုသို့ ကျူးလွန်နေသော်လည်း တချိန်တည်းမှာပင် စစ်အာဏာရှင်စနစ်ကို တွန်းလှန်နေကြသော မျိုးဆက် ပေါင်း စုံ၏ သွေးမအေးကြောင်း ဆန္ဒထုတ်ဖော်ပွဲများ၊ စစ်ကောင်စီနှင့် ပူးပေါင်းခြင်းမပြုဘဲ လုပ်ဆောင်နေသောလှုပ်ရှား မှုများအပြင် သံတမန်အခင်းအကျင်းများဖြင့် ဖိအားပေးမှုများကိုလည်း ဘက်ပေါင်းစုံက ရင်ဆိုင်နေရ လျက်ရှိ၏။

စစ်အာဏာရှင်တိုင်းသည် လက်နက်ကို ခွန်အားအဖြစ် သတ်မှတ်လေ့ရှိကြသည်။ ထိုသို့သတ်မှတ်သည့်အ တိုင်း မိမိတို့၏အာဏာကို ထိပါးလာသူမှန်သမျှကီု လက်နက်အင်အားနှင့် စစ်အင်အားသုံး၍ ဖြိုခွင်းလေ့ရှိ ကြ သည်။

ထို့ကြောင့် အာဏာသိမ်းခဲ့သည့် ၆ လတာကာလအတွင်း အပြစ်မဲ့ပြည်သူများကို လမ်းမများပေါ်တွင် ပစ်ခတ်  သတ်ဖြတ်ရုံမျှမက လက်နက်ကြီးများနှင့် လေယာဉ်များကိုပင် အသုံးပြု၍ မြို့လုံးကျွတ် ရွာလုံးကျွတ်အထိ ထိ  ခိုက်ပျက်စီးစေအောင် တိုက်ခိုက်ခဲ့ကြသည်။

    စစ်အာဏာရှင်များက ရည်ရွယ်ထားသည့်အတိုင်း လူထုက “ခြောက်တိုင်းကြောက် မြှောက်တိုင်းမြောက်” မဖြစ်လာဘဲ “ထိရင်ချ၊ ဖိရင်ကြွ” ပုံစံမျိုးဖြင့် တုန့်ပြန်လာခဲ့သည်။

သို့သော် စစ်အာဏာရှင်များက ရည်ရွယ်ထားသည့်အတိုင်း လူထုက “ခြောက်တိုင်းကြောက် မြှောက်တိုင်းမြောက် ” မဖြစ်လာဘဲ “ထိရင်ချ၊ ဖိရင်ကြွ” ပုံစံမျိုးဖြင့် တုန့်ပြန်လာခဲ့သည်။

လျှပ်တပြတ် လမ်းပေါ်ဆန္ဒထုတ်ဖော်ပွဲများကို နေ့စဉ်နေ့တိုင်းအသွင်အမျိုးမျိုးဖြင့် လုပ်ဆောင်နေလျက်ရှိသလို စစ်ကောင်စီ၏ လက်နက်ဖြင့် အနိုင်ကျင့်ခြင်းကို တူမီးသေနတ်များဖြင့် ပြန်လည်အံတုခဲ့ကြသည်။ ဆန့်ကျင်မှု တိုက်ပွဲပုံစံများအတွင်း ကြေကွဲစရာ ပေးဆပ်ရမှုများရှိသည့်တိုင်အောင် မတရားမှုကို ဆန့်ကျင်နေသောပြည် သူ များ၏ စိတ်ဓာတ်နှင့် ရပ်တည်ချက်ခိုင်မာမှုကို အာဏာသိမ်းစစ်ကောင်စီတို့ ယခုအချိန်အထိ အနိုင်မယူ နိုင်သေး ချေ။

ပြည်သူကို လက်နက်ဖြင့် အကြမ်းဖက်နှိမ်နှင်းသော်လည်း ပြည်သူတို့အကြား အကြောက်တရားမဖန်တီးနိုင်ဘဲ နာကျည်းမှုများကိုသာ ပြန်လည်ရရှိခဲ့သည်။ ထိုသို့သော နာကျည်းမှုများက စစ်အာဏာရှင်စနစ်ကို အဆုံးထိ ဆန့် ကျင်မည့် ခွန်အားများအဖြစ် အသွင်ပြောင်းလာခဲ့သည်မှာ လက်ရှိအချိန်အထိ အသံမတိတ် အလံမလိပ် သော တိုက်ပွဲများက သက်သေခံနေသည်။ သံတိုင်များအကြား ချုပ်နှောင်ခံနေရသော နိုင်ငံရေးအကျဉ်းသား  များ၏ ထောင်တွင်းတိုက်ပွဲ တပ်လှန့်နိုးဆော်သံ၏ ပဲ့တင်သည် သံပုံးတီးသံများအဖြစ် အသွင်ပြောင်း လှိုင်းဂ ယက်ထ ကာ စစ်အာဏာရှင်များကို တုန်လှုပ်စေခဲ့သည်။

နွေဦးတော်လှန်ရေး၏ အစပိုင်းကာလများနှင့် နောက်ပိုင်းကာလများအကြား ပြည်သူများ၏ အတွေးအမြင်များ သည်လည်း ပိုမိုကျယ်ပြန့်လာသည်ကို တွေ့နိုင်သည်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်တဦးတယောက်အား ဖယ် ရှား အပြစ်ပေးရေးအပြင် စစ်အာဏာရှင်စနစ် အဆောက်အအုံတခုလုံးကို ဖျက်သိမ်းရေး လုပ်ဆောင်ဖို့ လို ကြောင်း ပိုမိုသဘောပေါက်လာကြသည်။

တဦးချင်းအပြစ်ပေးရေးအပြင် နိုင်ငံတကာ ရာဇဝတ်များ ကျူးလွန်သူများအား အရေးယူနိုင်သည့် ပြည်တွင်း ပြည်ပ တရားမျှတမှုဖော်ထုတ်ရေး လမ်းကြောင်းကို ဖော်ဆောင်ရန် လိုအပ်ကြောင်း ပိုမိုသတိပြုလာကြသည်။

    ရာဇဝတ်မှု ကျူးလွန်သူများ အပြစ်ပေး အရေးယူခံရမှုမှ လွတ်ကင်းနေသော ယဉ်ကျေးမှု (Culture of Impunity) ကို ချုပ်ငြိမ်း အဆုံးသတ်ရေးတို့လိုအပ်ကြောင်း ပြည်သူတို့ ကောင်းကောင်းသဘော  ပေါက် လာ ခဲ့သည်။

စစ်တပ်ကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံရသော အရပ်ဘက်အုပ်ချုပ်ရေး၏ လက်အောက် ထား ရှိရေးနှင့် ရာဇဝတ်မှု ကျူးလွန်သူများ အပြစ်ပေး အရေးယူခံရမှုမှ လွတ်ကင်းနေသော ယဉ်ကျေးမှု (Culture of Impunity) ကို ချုပ်ငြိမ်း အဆုံးသတ်ရေးတို့အတွက် အနာဂတ်ကိုပြင်ဆင်ဖို့ လိုအပ်ကြောင်း ပြည် သူတို့ ကောင်း ကောင်းသဘောပေါက်လာခဲ့သည်။

အဆိုးထဲမှ အကောင်းဆိုရမည့် အချက်တချက်မှာ လူ့အခွင့်အရေးချိုးဖောက်မှုခံရသူများ အားလုံး ရင်ဘတ် ချင်း နီးစပ်လာခဲ့ခြင်းဖြစ်သည်။

တိုင်းရင်းသားများ နှစ်ပေါင်းများစွာ ရင်ဆိုင်ခံစားလာခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ရိုဟင်ဂျာ များ အပါအဝင် လူနည်းစုများကြုံတွေ့ခဲ့ရသော လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုများ၊ လူသား မျိုးနွယ်တခုလုံးအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် လူမျိုးတုံးသတ်ဖြတ်မှုများကိုအများပြည်သူ၏စာနာနား လည်မှုမှာ တိုးပွားလာခဲ့သည်။

ယခင်က သတင်းများ ပိတ်ပင်ထားမှု၊ သတင်းများ ထိမ်ချန်ထားမှုများနှင့် အမုန်းတရားကို အခြေခံပြီး စနစ်တ ကျ ဝါဒဖြန့်လှုံ့ဆော်ခဲ့မှုများကြောင့် မြို့ပြနေလူတန်းစားများသည် တိုင်းရင်းသားဒေသများတွင် စစ်တပ်က ကျူး လွန်ခဲ့သော ရာဇဝတ်မှုများကို လက်ခံစာနာနိုင်မှု အားနည်းခဲ့ကြသည်။

ယခုအချိန်တွင်မူ ထိုသို့ ရက်စက်သည့် အကြမ်းဖက်နှိပ်စက် သတ်ဖြတ်မှုများကို ကိုယ်တိုင်မျက်ဝါးထင်ထင် ခံစား လာရသောကြောင့် စစ်တပ်၏ ရက်စက်မှုများကို သဘောပေါက်လာခဲ့ကြသည်။

လူမသိသူမသိ သတင်းအမှောင်ချ၍ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆယ်စုနှစ်ပေါင်းများစွာခံစားရသည့်တိုင်း ရင်းသားများနှင့် လူနည်းစုများ၏ ဘဝများကို မိမိအတွေ့အကြုံနှင့် ရင်း၍ ကိုယ်ချင်းစာနာမိလာသလို ချိုးဖောက် ခံရသူများအချင်းချင်း သွေးစည်းညီညွတ်မှုများ ခိုင်မာလာခဲ့သည်။ အနာဂတ် ဖယ်ဒရယ်ပြည် ထောင်စု တည် ဆောက်မည့် ပြည်သူများအကြား နားလည်မှု ပိုမိုရှိလာခဲ့သည်။

သတင်းပေးပို့မှုနှင့် ဆယ်သွယ်ရေး၏ ထိရောက်မှုကို သဘောပေါက်သည့် အားလျော်စွာ အကြမ်းဖက်စစ် ကောင် စီ သည် ပြည်သူလူထုတရပ်လုံးအပေါ် ကျူးလွန်နေသည့် နိုင်ငံတကာရာဇဝတ်မှုများကို ကမ္ဘာက မ သိရှိနိုင်စေ ရန် အတွက် အင်တာနက်များ ပိတ်ဆို့ပြီး အဆက်ဖြတ်ရန် ကြိုးပမ်းခဲ့သည်။

    ယနေ့ကမ္ဘာကြီးတွင် တိုင်းပြည်ကို အမှောင်ချထားပြီး သတင်းများပိတ်ဆို့၍ ရသောခေတ်မျိုးမဟုတ်တော့ ပေ။ နိုင်ငံတကာက မြန်မာပြည်သူများ၏ ရဲစွမ်းသတ္တိများကို အချိန်နှင့်တပြေးညီ သိရှိလျက်ရှိပြီး ထောက်ခံ အား ပေးမှုများ ပေးပို့လျက်ရှိသည်။

သို့သော် ယနေ့ကမ္ဘာကြီးတွင် တိုင်းပြည်ကို အမှောင်ချထားပြီး သတင်းများပိတ်ဆို့၍ ရသောခေတ် မျိုးမဟုတ် တော့ပေ။ နိုင်ငံတကာက မြန်မာပြည်သူများ၏ ရဲစွမ်းသတ္တိများကို အချိန်နှင့်တပြေးညီ သိရှိလျက်ရှိပြီးထောက် ခံအားပေးမှုများ ပေးပို့လျက်ရှိသည်။ မြန်မာပြည်သူများ၏ ပေးဆပ်မှုများသည် တန်ဖိုးကြီးမားလှသော်လည်း အလဟဿ မဖြစ်ခဲ့ပေ။

အကြမ်းဖက်စစ်ကောင်စီအနေဖြင့် နိုင်ငံတကာ သံတမန်တိုက်ပွဲတွင် တပွဲပြီးတပွဲ ရူံးနိမ့်လျက်ရှိသည်။ ယူနီ ဆက်၊ အိုင်အယ်လ်အိုစသည့် ကုလသမဂ္ဂ အေဂျင်စီများတွင် ကိုယ်စားပြုပါဝင်မှု တခုပြီးတခု ပယ်ချခံရသည်။ စစ်တပ်အာဏာသိမ်းပြီး အာဏာသိမ်းစစ်အစိုးရအနေဖြင့် ကုလသမဂ္ဂ အထွေထွေညီလာခံတွင်လည်း ကိုယ် စား ပြု တက်ရောက်နိုင်ခြင်းမျိုး ယခုအချိန်ထိ မရရှိသေးပါ။

ကုလသမဂ္ဂအေဂျင်စီများ၏ ညီလာခံများတွင် ဆုံးဖြတ်ချက်များသာမက ကုလသမဂ္ဂအထွေထွေအတွင်း ရေး မှူးချုပ်၊ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးစုံစမ်းစစ်ဆေး ရေးအရာရှိတို့၏ ထုတ်ဖော်ပြောကြားချက်များတွင် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများကို ရူတ် ချ ထား ပြီး အကြမ်းဖက်မှုများကို အမြန်ဆုံးရပ်တန့်စေရန်အတွက် အရေးယူဆောင်ရွက်လာမှုများက စစ်ကောင် စီအပေါ် နိုင်ငံတကာ၏ ထိုးနှက်ချက်များပင်ဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီသည် လက်နက်အားကိုးဖြင့် အာဏာထူထောင်ရန် ကြိုးပမ်းသော်လည်း ပြည်သူ တို့၏ မတရားမှုကို ဆန့်ကျင်လိုသည့် စိတ်ဓာတ်ကို အနိုင်မယူနိုင်ပေ။

အာဏာရှင်စနစ်ကို တွန်းလှန်လိုသည့် ပြည်သူတို့၏ဆန္ဒကို လက်နက်အားဖြင့် အနိုင်ယူနိုင်မည်မဟုတ်ပေ။ ထို့ အတူ လူ့အခွင့်အရေးကိုလေးစားတန်ဖိုးထားသည့် နိုင်ငံတကာအလယ်တွင်လည်း ရှုတ်ချခြင်းနှင့် ပိတ်ဆို့ အရေး ယူခြင်းတို့ကိုသာ ရင်ဆိုင်နေရသည်။

အာဏာသိမ်းထားသော်လည်း အာဏာထိန်းထားနိုင်ရရန် အခက်ကြုံနေသည့် အကြမ်းဖက်စစ်ကောင်စီကိုအမြန် ဆုံးဖယ်ရှားနိုင်ရန်အတွက် လူတိုင်းလူတိုင်း မိမိတို့ရောက်ရာနေရာမှ တော်လှန်ရေးအတွက် ကျရာ တာဝန်များ ကို ဆက်လက်ကြိုးပမ်းထမ်းဆောင်သွားရန် အထူးအရေးကြီးပေသည်။

(အောင်မျိုးမင်းသည် အမျိုးသားညီညွတ်ရေးအစိုးရ၏ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဖြစ်သည်။)

မြန်မာ စစ်ကောင်စီကို ဖိအားပေးရန် လုံခြုံရေးကောင်စီကို အမေရိကန် တိုက်တွန်း

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */