" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, October 8, 2022

နိုင်ငံရေး လွန်ဆွဲပွဲ တိုင်းရင်းသားတွေ ဘယ်ဘက်ပါမလဲ

VOA
ဦးကျော်ဇံသာ
၀၅ အောက်တိုဘာ၊ ၂၀၂၂

NUG ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်။ (ဓာတ်ပုံ - nugmyanmar.org)

လက်ရှိဖြစ်ပါွးနေတဲ့ စစ်ကောင်စီနဲ့ NUG တို့ရဲ့အားပြိုင်မှုမှာ တိုင်းရင်းသားတွေရဲ့ ရပ်တည်မှုဟာ လွန်စွာအ ရေးပါ တယ်လို့ သုံးသပ်သူတွေက ဆိုကြပါတယ်။ စစ်ကောင်စီကတော့ တိုင်းရင်းသားပြည်နယ်တွေကို အခွင့် အာ ဏာ ပိုပေးဖို့အတွက် ၂၀၀၈ ဖွဲ့စည်းပုံကို လိုအပ်သလို ပြုပြင်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။ တိုင်း ရင်းသားတွေဘက်က အလားအလာ ဘယ်လိုရှိပါသလဲ။ ဖက်ဒရယ်အရေး တက်ကြွသူ တိုင်းရင်းသားခေါင်း ဆောင် တဦးဖြစ်တဲ့ ဒေါက်တာလျံမှုန်းဇာခေါင်းနဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ ကျနော် ဒီနေ့ဆက်သွယ်ရတဲ့အကြောင်းကတော့ မြန်မာနိုင်ငံမှာ စစ်ကောင်စီနဲ့ ဒီမိုကရေစီအင်အားစု တွေ အင်အားပြိုင်ဆိုင်မှုမှာ တိုင်းရင်းသားတွေရဲ့ ရပ်တည်ချက်က ဘယ်ဘက်နဲ့ ပိုနီးစပ်နေသလဲဆိုတာကို အဓိကမေးချင်တာပါ။ နောက် NUG နဲ့ တိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်မှုဟာ ဘယ်အတိုင်းအတာအထိ ခိုင်မြဲနေသလဲဆိုတာကို ပထမဦးဆုံး ရှင်းပြပါ။

ဖြေ ။ ။ စစ်ကောင်စီက အာဏာသိမ်းပြီးပြီခြင်း တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေဖြစ်တဲ့ NCA စာ ချုပ်ချုပ်ဆိုထားတဲ့ အဖွဲ့ (၁၂) ဖွဲ့က ဒါကို ဆန့်ကျင်တယ်၊ ကန့်ကွက်တယ်။ ဒီအာဏာသိမ်းစစ်ကောင်စီနဲ့ ဆွေး နွေးပွဲတွေ လုံးဝမလုပ်တော့ဘူးဆိုပြီး ကျနော်တို့ Statement တွေ နှစ်ခါထုတ်ပြီးတော့ ပြတ်ပြတ်သားသား ဆန့် ကျင်ခဲ့တယ်။ သို့သော် အဲဒီကာလမှာ PPST ရဲ့ အကြံပေးပုဂ္ဂိုလ်တဦးက PPST ကို အကြံပေးစာတခု ရေးလာပါ တယ်။ အဲဒီအကြံပေးစာက ဘာလဲဆိုတော့ အခုအာဏာသိမ်းနေတာ၊ မင်းအောင်လှိုင်နဲ့ အောင်ဆန်းစုကြည် တို့ ရဲ့ ပြဿနာ ဖြစ်တယ်။ NLD နဲ့ စစ်တပ်အတွင်းက ပြဿနာ ဖြစ်တယ်။ ဗမာ-ဗမာအတွင်းမှာ ဖြစ်ပျက်နေတဲ့ ပြဿနာ ဖြစ်တဲ့အတွက် ကျနော်တို့ တိုင်းရင်းသားတွေ မပါသင့်ဘူးဆိုပြီး အကြံပေးစာ ရေးပါတယ်။ အဲဒီအကြံ ပေးစာက ကျနော်တို့ PPST အတွင်းမှာ နှစ်ခြမ်းကွဲသွားစေပါတယ်။

ကျနော်တို့ကတော့ ဘယ်လိုသုံးသပ်သလဲဆိုတော့ ဒီတော်လှန်ရေးကြီးဟာ စစ်အာဏာရှင်စနစ်နဲ့ ပြည်ထောင်စု ဖွား တိုင်းရင်းသားလူမျိုးအားလုံး၊ ပြည်သူလူထုအားလုံးကြားမှာ ဖြစ်ပွားနေတဲ့ ပြဿနာ ဖြစ်တယ်။ ထို့အတွက် ကြောင့်လို့ ကျနော်တို့ကတော့ ပြတ်ပြတ်သားသားပဲ ပြည်သူလူထုဘက်ကနေ ရပ်တည်ပြီးတော့ စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်ရမယ်ဆိုပြီးတော့ ကျနော်တို့ ချင်းအမျိုးသားတပ်ဦးကတော့ ပြတ်ပြတ်သားသား ဆုံးဖြတ်ခဲ့ တယ်။ ထို့အတွက်ကြောင့် ကျနော်တို့အနေနဲ့ ပြည်သူလူထုနဲ့ ပူးပေါင်းပြီးတော့ အခုလို NUG, NUCC တို့နဲ့ လက် တွဲပြီးတော့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အခုအချိန်မှာဆိုလို့ရှိရင် ကျနော်တို့ တိုင်းရင်းသားတွေဘက် ဒီလို ပြတ်ပြတ်သားသား ပြည်သူလူထုဘက်က ရပ်တည်နေတဲ့လူနဲ့ ဇဝေဇဝါ ဖြစ်နေပြီးတော့ မင်းအောင်လှိုင်နဲ့ သွား စကားပြောတဲ့ လူဆိုပြီးတော့ ကံမကောင်း အကြံမလှဘဲနဲ့ ဖြစ်သွားတာပေါ့။ သို့သော် ကျနော်တို့အားလုံးက တော့ တိုင်းရင်းသားအားလုံး ပြည်သူဘက်က ရပ်တည်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

မေး ။ ။ ဒီတိုက်ပွဲဟာ တိုင်းရင်းသားတွေ အများစုပါဝင်တဲ့ဘက်က အလေးသာသွားကြမယ်လို့ သုံးသပ်နေကြပါ တယ်ဆိုတော့ အခု NUG ဘက်က ပူးပေါင်းနေတဲ့ တိုင်းရင်းသားတွေရဲ့ အင်အားစုဟာ စစ်ကောင်စီဘက်ကိုပါ သွားတဲ့ စစ်ကောင်စီနဲ့ ညှိနှိုှုင်းနေတဲ့ အင်အားစုနဲ့ ပိုများတယ်လို့ ဆိုနိုင်ပါသလား။ ပိုပြီးတော့ အလေးသာနေ ပါသလား။

ဖြေ ။ ။ လူထုဘက်မှာ ပါဝင်နေတဲ့ တိုင်းရင်းသားတော်လှန်ရေး အင်အားစုက အများစု ဖြစ်ပါတယ်။ ပြီးတော့ အင်အားလည်း ပိုကြီးမားပါတယ်။ အခုစစ်ကောင်စီနဲ့ သွားဆွေးနွေးပြီးတော့ လက်မှတ်ထိုးတဲ့အဖွဲ့က သုံးဖွဲ့ပဲ ရှိပါတယ်။ ALP, PNLO နဲ့ လားဟူးဒီမိုကရက်တစ်ယူနီယံ - အဲဒီအထဲမှာလဲ လားဟူးဒီမိုကရက်တစ်ယူနီယံ လည်း နှစ်ခြမ်းကွဲသွားတယ်။ ဥက္ကဋ္ဌနဲ့အဖွဲ့က ကျနော်တို့ ပြည်သူလူထုဘက်မှာ ပြတ်ပြတ်သားသား ရပ်တည် တယ်။ အတွင်းရေးမှူးတယောက်ပဲ ပါသွားတယ်။ အဲဒီအတွက်ကြောင့် စစ်ကောင်စီနဲ့ သွားပေါင်းတဲ့ သုံးဖွဲ့က တော့ လုံးဝအင်အားလည်း မရှိဘူး။ အဆုံးအဖြတ်ပေးနိုင်တဲ့ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေ မ ဟုတ်ဘူး။ စစ်ကောင်စီနဲ့ သွားဆွေးနွေးပြီးတော့ စစ်ကောင်စီဘက် ပေါင်းမလား၊ မပေါင်းဘူးလားဆိုပြီး ဇဝေဇဝါ ဖြစ်နေတဲ့လူက ရှိတယ်။ သို့သော် အများစုက ပြည်သူလူထုနဲ့ ပေါင်းပြီးတော့ ကျနော်တို့ နွေဦးတော်လှန်ရေး ဘက်က ပြတ်ပြတ်သားသား ရပ်တည်သွားတယ်။

မေး ။ ။ အခုစစ်ကောင်စီဘက်က ပြောနေတာက UWSA ပြည်နယ်ကိစ္စဆိုပြီးတော့ စစ်ကောင်စီပြောခွင့်ရက ပြောသွားတာ ကြားရပါတယ်။ အဲဒီမှာ သူတို့က ဖွဲ့စည်းပုံ ၂၀၀၈ ကို ပြင်မယ်။ တိုင်းရင်းသားတွေကို လိုချင်တဲ့ အခွင့်အရေး ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုပေးဖို့အတွက်ဆိုတော့ အခုတပ်မတော်နဲ့ အဲဒီကိစ္စကို သဘောတူထားတယ် ဆိုရင် သူတို့လုပ်လာမယ့် လွှတ်တော်ခေါ်လာတဲ့အခါမှာ သူတို့က ထောက်ခံထားရင်၊ ဘယ်သူမှ ကန့်ကွက်မှာ မဟုတ်ဘူး။ ကန့်ကွက်လို့လဲ အရာတွင်မှာ မဟုတ်ဘူး။ ဆိုတော့ တိုင်းရင်းသားတွေကို အခွင့်အရေးတွေ ပိုပေး သွားမယ်ဆိုပြီးတော့ အခိုင်အမာပြောနေပါတယ်။ ဒီဟာက ဘယ်လောက် တိုင်းရင်းသားတွေဘက်က နှစ်ခြိုက် သဘောကျစရာကောင်းတဲ့ မက်လုံး ဖြစ်ပါသလဲ။ အဲဒီစကားကြောင့်များ ပိုပါသွားနိုင်သလား။ ဥပမာ UWSA ဆိုကြပါစို့။

ဖြေ ။ ။ လုံးဝခိုင်မာမှု မရှိတဲ့ အာမခံချက် ဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ပြည်သူလူထုတရပ် လုံးက ပယ်ဖျက်ပြီသား ဖြစ်ပါတယ်။ ထို့အတွက်ကြောင့် တရားမဝင်တဲ့ စစ်တပ်ကနေပြီး ပေးမယ်ဆိုပြီး လုပ် ထားတဲ့ ပြည်နယ်ဆိုတဲ့ဟာက ဘာနဲ့တူသလဲဆိုတော့ ကျူးကျော်ရပ်ကွက်မှာ လိုင်စင်မရှိဘဲနဲ့ အိမ်သွားဆောက် တာနဲ့ အတူတူပဲ ဖြစ်တယ်။ ဘာမှမျှော်လင့်စရာ မရှိဘူး။ ကျနော်တို့ ဖက်ဒရယ်ချာတာမှာ မည်ကဲ့သို့သော် ဖက် ဒ ရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်မလဲဆိုတာကို ရှင်းရှင်းလင်းလင်း ဖော်ပြပြီသား ဖြစ်ပါတယ်။ အဲဒီ မှာ လမ်းညွှန်မှု (၅) ချက် ရှိတယ်။ အခြေခံမူ (၆၄) ချက် ရှိပါတယ်။ ထို့အတွက်ကြောင့်မို့ ဒီအခြေခံမူတွေ ဒီလမ်း ညွှန်ချက်တွေနဲ့ ကျနော်တို့ ပြည်ထောင်စုကြီးကို ပြန်လည်ထူထောင်တဲ့အခါမှာ ဝလို့၊ ပြီးတော့ အခြားပြည်နယ် တွေ၊ အခြားတိုင်းရင်းသားလူမျိုးစုတွေအနေနဲ့ ပိုပြီးတော့ အနာဂတ်ကို အာမခံပေးနိုင်တဲ့ ဖက်ဒရယ်ပြည်ထောင် စု ထူထောင်နိုင်မယ်။ တိုင်းဒေသကြီး (၇) ခုအတွင်းမှာရှိတဲ့ ဒေသတွေ။ ဥပမာ - စစ်ကိုင်းအတိုင်း အထက်ပိုင်း မျိုး။ ဟိုတုန်းက ကျနော်တို့ အဲဒီကိစ္စတွေကိုလည်း အကြီးအကျယ် ဆွေးနွေးခဲ့တယ်။

 လွတ်လပ်ရေးရခါစတုန်းက။ ခန္ဓီး၊ ဆွမ်ပလွန်နဲ့ တောင်တွင်းဆိုတဲ့ဟာမျိုး။ အဲဒီဒေသေတွေလိုဟာမျိုး။ ကျနော် တို့ အနေနဲ့ ပြည်နယ်သစ်တွေ ဖွဲ့စည်းပြီးတော့ အားလုံးရဲ့ အနာဂတ်ကို အာမခံချက်ပေးနိုင်တဲ့ ဖက်ဒရယ်စနစ် ကို အခိုင်အမာ ထူထောင်မှာ ဖြစ်ပါတယ်။ ဒါမှပဲ ပြည်ထောင်စုကြီးက ခိုင်မာမှာဖြစ်တယ်။

မေး ။ ။ NUG နဲ့ PDF တွေဘက်က အားနည်းတဲ့နှစ်ခုက ဘာလဲဆိုတော့ Unity of Strategy, Unity of Command မရှိဘူး။ စုစည်းတဲ့အမိန့်တခုနဲ့ စုစည်းနိုင်တဲ့ ဗျူဟာတခုကို တပေါင်းတစည်းတည်း ချမှတ်နိုင်ခြင်း မရှိဘူး။ ဒီဟာတွေက စစ်တပ်ဘက်ကမှာ အဲဒါမျိုးတွေ ရှိတယ်။ အဲဒါကြောင့် မယှဉ်သာဘူး ဖြစ်နေတယ်လို့ သုံး သပ်သူတချို့က international media တွေ ရေးနေတာကို ဖတ်ရပါတယ်။ အဲဒီကိစ္စကို ဘယ်လိုပြောလိုပါသလဲ။

ဖြေ ။ ။ အဲဒီသုံးသပ်တဲ့လူက နယ်ပယ်အခြေအနေကို မသုံးသပ်နိုင်တဲ့လူပဲ ဖြစ်ပါလိမ့်မယ်။ ကျနော်တို့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာ PDF တွေ ဖွဲ့စည်းတယ်။ ပြီးတော့ ကျနော်တို့ မြန်မာနိုင်ငံတခုလုံးကို စစ် နယ်မြေတွေ သတ်မှတ်ပြီးတော့ ဘယ်လိုစစ်ဆင်ရေးတွေ ပူးပေါင်းဆောင်ရွက်မလဲဆိုတာလဲ ကျနော်တို့ စနစ် တကျ လုပ်ထားပြီသား ဖြစ်တယ်။ ဒါ PDF တွေသာ မဟုတ်ဘူး။ ကျနော်တို့ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့ အစည်းတွေနဲ့ တသားတည်းဖြစ်အောင် ပူးပေါင်းပြီးတော့ ဒီဟာတွေလုပ်နေတာ ဖြစ်ပါတယ်။ Command နဲ့ Control System မှာ တခုတည်းအနေနဲ့ လှုပ်ရှားနေတယ်ဆိုတာ သူတို့မသိလို့ပဲ ဖြစ်ပါတယ်။ ဘယ်လို လုပ် သ လဲဆိုတာကို မီဒီယာအပေါ်မှာ မပြောချင်ဘူး။ ဒါကတော့ ကျနော်တို့မှာ အားနည်းချက်တခုတော့ ရှိပါသေးတယ်။ စိန်ခေါ်မှု ရှိပါသေးတယ်။ အဲဒီစိန်ခေါ်မှုဟာ ကျနော်တို့ တော်လှန်ရေး အင်အားစုတွေအတွက် လိုအပ်နေသော လက်နက်ပစ္စည်းတွေကို အစုံအလင် မတပ်ပေးနိုင်သေးဘူး။ ပြီးတော့ နိုင်ငံတကာကလည်း ဒီလို ကျနော်တို့ လို ချင်တဲ့ လက်နက်တွေကို ဝယ်ယူဖို့ အခွင့်အလမ်း အပြည့်အဝ မရသေးဘူး။ ဒါပေမဲ့ ကျနော်တို့ ကြိုးစားနေ တယ်။ သို့သော် တခုတော့ ရှိတာပေါ့။ စစ်တပ်ဆိုတာ နှစ်ပေါင်း (၇၀) နိုင်ငံတော်ရဲ့ ယန္တယားကို အသုံးချပြီးတော့ ထူ ထောင်ထားတဲ့ စစ်တပ်ဖြစ်တယ်။ ဒါကတော့ အခိုင်အမာ ရှိပြီသား ဖြစ်တယ်။ ကျနော်တို့က တနှစ်အတွင်းမှာ ကြိုးပမ်းပြီတော့ ဆောင်ရွက်နေတာ ဖြစ်တယ်။

မေး ။ ။ တချို့ကလဲ သုံးသပ်ကြတယ်။ တိုင်းရင်းသားအဖွဲ့တွေနဲ့ NUG, PDF တွေ လုပ်နေတဲ့ လက်နက်ကိုင် တော်လှန်ရေး လှုပ်ရှားမှုတွေကြောင့် စစ်ကောင်စီဟာ တိုင်းပြည်ကို ဆက်လက်ပြီးတော့ အုပ်ချုပ်ဖို့ကတော့ အခက်အခဲကြုံမှာ သေချာတယ်။ သို့သော်လဲပဲ ဒီဘက်က အင်အားစုတွေ အောင်ပွဲရသွားတယ်ဆိုရင်လဲပဲ တ စည်းတရုံးတည်း၊ တညီတညွတ်တည်းဖြစ်အောင် စုစည်းနိုင်ဖို့က တော်တော်လေး ခက်ခဲလိမ့်မယ်။ တလူတမင်း များ ဖြစ်နေမလား။ နေရာတကာမှာ လက်နက်ကိုင်အဖွဲ့တွေ ပြန့်ကြဲနေကြတယ်ဆိုပြီးတော့ သုံးသပ်ကြပါတယ်။ အဲဒီကိစ္စကို ဘယ်လိုတွက်ထားပါသလဲ။ ဘယ်လို ဖြေရှင်းကိုင်တွယ်သွားနိုင်မလဲ ထင်ပါသလဲ။

ဖြေ ။ ။ ကျနော်တို့ ရင်ဆိုင်နေရတဲ့အဖွဲ့က အင်မတန်မှ ကြီးမားပါတယ်။ ဒီရန်သူကို ကျနော်တို့ အနိုင်တိုက်ပြီ လို့ရှိရင် ဖြစ်ပေါ်လာမယ့် ပြဿနာတွေက သာမညပြဿနာတွေ ဖြစ်ပါ့လိမ့်မယ်။ အခက်အခဲတွေရှိမှာ သေချာ တယ်။ လွတ်လပ်ရေးကာလတုန်းကလည်း ကျနော်တို့ လွတ်လပ်ရေးရပြီလို့ရှိရင် အချင်းချင်းတိုက်ပြီတော့ ခိုက်ပြီတော့ တိုင်းပြည်ပျက်စီးမယ်ဆိုပြီး ပြောခဲ့တာရှိတယ်။။ သို့သော် ဗိုလ်ချုပ်အောင်ဆန်းတို့က သတ္တိရှိရှိနဲ့ တိုက်ပွဲဝင်တယ်။ လွတ်လပ်ရေးရတယ်။ ပြဿနာတွေ အခုထိရှိတယ်။ သို့သော် သူများရဲ့ ကိုလိုနီလက် အောက် မှာ ရှိတာထက်စာရင် လွတ်လပ်ရေးရတာကတော့ အတိုင်းအတာတခုအထိ ကျနော်တို့ လွတ်လပ်မှု ရှိပါတယ်။ အခုလဲ ဒီအတိုင်းပဲ စစ်အာဏာရှင်စနစ်လို ဆိုးဝါးတဲ့၊ ယုတ်မာတဲ့၊ ကြမ်းကြုတ်တဲ့ အစိုးရဆိုတာ ထပ်မပေါ်နိုင် တော့ပါဘူး။ အဓိကပြဿနာကိုတောင်မှ ဖြေရှင်းနိုင်ရင် သာမညပြဿနာဆိုတာ မဖြေရှင်းနိုင်စရာ လုံးဝအ ကြောင်းမရှိဘူး။

မေး ။ ။ သီအိုရီအားဖြင့်တော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ကျနော် စဉ်းစားတာက လက်တွေ့ တချို့လက်နက်ကိုင် အင်အားစုတွေကလဲ နိုင်ငံရေးါအခြေခံထက် သူတို့ထဲမှာ war economy စစ်ရေးနဲ့ ပတ်သက်ပြီးတော့ စီးပွား ရေး ဘာညာတွေရှိနေ အဲဒါတွေကိုထည့်စဉ်းစားတာလဲ တူပါတယ် သုံးသပ်တဲ့လူတွေက။ ဒီဟာတွေကိုလဲ မစွန့် လွှတ်နိုင်လို့ အဲဒီလို သူတလူငါတမင်း အကွဲကွဲအပြားပြား ဖြစ်နေအုံးမလား စိုးရိမ်ပြီး တွေးကြတာ ဖြစ်ပါတယ်။ အဲဒီကိစ္စကို ထည့်တွေးပါသလား။ ဘယ်လိုဖြေရှင်းမလဲဆိုတာ။

ဖြေ ။ ။ ကျနော်တို့ တိုင်းရင်းသားအဖွဲ့အစည်းတွေမှာလဲ တချို့တွေက ဒီလို war economy ခေါ်ခေါ် သူတို့အ ကျိုး စီးပွားအတွက် စတင်ပြီးတော့ တော်လှန်ရေး စလုပ်ခဲ့တဲ့ အဖွဲ့အစည်းတွေ ရှိသလို၊ အမျိုးသားရေးအတွက် တော်လှန်ရေးလုပ်ခဲ့တဲ့ တကယ့်လူမျိုးနဲ့ တိုင်းပြည်အတွင်း တော်လှန်ရေးလုပ်ခဲ့တဲ့ အဖွဲ့အစည်းတွေက ပိုများ သွားတယ်။ အဲဒီအတွက်ကြောင့် တရားမဝင်တဲ့ war economy က အမြဲတမ်းမစိုးမိုးနိုင်ပါဘူး။ ဆိုတော့ အဓိက အရေးကြီးတာကတော့ ကျနော်တို့အနေနဲ့ တော်လှန်ရေးပြီးလို့ရှိရင် အသွင်ကူးပြောင်းရေးကာလမှာ ကျနော်တို့ တိုင်းပြည်ကို ဘယ်လိုထူထောင်ကြမလဲ။ အဲဒါကို စီမံကိန်းစနစ်တကျချဖို့ လိုတယ်။ အဲဒီ war economy ထက် ပိုပြီးတော့ အားကောင်းတဲ့ စီးပွားရေးတည်ဆောက်ဖို့ကို ထူထောင်နိုင်မယ်ဆိုရင် ဒါတွေက ကျနော်တို့ကို မယှဉ် နိုင် ဘူး ဖြစ်လိမ့်မယ်။ အဲဒီအတွက်ကြောင့်မို့ ကျနော်တို့ မသေမရှင်ဘဲနဲ့ အခုလို မြေပြင်မှာ ဖြစ်ချင်တိုင်းဖြစ်ဆို တဲ့ဟာနဲ့ ကျနော်တို့သွားမယ်ဆိုရင်တော့ ဆရာ စိုးရိမ်နေတဲ့ ပညာရှင်တွေ စိုးရိမ်တာမျိုး ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမဲ့ ဒီလိုဟာမျိုး မဖြစ်အောင် ကျနော်တို့အနေနဲ့ war economy လိုဟာမျိုး ပရမ်းပတာ စီးပွားရေးလို မပေါ် ပေါက်နိုင်အောင် ကျနော်တို့အနေနဲ့ ပြန်လည်ထူထောင်ရေးကို ဘယ်လိုလုပ်မလဲ။ နိုင်ငံတကာအကူအညီကို ဘယ်လိုလုပ်မလဲ။ ပြည်သူလူထုရဲ့ စားဝတ်နေရေး ဖြည့်ဆည်းမှုကို ဘယ်လိုလုပ်မလဲ။ စစ်ကောင်စီရဲ့ သောင်း ကျန်းမှုတောင် ပျက်စီးနေတဲ့ အိုးအိမ်တွေ ပြန်လည်တည်ဆောက်ရေးတွေကို လုပ်ငန်းတွေကို ကျနော်တို့ ပြန် လုပ်မယ်။ ကျနော်တို့ လေ့လာမှုတွေ အများကြီးလုပ်ပါတယ်။ ကျနော်ကိုယ်တိုင် ဘောစနီယား စစ်ပွဲအပြီးမှာ ဘော့စနီယားကို သွားပြီးတော့ လေ့လာမှုတွေ အကြိမ်ကြိမ်လုပ်တယ်။ အခု ဘော့စနီယားမှာ ဘာ တွေဖြစ်နေ သလဲ။ စစ်ပွဲကာလတုန်းက ပျက်စီးမှုက စစ်ကောင်စီ ဖျက်ဆီးမှုနဲ့ ပိုများတယ်။ ဒါပေမဲ့ ဆယ်နှစ်အတွင်းမှာ အားလုံးပြန်လည်ထူထောင်နိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြင်ဆင်မှု အားကောင်းကောင်းနဲ့ စနစ်တကျ လုပ် နိုင်တဲ့အခါကြတော့ အခု ဘော့စနီယားလိုနေရာမှာ war economy မရှိပါဘူး။ အဲဒီအတွက်ကြောင့် ဒီဟာမျိုးကို တိုင်းပြည်ပေါင်းများစွာကို လေ့လာပြီးတော့ ဒီလိုမျိုးမဖြစ်အောင် အခုကတည်းက ပြင်ဆင်နေပါတယ်။

 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */