" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, October 8, 2022

မြောက်ပိုင်းမဟာမိတ်နဲ့ နွေဦးတော်လှန်ရေး

VOA
ဦးအောင်ခင်
ဉာဏ်ဝင်းအောင်
၀၆ အောက်တိုဘာ၊ ၂၀၂၂

Northern Alliance - Burma


တိုင်းရင်းသားလက်နက်ကိုင် (၇) ဖွဲ့ ပါဝင်တဲ့ ဖယ်ဒရယ်နိုင်ငံရေး ညှိနှိုင်းဆွေးနွေးမှုကော်မတီ FNPCC အစည်း ဝေး ကို 'ဝ' နယ်မြေ ပန်ဆန်းမြို့မှာ ကျင်းပကြောင်း စက်တင်ဘာလ (၁၉) ရက်နေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်း လင်းပွဲမှာ AA ရခိုင်တပ် ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ပြောပါတယ်။ ဝ ခေါင်းဆောင်သစ်တွေနဲ့ တွေ့ဖို့သွားတာဖြစ်ပြီး ရလာဒ်ကောင်း ရရှိတယ်လို့လည်း ဆိုပါတယ်။ FNPCC ကော်မတီကို ဝတပ်ဖွဲ့က ဦး ဆောင်ပြီး KIA ကချင်တပ်၊ SSPP ရှမ်းပြည်တိုးတက်ရေးတပ်၊ TNLA တအားင်တပ်၊၊ MNDAA ကိုးကန့်တပ်၊ NDAA မိုင်းလားတပ်နဲ့ AA ရခိုင်တပ်တို့ ပါဝင်ပါတယ်။

မြောက်ပိုင်းမဟာမိတ်တပ်လို့လည်း ခေါ်ပါတယ်။ ဝနဲ့ မိုင်းလားကလွဲလို့ စစ်ကောင်စီကို တိုက်ခိုက်နေသူတွေ ဖြစ်ပါတယ်။ ရခိုင်အနောက်ပိုင်းမှာ စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်နေတုန်း ကျင်းပခဲ့တဲ့ အစည်းအဝေးဖြစ်လို့ အမျိုး မျိုးထင်ကြေးပေးကြပါတယ်။ ဒီအတောအတွင်း ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်နဲ့ အလယ်ပိုင်းက ကျေး သီးမြို့နယ်မှာ စစ်ကောင်စီက ကူညီနေတဲ့ ရှမ်းပြည်ထူထောင်ရေးတပ် RCSS နဲ့ ရှမ်းပြည်တိုးတက်ရေးတပ် SSPP တို့ စက်တင်ဘာ စတုတ္ထပတ်မှာ တိုက်ပွဲဖြစ်ကြောင်း သိရပါတယ်။ RCSS ခေါင်းဆောင်ဗိုလ်ချုပ်ကြီး ယွက်စစ်ရဲ့ သြဂုတ်လ နေပြည်တော်ခရီးအပြီးဖြစ်တဲ့ တိုက်ပွဲတွေပါ။


မြောက်ပိုင်းမဟာမိတ်ဟာ NCA အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားတာ မဟုတ်ပေမယ့် နေပြည်တော်မှာ ဆွေး နွေးလေ့ ရှိပါတယ်။ မြောက်ပိုင်းမဟာမိတ်ရဲ့ ပန်ဆန်းအစည်းအဝေး ကျင်းပပြီး၊ မကြာမီ စက်တင်ဘာလ (၂၆) ရက်နေ့မှာ ဝတပ်ဖွဲ့၊ မိုင်းလားတပ်ဖွဲ့နဲ့ ရှမ်းပြည်တိုးတက်ရေးတပ် SSPP တပ်က ကိုယ်စားလှယ်အဖွဲ့တွေ စစ် ကောင်စီနဲ့ ဆွေးနွေးဖို့ နေပြည်တော်ကို သွားရောက်ခဲ့ပါတယ်။ ရှမ်းပြည်တိုးတက်ရေးတပ်ဟာ သြဂုတ်လ (၄) ရက်နေ့ကလည်း နေပြည်တော်မှာ ဆွေးနွေးပါတယ်။ ရှမ်းပြည်ထူထောင်ရေးတပ်ကို စစ်ကောင်စီက ထောက်ခံ အားပေးပြီး၊ ရှမ်းပြည်တိုးတက်ရေးတပ် SSPP ကို မြောက်ပိုင်းမဟာမိတ်အဖွဲ့က ထောက်ခံအားပေးပါတယ်။ မြောက်ပိုင်းမဟာမိတ်မှာ စစ်အင်အားအများဆုံးရှိတာမို့ အဖွဲ့ဝင်အချင်းချင်း စစ်ရေးချိတ်ဆက်မှု ရှိတယ်လို့ ခန့် မှန်းကြပါတယ်။ မြောက်ပိုင်းမဟာမိတ် မပေါ်မီကတည်းက ကချင်၊ တအာင်း၊ ရှမ်းနဲ့ ဝဟာ ပူးပေါင်းဆောင်ရွက် လေ့ ရှိပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း ပူးပေါင်းဆောင်ရွက်တဲ့ အစဉ်အလာဓလေ့ကို လွန်ခဲ့တဲ့ မေလ (၂) ရက် နေ့ထုတ် Transnational Justice စာစောင်မှာ ခွန်ဆေလုံ ဆိုသူက ရေးထားပါတယ်။ တအာင်း (ပလောင်) တပ် မှူး စိုင်းဆေလင်းဟာ ရှမ်းပြည်တိုးတက်ရေးပါတီမှာ ဥက္ကဋ္ဌ လုပ်ဖူးတယ်လို့ ဆိုပါတယ်။ 

တန့်ယန်မြို့နယ်အခြေစိုက် ရှမ်းပြည်တိုးတက်ရေးတပ်ဖွဲ့ တခုလုံးနီးပါးဟာ ဝစစ်သည်တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဗိုလ်ချုပ်ကြီးယွက်စစ်ရဲ့ ရှမ်းပြည်ထူထောင်ရေးတပ်ကို စစ်ကောင်စီက ကူညီသ လို ရှမ်းပြည်တိုးတက်ရေးတပ်ကိုလည်း မြောက်ပိုင်းမဟာမိတ်အဖွဲ့က ကူညီနေတာ သိသာပါတယ်။ နေပြည် တော်က ဆွေးနွေးပွဲတွေက ဒီအချက်ကို ဇဝေဇဝါ ဖြစ်စေပါတယ်။

စစ်ကောင်စီကို ခုခံတိုက်ခိုက်တဲ့ နွေဦးတော်လှန်ရေး လက်နက်ကိုင်အင်အားစုတွေ ပေါ်ထွက်လာတဲ့အခါမှာ မြောက်ပိုင်းမဟာမိတ်ထဲမှာ အရင်ဆုံးကြိုဆိုပြီး ကူညီထောက်ပံ့သူဟာ KIA ကချင်တပ်ဖွဲ့ ဖြစ်ပါတယ်။ ကျန် လက်နက်ကိုင်တွေကတော့ နွေဦးတော်လှန်ရေးနဲ့ လက်တွဲမယ့် အရိပ်လက္ခဏာ အထင်အရှား မပြကြပါဘူး။ NCA အပစ်ရပ်စာချုပ်ဟာ အရေးကြီးတယ်လို့ စစ်ကောင်စီက အမြဲတမ်းပြောနေပေမယ့် အပစ်ရပ်စာ ချုပ်လက် မှတ်မထိုးဘဲ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်အချို့ကို နေပြည်တော်ကို ဖိတ်ခေါ်ပြီး ဆွေးနွေးတာကိုကြည့်ရင် အ ပစ်ရပ်ရေးနဲ့ ငြိမ်းချမ်းရေးဟာ အဓိကမဟုတ်ဘဲ၊ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးကသာ အရေးကြီးနေပုံရပါတယ်။ ဒီလိုတွေ့ဆုံဆွေးနွေးလို့ တိုင်းရင်းသားတပ်ဖွဲ့ကြီးတွေ ကွဲပြဲပြီး နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်ဖြစ်ကုန်တာ ကို စစ်ကောင်စီက လိုလားပါတယ်။

သြဂုတ်လ (၂၂) ရက်နေ့ကလည်း လားဟူပါတီ၊ ပအိုးဝ်အဖွဲ့ချုပ် ALP ရခိုင်ပါတီစတဲ့ အဖွဲ့ငယ်လေးတွေကို နေ ပြည်တော်ကိုဖိတ်ခေါ်ပြီး စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ထဲဝင်ကြဖို့ တပ်ချုပ်က စည်းရုံးသိမ်း သွင်းပါတယ်။ ကရင်နဲ့ ကချင်နယ်ခြားစောင့်တပ်တွေ စီးပွားရေးလုပ်ပြီး ကိုယ်ကျိုးရှာနေတာကို အတုယူစေ ချင် တဲ့သဘော ဖြစ်ပုံရပါတယ်။ ကချင်တပ်ဖွဲ့ထဲမှာ PDF တွေနဲ့ ပူးပေါင်းစစ်ကောင်စီတပ်ကို တိုက်မျိုးရှိပါတယ်။ စစ်ကောင်စီအင်အားစုမှာ စစ်တပ်၊ ကြံ့ဖွံ့ပါတီ၊ စစ်မှုထမ်းဟောင်း၊ မဘသအဖွဲ့၊ နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်၊ ပျူစောထီးစတဲ့ အဖွဲ့တွေ ပါဝင်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်ထဲမှာလည်း ကိုယ်ကျိုးစီးပွားနဲ့ လူမျိုးရေး အဓိကထားပြီး စစ်တပ်နဲ့ အပေးအယူ လုပ်တာမျိုး ရှိပါတယ်။ နွေဦးတော်လှန်ရေးအင်အားစုဟာ စစ်ကောင်စီတက်လာပြီးမှ ပေါ်ထွက်လာတဲ့အုပ်စုပါ။ PDF ပြည်သူ့ကာကွယ်ရေးတပ်၊ စစ်ကောင်စီကို စွန့်ခွါလာတဲ့ စစ်သည်၊ NUG စတာတွေဟာ နွေဦးအုပ်စုတွေ ဖြစ်ပါတယ်။ ကရင်၊ ကရင်နီ၊ ကချင်၊ ချင်းစတဲ့ တပ်ဖွဲ့တွေနဲ့ ပူးတွဲတိုက်ခိုက်နေတဲ့ PDF တွေလည်း ရှိပါတယ်။ ဒါပေမဲ့ မြောက်ပိုင်းမဟာမိတ်အားလုံး နွေဦးတော်လှန်ရေးမှာ ပါဝင်လာမလားဆိုတာကတော့စောင့်ကြည့်ရမယ့် ကိစ္ စသာ ဖြစ်နေပါတယ်။

 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */