" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, October 9, 2022

ဘူးသီးတောင်မှာ ULA အဖွဲ့ဝင် မွတ်ဆလင်တစ်ဦး ပစ်ခတ် ခံရလို့သေဆုံး

 B B C

ဘီဘီစီမြန်မာပိုင်း
၂၀၂၂-၁၀-၀၉
ARSA အဖွဲ့က ပစ်ခတ်တာလို့ စစ်ကောင်စီထုတ်ပြန်ထား

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ကံပြင်ကျေးရွာက ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA အဖွဲ့ဝင် မွတ်ဆလင် အမျိုးသား တစ်ဦးဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၆ ရက်နေ့ည ၉ နာရီခန့်မှာ သေနတ်နဲ့ပစ်ခတ်ခံလိုက်ရတယ်လို့ ဒေသခံတစ်ဦးက အတည်ပြုပြောဆိုပါတယ်။

ပစ်ခတ်ခံလိုက်ရသူမှာ ဖိုးခေါင်ချောင်းအုပ်စု၊ ကံပြင်ကျေးရွာရာအိမ်မှူး ဦးအာလီအာမောက် ၄၀ နှစ်ခန့်ဖြစ်ပြီး အောက်တိုဘာ ၆ ရက်နေ့ည ၉ နာရီခန့်မှာ လက်နက်ကိုင်ဆောင်ထားသူတွေက နေအိမ်တွင်းဝင်ရောက်ကာ ပစ္စတိုနဲ့ ဘယ်ဘက်ရင်အုံကို ပစ်ခတ်ခဲ့တဲ့အတွက် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

“သူ့အသတ်ခံလိုက်ရတာဟုတ်ပါတယ်။ ကျန်တာတော့ ကျွန်တော်ဘာမှမသိဘူးခင်ဗျား”လို့ ဖိုးခေါင်ချောင်း ရွာသားတစ်ဦးက ပြောပါတယ်။

ဦးအာလီအာမောက်အား သေနတ်ဖြင့်ပစ်ခတ်ခဲ့သူတွေဟာ ARSA အဖွဲ့ဝင်တွေဖြစ်ကြပြီး ဘူးသီးတောင်မြို့ နယ် အတွင်းမှာ လှုပ်ရှားနေကြတဲ့ ဒေသခံမွတ်ဆလင်တွေဖြစ်ကြောင်းသိရပါတယ်။

အဖွဲ့ဝင် ခြောက်ဦးခန့်ပါဝင်တဲ့ ARSA အဖွဲ့ဟာ အောက်တိုဘာ ၆ ရက်နေ့ည ၉ နာရီခန့်မှာ သေဆုံးသူအာလီအာ မောက် နေ့အိမ်ရှေ့ကနေ အာလီအာမောက်အား ခေါ်ရာ ထွက်မလာတာကြောင့် ခြံတံခါးကိုချိုးဖျက်ဝင် ရောက် ပြီး နေအိမ်ပေါ်အရောက်မှာ သေနတ်နဲ့ ပစ်ခတ်သွားခဲ့ကြတာလို့ ကျေးရွာသားတွေက ပြောဆိုကြပါတယ်။

အဲ့ဒီအဖွဲ့ဟာ အာလီအာမောက်ကိုသေနတ်နဲ့ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ဇနီးနဲ့ သမီးဖြစ်သူတို့ကိုလည်း ရိုက်နှက် ကန်ကျောက်မှုတွေ ပြလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

ပစ်ခတ်ခဲ့တဲ့ ARSA အဖွဲ့ဝင်တွေထဲမှာ တစ်ရွာတည်းနေထိုင်သူ အသက် ၃၂ နှစ်အရွယ် အာဘူလာရှိမ်ဆိုသူပါဝင် ပြီး သူတို့ဟာဟာ စိမ်းညှင်းပြားကျေးရွာဘက်ကို ထွက်ပြေးသွားခဲ့ကြတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန် ထားပါတယ်။

ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်အတွင်းက မွတ်ဆလင်ကျေးရွာတွေမှာ ARSA အဖွဲ့တွေဝင်ရောက်ကာ ဓါးပြ တိုက်လူသတ်တာတွေကို မကြာခဏဆိုသလို ကြုံနေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */