အောက်တိုဘာ ၇/၂၀၂၂
.png)
သေနတ်ပစ်ခံရ၍ သေဆုံးသွားသူမှာ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ ဖိုးခေါင်ချောင်းကျေးရွာအုပ်စု၊ ကံပြင် မူဆလင်ကျေးရွာမှ ရာအိမ်မှူးဦးဆာလီဟာမောက်(၄၂)ဖြစ်သည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၆ ရက် ည ၈ နာရီခွဲအချိန်တွင် လူ (၃)ဦးက နေအိမ်ထဲသို့ ပီစတိုဖြင့် ဝင်ရောက် ပစ် ခတ်ခံရပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း ဖိုးခေါင်ချောင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက နိရဉ္စရာကို ပြောသည်
"သူက ကံပြင်ရွာက ရာအိမ်မှူးပါ။ သူ့အမျိုးသမီးပြောတာက မျက်နှာအုပ်ပြီး မူဆလင်လူ ၃ ယောက်က အိမ်ထဲ ကို ဝင်ပစ်သွားတာ ဘယ်ဘက်ရင်ဘက်ကို ပစ်သွားတယ်လို့ပြောပါတယ်။ ရန်ငြိုးရန်စ တွေလည်း မရှိဘူးလို့ ပြောပါတယ်။ လောလောဆယ် ဒီနေ့ ၁၁ နာရီခွဲမှာ သင်္ဂြိုလ်လိုက်ပါပြီ"ဟု ပြောသည်။
သေဆုံးသူကို ယနေ့ အောက်တိုဘာ ၇ ရက် နံနက် ၁၁ နာရီခွဲတွင် သင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ အကြောင်းမဲ့ဝင်ရောက်ပစ်ခတ်သတ်ဖြတ်ခံရသည့်အတွက် ဒေသခံကျေးရွာသားများအကြား စိုးရိမ်မှု များရှိနေပြီး လူမျိုးရေးပဋိပက္ခကိုအသွင်ဆောင်ဖန်တီးကာ သတင်းမှားများနှင့် ပြဿနာ ဖန်တီးနေမှုများလည်း ရှိနေ၍ စဉ်းစားချင့်ချိန်ပြီး ယုံကြည်ကြရန် ဘူးသီးတောင်မြို့နယ်မှ အမည်မဖော်လိုသူ မူဆလင်ကျေးရွာ အုပ် ချုပ်ရေးမှူးတစ်ဦးက ပြောသည်။
"လာပစ်တဲ့မူဆလင် ၃ ယောက်အထဲမှာ ဘင်္ဂလာဘက်ကိုပြေးသွားတဲ့ ကံပြင်ရွာသား တစ်ယောက်ပါတယ် ပြော ပါတယ်။ အာဆာ ဟုတ်မဟုတ်ကိုတော့မပြောတက်ပေမယ့် မြင်ဖူးသိဖူးတဲ့လူကတော့ မျက်နှာအုပ်ထား လည်း ပုံစံကိုသိရင်မှတ်မိနိုင်ပါတယ်။ ရန်ငြိုးလည်းမရှိဘဲ အိမ်ထဲမှာအသတ်ခံလိုက်ရတာက တော်တော်စိုးရိမ်ဖို့ ကောင်းပါတယ်။ ဒီအပေါ်မှာ လူမျိုးရေး မီးမွှေးချင်နေသူတွေကလည်း အမျိုးမျိုးသတင်းအမှားတွေလွှင့်ကြတယ်။ ဒါတွေအပေါ် စဉ်းစားချင့်ချိန်ပြီး ယုံကြည်ဖို့လည်း လိုပါတယ်"ဟု ပြောသည်။
Tags: မှုခင်း
Link : Here
No comments:
Post a Comment