" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, October 12, 2022

၁၅ နှစ်သား ရိုဟင်ဂျာကလေး ရေဖိအားသုံး ကစားစရာမြေ ထိုးစက်ငယ် တည်ဆောက်

RFA
တင်အောင်ခိုင်(ဝါရှင်တန်ဒီစီ)
2022.10.11
အရည်ဖိအားသုံး ကစားစရာ မြေထိုးစက်ငယ်လေးကို တည်ဆောက်ခဲ့သူ ရိုဟင်ဂျာကလေး မိုဟာမက် တိုရပ်။
 Photo: Reuters

အရည်ဖိအားသုံး ကစားစရာ hydraulic မြေထိုးစက်ငယ်လေးကို တီထွင်လိုက်သူကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားဒုက္ခသည်စခန်းက အသက် ၁၅ နှစ်အရွယ် ရိုဟင်ဂျာကလေး မိုဟာမက် တိုရပ် ပါ။ ဒီမြေထို းစက်လေးကို ဒုက္ခသည်စခန်းအတွင်းက ကောက်ယူရရှိတဲ့ သံတိုသံစ၊ ပလတ်စတစ် အတိုအစတွေနဲ့ ပလတ်စ တစ် ဆေးထိုးပြွန်တွေကို သုံးပြီး ဆောက်လုပ်ခဲ့တာဖြစ်တယ်လို့ မိုဟာမက် က ပြောပါတယ်။

“ဒီစက်ကလေးလှုပ်လာအောင် ပလတ်စတစ်ဆေးထိုးပြွန်ထဲ ရေထည့်ပြီး ထိုးသွင်းလိုက်ပါတယ်။ ဆေးထိုးပြွန်ထဲက ရေဟာ စက်ကလေး အပေါ်အောက်လှုပ်ရှားအောင် လုပ်နိုင်တယ်ဆိုတာ ကျွန်တော်သိလိုက်ရလို့ စက်မှာ ထည့်သုံးထားတာပါ”

အခုတီထွင်မှုအတွက် သူနေခဲ့တဲ့ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က တွေ့ခဲ့ရဖူးတဲ့ မြေတူးစက်က လှုပ် ရှားမှုတွေကို တုပပြီး တည်ဆောက်ခဲ့တာလို့ ပြောပြပါတယ်။

“ကျွန်တော်မြန်မာပြည်မှာ နေတုန်းက မြေကြီးတူးနေတဲ့ ဒီစက်မျိုးတွေ တွေ့ခဲ့ဖူးလို့ ဒီကစားစရာမျိုးကို လုပ်ဖို့ အကြံရခဲ့တာလေ။ ကျွန်တော်စခန်းက ကောက်ရတဲ့ သံတိုသံစတွေနဲ့ စက်အစိတ်အပိုင်းတွေကို လုပ်ခဲ့တာပါ”

 

မိုဟာမက်ဟာ မြန်မာနိုင်ငံမှာ အတန်းပညာကို မယ်မယ်ရရသင်ခဲ့ရတာ မဟုတ်ပါဘူး။ သူတို့မိသားစုဟာ ၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာကြသူတွေ ဖြစ်ကြပါတယ်။ မိုဟာမက်ဟာ UNICF က ကမကထလုပ်ပြီး ဖွင့်တဲ့ကျောင်းမှာ အတန်းတချို့တက်ခဲ့ရပြီး ကိုဗစ်-၁၉ ကပ်ရောဂါတွေ ဖြစ်တော့ ရပ်သွားတယ်လို့ ဖခင်ဖြစ်သူ ဒင် မိုဟာမက်က ပြောပါတယ်။

“သူငယ်ငယ်ကတည်းက ဒီလိုကစားစရာမျိုးတွေ တီထွင်ပြီး ကစားနေတတ်ပါတယ်။ သူက သူ့ကစားစရာတွေနဲ့ အမြဲအလုပ်ရှုပ်နေတတ်ပါတယ်။ သူပျော်နေတာ မြင်ရလို့ ကျွန်တော်ကျေနပ်ပါတယ်။ ခုကျွန်တော်တို့က ဒုက္ ခသည်တွေဖြစ်နေလေတော့ ကလေးတွေကို ပညာကောင်းကောင်းသင်ပေးဖို့ မတတ်နိုင်ပါဘူး။ ပညာသင်ပေးနိုင်မယ်ဆိုရင်တော့ သူ့ဘဝလေး ပိုပြီးတင့်တယ်သွားမှာပေ့ါ”

မိုဟာမက်တိုရပ်ကလည်း သူ့ဘဝမှာ မျှော်မှန်းချက်တွေ ရှိနေတယ်လို့ပြောပါတယ်။

“ကျွန်တော် အခွင့်အရေးသာရမယ်ဆိုရင် လေယာဉ်တွေ၊ ကားတွေ ဆောက်တဲ့ အင်ဂျင်နီယာကောင်း တစ်ယောက် ဖြစ်နိုင်ပါတယ်။ အင်ဂျင်နီယာဖြစ်ဖို့ဟာ ကျွန်တော့ရည်မှန်းချက်ပါ”

၁၅ နှစ်သား ရိုဟင်ဂျာလေး မိုဟာမက်တိုရပ် ပြောနေတာပါ။ လက်ရှိမှာတော့ တိုရပ်ဟာ မြန်မာပြည်ကနေထွက် ပြေးလာတဲ့ တခြားသော ရိုဟင်ဂျာ တစ်သန်းနီးပါးနဲ့အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း ကော့ဆက်ဘဇားပြည်နယ်က ကျပ်ညပ်နေတဲ့ ကမ္ဘာ့အကြီးဆုံးဒုက္ခသည်စခန်းမှာ နေထိုင်နေပါတယ်။

သူတို့ဟာ သူတို့နေထိုင်ရာဌာနေကို ပြန်နိုင်ရေး မသေချာမရေရာဖြစ်နေကြသလို နိုင်ငံသားဖြစ်ခွင့်နဲ့ တခြားရရှိသင့်တဲ့ အခွင့်အရေးတွေလည်း ငြင်းပယ်ခံထားရတာဖြစ်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */