Tuesday, October 4, 2022

ရိုဟင်ဂျာလှေတစီး ဘင်္ဂလားဒေ့ရှ်ကမ်းလွန်မှာ တိမ်းမှောက်၊ ၁၀ ဦးကျော် ပျောက်ဆုံး

VOA
ဗွီအိုအေ (မြန်မာဌာန)
၀၄ အောက်တိုဘာ၊ ၂၀၂၂ 
မလေးရှားနိုင်ငံဘက်ကို လှေစီးထွက်ခွါရာက လှေမှောက်ပြီး ပင်လယ်ထဲ ဒုက္ခရောက်နေတဲ့ ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ Teknaf ကမ်းရိုးတမ်းမှာ ကယ်ဆယ်ထားပုံ။ ( အောက်တိုဘာ ၄၊ ၂၀၂၂)

ရိုဟင်ဂျာဒုက္ခသည်တွေ တင်ဆောင်လာတဲ့လှေတစင်းဟာ ရာသီဥတုဆိုးဝါးတာကြောင့် ဘင်္ဂလားဒေ့ရှ်ကမ်း ရို တန်းအပြင်မှာ အင်္ဂါနေ့က တိမ်းမှောက်ခဲ့ပြီး အနည်းဆုံးလူ ၁၂ ဦးထက်မနည်း ပျောက်ဆုံးနေတယ်လို့ ဘင်္ဂ လား ဒေ့ရှ် ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။ အဲဒီ ငါးဖမ်းလှေဟာ မနက်စောပိုင်းထွက်ခွာပြီး မလေးရှားနိုင်ငံ သွား ဖို့ ဦးတည် ထားတာပါ။

 ဘင်္ဂလားပင်လယ်အော်ထဲ လှေတိမ်းမှောက်ခဲ့တဲ့နောက် ကယ်ဆယ်ရေးသင်္ဘော၂ စင်းနဲ့ အသက်ရှင်ကျန်ရစ်သူ တွေကို ကူညီကယ်ဆယ်နေပါတယ်။ ဒီလှေမှာ ရိုဟင်ဂျာဒုက္ခသည် ၃၅ ယောက်နဲ့ ဘင်္ဂလာဒေ့ရှ်နိုင်ငံသား ၄ ဦး စုစုပေါင်း ၃၉ ဦး ကယ်ဆယ်ထားတယ် လို့ ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ် ပြောခွင့်ရ Al Amin က AFP သ တင်းဌာနကို ပြောပါတယ်။ တိမ်းမှောက်တဲ့ ဒီလှေဟာ မထွက်ခွာခင်မှာ ကမ်းရိုးတန်းမြို့တွေက ခရီးသည် တွေ ကို ခေါ်ယူခဲ့ပြီး လှေပေါ်မှာ လူ ၅၀ ထက်မနည်းပါတယ်လို့ ကမ်းရိုးတန်းတပ် တပ်မှူး Ashiq Ahmed က ပြော ပါတယ်။

ရိုဟင်ဂျာဒုက္ခသည် တသန်းဝန်းကျင် ခိုလှုံနေတဲ့ ဒုက္ခသည်စခန်းတွေရှိရာ Cox's Bazar ခရိုင် တောင်ပိုင်းနားမှာ လှေက တိမ်းမှောက်ခဲ့တာပါ။ ဒီ ဒုက္ခသည်အများစုဟာ မြန်မာနိုင်ငံတွင်း စစ်ဆင်ရေးတွေကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် တိမ်းရှောင်ခဲ့သူတွေဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာလည် နေထိုင်စားသောက်ရေး ခက်ခဲတာကြောင့် လူကုန်ကူးသူတွေကို ငွေပေးပြီး ရိုဟင်ဂျာတွေ အများအပြားရှိနေတဲ့ မလေးရှားနိုင်ငံဘက်ကို သွားနိုင်ဖို့ ကြိုးစားကြတာပါ။ ဒီ ဒုက္ခသည်တွေကို စီစစ်လက်ခံပြီး မြန်မာနိုင်ငံတွင်း ပြန်လည်နေရာချထားဖို့ မြန် မာ ဘင်္ဂလားဒေ့ရှ်နဲ့ ဒုက္ခသည်များဆိုင်ရာ ကုလမဟာမင်းကြီးရုံးတို့အကြား သဘောတူညီချက်တွေရှိထားပေ မယ့် အစီအစဉ်တွေ လက်တွေ့ဖြစ်မလာသေးပါဘူး။

Link : Here

 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */