" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, October 9, 2022

ဘူးသီးတောင်မြို့နယ် ကျောက်စာတိုင်တိုက်ပွဲမှာ စစ်ကောင် စီ ဘက်က အကျအဆုံးရှိပြီး လက်နက်ခဲယမ်းတွေပါ သိမ်း ဆည်းရမိတယ်လို့ အေအေထုတ်ပြန်

 B B C

ဘီဘီစီမြန်မာပိုင်း
၂၀၂၂-၁၀-၀၉

အေအေက ထုတ်ပြန်လာတဲ့ ဖမ်းဆီးရမိလက်နက်များ


ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်မြို့နယ် ကျောက်စာတိုင် (ခမီ)ရွာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့တွေ ကျဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ အေအေဘက်က အောက်တိုဘာ ၇ ရက်နေ့ ညနေပိုင်းက ထုတ်ပြန်ထားပါတယ်။ အဲ့ဒီတိုက်ပွဲဟာ ကျောက်စာတိုင်ကျေးရွာနဲ့ ၁ ဒသမ ၃ ကီလိုမီတာအကွာမှာ အောက်တိုဘာ ၃ ရက်နေ့ နေ့လယ် ၁ နာရီခွဲကစတင်ပြီး ငါးနာရီခန့်အကြာ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ကြတဲ့တိုက်ပွဲတစ်ခုဖြစ်တယ်လို့ သိရပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၁၇ ဦးကျဆုံးကာ ၁၅ ဦးဒဏ်ရာရရှိခဲ့ပြီး လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ အေအေရဲ့ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။ စစ်ကောင်စီဘက်ကတော့ ဒီသတင်းနဲ့ပတ်သက်လို့ ထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။ ဒါ့အပြင် အောက်တိုဘာ ၂ ရက် ညနေ ၅ နာရီကျော်မှာလည်း ပလက်ဝမြို့နယ် မြိတ်ဝကျေးရွာရဲ့ အရှေ့ဘက်မှာ မိနစ် ၂၀ ခန့်အကြာတိုက်ပွဲတွေဖြစ်ပွားခဲ့ကြသလို အောက်တိုဘာ ၁ ရက်နေ့ မနက်ပိုင်း ၉ နာရီမှာလည်း ဖရုံချောင်းကျေးရွာအနောက်ဘက်မှာ မိနစ် ၂၀ ခန့်အကြာတိုက်ပွဲတွေဖြစ်ပွားခဲ့ကြတယ်လို့ သိရပါတယ်။ အခုလအတွင်း စစ်ကောင်စီတပ်တွေနဲ့ အေအေတို့အကြား ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေအတွင်းမှာ နှစ်ဘက်တိုက်ပွဲတွေ ရက်ဆက်ဖြစ်ပွားနေကြပြီး စစ်ကောင်စီဘက်က အထိနာနေတယ်လို့ အေအေရဲ့ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */