" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, October 4, 2022

ကျောက်ဖြူနှင့် ဘူးသီးတောင်က အုပ်ချုပ်ရေးမှူးများအပါ အဝင် ၆ ဦးကို စစ်ကောင်စီ တရားစွဲ

DVB
4 October, 2022 

ရခိုင်ပြည်နယ်၊ ကျောက်ဖြူနဲ့ ဘူးသီးတောင်မှာ စစ်တပ်က ဖမ်းဆီးထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာ ခရိုင်ဦးစီးမှူးတယောက်အပါအဝင် ၆ ယောက်ကို မတရားအသင်းဆက်သွယ်မှုနဲ့ အမှုဖွင့်လိုက်တယ်လို့ သိရပါ တယ်။

ကျောက်ဖြူမြို့မရဲစခန်းတာဝန်ရှိသူတယောက်က “ခရိုင်ငါးလုပ်ငန်းဦးစီးပါ ၄ ယောက်ကို မနေ့က နေ့လယ် လောက်က ရဲစခန်းကိုလာပို့တယ်။ ပြီးရင် သူတို့ကို ၁၇(၁)ပေါ့။ မတရားအသင်းအက်ဥပဒေပုဒ်မ-၁၇(၁)နဲ့ အမှု ဖွင့်ထားတယ်လို့ သိရတယ်။ ၄ ယောက်စလုံးကို ဖွင့်တာပါ” လို့ ပြောပါတယ်။ 

 

ခရိုင်မှူး ဦးကျော်ဆင့်၊ ဆက်သွယ်ရေးဝန်ထမ်း ကိုမြကျော်ထွန်းနဲ့ ကမ်းဝေးငါးဖမ်းစက်လှေတာဝန်ခံ ၂ ယောက် ဖြစ် တဲ့ ကိုထွန်းနိုင်နဲ့ ကိုသန်းမောင်တို့ကို စက်တင်ဘာ ၂၈ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အရပ်ဝတ်နဲ့ လာရောက်ပြီး အေအေကို ထောက်ပံ့နေတယ်လို့ စွပ်စွဲဖမ်းဆီးခဲ့တာပါ။ 

ကျောက်ဖြူမြို့မှာ စက်တင်ဘာ ၇ ရက်နေ့ကစပြီး အေအေနဲ့ဆက်စပ်တယ်ဆိုတဲ့ သံသယနဲ့ လူ ၂၀ လောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးထားပြီး အဲဒီထဲက ၃ ယောက်ကိုတော့ အသက်မပြည့်လို့ ပြန်လွှတ် ပေး လိုက်ပေမယ့် ကျန်သူတွေကိုတော့ နိုင်ငံတော်အကြည်ငြိုပျက်စေမှု ပုဒ်မ-၅၀၅(က)၊ မတရားအသင်းအက်ဥပဒေ ပုဒ်မ-၁၇(၁)တို့နဲ့ အမှုဖွင့်ထားတာပါ။ 

ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့က ဖမ်းဆီးခံလိုက်ရတဲ့ ဘူးသီးတောင်မြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူး ၂ ယောက်ကိုလည်း စစ်ကောင်စီက မတရားအသင်းဆက်သွယ်ပုဒ်မ ၁၇(၁) နဲ့ အမှုဖွင့်ထား​ပြီး ဘူးသီးတောင်မြို့ နယ်တရားရုံးမှာ စက်တင်ဘာ ၃၀ ကနေ အောက်တိုဘာ ၁၄ ရက်နေ့အထိချုပ်ရမန်ရယူထားတယ်လို့ သိရပါ တယ်။

ဖမ်းဆီးအမှုဖွင့်ခံထားရသူတွေကတော့ တပ်မင်းချောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်လှနဲ့ မီးကျောင်းစျေး ကျေးရွာအုပ်ချုပ်ရးမှူး အာမိန်းဟူးဆောင်တို့ ဖြစ်ကြပြီး စက်တင်ဘာလ ၃ ရက်နေ့က ဘူးသီးတောင်ဗျူဟာမှာ ကျေးရွာ ၁၂ ရွာက အုပ်ချုပ်ရေးမှူးတွေကို အစည်းအဝေးခေါ်ယူပြီး သူတို့ ၂ ယောက်ကို ပြန်မလွှတ်ဘဲ ဖမ်းဆီး လိုက်တာဖြစ်ပါတယ်။

မိသားစုနဲ့ နီးစပ်သူတယောက်က "သူတို့ကို အမှုဖွင့်ထားတယ်။ တရားရုံးမှာချုပ်ရမန်ယူထားတယ်လို့ နယ်ခြား စောင့်က အကြောင်းကြားလာပါတယ်။ ဗျူဟာက အစည်းအဝေးခေါ်တဲ့နေ့ကတည်းက ဖမ်းဆီးထားတာပါ။ အစည်းအဝေးက ကျေးရွာ ၁၂ ရွာက အုပ်ချုပ်ရေးမှူးတွေကိုခေါ်တာ။ သူတို့ ၂ ယောက်ကို ဖမ်းထားလိုက်တာ" လို့ပြောပါတယ်။

သူတို့ကို စက်တင်ဘာ ၂၉ ရက်နေ့က စစ်ဗျူဟာကနေ နယ်ခြားစောင့်တပ်ဖွဲခွဲ နခခ (၃)ဆီကို လွှဲပြောင်းပေး ခဲ့ ပြီး  ရက္ခိုင့်တပ်တော် အေအေနဲ့ ဆက်သွယ်တယ်ဆိုပြီး မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မနဲ့ နခခ(၃)က တရားလိုလုပ် အမှုဖွင့်ထားတာ ဖြစ်ပါတယ်။

Link : Here

 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */