" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, October 4, 2022

ဘင်္ဂလားဒေ့ရှ် ကမ်းလွန်ပင်လယ်ပြင်၌ ရိုဟင်ဂျာဒုက္ခသည် စက်လှေနစ်မြုပ်၍ လူ ၃ ဦး သေဆုံးပြီး ၂၀ နီးပါး ပျောက်ဆုံး နေ

04 October 2022
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းလွန်ပင်လယ်ပြင်တွင် ရိုဟင်ဂျာ ဒုက္ခသည်များကို တင်ဆောင်လာသည့် စက်လှေတစ် စင်း အောက်တိုဘာ ၄ ရက်တွင် ရာသီဥတု ဆိုးဝါးမှုကြောင့် နစ်မြုပ်ခဲ့ရာ လူ သုံးဦးထက်မနည်း ရေနစ်သေဆုံးပြီး အခြား လူ ၂၀ နီးပါး ပျောက်ဆုံးနေကြောင်း အာဏာပိုင်တို့က ပြောသည်။

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်ကမ့်စခန်းများရှိ ဆိုးဝါးသည့် အခြေအနေများကြောင့် နှစ်စဉ် လူရာချီခန့်သည် မှောင်ခို သမားများကို ငွေပေးပြီး နိုင်ငံမှ ပြင်ပထွက်ခွာမှုများ ရှိနေသည်။

ရိုဟင်ဂျာ ဒုက္ခသည်များ လိုက်ပါလာသည့် ငါးဖမ်းစက်လှေသည် မနက်အရုဏ်တက်ချိန်တွင် မလေးရှားသို့ ဦး တည်ထွက်ခွာခဲ့စဉ် ဘင်္ဂလားပင်လယ်အော်တွင် ဘေးအန္တရာယ်နှင့် ကြုံခဲ့ရသည့်အတွက် ကမ်းခြေစောင့် ရှာဖွေ ရေး သင်္ဘောနှစ်စင်းက သွားရောက်ပြီး အသက်ရှင်ကျန်ရစ်သူများကို ကယ်ဆယ်နိုင်‌ရေး လုပ်ဆောင်ခဲ့ရသည်။

အလောင်း သုံးလောင်းထက်မနည်း ကမ်းရိုးတန်းမြို့ ဟယ်လ်ဘူနီယာတွင် လာရောက်ကမ်းတင်ခဲ့ကြောင်း ရဲ တပ်ဖွဲ့က ပြောသည်။

“ကျွန်တော်တို့ အလောင်းတွေ ပြန်ရှာတွေ့ထားပါတယ်။ အဲဒီ သုံးလောင်းကတော့ အသက် ၁၈ နှစ်နဲ့ ၂၀ နှစ် အကြား ရိုဟင်ဂျာ အမျိုးသမီးတွေဖြစ်ပါတယ်” ဟု ရဲအရာရှိ နာ မိုဟာမက်က အေအက်ဖ်ပီကို ပြောသည်။

စက်လှေသည် လူ ၆၅ ဦးခန့် တင်ဆောင်ခဲ့သည်ဟု ယုံကြည်ရကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့စခန်း၏ တပ်မှူး အာရှစ် အာမက်ဒ်က ပြောသည်။

“ရိုဟင်ဂျာ ဒုက္ခသည် ၄၁ ယောက်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား လေးယောက်အပါအဝင် လူ ၄၅ ယောက်ကိုတော့ ကယ်တင်ထားနိုင်ပါတယ်” ဟု ၎င်းက အေအက်ဖ်ပီကို ပြောသည်။

“လူ ၂၀ နီးပါးလောက် ပျောက်နေဆဲပါ။ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်နေပါတယ်” ဟု ၎င်းက ပြော သည်။
ရိုဟင်ဂျာ ဒုက္ခသည် တစ်သန်းခန့် နေထိုင်သည့် ဒုက္ခသည်စခန်းများ ရှိရာ ကော့ဇ်ဘဇား ခရိုင် ကမ်းရိုးတန်း ပြင် ပတွင် ယခု စက်လှေ မြုပ်ခဲ့ခြင်း ဖြစ်သည်။

အများစုသည် လွန်ခဲ့သည့် ငါးနှစ်ခန့်က အိမ်နီးချင်း မြန်မာနိုင်ငံတွင် စစ်တပ်၏ ဖြိုခွင်းနှိမ်နင်းမှုကြောင့် ဘင်္ဂ လားဒေ့ရှ်သို့ ထွက်ပြေးရောက်ရှိနေခဲ့ကြသူများ ဖြစ်သည်။

(ကိုလူအေး ဘာသာပြန်သည်)
 
Link : Here


No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */