Wednesday, May 15, 2024

မောင်တော ရွှေရင်အေးရွာကို မီးရှို့ခဲ့သူမှာ စစ်ကောင်စီနှင့် မွတ်ဆလင်အကြမ်းဖက်များဖြစ်

Western News
မေ ၁၃ ၂၀၂၄

ရခိုင်ပြည် မောင်တောမြို့နယ်က ရွှေရင်အေးကျေးရွာ မေလ ၉ ရက် နံနက် ၄ နာရီခန့်က မီးရှို့ခံရ၍ နေအိမ် ၅၀ ထက်မနည်း မီးလောင်ဆုံးရှုံးခဲ့သည်။

ရွှေရင်အေးကျေးရွာကို မီးရှို့ခဲ့သူများမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီက သင်တန်းပေးထားသည့် အကြမ်းဖက်မွတ်ဆလင် လက်နက်ကိုင်များဖြစ်ကြောင်းကို ယနေ့ မေလ ၁၃ ရက်နေ့မှာ ဗီဒီယိုင်ဖိုင် ထွက်ပေါ် လာသည်။

 

ဗီဒီယိုဖိုင်၌တွေ့ရှိချက်အရ မီးရှို့ခဲ့သူများမှာ အကြမ်းဖက်မွတ်ဆလင်များကို အများဆုံးတွေ့ရပြီး ဓာတ်ဆီဘူးကိုင်ပြီး တစ်အိမ်ဝင်တစ်အိမ်ထွက် မီးရှို့နေသည်ကို တွေ့ရသည်။ ရွှေရင်အေးကျေးရွာသည် မောင်တောမြို့အဝင် မြို့သူကြီးရပ်ကွက်ရှိ စစ်ကောင်စီ၏ အမှတ် ၅ နယ်ခြားစောင့်တပ်စခန်းနှင့်နီးပြီး ညောင်ချောင်းမွတ်ဆလင်ကျေးရွာနှင့်လည်း နီးကပ်ကြောင်း သိရသည်။

ညောင်ချောင်းမွတ်ဆလင်ကျေးရွာမှာ စစ်ကောင်စီက တပ်စွဲထားပြီး မွတ်ဆလင်များကို စစ်သင်တန်းပေး လက်နက်တပ်ဆင်ပေးထားလျှက်ရှိကာ ယင်း အကြမ်းဖက်မွတ်ဆလင်လက်နက်ကိုင်များနှင့် နခခ ၅ က စစ်ကောင်စီတပ်သား ပူးပေါင်းအဖွဲ့က ရွှေရင်အေးရွာကို မီးရှိုခဲ့ခြင်းဖြစ်သည်။

ဗီဒီယိုဖိုင်ကို ကြည့်ရှုထားသူတစ်ဦးက " အကြမ်းဖက်မွတ်ဆလင်တွေက အိမ်တွေကို ဓါတ်ဆီဘူးတွေကိုင်ပြီး ပျော်ပျော်ရွှင်ရွှင် မီးရှို့နေကြတာပဲ။ စစ်ကောင်စီက ခိုင်းတယ်ဆိုတာထက် အကြမ်းဖက်မွတ်ဆလင်တွေရဲ့ လုပ်ရပ်က ပေါ်လွန်တယ်။ မွတ်ဆလင်ခေါင်းဆောင်တွေက ဒီလုပ်ရပ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချသင့်တယ်။ မွတ်ဆလင်တွေထဲမှာ အကြမ်းဖက်တွေရှိတယ်ဆိုတာကို ပြည်တွင်းပြည်ပ မွတ်ဆလင်ခေါင်းတွေက ကမ္ဘာကြီးကို ပြောသင့်တယ်။ " ဟု ပြောသည်။

ဗီဒီယိုဖိုင်တွင် အကြမ်းဖက်မွတ်ဆလင်များပြောဆိုချက်ကို မွတ်ဆလင်စကားနားလည်သူတစ်ဦးက ယခုလို ဘာ သာပြန်ထားသည်။

" ကြည့်ကြ ငါတို့ အခု ရခိုင်ရွာကို မီးတိုက်နေတာ။ ကားတွေ ဘာတွေ အကုန်လုံးမီးရှို့နေတာ။ ညီကိုတို့ကြည့်ကြပါ ရခိုင်ရွာကို မီးတိုက်နေတာ။ ကြည့်ပါ။ ကြည့်ပါ။ ရခိုင်ရွာမီးလောင်နေတာကြည့်ပါ။ ငါတို့ တိုက်ပစ်လိုက်တာ။ မောင်တောမြို့နယ်မှာပါ။ ငါတို့ကို ဘယ်လိုလုပ်ခဲ့လည်း အဲလိုပြန်လုပ်နေတာပါ။ " ဟု ပြောဆိုထားကြောင်း သိရသည်။ ပြည်ပရောက် မွတ်ဆလင်တက်ကြွလှုပ်ရှားသူလည်းဖြစ် ခေါင်းဆောင်တစ်ဦးလည်းဖြစ်သည့် ဦးနေဆန်းလွင်က ရွှေရင်အေး ရခိုင်ကျေးရွာကို မွတ်ဆလင်လက်နက်ကိုင်များက မီးရှို့နေသည်ကို ဝန်ခံပြောဆိုထားပြီး ယင်းလုပ်ရပ်ကို ကန့်ကွက်ရှုတ်ချကြောင်း ပြောဆိုထားသည်။

" မြန်မာစစ်တပ်မှာ စစ်မှုထမ်းခိုင်းခံနေသူတွေလို့ ယုံကြည်ရတဲ့ ရိုဟင်ဂျာတစ်စုက ရခိုင်နေအိမ်တစ်လုံးကို မီးရှို့နေတဲ့ ဗီဒီယိုအတိုတစ်ခု ဒီနေ့ ကြည့်ရတယ်။ သူတို့တွေက ဘယ်သူတွေပဲ ဖြစ်ပါစေ၊ ဒါကို လုပ်ဇာတ်တစ်ခုအနေနဲ့ လုပ်သည်ဖြစ်စေ၊ အတင်းအကျပ်ခိုင်းစေလို့ လုပ်သည်ဖြစ်စေ၊ အခြားသော အကြောင်းအရာတစ်ခုအနေနဲ့ လုပ်သည်ဖြစ်စေ၊ ကျွန်တော် ရိုဟင်ဂျာတစ်ဦးအနေနဲ့ ဒီလိုလုပ်ရပ်ကို အပြင်းထန်ဆုံး ကန့်ကွက်ရှုတ်ချပါတယ်။ " ဟု ပြောသည်။

အကြမ်းဖက်မွတ်ဆလင် လက်နက်ကိုင်များနှင့် စစ်ကောင်စီတပ်သားများမှာ ရွှေရင်အေးကျေးရွာအပြင် ယင်းနေ့ မေလ ၉ ရက်နေ့မှာပဲ မိုင်ဝက်ခန့်ဝေးတဲ့ ဝေသာလီကျေးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ကြသည်။ ဝေသာလီကျေးရွာက နေအိမ် ၁၅ ဆောင်ထက်မနည်းကို အကြမ်းဖက်မွတ်ဆလင်များနှင့် စစ်ကောင်စီတပ်သားများက မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာထဲအဝင်မှာ သေနတ်ပစ်ဖောက်ဝင်ခဲ့သောကြောင့် အသက် ၃၀ ကျော် ရခိုင်အမျိုးသမီးတစ်ဦး ရင်ဝ၌ ကျည်ဆံထိ၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ရသည်။

အမှတ် ၅ နယ်ခြားစောင့်တပ် (နခခ ၅ တပ်စခန်း) မှာ ရခိုင်ပြည်အနှံ့ အထူးသဖြင့် စစ်တွေ၊ ကျောက်ဖြူ၊ ဘူးသီးတောင်၊ မောင်တောက ခေါ်ယူထားသော မွတ်ဆလင်များကို စစ်သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးထားသည်။

ယခု ဗီဒီယိုဖိုင်နှင့်အတူ ယခင်ကလည်း မွတ်ဆလင်များ မြန်မာစစ်တပ်ယူနီဖောင်းဝတ်ကာ လက်နက်အများအပြားဖြင့် သင်တန်းတက်ရောက်နေသည့် ဗီဒီယိုဖိုင်အမျာအးပြား ထွက်ပေါ်လာသော်လည်း အာဏာသိမ်း စစ်ကောင်စီသည် ငြင်းဆန်နေသည်။

ရခိုင်ပြည်အတွင်း မွတ်ဆလင်နှင့် ရခိုင်တိုင်းရင်းသားများကြား လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင် ပဋိပက္ခ ဖြစ်ပွားစေရန် ဖန်တီးခဲ့ခြင်းမှာလည်း အာဏာသိမ်း စစ်ကောင်စီက ဖြစ်သည်ကို AA က ထုတ်ဖော်ထားသလို ရခိုင်ပြည်သူများကလည်း ပြောဆိုထားကြသည်။ Western News-WN

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */