" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, October 10, 2022

စစ်ကောင်စီတပ်၏ လိပ်ရနယ်ခြားစောင့်ရဲစခန်းကို ၁ နာရီ အတွင်း AA က သိမ်းပိုက်ပြီး စစ်သုံ့ပန်း ၃ ဦးနှင့် လက်နက် ခဲယမ်းများ ဖမ်းဆီးရမိ၊ စစ်သားအလောင်းတချို့ရရှိသည်ဟု ဆိုသော်လည်း အရေအတွက် မဖော်ပြ

Khit Thit Media
ရန်ကုန်၊ အောက်တိုဘာ ၁၀


ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းရှိ လိပ်ရနယ်ခြားစောင့်တပ်စခန်းကို AA က တိုက်ပွဲအချိန် ၁ နာရီအ တွင်း ယနေ့ သိမ်းပိုက် ရရှိပြီး စစ်သုံ့ပန်း ၃ ဦးနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိကြောင်း၊ စစ်သားအလောင်းတချို့ရရှိသော်လည်း အရေအတွက်ကို မူ ဖော်ပြခြင်းမရှိကြောင်း သိရှိရသည်။
 
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းရှိ လိပ်ရနယ်ခြားစောင့်တပ်စခန်းကို ရက္ခိုင့်တပ်တော်က အောက် တိုဘာလ ၁၀ ရက်၊ နံနက် (၄) နာရီခန့်မှစတင်ပြီး တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါစခန်းတွင် နယ်ခြားစောင့်ရဲများနှင့်အတူ စစ်ကောင်စီတပ်ဖွဲ့ဝင်များပါ ပူးတွဲနေထိုင်ကြသည့်စခန်းဖြစ်သည့်အပြင် လက်နက်ကြီးများကို နေ့၊ ညအ ချိန်မရွေး ရမ်းသန်းပစ်ခတ်တိုက်ခိုက်နေသည့် စခန်းများထဲမှ တစ်ခုလည်းဖြစ်ကြောင်း AA၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 
လက်နက်ကြီးပစ်ကူများကို နေရာအနှံ့မှ ပစ်ကူပေးသည့်ကြားမှ တစ်နာရီခန့်ကြာ ထိုးစစ်ဆင် တိုက်ခိုက်မှုအပြီးတွင် အဆိုပါ လိပ်ရစခန်းအား ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ စစ်သုံ့ပန်း (၃) ဦး၊ စစ်သားအ လောင်း အချို၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း၊ AA ဘက်မှ စစ် သည်တစ်ဦး ကျဆုံးခဲ့ကြောင်း၊ အချိန်အတိုအ တွင်း အထိအခိုက်အနည်းဆုံးဖြင့် သိမ်းပိုက်ရရှိခဲ့သောစခန်းသိမ် းတိုက်ပွဲဖြစ်ခဲ့ကြောင်း သိရှိရသည်။
 
ရခိုင်သတင်းရင်းမြစ်များက စစ်တပ်ဘက်မှ ၃၀ သေဆုံးပြီး စစ်သုံ့ပန်း ၁၄ ဦး ဖမ်းဆီးရမိကြောင်း ပြောဆိုကြသည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */