" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label mm. Show all posts
Showing posts with label mm. Show all posts

Wednesday, September 21, 2022

ရိုဟင်ဂျာ ကလေး ၂၅ ဦး အပါအဝင် ၄၀ ကျော် ဖမ်းခံရ

သတင်းနှင့်မီဒီယာကွန်ယက်
Wednesday, September 21, 2022
ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်တွင် ရိုဟင်ဂျာ ကလေး ၂၅ ဦး အပါအဝင် စုစုပေါင်း ၄၂ ဦး ကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားသည်ဟု မြို့ခံများ က ပြောသည်။ညောင်ချောင်း ကျေးရွာအုပ်စု၊ ငါးမြင်းချောင်းကျေးရွာတွင် ဖမ်းမိသည့် ရိုဟင်ဂျာ ၄၂ ဦး အနက် အသက် ၁၈ နှစ်အောက်၊ ကျား/မ ၂၅ ဦး အပါအဝင် ကျန်းမာရေး မကောင်း ဘဲ ဖျားနေသူ အမျိုးသမီး ၁ ဦး နှင့် အမျိုးသား ၂ ဦး တို့လည်း ပါဝင်သည်ဟု သိရသည်။

“ရွာမှာ မျက်နှာစိမ်း အမျိုးသမီး တစ်ဦးကို တွေ့လို့ ရွာလူကြီးတွေက ခေါ်စစ်တာမှာ ကျန်တဲ့ ၄၁ ယောက်ကို ပါ ဖမ်းမိတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ရိုဟင်ဂျာ ၃၁ ဦးကို စစ်ကောင်စီတပ် ဖမ်း

သတင်းနှင့်မီဒီယာကွန်ယက်
Wednesday, September 21, 2022
ပုသိမ် ရွှေသောင်ယံကမ်းခြေတွင် ရခိုင်ဘက်မှ ရွှေ့ပြောင်းလာသည့် ရိုဟင်ဂျာ ၃၁ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ သည်ဟု ဒေသခံများက ပြောသည်။

ဖမ်းဆီးခံရသူ ရိုဟင်ဂျာ ၃၁ ဦးကို ဧရာဝတီတိုင်း ပုသိမ်မြို့ နွယ်ညှိချောင်း ကျေးရွာအနီးတွင် အုပ်စုလိုက်တွေ့ရှိပြီး စစ်ကောင်စီ တပ်ဖွဲ့ ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦး က ပြောသည်။

အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦး က “အခုကတော့ ရွှေသောင်ယံ ရဲစခန်းမှာပဲခေါ်ထားပြီး စစ်ဆေး မေး မြန်းတာတွေ လုပ်နေတယ်” ဟု ပြောသည်။

Monday, September 19, 2022

မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှု တားဆီးဖို့ AA တောင်းဆို

VOA
၁၉ စက်တင်ဘာ ၂၀၂၂
ငြိမ်းချမ်း
ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ AA နဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေပြင်းထန်နေတဲ့ မောင်တောမြို့ မြောက် ပိုင်းမှာ စစ်ကောင်စီဘက်က အင်အားတိုးမြှင့်ချထားသလို လက်နက်ကြီးတွေနဲ့ မဆင်မခြင်ပစ်ခတ်မှု ကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို လက်နက်ကြီးတွေကျည်တွေကျခဲ့တဲ့အကြောင်း AA အဖွဲ့က ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် လက်နက်ကြီးကျည်တွေကျပြီး ဒုက္ခသည်တချို့ ထိခိုက်သေဆုံးခဲ့မှုဟာ AA ရခိုင်လက် နက် ကိုင်အဖွဲ့နဲ့ ARSA အစွန်းရောက် ဘင်္ဂလီအဖွဲ့တွေရဲ့ လက်ချက်လို့ စစ်ကောင်စီဘက်က ပြောခဲ့တာကို ဒီနေ့ အွန်လိုင်း သတင်းစာရှင်းလင်းပွဲမှာ AA ဘက်က တုံ့ပြန်လိုက်တာပါ။ AA ရခိုင်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ရဲ့ သတင်းစာရှင်းလင်းပွဲအကြောင်း သတင်းပေးပို့ချက်ကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

ဘင်္ဂလားဒေ့ရှ်အပါအဝင်နိုင်ငံတကာမှ ULA/AAကိုအသိ အမှတ်ပြုပြီးပူပေါင်းရပ်တည်ပေးလျှင် မူဆလင်ဒုက္ခသည် များ နေရပ်ပြန်ရေးလုပ်ဆောင်နိုင်မည်ဟုဆို

Narinjara
နိရဉ္စရာ၊ စက်တင်ဘာ ၁၉/၂၀၂၂

ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိနေသည့် ရခိုင်ပြည်နယ်မြောက်ပိုင်းက မူဆလင်ဒုက္ခသည်များ နေရပ် ပြန်နိုင်ရေး အ တွက် ဘင်္ဂလားဒေ့ရှ်အပါအဝင် ကုလသမဂ္ဂနှင့်နိုင်ငံတကာတို့မှ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်( ULA)ကို အသိအ မှတ် ပြုပြီး ပူးပေါင်းဆောင်ရွက်လျှင် နေရပ်ပြန်ရေးကိုလုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ယနေ့ စက်တင်ဘာ ၁၉ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ULA/AAပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောဆိုသည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ဘင်္ဂလားဒေ့ရှ်သံအမတ် ကြီးကိုတွေ့ဆုံပြီး လက်နက်ကြီးကျည်များမှာ AA ကပစ် ခတ်ခြင်း ဖြစ်ကြောင်း၊ ဘင်္ဂလားပိုင်နက်ထဲအေအေ စခန်း များရှိကြောင်း ပြောဆိုခဲ့ဟုဆို

Narinjara
နိရဉ္စရာ၊ စက်တင်ဘာ ၁၉/၂၀၂၂
မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးမစ္စတာ မန်ဂျူရူလ် ကရင်လ် ချောင်ဒရီအား ယနေ့နံနက် (၉) နာရီခွဲတွင် တွေ့ဆုံခဲ့သည်ဟု သတင်းရရှိသည်။ 

Saturday, September 17, 2022

မြန်မာ့အရေး လုံခြုံရေးကောင်စီ တံခါးပိတ်ဆွေးနွေး

VOA
ဗွီအိုအေ (မြန်မာပိုင်း)
၁၇ စက်တင်ဘာ၂၀၂၂ 

ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ သောကြာနေ့က မြန်မာနိုင်ငံနဲ့ ပတ်သက်လို တံခါးပိတ်ဆွေးနွေးခဲ့ပြီး ဒီဆွေး နွေး ပွဲမှာ လက်ရှိအခြေနေတွေကို အတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer က တင်ပြခဲ့ပါတယ်။

“ ဒီနေ့မနက်ပိုင်းက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ာတံခါးပိတ်ဆွေးနွေးခဲ့ပါတယ်။ ဒီဆွေးနွေးပွဲမှာ အတွင်းရေးမှုးချုပ်ရဲ့ အထူးကိုယ်စားလှယ် Noeleen Heyzer က မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတင်ပြခဲ့ပါတယ်။” လို့ အတွင်းရေးမှုးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric ကနယူး ယောက်မြို့ ကုလသမဂ္ဂရုံးမှာ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

မြန်မာဘက်က မော်တာကျည် ပစ်ခတ်မှုကြောင့် ဘင်္ဂလား ဒေ့ရှ် ရှိ ရိုဟင်ဂျာ လူငယ် ၁ ဦး သေဆုံးကာ ၆ ဦး ဒဏ်ရာရ

mizzima
စက်တင်ဘာလ ၁၇ ရက်
မြန်မာဘက်က မော်တာကျည်ပစ်ခတ်မှုသည် ဘင်္ဂလားဒေ့ရှ်ပိုင်နက်အတွင်း ကျရောက်ပေါက်ကွဲပြီး ရိုဟင်ဂျာ လူငယ် တစ်ဦး သေဆုံးကာ အနည်းဆုံး လူ ခြောက်ဦး ထိခိုက်ဒဏ်ရာရကြောင်း ဌာနေတာဝန်ရှိသူများနှင့် ရိုဟင်ဂျာ ခေါင်းဆောင်တစ်ဦးတို့က ပြောသည်။ 
 
သောကြာနေ့ နှောင်းပို်ငး မော်တာကျည် ပေါက်ကွဲမှုအတွင်း ယင်း လူငယ် သေဆုံးခဲ့ရခြင်းဖြစ်ပြီး မြန်မာ-ဘင်္ဂ လားဒေ့ရှ် နယ်စပ်က ရိုဟင်ဂျာ ၄,၀၀၀ နီးပါး နေထိုင်ရာ no-mans land အဖြစ် သတ်မှတ်ထားသည့် ဧရိယာမှ ရိုဟင်ဂျာခေါင်းဆောင်ဖြစ်သူ ဒယ် မိုဟာမတ်က ပြောသည်။ 
 

မြန်မာဘက်က အမြောက်ကျည်ထိမှန်လို့ ဘင်္ဂလားဘက်မှာ သေဆုံးထိခိုက်မှုရှိ

VOA
ဗွီအိုအေမြန်မာပိုင်း
၁၇ စက်တင်္ဘာ ၂၀၂၂

Rohingya camp in Cox’s Bazaar, Bangladesh

မြန်မာဘက်က အမြောက်ကျည်ကြောင့် ရိုဟင်ဂျာ လူငယ် တစ်ဦး သေဆုံး၊ အနည်းဆုံး ခြောက်ဦး ဒဏ်ရာရ

RFA
လွတ်လပ်တဲ့အာရှအသံ
မြန်မာဌာန၊ သတင်းများ

မြန်မာ ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး ရိုဟင်ဂျာ ဒုက္ခသည်စခန်းတစ်ခုအား ၂၀၁၈ ခုနှစ် ဇွန်လ ၂၉ ရက်နေ့က တွေ့ရစဉ် Photo: RFA

မြန်မာဘက်က မနေ့က ပစ်ခတ်လိုက်တဲ့ မော်တာကျည် ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ရိုဟင်ဂျာ လူငယ်တစ် ဦး သေဆုံးပြီး အနည်းဆုံး ခြောက်ဦး ဒဏ်ရာရခဲ့တယ်လို့ ဘင်္ဂလား ဒေ့ရှ် အာဏာပိုင်တွေက ပြောပါတယ်။ ဒီဖြစ် ရပ်ကြောင့် နယ်စပ်အနီး ဒုက္ခသည်စခန်းတွေ မှာ နေထိုင်ကြတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေ အထိတ်တလန့်ဖြစ်နေ ကြ တယ် လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို မြန်မာဘက်က လက်နက်ကြီးထပ် မံ ကျရောက်မှု ငြိမ်းချမ်းစွာမဖြေရှင်းနိုင်ရင် ကုလသမဂ္ဂထံ တိုင်ကြားမယ်လို့ ပြည်ထဲရေးဝန်ကြီး ပြော

B B C

ဘီဘီစီမြန်မာပိုင်း

2022-09-17


မြန်မာဘက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင်နက်ထဲ လက်နက်ကျည်ကျရောက်ပေါက်ကွဲမှုတွေ ခပ်စိပ်စိပ်ဖြစ်လာနေ ပြီး ဒီပြဿနာကို ငြိမ်းချမ်းစွာမဖြေရှင်းနိုင်ရင် ဘင်္ဂလားဒေ့ရှ်က ဒီကိစ္စကို ကုလသမဂ္ဂထံ တိုင်ကြားသွားမယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ပြည်ထဲရေးဝန်ကြီးက စက်တင်ဘာ ၁၇ ရက်မှာ ဘီဘီစီဘင်္ဂါလီသတင်းဌာနထံ ပြောကြား လိုက်ပါတယ်။ 

ဒါ့အပြင် ခုလို လက်နက်ကျည်ကျရောက်လို့ ရိုဟင်ဂျာတစ်ဦး သေဆုံးရမှုအပေါ်ကိုလည်း သူက ပြင်းပြင်းထန် ထန် ကန့်ကွက်ရှုတ်ချပါတယ်။

ဒီနေ့ စက်တင်ဘာ ၁၇ ရက်မှာတော့နယ်စပ်အခြေအနေက တည်ငြိမ်အေးချမ်းနေပြီး ပစ်ခတ်သံတွေကြားရ တာ မရှိဘူးလို့လည်း ဘီဘီစီဘင်္ဂါလီသတင်းဌာနက ပြောပါတယ်။

ရိုဟင်ဂျာ ၄၀၀၀ ခန့် နေထိုင်နေတဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်မှာ ဒီ အသက် ၁၅ နှစ်အရွယ်ဆယ် ကျော်သက်ရိုဟင်ဂျာလူငယ်ဟာ မနေ့ စက်တင်ဘာ ၁၆ ရက် သောကြာနေ့နှောင်းပိုင်းမှာ မော်တော်ကျည်ဆန် ကျ ရောက်ထိမှန်လို့ သေဆုံးကြောင်း ရိုဟင်ဂျာခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒဲလ်မိုဟာမက်က ပြောပါတယ်။ 

အခုဖြစ်စဥ်နဲ့ပတ်သက်လို့ မြန်မာစစ်ကောင်စီဘက်က တုံ့ပြန်ချက်ကိုသိရဖို့ဘီဘီစီကလည်း ဆက်သွယ်မေးမြန်း ဖို့ ကြိုးစားနေပါတယ်။ 

Thursday, September 15, 2022

ဘိုကလေးမှာ အဖမ်းခံရတဲ့ ရိုဟင်ဂျာ ၅၈ ဦး ထောင်နှစ်နှစ်စီ ချမှတ်ခံရ

RFA
Radio Free Asia
2022.09.15

ဘိုကလေးမှာ အဖမ်းခံရတဲ့ ရိုဟင်ဂျာ ၅၈ ဦး ထောင်နှစ်နှစ်စီ ချမှတ်ခံရ ဘိုကလေးမြို့နယ်၊ အမာမြို့ ဂယက်ကြီးကျွန်းအနီး မျောလာသည့် စက်လှေပေါ်မှ ရိုဟင်ဂျာများကို ၂၀၂၂ ခုနှစ် သြဂုတ် ၂၉ ရက်နေ့မှာ တွေ့ရစဥ် Photo: Citizen Journalist

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်မှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၉ ရက်နေ့က အဖမ်းခံခဲ့ရတဲ့ ၁၈ နှစ်အောက် ရိုဟင်ဂျာ ၂၄ ဦး အပါအဝင် ရိုဟင်ဂျာ ၅၈ ဦးကို ဘိုကလေးမြို့နယ်တရားရုံးက စက်တင်ဘာ ၇ ရက်နဲ့ ၉ ရက်မှာ ၁၉၄၉ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးအက်ဥပဒေပုဒ်မ - ၆ (၃) နဲ့ ထောင်နှစ်နှစ် ချလိုက်တယ်လို့ ဘိုကလေးမြို့ဒေသခံတွေက RFA ကို ဒီနေ့ပြောပါတယ်။

ရိုဟင်ဂျာအရေးဆွေးနွေးပွဲ ဝါရှင်တန်ဒီစီမှာ ပြုလုပ်

RFA
Radio Free Asia
ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2022.09.14

ရိုဟင်ဂျာအရေးဆွေးနွေးပွဲ ဝါရှင်တန်ဒီစီမှာ ပြုလုပ် ၂ဝ၁၇ ခုနှစ်က မြန်မာစစ်တပ်၏ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားကြသော ရိုဟင်ဂျာဒုက္ခသည်များ။Photo: AFP

စက်တင်ဘာလ ၁၄ ရက်နေ့က အမေရိကန်နိုင်ငံ၊ ဂျော့ချ်တောင်း တက္ကသိုလ်က ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ရိုဟင် ဂျာတွေရဲ့သမိုင်းကြောင်းနဲ့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမုန်းတီးရေး စိတ်ဓာတ်တွေ ကြီးထွားလာပုံအကြောင်း သု တေသန ပြုခဲ့တဲ့ သြစတြေးလျသုတေသီ ရိုနန်လီက ခေတ်အဆက်ဆက်က အာဏာရှင်အစိုးရတွေက ပြည်သူ တွေအကြားမှာ ရိုဟင်ဂျာ မုန်းတီးရေးစိတ်ဓာတ်ပြန့်ပွားအောင် လုပ်ဆောင်ခဲ့တာကြောင့် လူမျိုးတုံးသတ် ဖြတ် မှုမြောက်တဲ့ လုပ်ရပ်တွေအထိ ဦးတည်ခဲ့တာ ဖြစ်တဲ့အကြောင်း သူ့ရဲ့သုံးသပ်ချက်တွေကို ဆွေးနွေးတင်ပြခဲ့ ပါတယ်။

"လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ ရိုဟင်ဂျာတွေ ဆက်လက်ရင်ဆိုင် နေရတဲ့ ညှဉ်းပန်းနှိပ်စက်မှု" ဆွေးနွေးပွဲ

VOA
ဗွီအိုအေမြန်မာပိုင်း
နန်းလောင်ဝ်
၁၅ စက်တင်ဘာ၊ ၂၀၂၂ 

Bangladesh Rohingya

"လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေ ဆက်လက်ရင်ဆိုင်နေရတဲ့ ညှဉ်းပန်းနှိပ်စက်မှုများ "ဆိုတဲ့ ခေါင်းစဉ်နဲ့ အမေရိကန်ပြည်ထောင်စု၊ Georgetown တက္ကသိုလ်၊ Berkley Center မှာ စက်တင်ဘာလ ၁၄ ရက်နေ့က ဆွေးနွေးပွဲတရပ်ကျင်းပခဲ့ပါတယ်။ ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာတွေအရေး အကျွမ်းတဝင်လေ့လာ ထားတဲ့ ပညာရှင်တွေ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။ အပြည့်အစုံကိုတော့ နန်းလောင်ဝ်က ကောက်နုတ် တင်ပြထားပါတယ်။

Wednesday, September 14, 2022

တိုင်းပြည်ပြုလွှတ်တော်ဥက္ကဋ္ဌဦးနုနှင့် လွှတ်တော်အမတ် ဗိုလ်ချုပ်အောင်ဆန်း

တိုင်းပြည်ပြုလွှတ်တော်ဥက္ကဋ္ဌဦးနုနှင့် လွှတ်တော်အမတ် ဗိုလ်ချုပ်အောင်ဆန်း

-လင်းအေး
(၂၅ -၄-၂၀၁၆)ကြေးမုံ

ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အင်္ဂလန်နိုင်ငံသို့ သွားရောက်၍ ဗြိတိ သျှအစိုးရနှင့် ဆွေးနွေးပြီးနောက် ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ဗြိတိသျှနန်းရင်းဝန်အက်တလီ
(Mr. Clement Richard Attlee)နှင့်အောင်ဆန်း-အက်တလီစာချုပ်ကို လက်မှတ်ရေးထိုးချုပ်ဆိုခဲ့သည်။

အောင်ဆန်း-အက်တလီစာချုပ် ပထမအပိုဒ်တွင်“မြန်မာနိုင်ငံတော်သူ နိုင်ငံတော်သားတို့သည် မိမိတို့ နိုင်ငံ၏ အနာဂတ်အုပ်ချုပ်ရေးကို ဆောလျင်နိုင်သမျှ ဆောလျင်စွာ ဆုံးဖြတ်နိုင်စိမ့်သောငှာ၁၉၃၅ ခုနှစ် အက်ဥပဒေအရ ဥပဒေပြုအဖွဲ့အစား တိုင်းပြည်ပြုလွှတ်တော်ကို ရွေးကောက်တင်မြှောက်စေ ရမည်”ဟု ဖော်ပြထားသည်။

Tuesday, September 13, 2022

"ရိုဟင်ဂျာလူမျိုးများအား လူမျိုးတုန်းသတ်ဖြတ်မှုအပေါ် တရားမျှတမှုရှာဖွေရေး ခရီး"


"ရိုဟင်ဂျာလူမျိုးများအား လူမျိုးတုန်းသတ်ဖြတ်မှုအပေါ် တရားမျှတမှုရှာဖွေရေး ခရီး"

စကားဝိုင်းမှာ ပါဝင်ဆွေးနွေးမယ့်လူတွေကတော့ မခင်ဥမ္မာ၊ ကိုနေဆန်းလွင်၊ ကိုထွန်းခင်၊ ကိုအောင်ကျော်မိုး နှင့် ကိုကျော်ဝင်း တို့ဖြစ်ပြီး ကိုရဲဟိန်းအောင်ကတော့ မော်ဒရေတာ လုပ်မှာဖြစ်ပါတယ်။

နေ့ရက်: ၁၂ ရက်နေ့ စက်တင်ဘာလ ၂၀၂၂
အချိန် : မြန်မာစံတော်ချိန် ည ၈ နာရီ

IIMM သည် မြန်မာနိုင်ငံတွင် နိုင်ငံတကာ ရာဇ၀တ်မှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း ကုလသမဂ္ဂသို့ တင်ပြ ခဲ့

VOA
ဗွီအိုအေ (မြန်မာဌာန)
စက်တင်ဘာ ၁၂၊ ၂၀၂၂
IIMM Myanmar အတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရား၏ အကြီးအကဲ Nicholas Koumjian

IMM သည် မြန်မာနိုင်ငံတွင် နိုင်ငံတကာ ရာဇ၀တ်မှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း ကုလသမဂ္ဂသို့ တင်ပြခဲ့သည်။

IMM Myanmar ၏ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရား၏ အကြီးအကဲ Nicholas Koumjian က မြန် မာနိုင်ငံတွင် နိုင်ငံတကာ ရာဇ၀တ်မှုများ ဆက်လက် ကျူးလွန်နေခြင်းကြောင့် ပြည်သူများ ဒုက္ခရောက်နေကြကြောင်း ယနေ့ ကျင်းပသည့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီတွင် ပြောကြားခဲ့သည်။ ဥပဒေတစ်ခုခု။

ရိုဟင်ဂျာဒုက္ခသည် အကျပ်အတည်းကြောင့် တည်ငြိမ်မှု ထိခိုက်မည်ကို ဘင်္ဂလားဒေ့ရှ် က စိုးရိမ်နေသည်။

VOA
VOA မြန်မာပိုင်း
13 စက်တင်ဘာ 2022
ရိုဟင်ဂျာဒုက္ခသည်စခန်း မီးလောင်မှုမြင်ကွင်း (ဓာတ်ပုံ - ဦးအေးလွင် - ဇန်နဝါရီ ၁၄၊ ၂၀၂၁)

လူပြည့်ကျပ်နေတဲ့ စခန်းတွေမှာ ရိုဟင်ဂျာဒုက္ခသည် ၁ သန်းကျော်ရဲ့ ရေရှည်နေထိုင်မှုဟာ လုံခြုံရေးနဲ့ တည် ငြိမ်ရေး အတွက် စိုးရိမ်စရာ ဖြစ်လာတယ်လို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က ပြောပါတယ်။ ၎င်းတို့ ကြုံတွေ့နေရသော ပြဿနာများအပြင် အချိန်အကြာကြီး နေထိုင်နေရခြင်းကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ စီးပွားရေးနှင့် သ ဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina က နိုင်ငံပေါင်း ၂၄ နိုင်ငံမှ အကြီးတန်း စစ်ဘက်အရာရှိများ၏ ၃ ရက်ကြာ အစည်းအဝေး အဖွင့်တွင် ပြောကြားခဲ့သည်။ အင်ဒို-ပစိဖိတ်ဒေသရဲ့ လုံခြုံ ရေးနဲ့ ပြည်သူ့နိုင်ငံရေးတည်ငြိမ်မှုအပေါ် အပျက်သဘောဆောင်တဲ့ သက်ရောက်မှုတွေ ရှိနေပါတယ်။

မြန်မာစစ်တပ်ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှု အထောက်အ ထားများကို ဖေ့စ်ဘွတ်က ကုလစုံစမ်းစစ်ဆေးသူထံ ပေးအပ်

DVB 
13 September, 2022
မြန်မာစစ်ခေါင်းဆောင်တွေကို စစ်ရာဇဝတ်မှုနဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေနဲ့ စွဲချက်တင်နိုင်ဖို့ အထောက်အကူဖြစ်စေမယ့် အချက်အလက် အထောက်အထားပေါင်း သန်းနဲ့ချီပြီး ဖေ့စ်ဘွတ်ခ်က ပေးအပ်ခဲ့တယ်လို့ ကုလသမ ဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာစုံစမ်းစစ်ဆေးသူများအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

၂၀၁၈ ခုနှစ်က စတင်ကာ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား (IIMM) အဖွဲ့ဟာ နိုင်ငံတွင်း၊ ဒေသတွင်းနဲ့ နိုင်ငံတကာ တရားရုံးတွေမှာ မြန်မာစစ်တပ်ကို တရားစွဲဆိုနိုင်ရေး အချက်အလက်အမှုတွဲတွေ ပြင်ဆင်တည်ဆောက်နေတာ ဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် ပြည်တွင်းစစ် ပြေးဒုက္ခသည် တသန်းခွဲနီးပါး ရှိလာ ( ISP)

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */