Narinjara
နိရဉ္စရာ၊ စက်တင်ဘာ ၁၉/၂၀၂၂
'' ULA/AA က ဒီပြဿနာကို ဖြေရှင်းပေးရဖို့ဆိုရင် ဖြစ်သင့်တာက နံပါတ်တစ်အနေနဲ့ နိုင်ငံတကာနဲ့ ဘင်္ဂလား ဒေ့ရှ့် အစိုးရက ULA/AAကို ဒီပြဿနာဖြေရှင်းတဲ့နေရာမှာ Main Stakeholder (အဓိကသက်ဆိုင်တဲ့ အဖွဲ့အ စည်းအဖြစ်) အနေနဲ့ အသိအမှတ်ပြုဖို့လိုပါတယ်။ နံပါတ် ၂ အနေ နဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရ၊ UN အပါအဝင် ကမ္ဘာ့ အင်အားကြီးနိုင်ငံတွေက ကူညီထောက်ပံ့မှု အပြည့်အဝ ပေးပြီး ULA/AAနဲ့ အတူ ရပ်တည်ပေးဖို့လိုပါတယ်။အဲ့လို အခြေအနေဖြစ်လာရင် ကျွန်တော်တို့ ULA /AAရဲ့ ဒုက္ခသည်လက်ခံရေးနဲ့ နေရာချထားရေးမူဝါဒကို တရားဝင် ထုတ်ဖော်ကြေညာပြီးရင် တရားမျှတမှုနှင့်ငြိမ်းချမ်းရေးအခြေခံကနေပြီး ရေရှည်တည်တံ့တဲ့ အတူယှဥ်တွဲနေ ထိုင်ရေးကို လုပ်ဆောင်သွားပါမယ်''ဟု ဦးခိုင်သုခက ဆိုသည်။
၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်၏ နယ်မြေရှင်းလင်းရေးကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းက အစ္စလာမ်ဘာ သာ ဝင် (၇) သိန်းကျော်ခန့်သည် နေရပ်စွန့်ခွာပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးခဲ့ကြရသည်။ ၎င်းတို့ နေရပ်ပြန် ရေး မှာ နိုင်ငံတကာက ULA/AA အစိုးရကို တရားဝင်အသိအမှတ် ပြုလာသည့်အချိန်တွင် လုပ်ဆောင်နိုင်မည်ဟု ၎င်းကပြောဆိုသည်။
အဆိုပါဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးအတွက် နိုင်ငံတကာက ULA/AAအစိုးရကိုအသိအမှတ်ပြုပြီး အဓိကနေ ရာကနေ ဖြေရှင်းခိုင်းလျှင် မူဆလင်ဒုက္ခသည်များ နေရပ်ပြန်ရေးကို လုပ်ဆောင်နိုင်မည်ဟု ဆိုသည်။
၎င်းပြင် ဦးခိုင်သုခက “ နေရပ်စွန့်ခွာသူတွေအရေးဟာ ရခိုင်ပြည်အနှံ့၊ ဗမာပြည်နှံ့ဖြစ်နေပါတယ်။ ဒီအထဲမှာ ၂၀၁၇ခု နှစ်က မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးကြောင့် မောင်တောမြောက်ပိုင်း ကနေပြီး ဘင်္ဂလားဒေ့ရှ် သို့အစုလိုက်အပြုံလိုက်ထွက်ပြေးသွားတဲ့ မူဆလင်ဒုက္ခသည်တွေ နေရပ်ပြန်ရေးကို သူတို့နဲ့ထပ်တူ ကိုယ်ချင်းစာ ပါတယ်။ ဒါပေမယ့် ULA/AAလို တော်လှန်ရေး အစိုးရတရပ်အနေနဲ့ ဒီလောက်ကြီးမားတဲ့ ပြဿနာကို လက်ရှိအ နေ အထားအရ ကိုင်တွယ် ဖြေရှင်းဖို့က ပြောသလောက်မလွယ်ကူပါဘူး။ ယူကရိန်းလို နိုင်ငံတကာက ထောက် ခံပေးထားတဲ့ နိုင်ငံတွေတောင် ဒုက္ခသည်ပြဿနာကို မဖြေရှင်းနိုင်ကြသေးပါဘူး” ဟု ပြောဆိုသည်။
ဘင်္ဂလားဒေ့ရှ့်အစိုးရ ဝန်ကြီးချုပ် ရှိတ်ဟာဆီးနာကလည်း ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိနေသည့် မြန်မာပြည်က မူဆလင်ဒုက္ခသည်များအရေးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အကျပ်အတည်း ဖြစ်နေသည်ဟု စက်တင်ဘာလဆန်းပိုင်းကပြောဆိုထားပြီး နိုင်ငံတကာက ကူညီဖြေရှင်း ပေးကြရန်လည်း တိုက်တွန်း တောင်းဆိုထားသည်။ (NN-16)
(Photo by Reuters)
No comments:
Post a Comment