" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, September 17, 2022

မြန်မာဘက်က အမြောက်ကျည်ထိမှန်လို့ ဘင်္ဂလားဘက်မှာ သေဆုံးထိခိုက်မှုရှိ

VOA
ဗွီအိုအေမြန်မာပိုင်း
၁၇ စက်တင်္ဘာ ၂၀၂၂

Rohingya camp in Cox’s Bazaar, Bangladesh


ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ရဲ့ စစ်ဆင်ရေးဆိုင်ရာ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး Faizur Rahman ကလည်း အဲဒီပစ်ခတ်မှုကြောင့် ရိုဟင်ဂျာ လူငယ်တဦး သေဆုံးခဲ့ကြောင်း AFP သတင်းဌာန ကို ပြောပါတယ်။ အဲဒီအတွက် သူတို့တပ်ဖွဲ့အနေနဲ့ နယ်စပ်ဒေသကို လုံခြုံစိတ်ချအောင် ကာကွယ်သွားမှာ ဖြစ်ကြောင်း နဲ့ မြန်မာ ဖက် ကိုလည်း ပြင်းပြင်းထန်ထန် ကန့်ကွက်သွားမှာဖြစ်ကြောင်း ပြောပါတယ်။ 
 
ဒီလအေစာပိုင်းကလည်း မြန်မာဖက်က‌နေ ဘင်္ဂလားဒေရှ့် ပိုင်နက်အတွင်း လက်နက်ကြီး ကျည်ဆံကျ‌ရောက်‌ ပေါက်ကွဲမှုနဲ့ လေကြောင်းပိုင်နက် ချိုးဖေါက်မှုတွေအတွက် ဘင်္ဂလားရှ်ေ့ဆိုင်ရာ မြန်မာသံအမတ်ကြီးကို သုံး ကြိမ်တိုင်တိုင် ဆင်ခေါ်ပြီး စိုးရိမ်‌ကြောင်း ‌ပြောဆိုခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ မြန်မာစစ်ကောင်စီတပ်တွေနဲ့ ရခိုင်တပ်တော် AA တို့ အကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။မွတ်ဆလင် ရိုဟင်ဂျာတွေဟာ မြန်မာစစ်တပ်ရဲ့ ရန်ကို စိုးရိမ်ပြီး နယ်စပ်ဖြတ် ကျော်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းက ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေထိုင်နေကြပါတယ်။ မြန်မာစစ်တပ်က တော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို အသိအမှတ်ပြုခြင်းမရှိပါဘူး။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */