စက်တင်ဘာလ ၁၇ ရက်

သောကြာနေ့ ညပိုင်း၌ မြန်မာပိုင်နက်ဘက်မှ မော်တာကျည် ငါးစင်း ပစ်ခတ်ကြောင်း၊ ဒေသစံတော်ချိန် ၁၀ နာရီခွဲခန့်၌ သုံးစင်း ပေါက်ကွဲကြောင်း ယင်း ဧရိယာရှိ ပြည်သူများက ပြောကြောင်း ဘင်္ဂလားဒေ့ရှ် ဌာနေမီဒီယာ က ဖော်ပြသည်။
သေဆုံးသူသည် အသက် ၁၈ နှစ်ရှိ အီကာဘယ် ဟူစိန် ဘာရီ ဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ် The Daily Star သ တင်း စာက ဖော်ပြသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား လေးဦးလည်း ထိခိုက်ဒဏ်ရာ ရရှိသည်ဟု ယင်း သတင်းအရ သိရသည်။
ယခု ဖြစ်ရပ်နှင့် ပတ်သက်ပြီး မြန်မာဘက်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်သွားမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရ နယ်ခြားစောင့် တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကမ္ဘာ၌ အကြီးဆုံး ဒုက္ခသည်စခန်းအဖြစ် သတ်မှတ်ခံရသည့် ဘင်္ဂလားဒေ့ရှ် တောင်ပိုင်းက ယာယီတဲစခန်းများ အ တွင်း ရိုဟင်ဂျာ တစ်သန်းကျော်မက နေထိုင်နေကြပြီး အများစုမှာ ၂၀၁၇ ခုနှစ်အတွင်း စစ်တပ်၏ ဖြိုခွင်းမှု အတွင်း မြန်မာဘက်မှ တိမ်းရှောင်ထွက်ပြေးလာကြသူများ ဖြစ်သည်။
နိုငငံပိုင်နက်အတွင်းသို့ မော်တာကျည်များ ကျရောက်မှုအပေါ် အလွန်စိုးရိမ်ပူပန်ကြောင်းအပြင် မြန်မာဘက်က နယ်စပ်တွင် လေကြောင်း ထိုးစစ်ဆင်ခြင်းနှင့် လေပိုင်နက်ဧရိယာ ချိုးဖောက်ခြင်းများအတွက် ဘင်္ဂလားဒေ့ရှ်နိုင် ငံက ယခုလအတွင်း ထုတ်ပြန်ချက်တစ်စောင် ထုတ်ခဲ့သည်။
မကြာသေးသော သီတင်းပတ်များအတွင်း ဒါကာရှိ မြန်မာသံအမတ်ကို သုံးကြိမ်တိုင် သမ္မန်ဆင့်ခေါ်ခဲ့ပြီး ဘင်္ဂ လားဒေ့ရှ်အစိုးရ၏ စိုးရိမ်မှုကို ပြောဆိုထားခဲ့သည်။
(မိုးသဲ ဘာသာပြန်သည်။)
Link : Here
No comments:
Post a Comment