" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, September 19, 2022

မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှု တားဆီးဖို့ AA တောင်းဆို

VOA
၁၉ စက်တင်ဘာ ၂၀၂၂
ငြိမ်းချမ်း
ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ AA နဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေပြင်းထန်နေတဲ့ မောင်တောမြို့ မြောက် ပိုင်းမှာ စစ်ကောင်စီဘက်က အင်အားတိုးမြှင့်ချထားသလို လက်နက်ကြီးတွေနဲ့ မဆင်မခြင်ပစ်ခတ်မှု ကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို လက်နက်ကြီးတွေကျည်တွေကျခဲ့တဲ့အကြောင်း AA အဖွဲ့က ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် လက်နက်ကြီးကျည်တွေကျပြီး ဒုက္ခသည်တချို့ ထိခိုက်သေဆုံးခဲ့မှုဟာ AA ရခိုင်လက် နက် ကိုင်အဖွဲ့နဲ့ ARSA အစွန်းရောက် ဘင်္ဂလီအဖွဲ့တွေရဲ့ လက်ချက်လို့ စစ်ကောင်စီဘက်က ပြောခဲ့တာကို ဒီနေ့ အွန်လိုင်း သတင်းစာရှင်းလင်းပွဲမှာ AA ဘက်က တုံ့ပြန်လိုက်တာပါ။ AA ရခိုင်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ရဲ့ သတင်းစာရှင်းလင်းပွဲအကြောင်း သတင်းပေးပို့ချက်ကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် လက်နက်ကြီးကျည်တွေကျခဲ့တဲ့ပစ်ခတ်မှုဟာ မြန်မာစစ်တပ် ရဲ့ လက်ချက်ဖြစ်ပြီး ဒေသတွင်းတည်ငြိမ်ရေးကို ထိခိုက်လာတဲ့လုပ်ရပ်ဖြစ်တာကြောင့် စစ်ကောင်စီအပေါ် နိုင်ငံ တကာရဲ့ လက်နက်ရောင်းချတင်ပို့မှု ပိတ်ဆို့ရေး အရေးတကြီးလိုနေပြီဆိုတာ ပြသနေတဲ့အကြောင်း ဒီနေ့ အွန် လိုင်းက ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ AA ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ပြောခွင့်ရ ခိုင်သုခက ပြောဆိုခဲ့ပါတယ်။

“ ဒီကိစ္စတွေ မဖြစ်ဖို့ဆိုရင် မြန်မာစစ်တပ်ကို လက်နက်ကြီးတွေနဲ့ စည်းမရှိ ကမ်းမရှိမပစ်နိုင်အောင် နိုင်ငံတကာ နဲ့ ဝိုင်းဝန်းပြီးတော့ ထိန်းချုပ်ဖို့လိုပါတယ်။ နောက်ပြီးတော့ မြန်မာနိုင်ငံကို လက်နက်ရောင်းနေတဲ့ နိုင်ငံတွေကို မြန်မာနိုင်ငံကို လက်နက်မရောင်းဖို့ လိုသလို အိမ်နီး နားချင်းနိုင်ငံတွေအနေနဲ့လည်း စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီးတော့ ဝိုင်းပြီးတော့ ထိန်းကျောင်းဖို့ လိုတယ်”

လက်နက်ကြီးကျည်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်ထဲက ဒုက္ခသည်စခန်းပေါ်ကျခဲ့တာကြောင့် ဒုက္ခသည်တဦး သေ ဆုံးခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတဦးအပါအဝင် ၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး တနင်္ဂနွေနေ့ က မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကန့် ကွက် ခဲ့ ပါတယ်။ တလအတွင်း စတုတ္ထအကြိမ် ဆင့်ခေါ် ကန့်ကွက်တာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် သတင်းတွေမှာ ဖေါ်ပြပါတယ်။

မြန်မာစစ်ကောင်စီဘက်ကတော့ AA ရခိုင်လက်နက်ကိုင် အဖွဲ့နဲ့ ARSA အစွန်းရောက် ဘင်္ဂလီအဖွဲ့တွေ နယ်စပ် ခြံစည်းရိုးနားက လုံခြုံရေးရဲကင်းတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ကျခဲ့တာလို့ သတင်းထုတ်ပြန်ထားပါတယ်။

ရခိုင်လက်နက်ကိုင် AA အဖွဲ့အနေနဲ့ အရပ်သားတွေ ထိခိုက်သေဆုံးမှုမရှိဖို့အတွက် လူနေထူ ထပ်တဲ့နေရာ တွေ မှာ တိုက်ပွဲဖော်ဆောင်တာတွေမရှိအောင် အရပ်သားတွေကိုကို ကာကွယ် ပေးတာတွေ ကို လုပ်ဆောင်နေပေ မယ့် စစ်ကောင်စီအနေနဲ့ အရပ်သားတွေကို ဦးတည်တိုက်ခိုက်တာတွေ လုပ်ဆောင်နေတယ်လို့ သတင်းစာ ရှင်း လင်းပွဲမှာ AA ရခိုင်တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့ပြောခွင့်ရ ခိုင်သုခက ပြောဆိုသွားပါတယ်။

“ မြောက်ဦးမှာလည်း မြန်မာစစ်တပ်က လက်နက်ကြီးနဲ့ လှမ်းပစ်လို့ အရပ်သားတွေ သေကြေ အနာတရ ဖြစ်ခဲ့ တာတွေရှိပါတယ်။ နောက်တခြားနေရာတွေမှာလည်း လက်နက်ကြီးနဲ့ ပစ်နေတာတွေရှိတယ်၊ မောင်တောဘက် မှာ မြန်မာစစ်တပ်ဘက်က ည ၈ နာရီ လောက်မှာ လက်နက်ကြီးနဲ့ ပစ်လို့ မွတ်ဆလင်တယောက်သေပြီးတော့ နောက် မွတ်ဆလင် ၅ ယောက် ဆေးရုံရောက်နေတာရှိပါတယ်။”

ရခိုင်မြောက်ပိုင်းတိုက်ပွဲတွေ ပြင်းထန်နေတဲ့ အချိန်မှာပဲ စစ်ကောင်နဲ့ AA အဖွဲ့ကြား တိုက်ရိုက် ဆက်သွယ်ဆွေး နွေး မှုတွေ ရှိတဲ့အကြောင်း မကြာသေးခင် သီတင်းပတ်တွေအတွင်းက စစ်ကောင်စီဘက်က ပြောဆိုထားပါ တယ်။ ရခိုင်လက်နက် AA အဖွဲ့ဘက်ကတော့ ဒီကိစ္စပတ်သက်ပြီး မသိရှိကြောင်း တုံ့ပြန်ပါတယ်။ ဒါပေမယ့် လည်း နိုင်ငံရေးအရ မျှမျှတတဆွေးနွေးချင်တယ်ဆိုရင် AA အဖွဲ့ဘက်က အဆင်သင့်ရှိတယ်လို့လည်း AA ရခိုင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ပြောခွင့်ရ ခိုင်သုခက ပြောဆိုခဲ့ပါတယ်။

“ ကျနော်တို့ ULA/AA အနေနဲ့ အခုဖြစ်နေတာက နိုင်ငံရေးအရ ဖြေရှင်းစရာမရှိလို့ မလွှဲသာ မရှောင်သာ တိုက် ပွဲတွေ ဖြစ်နေရတာဖြစ်တယ်။ ဆိုတော့ ULA/AA ရဲ့ မူဝါဒကတော့ နိုင်ငံရေး ပြဿနာကို နိုင်ငံရေး အရ ဖြေရှင်း မယ်ဆိုရင် ကျနော်တို့ဘက်က အမြဲတမ်းတံခါး ဖွင့်ထားပါတယ်။ အခုလည်း ဘယ်အချိန်မဆို နိုင်ငံရေးအရ မှန် မှန်ကန်ကန် တဘက်နဲ့ တဘက် တရားမျှ တမှုရှိရှိနဲ့ တွေ့ဆုံဆွေးနွေးမယ်ဆိုရင်တော့ ကျနော်တို့ဘက်က အ ဆင်သင့်ရှိတယ်ဆိုတာ ပြောချင်ပါတယ်။”

မြန်မာစစ်တပ်ဘက်က မောင်တောနယ်စပ်မှာ အင်းအား တသောင်းနီးပါး တိုးမြှင့်ချထားသလို ရခိုင်လနက်ကိုင် AA အဖွဲ့ဘက်ကလည်း အင်းအားအများအပြားနဲ့ တန်ပြန်တိုက်နေတယ်လို့ ရခိုင်တိုင်းရင်းသား လက်နက်ကိုင် AA က ပြောဆိုပါတယ်။ စစ်ကောင်စီဘက်ကတော့ တစုံတရာ တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။ အခုလို တ ကျော့ပြန်ဖြစ်ပွားနေတဲ့ နယ်ခြားဒေသတိုက်ပွဲတွေကြောင့် နောက်ထပ် ဒုက္ခသည်တွေ မြန်မာနိုင်ငံဘက်က ထွက်ပြေးလာမှာကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကရော၊ ကုလသမဂ္ဂ ဒုက္ခသည်ကူညီရေးအဖွဲ့တွေကပါ စိုးရိမ်နေကြ ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့ အကြီးအကဲတဦးကတော့ လောလောဆယ် နယ်ခြားမှာ လုံ ခြုံရေးကို တင်းကြပ်ထားတဲ့အကြောင်းနဲ့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲတဲ့ကိစ္စကို စုံစမ်းစစ်ဆေး နေကြောင်း Arab သတင်းဌာနကို ပြောပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */