" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, September 17, 2022

မြန်မာဘက်က အမြောက်ကျည်ကြောင့် ရိုဟင်ဂျာ လူငယ် တစ်ဦး သေဆုံး၊ အနည်းဆုံး ခြောက်ဦး ဒဏ်ရာရ

RFA
လွတ်လပ်တဲ့အာရှအသံ
မြန်မာဌာန၊ သတင်းများ

မြန်မာ ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး ရိုဟင်ဂျာ ဒုက္ခသည်စခန်းတစ်ခုအား ၂၀၁၈ ခုနှစ် ဇွန်လ ၂၉ ရက်နေ့က တွေ့ရစဉ် Photo: RFA

မြန်မာဘက်က မနေ့က ပစ်ခတ်လိုက်တဲ့ မော်တာကျည် ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ရိုဟင်ဂျာ လူငယ်တစ် ဦး သေဆုံးပြီး အနည်းဆုံး ခြောက်ဦး ဒဏ်ရာရခဲ့တယ်လို့ ဘင်္ဂလား ဒေ့ရှ် အာဏာပိုင်တွေက ပြောပါတယ်။ ဒီဖြစ် ရပ်ကြောင့် နယ်စပ်အနီး ဒုက္ခသည်စခန်းတွေ မှာ နေထိုင်ကြတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေ အထိတ်တလန့်ဖြစ်နေ ကြ တယ် လို့ ဆိုပါတယ်။


ဒီကိစ္စနဲ့ပတ်သက်ပြီး နယ်စပ်ဒေသကို လုံခြုံအောင် ဆောင်ရွက်သွားမှာဖြစ်ပြီး မြန်မာဘက် ကိုလည်း ပြင်းပြင်း ထန်ထန် ကန့်ကွက်သွားမယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် အကြီးအကဲ Faizur Rahman က ပြောပါ တယ်။

ဒီလအစောပိုင်းကလည်း မြန်မာဘက်က လက်နက်ကြီးတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ကျရောက်ပေါက်ကွဲမှုနဲ့ လေ ကြောင်းပိုင်နက် ချိုးဖောက်မှုေွအတွက် ဒါကာမှာရှိတဲ့ မြန်မာသံအမတ်ကြီးကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန် ကြီးဌာနက ၃ ကြိမ်တိုင်တိုင် ဆင့်ခေါ်ပြီး စိုးရိမ်ပူပန်ကြောင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်တောင်ပိုင်းက ဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာ ၁ သန်းကျော် နေထိုင်နေပြီး အများစုဟာ ၂ဝ၁၇ ခုနစ် စစ်တပ်ရဲ့ ဖြိုခွင်းမှုတွေကြောင့် မြန်မာနိုင်ငံက ထွက်ပြေးလာသူ တွေ ဖြစ်ကြပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */