" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, September 17, 2022

မြန်မာ့အရေး လုံခြုံရေးကောင်စီ တံခါးပိတ်ဆွေးနွေး

VOA
ဗွီအိုအေ (မြန်မာပိုင်း)
၁၇ စက်တင်ဘာ၂၀၂၂ 

ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ သောကြာနေ့က မြန်မာနိုင်ငံနဲ့ ပတ်သက်လို တံခါးပိတ်ဆွေးနွေးခဲ့ပြီး ဒီဆွေး နွေး ပွဲမှာ လက်ရှိအခြေနေတွေကို အတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer က တင်ပြခဲ့ပါတယ်။

“ ဒီနေ့မနက်ပိုင်းက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ာတံခါးပိတ်ဆွေးနွေးခဲ့ပါတယ်။ ဒီဆွေးနွေးပွဲမှာ အတွင်းရေးမှုးချုပ်ရဲ့ အထူးကိုယ်စားလှယ် Noeleen Heyzer က မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတင်ပြခဲ့ပါတယ်။” လို့ အတွင်းရေးမှုးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric ကနယူး ယောက်မြို့ ကုလသမဂ္ဂရုံးမှာ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

အထူးကိုယ်စားလှယ်ရဲ့ တင်ပြဆေးနွေးချက်တွေကိုတော့ အသေးစိတ် မသိရပါဘူး။ အခုလို လုံခြုံရေးကောင်စီ မှာ မြန်မာ့အရေး ဆွေးနွေးဖို့ကို အလှည့်ကျ ဥက္ကဌ နော်ဝေနိုင်ငံက တင်ပြတောင်းဆိုခဲ့တာပါ။ မြန်မာနိုင်ငံက အ ခြေအနေတွေဟာ တနေ့ထက်တနေ့ ဆိုးလာနေတဲ့အတွက် လုံခြုံရေးကောင်စီအနေနဲ့ တညီတညွတ်တည်း ရပ် တည်ပြီး လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ နော်ဝေးသံအမတ်ကြီး Mona Juul ကပြောဆိုခဲ့ပါ တယ်။

ဒေါ်ဆောင်ဆန်းစုကြည် နဲ့ တွေ့ခွင့်မရရင် မြန်မာနိုင်ငံကို နောက်ထပ် တခေါက်မသွားတော့ဘူးလို့ ပြီးခဲ့တဲ့ စက် တင်ဘာလဆန်းပိုင်းက အထူးကိုယ်စားလှယ် Noleen Heyzer က စင်္ကာပူ ဆွေးနွေးပွဲတခုမှာ ပြောဆိုခဲ့ပါတယ်။

တချိန်ထဲမှာပဲ မြန်မာနိုင်ငံ အပါအဝင် အရေးအပေါ် အကူအညီ လိုအပ်နေတဲ့ ကမ္ဘာပေါ်က ၁၁ နေရာအတွက် ကုလသမဂ္ဂ လူသားခြင်း စာနာမှုနဲ့ အရေးပေါ် ကူညီရေးဌာနကနေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချမှတ်ပေးခဲ့ ပါတယ်။

 

Link: Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */