" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, September 21, 2022

ရိုဟင်ဂျာ ကလေး ၂၅ ဦး အပါအဝင် ၄၀ ကျော် ဖမ်းခံရ

သတင်းနှင့်မီဒီယာကွန်ယက်
Wednesday, September 21, 2022
ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်တွင် ရိုဟင်ဂျာ ကလေး ၂၅ ဦး အပါအဝင် စုစုပေါင်း ၄၂ ဦး ကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားသည်ဟု မြို့ခံများ က ပြောသည်။ညောင်ချောင်း ကျေးရွာအုပ်စု၊ ငါးမြင်းချောင်းကျေးရွာတွင် ဖမ်းမိသည့် ရိုဟင်ဂျာ ၄၂ ဦး အနက် အသက် ၁၈ နှစ်အောက်၊ ကျား/မ ၂၅ ဦး အပါအဝင် ကျန်းမာရေး မကောင်း ဘဲ ဖျားနေသူ အမျိုးသမီး ၁ ဦး နှင့် အမျိုးသား ၂ ဦး တို့လည်း ပါဝင်သည်ဟု သိရသည်။

“ရွာမှာ မျက်နှာစိမ်း အမျိုးသမီး တစ်ဦးကို တွေ့လို့ ရွာလူကြီးတွေက ခေါ်စစ်တာမှာ ကျန်တဲ့ ၄၁ ယောက်ကို ပါ ဖမ်းမိတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

၎င်းတို့ကို စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့က စက်တင်ဘာလ ၁၉ ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ထိုနေ့က ဖမ်းဆီးခံရသည့် ရိုဟင်ဂျာများသည် ရခိုင်ပြည်နယ်၊ မင်းပြားဘက်မှ ရေလမ်းက တစ်ဆင့် စက်လှေဖြင့် လပွတ္တာမြို့နယ်၊ လပွတ္တလုပ် မြစ်ကြောင်းအတိုင်း မြောင်းမြမြို့နယ်ငါးမြင်းချောင်းကျေးရွာ အထိ ရောက်ရှိကြ ခြင်း ဖြစ်သည်ဟု ဆိုသည်။

ရိုဟင်ဂျာအများအပြားကို နိုင်ငံသား စီစစ်ရေး ကပ်ပြားများ ထုတ်ပေးထားခြင်းမရှိပဲ ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများတွင် စခန်းအပြင်ထွက်ခွင့်မရှိ အလုပ်လုပ်ခွင့်မရှိပဲ ခက်ခဲစွာ နေထိုင်ကြရသည်။

ငါးမြင်းချောင်းကျေးရွာသို့ ရောက်ရှိလာပြီးနောက် ဆန်စက်တစ်ခု အနီး ပုန်းခိုနေစဉ် ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့နှင့်နီး စပ်သူများ ထံကသိရသည်။

မြောင်းမြ ဒေသခံ မူဆလင်လူငယ် တစ်ဦးက “စက်လှေသမားတွေက ညဖက်မှာ ရွာမြစ် ကမ်းစပ်မှာ ကပ်ပြီး ဆန်စက်အနားမှာ ချပေးပြီး ပြန်ထွက်သွားတယ်” ဟု ပြောသည်။

လက်ရှိတွင် ဖမ်းမိထားသည့် ရိုဟင်ဂျာ ၄၂ ဦး အနက် ကျန်းမာရေး မကောင်းသူ ၃ ဦးကို ကျန်းမာရေးဌာနနှင့် မူဆ လင် စေတနာ့ ဝန်ထမ်းများက ဆေးကုသပေးထားပြီး ကျန်ရိုဟင်ဂျာများကို မြောင်းမြ မြို့မရဲစခန်းတွင် ဖမ်းဆီး စစ်ဆေးနေဆဲဖြစ်သည် ဟု ဒေသခံ မူဆလင် အသိုင်းအဝိုင်းထံမှ သိရသည်။

ပင်လယ်ဝ လပွတ္တလုပ်မြစ်၌ စစ်ကောင်စီ၏ ရေတပ်စခန်း တစ်ခု ရှိနေပြီး မြောင်းမြ နှင့် လပွတ္တာမြို့နယ် အစပ် ကြားရှိ ငါးမြင်းချောင်းကျေးရွာ အထိ မြစ်စုံ-မြစ်ဝ နှင့် ချောင်းခွဲ အပေါက်ဝ တို့တွင် စစ်ကောင်စီ ၏ ကင်းစခန်း ငယ် ၅ ခုခန့် ရှိနေသည်ဟု ဒေသခံများထံမှ သိရသည်။

“မြောင်းမြကို လပွတ္တာဘက်က လာတဲ့ ဂါးစက်လှေတွေက အဲ့ဒီလမ်းကြောင်းအတိုင်း လာတာ။ သစ်မှောင်ခိုတွေ နွားမှောင်ခိုတွေက ကင်းစခန်းတွေကို လိုင်းကြေးပေးပြီး လုပ်နေတဲ့ လမ်းကြောင်းပါ” ဟု မြောင်းမြမြို့ခံတစ်ဦး က ပြောသည်။

စက်တင်ဘာလ ၁၈ ရက်နေ့တွင်လည်း ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံကမ်းခြေမြို့ အမြောက်တပ် နှင့် ပင်လယ်ပြင်စိုးမိုးရေးတပ် ခလရ ၂၇၁ ကင်းစခန်းရှိသည့် တပင်မော်စခန်း တောင်ခြေရင်းက နွယ်ညိုချောင်း ကျေးရွာ တောစပ်တွင် ရိုဟင်ဂျာ ၃၁ ဦး ကိုဖမ်းမိခဲ့သည်။

ရွှေသောင်ယံကမ်းခြေမြို့တွင် ဖမ်းဆီးခံခဲ့ရသည့် ရခိုင်ပြည်နယ်၊ ရသေ့တောင်၊ မင်းပြားမြို့တို့ဘက်မှ စက်လှေ များဖြင့် လာကြသည့် ရိုဟင်ဂျာဖြစ်ကြသည်။ ထိုနေ့က ဖမ်းဆီးခံရသူသည် ကလေးငယ် ၁ ဦး၊ အပါအဝင် အမျိုး သမီး ၁၂ ဦး နှင့် အမျိုးသား ၁၉ ဦး၊ စုစုပေါင်း ၃၁ ဦး တို့ဖြစ်ကြသည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်းကလည်း မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်ထဲက မြစ်အတွင်းသရွတ်မြိုက်ဝဲအနီး စက်ပျက်နေသည့် စက်လှေမှ ဖမ်းမိခဲ့သည့် ရိုဟင်ဂျာ ၅၁ ဦးကို စက်တင်ဘာ ၁၀ ရက်နေ့က စစ်ကောင်စီ၏ ဝါးခယ်မ တရားရုံး က လဝက အက် ဥပဒေ ပုဒ်မ ၆ (၃) ဖြင့် ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချခဲ့သည်။

Link  : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */