နိရဉ္စရာ၊ စက်တင်ဘာ ၁၉/၂၀၂၂
.png)
ထိုသို့ တွေ့ဆုံရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ကျရောက်သော လက်နက်ကြီးကျည်များမှာ ရက္ခိုင့်တပ်တော် (AA) က ပစ်ခတ်ခဲ့သော လက်နက်ကြီးကျည်များဖြစ်ကြောင်း၊ တောင်ပြိုဝဲရဲစခန်းအား မော်တာကျည်များဖြင့် မော် တာ ကျည်များဖြင့် ပစ်ခတ်ခဲ့ရာ အဆိုပါ မော်တာကျည် (၃)လုံးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းသို့ ကျရောက် ခဲ့ကြောင်း၊ အလားတူ စက်တင်ဘာ ၁၆နှင့် ၁၇ ရက်တို့တွင်လည်း BP-၃၄ အနီး တောင်ပြိုယာရဲကင်းစခန်းအား မော်တာကျည်များဖြင့် တိုက်ခိုက်ခဲ့ရာ ၉ လုံးသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ခြမ်းသို့ ကျရောက်ခဲ့ကြောင်း ပြော ဆို ခဲ့သည်ဟု ဆိုသည်။
၎င်းပြင် ဘင်္ဂလားဒေ့ရှ်ပိုင်နက်နယ်မြေအတွင်း AA အဖွဲ့၏ ခြေကုပ်စခန်းများတည်ရှိသည့် အချက်အလက်များကို ဘင်္ဂလားဒေ့ရှ်ဘက်သို့ စက်တင်ဘာ ၇ရက် ရက်စွဲပါ သံတမန်စာဖြင့် ပေးပို့ပြီ ဖြစ်သောကြောင့် ဘင်္ဂလားဒေ့ရှ် ဘက်က မြေပြင်တွင် စုံစမ်းစစ်ဆေးအရေးယူပေးရန် တောင်းဆိုခဲ့သည်ဟု သိရသည်။ ၎င်းတွေ့ဆုံပွဲသို့ တက် ရောက်ခဲ့သူ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနညွှန်ကြား ရေးမှူးချုပ် ဦးဇော်ဖြိုးဝင်းသည် ဖြစ်စဉ်နှင့် ပတ်သက်ပြီး ရှင်းလင်းဖော်ပြထားသော စာလွှာအား ဘင်္ဂ လား ဒေ့ရှ် သံအမတ်ကြီးသို့ ပေးအပ်ခဲ့သည်ဟု စစ်ကောင်စီ ၏ သတင်းစဉ်တစ်ခုတွင် ဖော်ပြထားသည်။
Link : Here
No comments:
Post a Comment