" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုး စလုံး ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, September 17, 2022

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို မြန်မာဘက်က လက်နက်ကြီးထပ် မံ ကျရောက်မှု ငြိမ်းချမ်းစွာမဖြေရှင်းနိုင်ရင် ကုလသမဂ္ဂထံ တိုင်ကြားမယ်လို့ ပြည်ထဲရေးဝန်ကြီး ပြော

B B C

ဘီဘီစီမြန်မာပိုင်း

2022-09-17


မြန်မာဘက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင်နက်ထဲ လက်နက်ကျည်ကျရောက်ပေါက်ကွဲမှုတွေ ခပ်စိပ်စိပ်ဖြစ်လာနေ ပြီး ဒီပြဿနာကို ငြိမ်းချမ်းစွာမဖြေရှင်းနိုင်ရင် ဘင်္ဂလားဒေ့ရှ်က ဒီကိစ္စကို ကုလသမဂ္ဂထံ တိုင်ကြားသွားမယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ပြည်ထဲရေးဝန်ကြီးက စက်တင်ဘာ ၁၇ ရက်မှာ ဘီဘီစီဘင်္ဂါလီသတင်းဌာနထံ ပြောကြား လိုက်ပါတယ်။ 

ဒါ့အပြင် ခုလို လက်နက်ကျည်ကျရောက်လို့ ရိုဟင်ဂျာတစ်ဦး သေဆုံးရမှုအပေါ်ကိုလည်း သူက ပြင်းပြင်းထန် ထန် ကန့်ကွက်ရှုတ်ချပါတယ်။

ဒီနေ့ စက်တင်ဘာ ၁၇ ရက်မှာတော့နယ်စပ်အခြေအနေက တည်ငြိမ်အေးချမ်းနေပြီး ပစ်ခတ်သံတွေကြားရ တာ မရှိဘူးလို့လည်း ဘီဘီစီဘင်္ဂါလီသတင်းဌာနက ပြောပါတယ်။

ရိုဟင်ဂျာ ၄၀၀၀ ခန့် နေထိုင်နေတဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်မှာ ဒီ အသက် ၁၅ နှစ်အရွယ်ဆယ် ကျော်သက်ရိုဟင်ဂျာလူငယ်ဟာ မနေ့ စက်တင်ဘာ ၁၆ ရက် သောကြာနေ့နှောင်းပိုင်းမှာ မော်တော်ကျည်ဆန် ကျ ရောက်ထိမှန်လို့ သေဆုံးကြောင်း ရိုဟင်ဂျာခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒဲလ်မိုဟာမက်က ပြောပါတယ်။ 

အခုဖြစ်စဥ်နဲ့ပတ်သက်လို့ မြန်မာစစ်ကောင်စီဘက်က တုံ့ပြန်ချက်ကိုသိရဖို့ဘီဘီစီကလည်း ဆက်သွယ်မေးမြန်း ဖို့ ကြိုးစားနေပါတယ်။ 

 ကမ္ဘာ့အကြီးဆုံး ဒုက္ခသည် အခြေချနေထိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းက ဒုက္ခသည်စခန်းတွေမှာ ရိုဟင် ဂျာ တစ်သန်းကျော် နေထိုင်နေပြီး အများစုမှာ ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ ဖြိုခွင်းမှုအတွင်း မြန်မာနိုင်ငံမှ ထွက်ပြေးလာသူတွေဖြစ်တယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်တွေတုန်းကလည်း မြန်မာဘဂ်လားဒေ့ရှ်နယ်စပ်က မြန်မာနယ်ခြားစောင့်စခန်းကို အေအေ က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့နောက် စစ်ကောင်စီတပ်တွေက လေကြောင်းကနေ ပစ်ခတ်မှုတွေနယ်စပ် တစ်လျှောက်ပြုလုပ်ခဲ့ပြီး ဘဂ်လားဒေ့ရှ်ဘက်ကို လက်နက်ကျည်ကျရောက်ပေါက်ကွဲမှုတွေရှိခဲ့ပါတယ်။

ဒါကြောင့် ဘဂ်လားဒေ့ရှ်ဘက်က မြန်မာသံအမတ်ကို သုံးကြိမ်တိုင်ဆင့်ခေါ်သတိပေးခဲ့သလို မြန်မာဘက် ကို လည်း တရားဝင်ကန့်ကွက်ပြောဆိုတာတွေရှိထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */