RFA
Radio Free Asia
ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2022.09.14
၂ဝ၁၇ ခုနှစ်က မြန်မာစစ်တပ်၏ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားကြသော ရိုဟင်ဂျာဒုက္ခသည်များ။Photo: AFP
၂ဝ၁၅ ခုနှစ်က ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတစ်ခုတွင် နေထိုင်နေကြသည့် ရိုဟင်ဂျာမိသားစုတစ်စု။ (Photo: AFP)
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ ဒီမိုကရေစီအစိုးရဖြစ်တဲ့ ဦးနုအစိုးရဟာ ရိုဟင်ဂျာတွေကို မြန်မာ နိုင်ငံတွင်းက လူမျိုးစုတစ်ခုအဖြစ် လက်ခံခဲ့တဲ့ သာဓက ရှိခဲ့တဲ့အကြောင်း၊ ၁၉၆၂ မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ် နေဝင်းရဲ့ အာဏာသိမ်းမှုနောက်ပိုင်းမှာ အခြေအနေပြောင်းလဲသွားပြီး၊ ရိုဟင်ဂျာတွေရဲ့ နိုင်ငံသားဖြစ်မှုကို ဖျက် သိမ်းခဲ့ပြီး တရားမဝင် ဝင်ရောက်လာသူတွေအဖြစ် စတင်ပြီး ဝါဒဖြန့်ချိခဲ့တာဖြစ်ကြောင်း သုတေသီ ရိုနန်လီက သုံးသပ်ပါတယ်။
ဒါ့အပြင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေအပေါ် စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှုတွေကို တားဆီးခြင်း၊ အားလျော့ဖို့ တောင်းဆိုခြင်းတွေ မလုပ်ခဲ့တာဟာ စစ် တပ်ကို နိုင်ငံရေး နယ်ပယ်ထဲက အပြီးထုတ်ပယ်နိုင်ဖို့ ဆန္ဒရှိသူအားလုံးအတွက် အခွင့်အလမ်းတစ်ခု ဆုံးရှုံးသွား တာဖြစ်တယ်လို့ သုတေသီ ရိုနန် လီက သုံးသပ်ပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ဟာ အရပ်သားခေါင်းဆောင်တစ်ယောက်အနေနဲ့ စစ်တပ်ရဲ့လုပ်ရပ်တွေကို အားလျော့ အောင် တောင်းဆိုဖို့ အခွင့်အရေးရှိခဲ့ပါတယ်။ သူသာ ရိုဟင်ဂျာတွေကို စစ်တပ်က အကြမ်းဖက်တိုက်ခိုက်နေ တာတွေကို ရပ်တန့်ဖို့ တောင်းဆိုခဲ့မယ်ဆိုရင် နိုင်ငံတကာက အထူးသဖြင့် အနောက်နိုင်ငံတွေရဲ့ထောက်ခံမှုကို ရမှာ သေချာပါတယ်။ ဒါပေမဲ့ သူက ဒီလိုမလုပ်ဘဲ စစ်တပ်က ဒီလိုရာဇဝတ်မှုတွေ ကျူးလွန်နေတယ်ဆိုတာ သံ သယရှိတဲ့ သဘော ပြောဆိုခဲ့ပါတယ်။ အဲဒီအချိန်က စစ်တပ်ကို ဝင်ရောက်ဟန့်တားခဲ့လို့သာ အာဏာသိမ်း တာ ဖြစ်ခဲ့ရင် နိုင်ငံတကာရဲ့ တုံ့ပြန်မှုက တစ်မျိုးဖြစ်မှာပါ။ ဒါကြောင့် ဒီအခွင့်အရေးကို ဆုံးရှုံးသွားတာ ရိုဟင်ဂျာတွေ အတွက်တင် မဟုတ်ပါဘူး၊ စစ်တပ်ကို နိုင်ငံရေးနယ်ပယ်က ဖယ်ရှားဖို့ ကြိုးစားနေသူ အားလုံးအတွက်လည်း ဆုံးရှုံးမှု တစ်ခုဖြစ်ပါတယ်”
သုတေသီ ရိုနန်လီက မွတ်စလင်ဆန့်ကျင်ရေး ဘုန်းတော်ကြီး ဦးဝီရသူက သူ့ရဲ့ယုံကြည်ချက်တွေဟာ အမေရိ ကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အယူအဆတွေနဲ့ဆင်တူကြောင်း နှိုင်းယှဉ်ပြီးတာနဲ့ ရိုဟင်ဂျာတွေဟာ နိုင်ငံ သား ဖြစ်ခွင့် ငြင်းပယ်ခံရပြီးတဲ့နောက် ဆယ်စုနှစ်တစ်ခုအတွင်းမှာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခံခဲ့ရတာတွေကို ထောက်ပြပြီး၊ ဒီလို အဖြစ်မျိုး ဘယ်နိုင်ငံမှာမဆို ဖြစ်လာနိုင်တာကို မမေ့သင့်တဲ့အကြောင်း သုံးသပ်ပြော ကြားခဲ့ ပါတယ်။
Link : Here
No comments:
Post a Comment