" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label mm. Show all posts
Showing posts with label mm. Show all posts

Friday, April 8, 2022

ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကို ပြန်ပို့ဖို့ အမေရိကန်က ဘင်္ဂလားဒေ့ရှ် တောင်းဆိုလိုက်ပါတယ်။

VOA
ဗွီအိုအေ (မြန်မာပိုင်းအစီအစဉ်)
ဧပြီ ၀၇ ၂၀၂၂ 

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး AK Abdul Momen ဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Anthony Blanc နဲ့ နိုင်ငံခြားရေးဌာနမှာ တွေ့ဆုံခဲ့ပါတယ်။ (ဧပြီ ၄၊ ၂၀၂၂)၊

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ရောက်နေကြတဲ့ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကို ဘေးကင်းလုံခြုံစွာ အမြန်ဆုံး ပြန်နိုင်ရေး မြန်မာဘက်က ဆောင်ရွက်လာအောင် အမေရိကန်ပြည်ထောင်စုအနေနဲ့ ဖြစ်နိုင်တဲ့နည်းလမ်းစုံသုံးပြီး စည်း ရုံး ပြောကြားပေးဖို့ အမေရိကန်လွှတ်တော်မတ်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ A K Abdul Momen က တောင်းဆိုလိုက်ပါတယ်။
                                                                              

မြန်မာနိုင်ငံက တရားမဝင် ဝင်ရောက်လာသူ ၆ဝ ကျော် ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံရ

VOA
ဗွီအိုအေမြန်မာပိုင်း
၀၂ ဧပြီလ ၂၀၂၂
အေးအေးမာ 

Human Trafficking လူကုန်ကူး ခံရတဲ့ မြန်မာနိုင်ငံသားများ (ယခင်မှတ်တမ်းဓါတ်ပုံ)

ထိုင်း မလေးရှားနယ်စပ် ဆုံခလာပြည်နယ်ထဲမှာ ဖမ်းမိတဲ့ မြန်မာနိုင်ငံကနေ ဝင်ရောက်လာသူ အထောက်အ ထားမဲ့ ၆၀ကျော်ထဲက ၃၉ဦးဟာ လူကုန်ကူးခံရသူတွေအဖြစ် စစ်ဆေးတွေရှိတယ်လို့ ထိုင်းအာဏာပိုင်တွေ က ဆိုပါတယ်။ ဒီသတင်းကီု ဗွီအိုအေ သတင်းထောက်မအေးအေမာ က သတင်းပေးပို့ထားပါတယ်။

မြန်မာ့အရေး ဒေါ်လာ သန်း ၄၇ဝ ပေးဖို့ အမေရိကန်အောက် လွှတ်တော် သဘောတူ

RFA
လွတ်လပ်တဲ့အာရှအသံ
ခင်မောင်စိုး (ဝါရှင်တန်ဒီစီ)
2022.04.07


၂ဝ၂၂ မြန်မာ အက်ဥပဒေ ‘‘Burma Unified through Rigorous Military Accountability Act of 2022’’ or the ‘‘BURMA Act of 2022’’ ကို ဧပြီလ ၆ ရက်နေ့မှာ အမေရိကန်အောက် လွှတ် တော်က အတည်ပြုလိုက်တဲ့ အတွက် အထက်လွှတ်တော်ကလည်း ထပ်မံအတည်ပြုမယ်ဆိုရင် သမ္မတ ဂျိုးဘိုင်ဒင် လက်မှတ်ရေးထိုးပြီးတာ နဲ့ အသက်ဝင်လာတော့မှာ ဖြစ်ပါတယ်။

Thursday, April 7, 2022

ရိုဟင်ဂျာစကား၊ ဗမာစကား၊ ဘင်္ဂါလီစကား ကွဲပြားပုံ


တို့မြန်မာပြည်က လူရိုင်းသူယုတ်မာ အချို့သည် ရိုဟင်ဂျာစကားနှင့် ဘင်္ဂါလီစကားသည် တစ်မျိုးတည်း၊ အတူ တူ ပင်ဖြစ်သည်ဟု ထင်မြင်ယူဆကြသည်။ ရိုဟင်ဂျာလူမျိုးကို ဘင်္ဂါလီဟု စွပ်စွဲကြသည်။ လူလူချင်း အထင် သေး အမြင်ကတ် နေကြသည်။ မည်သည့်လူမျိုးပင်ဖြစ်စေ၊ မည်သည့် ဘာသာပင် ကိုးကွယ်သည်ဖြစ်စေ၊ မည်သည့် အ သားအရောင်ပင်ဖြစ်စေကာမူ လူလူချင်း ကဲ့ရဲ့မုန်းတီးခြင်းသည် ယဉ်ကျေးသော လူ့အသိုင်းအဝိုင်း ၏ လက္ခဏာ မဟုတ်ပေ။ ဉာဏ်ပညာမရှိသော တိရစ္ဆာန်တို့၏ စရိုက်ပင် ဖြစ်သည်။ မိမိကိုယ့်ကို အမျိုးဂုဏ်မြင့်ဟန် ကြွားဝါး သော် လည်း ထိုကြွားဝါးမှုသည် စာအုပ်စာပေ၌သာ အဖတ်ကောင်းမည်သာ။ အဆိုပါအသိုင်းအဝိုင်းကို တကယ့် လက်တွေ့ကျကျ လေ့လာကြည့်သော် သူတို့၏ ယဉ်ကျေးမှုအဆင့် မည်မျှပင် အောက်တန်းကျနေသည်ကို တွေ့ရ လျှင် သရော်ခံရပေလိမ့်မည်။ ဤသို့ ဖြစ်ရခြင်းမှာ ကိုယ်တိုင်လေ့လာမှုမရှိ၊ ဉာဏ်ပညာ အားနည်း၍ သူများ က တိုင်း လိုက်ကပြသည့်အတွက်ပင် ဖြစ်ရခြင်းများသည်။ တကယ့် ကွင်းဆင်း လေ့လာမှုမရှိဘဲ သူများယောင်တိုင်း ဘုမသိဘမသိ ထောက်ခံပြောဆိုကြသည်မှာ တို့ဗမာပြည်၌ အများဆုံး ဖြစ်ပေသည်။ ဤသည်မှာ အဘယ် ယုတ္တိ ရှိပါမည်နည်း။

ရိုဟင်ဂျာဆိုတာ ဘယ်သူတွေလဲ (၁)

#တူမီးတော်လှန်ရေးစာစဥ်_S44_A05
ရဲဟိန်းအောင်
ဧပြီလ(၁)ရက် ၂၀၂၂


ဗမာပြည်ရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်ရင် ပဒေသရာဇ်ခေတ်၊ ကိုလိုနီခေတ်၊ လွတ်လပ်ပြီခေတ် စသဖြင့် ခေတ် တိုင်း ခေတ်တိုင်းမှာ ရှုပ်ထွေးတဲ့ နိုင်ငံရေး၊ စစ်ရေး၊ လူမျိုးရေး ပြဿနာတွေ ထုနဲ့ထည်ပါ။ 
 
အငြင်းပွားမှုတွေကလည်း အများအပြားရှိပါတယ်။ အဲ့လို ပြဿနာတွေ၊ ကိစ္စရပ်တွေ၊ အငြင်းအခုံတွေကြားမှာ ရိုဟင်ဂျာ လူမျိုးစုတွေနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကတော့ လူစိတ်ဝင်စားမှုအများဆုံးလို့ ပြောရပါမယ်။ ၂၀၁၂ ခုနှစ်လောက်ကစပြီး ရခိုင်ပြည်နယ်အတွင်း တကျော့ပြန်ဖြစ်လာတဲ့ ပဋိပက္ခတွေ၊ အတော်အသင့် စာနယ်ဇင်း လွတ်လပ်ခွင့်နဲ့ ဆိုရှယ် မီဒီယာ (အထူးသဖြင့် facebook) အသုံးပြုသူတွေကြားထဲမှာ ရိုဟင်ဂျာ လူမျိုးစု တွေနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ငြင်းကြခုံကြ၊ ဆဲကြဆိုကြနဲ့ပါ။
 

ရိုဟင်ဂျာဆိုတာ ဘယ်သူတွေလဲ (၂)ရိုဟင်ဂျာတွေက တိုင်း ရင်းသားတွေ ဟုတ်ရဲ့လား

တူမီး တော်လှန်ရေးစာစဉ် အမှတ်စဥ် (၄၅)
ရဲဟိန်းအောင်
ဧပြီလ(၅) ရက် ၂၀၂၂


ပြီးခဲ့တဲ့ အပတ်တုန်းကတော့ ရိုဟင်ဂျာ လူမျိုးစုတွေနဲ့ ပတ်သက်ပြီး ဗမာပြည်က ပြည်သူလူထုတွေကြားထဲမှ အ ပြောများဆုံး ဇာတ်ကြောင်းတွေ အမုန်းစကားတွေနဲ့ ပတ်သက်ပြီး တင်ပြခဲ့ပါတယ်။ ဒီတပတ် ပြောပြမယ့် အ ကြောင်း အရာကတော့ ရိုဟင်ဂျာ လူမျိုးစု တွေနဲ့ ပတ်သက်ပြီး အမေးမြန်းခံရဆုံးမေးခွန်းအကြောင်းပါ။ ကျနော့် အနေနဲ့ ရိုဟင်ဂျာ လူမျိုးစုတွေနဲ့ ပတ်သက်တဲ့ သမိုင်းကြောင်းဆိုင်ရာနဲ့ လူမျိုးစု ရေးရာ ကိစ္စတွေ၊ သူတို့ရင်ဆိုင် ကြုံတွေ့ခဲ့ရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ လူမျိုးတုန်း သတ်ဖြတ်မှု ကိစ္စတွေကို ကာလတခု အချိန်ယူပြီး လေ့ လာဖြစ်ခဲ့တယ်။ နောက်ပိုင်မှာ စာတမ်းနဲ့ အစီရင်ခံစာတချို့ ရေးသားဖြစ်ခဲ့သလို၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ ကျောင်းသားသမဂ္ဂတွေနဲ့ နိုင်ငံရေး ပါတီတချို့ကို ဟောပြောပို့ချတာ၊ သင်တန်းပေးတာ၊ ဆွေးနွေးတာတွေ လုပ်ဖြစ်ခဲ့ပါတယ်။ အဲ့လို လုပ်ခဲ့တဲ ကာလတလျှောက် အမေးခံရဆုံးမေးခွန်းကတော့ “ရိုဟင်ဂျာ တွေက တိုင်းရင်းသားတွေ ဟုတ်ရဲ့လား” ဆိုတဲ့ မေးခွန်းပါ။


Monday, April 4, 2022

ရိုဟင်ဂျာအကြမ်းဖက်ခံရမှု သက်သေထွက်ဖို့ ကမ်းလှမ်းလျှင် ကူညီမည်ဟု CDM ဗိုလ်ကြီးပြော

RFA
လွတ်လပ်တဲ့အာရှအသံ
2022.04.03 

CDM ဗိုလ်ကြီးနေမျိုးသက်၏ ပြန်တမ်းဝင်လက်မှတ်။


ဝ၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေကို မြန်မာစစ်တပ်ကအကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့တာနဲ့ ပတ် သက် ပြီး သက်သေအဖြစ်ထွက်ဆိုဖို့ ကမ်းလှမ်းလာမယ်ဆိုရင် အမှန်တရားအတွက် ပူးပေါင်းမယ်လို့ အဲဒီအ ချိန်က ရခိုင် ပြည်နယ်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ CDM ဗိုလ်ကြီးနေမျိုးသက် က RFA ကို ဧပြီလ ၃ ရက် မနေ့က ပြောပါ တယ်။

ရခိုင်ပြည်နယ်မှာ နယ်မြေရှင်းလင်းရေးဆိုတဲ့ ခေါင်းစဉ်နဲ့ စစ်တပ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့လုပ်ရပ်နဲ့၊ လက်ရှိနွေဦးတော်လှန်ရေးမှာ စစ်တပ်က နှိမ်နင်းနေတဲ့လုပ်ရပ်အတူတူပဲလို့ သူကပြော ပါ တယ်။

ရိုဟင်ဂျာအရေးအခင်းတွင် အောက်ခြေစစ်သားများကို ထင် ရာစိုင်းခွင့်ပေးခဲ့ဟု တပ်အရာရှိပြော

Maynmar Now
ဇော်ရဲသွေး / Myanmar Now
Apr 2, 2022


ရိုဟင်ဂျာနှိမ်နင်းရေး ခေါင်းစဉ်အောက်တွင် စစ်တပ်အကြီးအကဲများက အတိုင်းအဆမဲ့ အကြမ်းဖက်မှုမျိုးစုံ လုပ်ခွင့်ပေးခဲ့သည်ဟု ထောက်ပို့အရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ တပ်အရာရှိက ပြောသည်။ရိုဟင်ဂျာအ ရေးအခင်းတွင် စစ်တပ်က အောက်ခြေစစ်သားများကို ထင်ရာစိုင်းခွင့်ပေးခဲ့သည်ဟု ရခိုင်ပြည်နယ်မြောက် ပိုင်း တွင် တာဝန်ကျနေရာမှ ယခုနှစ်ဆန်းပိုင်းတွင် ထွက်ပြေးလွတ်မြောက်လာသူ ဗိုလ်ကြီးတစ်ဦးက ထုတ်ဖော်ပြော ကြားသည်။

Thursday, March 31, 2022

နေ့စဉ် ရေဒီယိုသတင်း (အသံဖိုင် ) မတ်လ၊ ၂၀၂၂

အသံဖိုင်များကို " နံနက်ပိုင်း/ ညနေပိုင်း" တွင်ကလစ်နှိပ်၍ နားဆင် နိုင်ပါသည်။
အောက်ဖေါ်ပြပါ ကော်လံများရှိ အသံဖိုင်များကို သတင်းနားဆင်ရန် လင့်တွင် ကလစ်လုပ်၍ နားဆင် နိုင်ပါသည်


ရက်စွဲ့သတင်းဌာန
နံနက်ပိုင်းအစီအစဉ်
ညနေပိုင်းအစီအစဥ်
31.03.2022
VOA
VOA
VOA
31.03.2022
BBC
BBC
BBC
31.03.2022
RFA
RFA
RFA

ယနေ့သတင်း (အမြန်ရှာရန်) 2022 မတ်လ

ရက်စွဲအလိုက် သတင်းများကို ဤနေရာတွင် ဝင်ရောက် ရှာဖွေနိုင်ပါ သည်။ ( ကလစ်လုပ်ပြီး ဖတ်ရှုရန် )

31.03.2022

ယူကရိန်းကထွက်ပြေးရသူတွေအထဲ ကလေး ၂ သန်းကျော်ပါဝင် VOA

ကုလ ကိုယ်စားလှယ် Noeleen Heyzer မြန်မာ့အရေး ကမေ႓ာဒီးယားနဲ့ သွားရောက်ဆွေးနွေးမည် -VOA

အာရှ-ပစိဖိတ် မီဒီယာနှိပ်ကွပ်မှု ကန်လွှတ်တော်ကြားနာပွဲ မြန်မာကို အလေးထား-VOA

မြန်မာအပါအဝင် စစ်အာဏာသိမ်းမှုတွေကြောင့် ကမ႓ာ့ပဋိပက္ခတွေ ပိုများ (ကုလအတွွင်းရေးမှူးချုပ်) -VOA

မြန်မာစာနာမှုအကြပ်အတည်း စစ်ကောင်စီ ဘယ်လိုကိုင်တွယ်မလဲ -VOA

နေရပ်ပြန် အမ်းမြို့နယ် စစ်ဘေးရှောင် တထောင်ကျော်ကို ငွေ ၅ သိန်းစီ နဲ့ ဆန် ထောက်ပံံ့-VOA

စိတ်ငြိမ်းချမ်းမှု ရှာဖွေသူတို့ရဲ့ ရင်တွင်းဖြစ် ပန်းချီပြပွဲ -VOA

ကူးစက်မှုကျဆင်းပေမဲ့ သေဆုံးမှုတိုးလာတဲ့ ကိုဗစ်ကပ်ရောဂါ -VOA

မြန်မာအခြေအနေ ဒေသတွင်းတည်ငြိမ်ရေး ခြိမ်းခြောက်ဟု ကန်-စင်္ကာပူ ထုတ်ပြန် -VOA

ထိုင်း ရေငုပ်သင်္ဘောတည်ဆောက်ရေး တရုတ် ရပ်ဆိုင်း -VOA

အမေရိကန် ဖိလစ်ပိုင် ပူးတွဲ စစ်ရေးလေ့ကျင့်-VOA

ခင်ဦးမှာ မတ်လ တစ်လထဲ အိမ်အလုံး ၄၀၀ ကျော်အထိမီးရှို့ခံရ-BBC

ပူတာအိုမြို့ကရဝမ်ယဉ်ကျေးမှုပြတိုက်ဖွင့်ပွဲ စစ်ခေါင်းဆောင်လာမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်-BBC

လူမှုကွန်ရက်ကိုအသုံးပြုပြီး တရားမဝင်တောရိုင်းတိရစ္ဆာန်ရောင်းချမှု ၇၄ရာခိုင်နှုန်းအထိတိုးလာ-BBC

စစ်ကိုင်းတိုင်းထဲက နေအိမ်မီးရှို့ခံထားရတဲ့ကျေးရွာတွေ ရိက္ခာလိုအပ်ချက်တွေအပြင် ရေအခက်အခဲ တွေပါ ရှိလာ-BBC

ကယားပြည်နယ်အတွင်း ရိက္ခာတင်သွင်းမှုအပြင် ဆေးဝါးတင်သွင်းမှုကိုပါစစ်ကောင်စီ ကန့်သတ်လာ-BBC

နေရပ်ပြန် အမ်းစစ်ရှောင်တွေရဲ့ အိမ်တွေပျက်နေ၊ ထောက်ပံ့ငွေနဲ့ မလုံလောက်ဘူးလို့ဆို-BBC

မြောက်ဦးဈေးနဲ့ ဆိုင်တွေကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံမှုရှိမရှိစစ်-BBC

သံတွဲမှာ ငှက်ပစ်သွားသူ ငါးဦး လက်နက်မှုနဲ့ အမှုဖွင့်ခံထားရ-BBC

ချင်းမိုင်မှာပြုလုပ်နေတဲ့ NCA-S EAO ထိပ်သီးခေါင်းဆောင်တွေညီလာခံကနေ နိုင်ငံရေးလမ်းပြမြေပုံချမှတ်နိုင်ဖို့ ရည်ရွယ်-BBC

စစ်ကောင်စီယာဉ်တန်းပေါ်ကနေ သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် ဒေသခံသုံးဦးဒဏ်ရာရ-BBC

မြဝတီ အာရှလမ်းသစ် တိုက်ပွဲကြောင့် နှစ်ဖက် ကားတန်း ရာချီ စောင့်ဆိုင်းနေရ-BBC

အနုပညာရှင်တချို့လိုက်ပါလာတဲ့ မီးရထားမိုင်းဆွဲခံရ-BBC

ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင် ဈာပနာအခမ်းအနား စစ်တိုင်းမှူးတက်-BBC

မြဝတီအာရှလမ်းကြီး တိုက်ပွဲ အရပ်သားသေဆုံးမှုတွေ ရှိ-BBC

စီးပွားရေးမြို့တော် ရှန်ဟိုင်းမြို့ကို လော့ခ်ဒေါင်းချ-BBC

ရိုမန်အေဘရာမိုဗစ်ချ် - မိဘမဲ့ဘဝကကနေ ပိတ်ဆို့ဒဏ်ခတ်ခံထားရတဲ့ သူဌေးကြီးဘဝ ခရီးလမ်း-BBC

ယူကရိန်းစစ်ပွဲ- ကိယက်ဗ်မှာ တိုက်ခိုက်မှု လျှော့တယ်ဆိုတာ တပ်တွေ ပြန်စုဖွဲ့နေတာတို့ ယူကရိန်းအကြံ ပေးပြော-BBC

၈၈ ငြိမ်း/ပွင့် တာဝန်ခံ ဦးထိန်မင်းခိုင်နဲ့ ဇနီးကို စစ်ကောင်စီ ပစ်ခတ်ဖမ်းဆီး-RFA

စစ်ပွဲတွေကြောင့် ဘာသာရေးအဆောက်အအုံ ရာချီ ပျက်စီးနေ-RFA

BIMSTEC အဖွဲ့မှာ မြန်မာပါဝင်မှုကို အိန္ဒိယ ကာကွယ်ပြောဆို-RFA

စစ်ကိုင်းတိုင်းမှာ လက်နက်ကိုင်အင်အားစုတွေရဲ့ ခြိမ်းခြောက်မှုတွေ များလာ-RFA

ချောင်းဦးသပိတ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန် ထောင် ၂ နှစ် ချခံရ-RFA

သရက်ချောင်း ရွာတွေထဲ စစ်တပ်ဝင်လာလို့ ဒေသခံ ၅ဝဝဝ လောက် ထွက်ပြေးနေ-RFA

မီးရှို့ခံ နှမစားရစ်ရွာက ဒေသခံတွေ နေရပ်မပြန်နိုင်သေး-RFA

ရိုဟင်ဂျာတွေကို အမေရိကန်က ဆက်ကူညီဖို့ အရပ်ဘက်အဖွဲ့တွေ တောင်းဆို-RFA

ဖားကန့်က အလွတ်သတင်းထောက် နှစ်ယောက် ထောင်တစ်နှစ်ခွဲစီ ချခံရ -RFA

ဘီးလင်းမြို့ ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်တိုက်ပွဲ ကလေးငယ်နှစ်ဦး သေဆုံး -RFA

ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အမေရိကန် ထောက်ပံ့ငွေ ထပ်ပေး -RFA

နှိမ်နင်းခွင့် ပိုရလာတဲ့ ရဲတပ်ဖွဲ့ ဥပဒေသစ် -RFA

လူမျိုးစု လက်နက်ကိုင်တွေအကြား ညီညွတ်ရေးရဖို့ ဆွေးနွေး -RFA

ရခိုင်အတွက် ကိုးကန့်တပ်ဖွဲ့ လက်နက်ကူညီခဲ့ကြောင်း AA စစ်ဦးစီးချုပ်ပြော -RFA

ဒဂုံတက္ကသိုလ် ကျောင်းသား နှစ်ဦး ထောင် ၃ နှစ် အမိန့်ချခံရ -RFA

ယနေ့သတင်းစာများ ( ကြေးမုံ+ မြန်မာ့အလင်း ) မတ် လ ၊၂၀၂၂

၂၀၂၂ ခု မတ်လ၊မြန်မာ့အလင်း သတင်းစာ

31.03.2022

 

 

Wednesday, March 30, 2022

ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အမေရိကန် ထောက်ပံ့ငွေ ထပ်ပေး

RFA
လွတ်လပ်တဲ့အာရှအသံ
2022.03.30

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကုတုပလောင် ဒုက္ခသည်စခန်းအား ၂၀၂၂ မတ်လ ၂၇ ရက်နေ့က တွေ့ရစဉ်
Photo: AFP 

မြန်မာစစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးရတဲ့ ရိုဟင်ဂျာတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း တုံ့ပြန်ရေးအစီအစဉ်ကို ဆောင်ရွက်ဖို့ အမေရိကန်နိုင်ငံက နောက် ထပ် ဒေါ်လာ ၁၅၂ သန်းကျော် ထည့်ဝင်မယ်လို့ မတ်လ ၂၉ ရက်နေ့က အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေး ဆိုခွင့်ရှိသူ Ned Price က ထုတ်ဖော်ပြောဆိုပါတယ်။

ရိုဟင်ဂျာတွေအတွက် နောက်ထပ် ဒေါ်လာသန်း ၁၅၀ ကျော် အမေရိကန်ထောက်ပံ့မည်

VOA
ဗွီအိုအေမြန်မာပိုင်း
30 မတ်၊ 2022
[[Unicode]]

ရိုဟင်ဂျာတွေအတွက် နောက်ထပ် ဒေါ်လာသန်း ၁၅၀ ကျော် အမေရိကန်ထောက်ပံ့မည်

ဘင်္ဂလားဒေရှ့်နိုင်ငံတွင်း ၂၀၂၂ ခုနှစ် အတွက် ရိုဟင်ဂျာ လူသားချင်းစာနာမှု ဆိုင်ရာ အကျပ်အတည်း ပြဿနာ ကို တုံ့ပြန်ဆောင်ရွက်ရေး ပူးတွဲ အစီအစဉ်ကို မတ်လ ၂၉ ရက်နေ့မှာ စတင်တာမှာ အမေရိကန် ပြည်ထောင်စု က ဒေါ်လာ ၁၅၂ သန်း ထပ်မံ ထည့်ဝင်မယ့် အကြောင်း ကြေညာပါတယ်။

မြန်မာ စစ်တပ်ရဲ့ လူမျိုးတုန်း သတ်ဖြတ်မှု၊ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်တဲ့အထိ မြန်မာစစ် တပ်က နှိမ်နင်းတာခံခဲ့ရတဲ့ ရိုဟင်ဂျာတွေ အားလုံး အတွက် လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီတွေ ပေး အပ် ရေး အတွက် ထပ်မံ ထည့်ဝင်တာ ဖြစ်ကြောင်း ဘင်္ဂလားဒေရှ့်ဆိုင်ရာ အမေရိကန် သံအမတ်ကြီး Peter Haas က ကြေညာခဲ့တာပါ။ မြန်မာဘက်က ထွက်ပြေးပြီး ဘင်္ဂလားဒေရှ့် ကောဇ့်ဘဇားမှာ ရိုဟင်ဂျာ ၇၄၀,၀၀၀ ခိုလှုံခဲ့ရတဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လ နောက်ပိုင်း အမေရိကန်ရဲ့ ကူညီ ထောက်ပံ့မှုဟာ ဒေါ်လာ သန်း ၁,၇၀၀ ကျော် ရှိသွားပါပြီ။

Tuesday, March 29, 2022

ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ အမေရိ ကန်၏ ဆုံးဖြတ်ချက်ကို အရပ်ဘက်လူထုအဖွဲ့အစည်းများ က ကြိုဆို

PV ( Prograssive Voice of Myanmar )
March 29th, 2022
Author: 357 Civil Society Organizations


 

၂၀၂၂ ခုနှစ် မတ်လ ၂၉ ရက်


ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ အမေရိကန်၏ ဆုံးဖြတ်ချက်ကို အရပ်ဘက်လူထုအဖွဲ့အစည်းများက ကြိုဆို
မြန်မာစစ်တပ်ခေါင်းဆောင်များကို တရားစွဲဆိုရမည်


နောက်ကျပြီးမှဖြစ်သော်လည်း ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာလူမျိုးများအပေါ် မြန်မာစစ်တပ်မှ ကျူး လွန်ခဲ့သည့် အကြမ်းဖက်မှုများက လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သော ရာဇဝတ်မှုများ မြောက်ကြောင်း တရားဝင်အသိအမှတ်ပြုသည့် အမေရိကန်အစိုးရ၏ ဆုံးဖြတ်ချက်ကို မြန်မာအရပ်ဘက် လူထု အဖွဲ့အစည်းများ၊ နှင့် ဒေသတွင်းနှင့် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်း ပေါင်း ၃၅၇ ဖွဲ့တို့က ကြိုဆိုလိုက်သည်။

ဤဆုံးဖြတ်ချက်သည် ရိုဟင်ဂျာများ၏ လေးနှစ်ကျော်ကြာအောင် မလျှော့သော ဇွဲလုံ့လ ကြိုးပမ်းအားထုတ်မှုနှင့် အတူ မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းရှိ လူ့အခွင့်အရေးအဖွဲ့များ၏ သွေးစည်းညီညွတ်သော ပံ့ပိုးကူညီမှုတို့ကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ရိုဟင်ဂျာများသည် ၎င်းတို့အတွက် တရားမျှတမှုနှင့် တာဝန်ယူမှု တာဝန်ခံမှု ရှိလာ စေ ရေး၊ နှင့် ၎င်းတို့၏ နိုင်ငံသားဖြစ်မှု ပြန်လည်ရရှိရေး၊ လွတ်လပ်စွာသွားလာလှုပ်ရှားခွင့်နှင့် ရခိုင်ပြည်နယ်တွင်ရှိ သော ၎င်းတို့၏ နေအိမ်များသို့ ဘေးကင်းလုံခြုံစွာဖြင့် ၎င်းတို့သဘောဆန္ဒအလျောက် ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန် နိုင်ရေး တို့အပါအဝင် ၎င်းတို့၏ အခွင့်အရေး ပြန်လည်အသိအမှတ်ပြုခံရရေးအတွက် ဆက်လက်ကြိုးစား လုပ် ဆောင်နေကြသည်။

ရိုဟင်ဂျာစခန်း အကြီးဆုံးစာသင်ကျောင်း ဘင်္ဂလာအာဏာ ပိုင် တွေ ပိတ်

VOA
ဗွီအိုအေမြန်မာပိုင်း
သိင်္ဂီထိုက်
29 မတ်၊ 2022 

Yasmin, a Rohingya girl who was expelled from Leda High School for being a Rohingya, helps her younger sister to study in Leda camp in Teknaf, Bangladesh, March 5, 2019. REUTERS/Mohammad Ponir Hossain

ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ အကြီးဆုံး ပုဂ္ဂလိက စာသင်ကျောင်းကို ပိတ်လိုက်ကြောင်း ဘင်္ဂလားဒေရှ့် အာဏာပိုင်တို့က တနလာင်္နေ့မှာ ပြောပါတယ်။ ဒါဟာဆိုရင် အရှေ့တောင် အာရှ နိုင်ငံတွင်းက ဒုက္ ခသည် စခန်းတွင်းမှာ နေထိုင်နေကြရတဲ့ ထောင်နဲ့ချီတဲ့ ကလေးတွေ အတွက် ပညာသင်ကြားခွင့်မှာ နောက်ထပ် ထိခိုက် သက်ရောက်မှု ဖြစ်ပါတယ်။ AFP သတင်းဆောင်းပါးကို မသိင်္ဂ ီထိုက် ပြောပြပေး မှာပါ။ 

ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ် Genocide ကျူးလွန် ကြောင်း ကန်ကြေညာချက် PHR ကြိုဆို

VOA
ဗွီအိုအေ (မြန်မာပိုင်း)
29 မတ်၊ 2022
FILE - Rohingya children, who crossed over from Myanmar into Bangladesh, wait squashed against each other to receive food handouts at Thaingkhali refugee camp, Bangladesh, Oct. 21, 2017.

[[ Unicode ]]

မြန်မာ စစ်တပ်က ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေကို သမ္မတ Joe Biden ရဲ့ အမေရိ ကန် အစိုးရက Genocide ခေါ် လူမျိုးတုံး သတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ် အပေါ် ကျူးလွန်တဲ့ ဖြစ်ရပ်အဖြစ် တရားဝင် သတ်မှတ် ကြေညာလိုက်တဲ့ကိစ္စကို PHR လူ့အခွင့်အရေး သမားတော်များအဖွဲ့က ကြိုဆို လိုက်ပါတယ်။ ဒါဟာ ရိုဟင်ဂျာတို့အတွက် တရားမျှတမှု ရရှိရေးနဲ့ မြန်မာနိုင်ငံမှာ ကျူးလွန်တဲ့ ပြစ်မှုတွေအတွက် အဓိပ္ပါယ်ပြည့်ဝတဲ့ တာဝန်ယူမှု ၊တာဝန်ခံမှု ရှိစေရေးမှာ အရေးကြီးတဲ့ ခြေလှမ်းတွေ ဖြစ်တယ်လို့လည်း သူတို့ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

Thursday, March 24, 2022

လူမျိုးအခြေပြု ဖက်ဒရယ်ပြည်ထောင်စုနှင့် ပြိုကွဲမှုအန္တ ရာယ်

လူမျိုးအခြေပြု ဖက်ဒရယ်ပြည်ထောင်စုနှင့်ပြိုကွဲမှုအန္တရာယ်

- ဦးရဲထွန်း(သီပေါ)
ဖက်ဒရယ် ဆိုသော ဝေါဟာရကို မြန်မာ့နိုင်ငံရေးတွင် တွင်တွင်ကျယ်ကျယ် ပြောဆိုခဲ့သည် မှာ ၁၉၆၀-၆၁ ပတ်ဝန်းကျင်လောက်က ဖြစ်မည်ထင်ပါသည်။ ၁၉၆၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ရန်ကုန်မြို့၊ ပြည်လမ်း အသံလွှင့်ရုံခန်းမဆောင်တွင် ပထမအကြိမ် ဖက်ဒရယ်မူ ဆွေးနွေးပွဲကြီးကို စတင်ခဲ့ပြီး မတ်လ (၁) ရက်နေ့တွင် ဒုတိယအကြိမ် ဆွေးနွေးပွဲကို အဆိုပါအသံ လွှင့်ရုံမှာပင် ဆက်လက်ဆွေးနွေးခဲ့သည်။ ရည်ရွယ်ချက်မှာ ထိုစဉ်က တည်ဆဲ ၁၉၄၇ ခုနှစ် အခြေခံဥပဒေကို ပြန်လည် အသစ်ရေးဆွဲရေး ဖြစ်ပါသည်။

သို့သော်လည်း ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် တပ်မတော်က အာဏာသိမ်းလိုက် သည့်အတွက် ဖက်ဒရယ်မူဆွေးနွေးပွဲများ ရပ်ဆိုင်းသွားခဲ့ပါတော့သည်။ ထို့နောက်ပိုင်းတွင်ကား ဖက်ဒရယ်ဆိုသည်မှာ ခွဲထွက်ရေးဟု အဓိပ္ပာယ်ဖွင့်ဆိုကာ ပြောဆိုဆွေးနွေးခွင့်များ ပိတ်ပင်တားမြစ် သည့် ခေတ်ကြီးကို ဖြတ်သန်းခဲ့ကြရသဖြင့် ဖက်ဒရယ်အကြောင်း ထဲထဲဝင်ဝင် ပြောဆို ဆွေးနွေး သိမြင်ခွင့် မရခဲ့ကြတော့ချေ။

ပြည်ထောင်စုအတွင်းမှ တန်းတူသော ရှမ်းပြည် (၁) + (၂ ) + ( ၃ ) + ( ၄ ) + ( ၅ )


ပြည်ထောင်စုအတွင်းမှ တန်းတူသော ရှမ်းပြည် (၁)
― တောင်ကြီး ဦးထွန်းမြင့်

“လူသည် သဘာ၀အားဖြင့် နိုင်ငံရေးသတ္တဝါဖြစ်သည်” ဟု အရစ္စတိုတဲလ် က ဆိုသည်။ကျွန်တော်သည် လည်း နိုင်ငံရေးသတ္တဝါ တကောင်ပင်ဖြစ်သည်။ ဆိုင်းသံကြားလျှင် ထကချင်သူကဲ့သို့ ကျွန် တော်သည်လည်း ကိုယ် ရေးကိုယ်တာ အကြပ်အတည်းတွေကြားမှ ရှမ်းပြည် အမျိုးသားရေး လှုပ်ရှားမှုများ တလှုပ်လှုပ်ဖြစ်တိုင်း ထ ၍ကချင်ပါသည်။

“ရှမ်းပြည်” အမျိုးသားရေးရာ လှုပ်ရှားမှုကြီးသည် ဒီရေအလား တလှိမ့်လှိမ့် တက်လျှက်ရှိလာလေပြီ။ “ရှမ်းဆိုး”ဟုခေါ်ဝေါ်နေသည့် ရှမ်းသူပုန်ထမှုကြီးသည်လည်း ရှမ်းပြည်အမျိုးသားရေးရာ လပ်ရှားမှုကြီး၏ အစိတ် အပိုင်းတခုဖြစ်သည်။

မကြာမှီက နိုင်ငံတော်၀န်ကြီးချုပ်ဦးနု တောင်ကြီးသို့ရောက်ရှိနေစဉ် ရှမ်းသူပုန်အရေးနှင့် ပတ်သက်၍ ဆွေးနွေးသည်ဟု ကြားသိရသည်။ ရှမ်းသူပုန်အင်အား ဘယ်လောက် ရှိမည် ထင်သလဲဟု ဦးနုကမေးမြန်းရာ တာ၀န်ခံပုဂ္ဂိုလ်တဦးက လက်နက်ကိုင်အင်အား ၂၅,၀၀၀ခန့်ရှိမည်ဟု ဖြေကြားသည်ဟု တဆင့်စကားကြားသိရသည်။

ရခိုင်ပြည်နယ် လ.ဝ.က ဒု-ပြည်နယ်မှူး (ငြိမ်း) ဦးသာမြ နှင့် တွေ့ဆုံခြင်း

 ရခိုင်ပြည်နယ် လ.ဝ.က ဒု-ပြည်နယ်မှူး (ငြိမ်း) ဦးသာမြ နှင့် တွေ့ဆုံခြင်း


မေး။ ။ မင်္ဂလာပါဆရာကြီး။ ဆရာကြီးက ရခိုင်ပြည်နယ် လ.ဝ.က မှာ အချိန်အကြာကြီး တာဝန်ထမ်းဆောင်ခဲ့ဖူးတယ်လို့ ကြားသိရတဲ့အတွက် သိချင်တာလေးတွေ မေးမြန်းခွင့်ပြုပါ။ ဆရာကြီးရဲ့ ဇာတိနှင့် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ နေရာဒေသတွေကို ပြောပြပေးပါ။

ဖြေ။ ။ ဟုတ်ကဲ့။ ကျွန်တော့်ရဲ့ မွေးရာဇာတိက ရခိုင်ပြည်နယ် စစ်တွေမြို့ လမ်းမတော်မြောက်ရပ်ကွက်ကပါ။ ၁၉၅၇ ခုနှစ်မှ ဒီ လ.ဝ.က လူဝင်မှုကြီးကြပ်ရေးမှာ အလုပ်စဝင်ခဲ့ပါတယ်။ အဲ့ဒီတုန်းက ကျွန်တော် တာဝန်ထမ်းဆောင်ရတဲ့ ရာထူးကို လူဝင်မှုကြီးကြပ်ရေးမှူးလို့ ခေါ်ပါတယ်။ မူဆယ်၊ ဗန်းမော်၊ ကောလင်း စတဲ့ ရှမ်းပြည်၊ ကချင်ပြည်နယ်နဲ့ ရန်ကုန်တို့မှာ တာဝန်ကျပြီးမှ ရခိုင်ပြည်နယ် စစ်တွေမြို့ကို ၁၉၆၇ လောက်မှာ ရောက်ရှိ လာတာပါ။ ရခိုင်ပြည်နယ်မှာ လက်အောက်ပြည်နယ်မှူးနဲ့ ဒုပြည်နယ်မှူး အဖြစ်နဲ့ နှစ်ပေါင်း ၂၀ ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၈၉ ခုနှစ်မှာ ၈၈ အရေးတော်ပုံမှာ ပါခဲ့တယ်ဆိုပြီး Forced to Retire ပေးခံခဲ့ရတယ်။ ၁၉၉၀ ခုနှစ်မှာမှ ရန်ကုန်ကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ အခု အသက် (၈၂) နှစ်ရှိပြီ။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */