" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, April 4, 2022

ရိုဟင်ဂျာအရေးအခင်းတွင် အောက်ခြေစစ်သားများကို ထင် ရာစိုင်းခွင့်ပေးခဲ့ဟု တပ်အရာရှိပြော

Maynmar Now
ဇော်ရဲသွေး / Myanmar Now
Apr 2, 2022


ရိုဟင်ဂျာနှိမ်နင်းရေး ခေါင်းစဉ်အောက်တွင် စစ်တပ်အကြီးအကဲများက အတိုင်းအဆမဲ့ အကြမ်းဖက်မှုမျိုးစုံ လုပ်ခွင့်ပေးခဲ့သည်ဟု ထောက်ပို့အရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ တပ်အရာရှိက ပြောသည်။ရိုဟင်ဂျာအ ရေးအခင်းတွင် စစ်တပ်က အောက်ခြေစစ်သားများကို ထင်ရာစိုင်းခွင့်ပေးခဲ့သည်ဟု ရခိုင်ပြည်နယ်မြောက် ပိုင်း တွင် တာဝန်ကျနေရာမှ ယခုနှစ်ဆန်းပိုင်းတွင် ထွက်ပြေးလွတ်မြောက်လာသူ ဗိုလ်ကြီးတစ်ဦးက ထုတ်ဖော်ပြော ကြားသည်။

ရိုဟင်ဂျာနှိမ်နင်းရေးခေါင်းစဉ်အောက်တွင် စစ်တပ်အကြီးအကဲများက အတိုင်းအဆမဲ့ အကြမ်းဖက်မှုမျိုးစုံ လုပ် ခွင့်ပေးခဲ့သည်ဟု ရခိုင်ပြည်နယ်အတွင်း စစ်တပ်၏ နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးများတွင် ထောက်ပို့ အရာ ရှိအဖြစ် ပါဝင်ခဲ့သူ ဗိုလ်ကြီးနေမျိုးသက်က Myanmar Now ကို ပြီးခဲ့သည့် မတ်လကုန်ပိုင်းတွင် ပြောသည်။


“စစ်ကြောင်းတွေ ဝင်တယ်၊ ရွာတွေကို မီးရှို့ပြီးတော့ ထွက်သွားတယ်။ ရွာတွေ မီးလောင်ပြီး ကျန်ခဲ့တယ်။ ဒါ တွေ က ကျွန်တော့်ရှေ့မှာ ဖြစ်သွားတဲ့ဟာတွေ အကုန်လုံး” ဟု စစ်မှုထမ်းသက် ၁၃ နှစ်ရှိပြီး ရခိုင်ပြည်နယ်တွင် ၇ နှစ်တာဝန်ထမ်းဆောင်ခဲ့သူ ၎င်းက ပြောသည်။


စစ်တက္ကသိုလ် အပတ်စဉ် ၅၁ ကျောင်းဆင်း အသက် ၃၃ နှစ်အရွယ် ဗိုလ်ကြီးနေမျိုးသက်မှာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်အခြေစိုက် အမှတ် ၂၃၃ ခြေလျင် တပ်ရင်း (ခလရ ၂၃၃) တွင် တပ်ခွဲမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။


၎င်း၏ ဇနီးဖြစ်သူ မမာမာသည်လည်း ရဲတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးပင်ဖြစ်ကာ ရခိုင်တိုင်းရင်းတစ်ဦးဖြစ်သူ ဇနီးနှင့် ရခိုင်ပြည်နယ်တွင် တာဝန်ကျပြီး တစ်နှစ်ခန့်အကြာ ၂၀၁၆ တွင် အိမ်ထောင်ပြုခဲ့ခြင်းဖြစ်သည်ဟု ဗိုလ်ကြီးနေ မျိုး သက်က ပြောသည်။


အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်း မရှိတော့သဖြင့် ဇနီးဖြစ် သူ၊ ငါးနှစ်အရွယ် သားဖြစ်သူတို့နှင့်အတူ ထွက်ပြေးလွတ်မြောက်လာသူ ဗိုလ်ကြီးနေမျိုးသက်မှာ လက်ရှိတွင် လွတ် မြောက်နယ်မြေတစ်ခုတွင် နေထိုင်ရင်း တတိယနိုင်ငံတစ်ခုသို့ သွားရောက်ရန် ပြင်ဆင်နေသည်။ 


၂၀၁၆ အောက်တိုဘာလတွင် အာဆာ (ARSA) လက်နက်ကိုင်အဖွဲ့က ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ နယ်ခြား စောင့် ရဲ စခန်းကို ဝင်ရောက်တိုက်ခိုက်ပြီးနောက် စစ်တပ်က ထိုဒေသရှိ ရိုဟင်ဂျာမွတ်စလင်များကို ပစ်မှတ် ထား နှိမ်နင်းခဲ့သည်။


စစ်တပ်၏ နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးကြောင့် သိန်းနှင့်ချီသော ရိုဟင်ဂျာများ ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ဘက် ခြမ်း သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လူမျိုးသုဉ်းသတ်ဖြတ်မှု (Genocide) ကျူးလွန်သည်ဆိုကာ နယ်သာ လန် နိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICJ) တွင် မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားသည်။
မောင်တောမြို့နယ်တွင် စစ်တပ်က ‘ဇွဲမာန်ဟုန်’ ဟု အမည်ရ နယ်မြေရှင်းလင်းရေးစစ်ဆင်ရေး ဆောင်ရွက်ခဲ့ ရာ တွင် ၂၀၁၆ မှ ၂၀၁၇ အထိအလည်းကောင်း၊ ၂၀၁၉ မှ ၂၀၂၀ အထိလည်းကောင်း သုံးကြိမ်တိုင် ပါဝင်ခဲ့ရဖူး ကြောင်း ဗိုလ်ကြီးနေမျိုးသက်က Myanmar Now နှင့် သီးသန့်အင်တာဗျူးတွင် ထုတ်ဖော်ပြောဆိုသည်။


“ကျီးကန်ပြင်ကစပြီး ဘော်ဒူလာ (ဗန္ဓုလ) အထိ ရိုဟင်ဂျာ ရွာစဉ်တစ်လျှောက် ရှင်းလင်းတာပါ။ နောက်ဆုံး ဗန္ဓုလ မှာ ဓမ္မာရုံဆောက်ပြီး ပြီးသွားတယ်။ ဒုဗိုလ်ချုပ်ကြီးအောင်ကျော်ဇောက မြန်မာနိုင်ငံနောက်ဘက် အစွန် ဆုံး ဗန္ဓုလ ရွာမှာ ဘုရားတည်ပြီး ဒီနေရာဟာ ဗုဒ္ဓရဲ့ ပိုင်နက်နယ်မြေသာဖြစ်တယ်ဆိုတဲ့ သဘောပေါ့။ အဲဒါ ပထမ ဇွဲမာန်ဟုန်” ဟု ၎င်းက ဇွဲမာန်ဟုန်စစ်ဆင်ရေးအကြောင်း ပြောပြသည်။ 


အသက် ၄၃ နှစ်အရွယ် ဗိုလ်ကြီးနေမျိုးသက်မှာ ထိုစဉ်က ထောက်ပို့အရာရှိအနေဖြင့် ရိုဟင်ဂျာရှင်းလင်းရေး တပ် ရင်းတပ်ဖွဲ့များအတွက် စားနပ်ရိက္ခာ၊ စစ်လက်နက်ပစ္စည်းနှင့် လေယာဉ်ဆီများ ပံ့ပိုးပေးရကြောင်း သိရ သည်။
“အဲဒီမှာ အိမ်တွေအကုန်လုံးက မီးခိုးလုံးတွေနဲ့ သူတို့တပ်တွေ (နယ်မြေရှင်းလင်းရေးတာဝန်ကျတပ်) ထွက်သွား ပေမဲ့ နောက်မှာက သေတဲ့ ရုပ်အလောင်းတွေက ထွက်တဲ့ အနံ့တွေနဲ့ ဘာတွေနဲ့က တောက်လျှောက် လမ်းသွား လမ်း လာတွေမှာ အမြဲတမ်း အနံ့တွေ ရပြီးတော့မှ မနှစ်မြို့ဖွယ် အနံ့တွေနဲ့ ဒါမျိုးတွေ ကျန်ခဲ့တယ်” ဟု ၎င်းက ပြောသည်။


ကျူးလွန်သမျှ သဲလွန်စဖျောက်

 
စစ်သားများက ကျေးရွာများကို မီးရှို့ဖျက်ဆီး၍ ပစ္စည်းယူလူသတ်သည့် အကြမ်းဖက်မှုများ ကျူးလွန်ရာတွင် စစ် တပ်အကြီးအကဲများက အလောင်းများမှစ၍ အရာရာတိုင်းတွင် သဲလွန်စမကျန်စေရန် စနစ်တကျ ဖျောက် ဖျက် ခိုင်းကြောင်းလည်း သိရသည်။ 


ထိုစဉ်က စစ်ဥပဒေချုပ်ဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးကိုယ်တိုင် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရုံးလာထိုင်၍ ကြီးကြပ်ကွပ်ကဲခဲ့ကြောင်း၊ နယ်မြေရှင်းလင်းရေးဆောင်ရွက်သည့်တပ်မှာ အနောက်မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်မ ၃၃ ဖြစ်ကြောင်း ဗိုလ်ကြီးနေမျိုးသက်က ပြောသည်။စစ်ဥပဒေချုပ် ဟောင်း ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးမှာ လက်ရှိတွင် အာဏာသိမ်းစစ်ကောင်စီ၏ အတွင်းရေးမှူးဖြစ်သည်။


“ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး တပ်က စစ်ဥပဒေချုပ်ကိုယ်တိုင်က ဆင်းလာပြီးတော့မှ အဲဒီမှာ နခခ-၄ (နယ်ခြား စောင့်ရဲတပ်ဖွဲ့ခွဲ) မောရဝတီမှာ ရုံးထိုင်ပြီးတော့မှ ဒီဇာတ်လမ်းတွေကို အသစ်တစ်ဖန် တီထွင်ပြီးတော့မှ လက်စ ဖျောက်ခဲ့တာဆိုတော့ တော်တော်လေးကို (သက်သေရဖို့) ခဲယဉ်းတယ်” ဟု ဗိုလ်ကြီးနေမျိုးသက်က ပြောသည်။ 


“သူတို့ပြောနေကျ စကားတစ်ခွန်းရှိတယ်။ ကြိုးကွင်းက အဝေးကြီးမှာ။ အဲဒါကို သွားပြီးတော့မှ စွပ်ဖို့မကြိုးစားနဲ့။ မင်းတို့ကောင်တွေ ပြန်စစ်။ မင်းတို့ရဲ့တပည့်တွေဆီမှာလည်း ရှိရင်ဖျက်ဆိုပြီး ဒါတွေအကုန်လုံးကို ဖျက်ခိုင်း တာ”
စစ်မြေပြင်အင်ဂျင်နီယာ (GE) တပ်ရင်းက စက်ယန္တရားများ အသုံးပြုကာ အပြောင်ရှင်းခဲ့ခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။


“ဘူဒိုဇာတွေ၊ ဘက်ဖိုးတွေနဲ့ ထိုးပြီးတော့မှ ဒါတွေကို အပြောင်ရှင်းတာပေါ့။ မီးလောင်တဲ့ အိမ်တွေရော၊ သေနေ တဲ့ ရုပ်အလောင်းတွေရော အပြောင်ရှင်းတယ်။ အရင်တုန်းက စည်စည်ကားကားနဲ့ ရှိခဲ့တဲ့နေရာတွေ အကုန် လုံး က ကွင်းပြင်ကြီးတွေ ဖြစ်သွားတယ်” 


ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာရွာများကို မီးလောင်တိုက်သွင်းပြီးနောက် စက်ယန္တရားကြီးများဖြင့် အစ ဖျောက်ကာ ထိုမြေပေါ်တွင် နယ်ခြားစောင့်ရဲကင်းစခန်းများ ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်ဟုလည်း ဗိုလ်ကြီးနေ မျိုး သက်က ဆိုသည်။


ဦးသိန်းစိန်အစိုးရလက်ထက် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ယခင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ(နခခ) တစ်ခုသာ ရှိခဲ့ သော် လည်း လက်ရှိအချိန်တွင် နခခတပ်ရင်း ရှစ်ခုအထိ အင်အားတိုးချဲ့ထားကြောင်း သိရသည်။ရိုဟင်ဂျာရုပ် အလောင်းများကို မြေမြှုပ်ရာတွင်လည်း သဲလွန်စမကျန်စေရန် အက်ဆစ်ရည်လောင်းပြီး မြေဖို့ကြသည်ဟု လည်း ဗိုလ်ကြီးနေမျိုးသက်က ပြောသည်။


ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာတွင် ရာနှင့်ချီသော ရုပ်အလောင်းများကို နေရာ ငါးခုတွင် အစုလိုက်အပြုံလိုက် မြှုပ်နှံထားရာတွင် သေဆုံးသူများမှာ မည်သူမည်ဝါမှန်း မသိရအောင် အက်ဆစ် လောင်း ဖျက်ဆီးခံထားရသည်ဟု အမေရိကန်အခြေစိုက် အေပီသတင်းဌာနက ၂၀၁၈ ဖေဖော်ဝါ ရီလအတွင်းရေး သားဖူးသည်။


ရိုဟင်ဂျာရှင်းလင်းရေးတွင် သက်သေမကျန်စေရန် ဖျောက်ဖျက်သည့်အထဲတွင် တပ်ရင်းတပ်ဖွဲ့များက အသုံးပြု သည့် လက်နက်ခဲယမ်းစာရင်းပါ ပါဝင်သည်ဟု ဗိုလ်ကြီးနေမျိုးသက်က ပြောသည်။“ဒါက ကျွန်တော် တပ် ထောက် ဗိုလ်ကြီးလည်း လုပ်ခဲ့တာဆိုတော့ ကျည်သုံးစာရင်းနဲ့ ပတ်သက်တဲ့ဟာဆိုလို့ရှိရင် ကျွန်တော်သိနေတာ၊ သူတို့တွေ ဘာတွေပစ်ခဲ့တယ်၊ ဘာတွေ သုံးခဲ့တယ်ဆိုတာ။ ဒါတွေကို စာရင်းပျောက်အင်းပျောက်နဲ့ ပေးရတဲ့အ နေအထား မျိုးတွေဆိုတော့ သူတို့တွေ ကြိုက်တာလုပ်ဆိုတဲ့ အနေအထား” ဟု ၎င်းက ပြောသည်။


စိတ်တိုင်းကျ စစ်ဆေးခွင့်၊ အလိုရှိသမျှယူဆောင်ခွင့်ပေး ရိုဟင်ဂျာရွာများကို စစ်ကြောင်းထိုး ရာတွင် စစ် ကြောင်း မှူးများကို အထက်အရာရှိများက စိတ်ကြိုက်ရှာဖွေစစ်ဆေးခြင်းအပြင် အလိုရှိသမျှ ပစ္စည်းများယူ ဆောင်ခွင့် လည်း ပြုခဲ့ကြောင်း ဗိုလ်ကြီးနေမျိုးသက်က ဆိုသည်။ 


“အမျိုးသမီးတွေဆိုရင် အရာရှိ စစ်ဗိုလ်တစ်ယောက်က ဝင်မယ်၊ အိမ်ထဲကနေ အမျိုးသားတွေကို အပြင်ကို ထွက် ခိုင်းမယ်။ ထွက်ခိုင်းပြီးသွားရင် အမျိုးသမီးတွေကို အိမ်ထဲမှာ တန်းစီခိုင်းတယ်။ တန်းစီပြီးတဲ့အခါကျရင် အဲဒီအ မျိုး သမီးတွေ အကုန်လုံးကို အဝတ်အစားတွေ အကုန်ချွတ်၊ ချွတ်ပြီးသွားပြီဆိုတာနဲ့ ဒါ ရှာဖို့နော် ရှာဖို့” ဟု ၎င်းက ပြောသည်။


ရိုဟင်ဂျာအမျိုးသမီးများကို အဝတ်အစားချွတ်ခိုင်းရသည်ကို ဂုဏ်ယူစွာထုတ်ဖော်ပြောဆိုလေ့ရှိသည့် အရာရှိ များ လည်း တွေ့ဖူးကြောင်း ၎င်းက ပြောသည်။


“အမျိုးသမီးတွေကို တန်းစီခိုင်းပြီးတော့ အရွယ်စုံပေါ့နော် အသက်ကြီးတဲ့လူတွေလည်း ပါတယ်၊ အမျိုးသမီးငယ် တွေလည်း ပါတယ်။ ရှာမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ချွတ်ခိုင်းတာပေါ့နော်။ သူက ဂုဏ်ယူစွာနဲ့ ဟာသနှောပြီးတော့မှ ပြောဖူးတဲ့ဟာမျိုးတွေ ကျွန်တော်က မြင်ဖူးတာ” ဟု ဗိုလ်ကြီးနေမျိုးသက်က ပြောသည်။


ထိုသို့ရှာဖွေနေစဉ် ထွက်ပြေးသည့် မည်သူ့ကိုမဆို ပစ်သတ်ခွင့်ရရှိထားကြောင်း၊ နေအိမ်များအတွင်း စိတ်ကြိုက် ဝင်ရောက်ရှာဖွေသော်လည် အိမ်သုံးဓားမှလွဲ၍ မည်သည့်လက်နက်မျှ မတွေ့ရကြောင်းလည်း ၎င်းက ပြောသည်။
“ဒီစစ်တပ်တစ်တပ်ကို ပြန်ပြီးတော့မှ ပစ်နိုင်လောက်တဲ့ အနေအထားမျိုးတွေလည်း မတွေ့ဘူး။ ဘာပဲဖြစ်ဖြစ် အဲဒီလို ဓားတွေ့ပြီဆိုတာနဲ့ မင်းတို့ကောင်တွေ သတ်လိုက်လို့ရပြီဆိုတဲ့ အနေအထားမျိုး” ရိုဟင်ဂျာကျေးရွာ ခေါင်း ဆောင်များသည် ရွှေတိုငွေစများနှင့် ရွာအပြင်ထွက်စောင့်ဆိုင်းကာ စစ်ကြောင်းထိုးလာသည့် တပ်အရာရှိ များကို ညှိနှိုင်းပေးကမ်းကြရသည်ဟုလည်း ဗိုလ်ကြီးနေမျိုးသက်က ပြောသည်။


“အဲဒီလိုမျိုး ရှိနေတဲ့အချိန်မှာ သူတို့ရွာတွေကို ဒါမျိုးမလုပ်ဖို့ဆိုပြီးတော့ ရှေ့ကနေ သူတို့ခေါင်းဆောင်တွေကနေ ထွက်ပြီး ပိုက်ဆံတွေနဲ့ ညှိတာပေါ့ဗျာ စစ်ကြောင်းမှူးတွေကို”“သူတို့ကိုယ်တိုင် လက်မောင်း အပတ်ကြီးတွေနဲ့ လုပ် နေတဲ့ အချိန်မှာပဲ တပ်လိုင်းခန်းတွေမှာက ရိုဟင်ဂျာတွေဆီက ယူထားတဲ့ ပစ္စည်းတွေ၊ ဆိုင်ကယ်ဆို ဆိုင် ကယ်၊ ကားဆိုရင်လည်းကား၊ အဲဒါတွေက ပွဲစားတန်းတစ်ခုလိုပဲ။ လာဝယ်တဲ့သူတွေနဲ့ ရောင်းဝယ်ဖောက်ကား ပြီး စည် ကား နေတာပေါ့နော်” ဟု ၎င်းက ပြောသည်။ 


ရခိုင်ပြည်နယ်မြောက်ပိုင်းက စစ်ဆင်ရေးအကြောင်း စစ်ခေါင်းဆောင် ဖွင့်ဟဖူး ရခိုင်ပြည်နယ်မြောက် ပိုင်း တွင် နေထိုင်သည့် ရိုဟင်ဂျာမျိုးအပေါ် လူမျိုးသုဉ်းသတ်ဖြတ်သည်ဟူသော စွပ်စွဲချက်များနှင့် ပတ်သက်၍ စစ်တပ်က အစဉ်တစိုက်ငြင်းဆန်လေ့ရှိသော်လည်း နယ်မြေရှင်းလင်းရေးလုပ်ငန်းစဉ်များအကြောင်း အာဏာသိမ်း ခေါင်း ဆောင်ကိုယ်တိုင် ဖွင့်ဟပြောဆိုဖူးသည်။ 


အာဏာသိမ်းပြီးနှစ်လအကြာ ပြီးခဲ့သည့်နှစ် မတ်လအတွင်းက နေပြည်တော်၌ ပြုလုပ်သော တပ်မတော်နေ့အ ခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ရခိုင်ပြည်နယ်အတွင်းတွင် အခြေပြုလှုပ်ရှားနေတဲ့ ကုလား ဆိုး သောင်းကျန်းသူများကို တိုက်ခိုက်နှိမ်နှင်းနိုင်ခဲ့ကြောင်း” ဟု ထည့်သွင်းပြောဆိုသည်။


“သူတို့ (စစ်တပ်) ဖြစ်ချင်တဲ့ဟာ ဘယ်လိုမျိုးလဲဆိုတော့ ဒါတွေ (ရိုဟင်ဂျာ) မရှိရင် ပြီးပြီဗျာ။ အဆုံးစွန်က ဒီကောင် တွေ မရှိရင် ပြီးပြီ။ ဒီကောင်တွေကြောင့် ဖြစ်တယ်၊ ပြဿနာတွေအကုန်လုံးက ဒါပဲ သူတို့မျက်လုံး ထဲမှာ” ဟုရိုဟင် ဂျာ များအပေါ် စစ်တပ်၏ သဘောထားနှင့် ပတ်သက်၍ ဗိုလ်ကြီးနေမျိုးသက်က ပြောသည်။


ရိုဟင်ဂျာများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ကြောင်း နိုင်ငံတကာအသိုင်းအဝိုင်းက သက်သေအ ထောက်အ များနှင့် ထုတ်ဖော်ပြောဆိုချိန်တွင် စစ်တပ်က စစ်သာသုံးဦးကို အရေးယူပြဖူးသည်။ ဂူတာပြင်ကျေးရွာဖြစ်စဉ်နှင့် ပတ်သက်၍ စစ်သားသုံးဦးကို အရေးယူခဲ့ခြင်းဖြစ်သည်။


ထိုစစ်သားသုံးဦးကို တာဝန်ယူထိန်းချုပ်ရသူမှာ ထိုဒေသအခြေစိုက် ဗျူဟာမှူး ဗိုလ်မှူးကြီးနိုင်ဦးဖြစ်ကြောင်း ဗိုလ်ကြီးနေမျိုးသက်က ပြောသည်။


ထိုသို့ စစ်သားများကို အရေးယူခဲ့သော်လည်း တာဝန်ထမ်းဆောင်ဆဲ စစ်သည်များသိလျှင် စိတ်ပျက်မည်စိုး သော ကြောင့် အရေးယူခံရသူများ၏ အမည်နှင့် ရာထူးများကို ကွယ်ဝှက်ထားခြင်းဖြစ်ကြောင်း စစ်တပ်ပြော ခွင့်ရေ ဗိုလ် ချုပ်ဇော်မင်းထွန်းက ၂၀၂၀ ခုနှစ်အတွင်း ထုတ်ဖော်ပြောဆိုဖူးသည်။


ရိုက်တာသတင်းဌာနက ဖော်ထုတ်ရေးသားခဲ့သော မောင်တောမြို့နယ် အင်းဒင်ကျေးရွာတွင် ရိုဟင်ဂျာ ၁၀ ဦး အစု လိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍လည်း စစ်သား ၇ ဦးကို စစ်တပ်က အရေးယူခဲ့ဖူးသည်။သို့ သော် အဆိုပါစစ်သား ၇ ဦးကို ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ခဲ့သော်လည်း တစ်နှစ်မပြည့်မီမှာပင် စစ်တပ် ကပြန်လွှတ် ပေးခဲ့သည်။ 


ရိုဟင်ဂျာအရေးအခင်းနှင့် ပတ်သက်၍ တပ်မ ၃၃ တပ်မမှူး ဗိုလ်မှူးချုပ်အောင်အောင်၊ တပ်မ ၉၉ တပ်မမှူး ဗိုလ် မှူးချုပ်သန်းဦး၊ ဘူးသီးတောင်အခြေစိုက် အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်ခင် မောင် စိုး၊ အ နောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မောင်မောင်စိုး၊ အမှတ် (၃) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဟောင်း ဒုတိ ယဗိုလ်ချုပ်ကြီးအောင်ကျော်ဇောတို့ကို ဩစတြေးလျအစိုးရက ဒဏ်ခတ်အရေးယူခဲ့သည်။ 


ရခိုင်ပြည်နယ်မြောက်ပိုင်းက စစ်ဆင်ရေးများနှင့် ပတ်သက်၍ ဒုတိယဗိုလ်မှူးကြီးဇော်မျိုးဝင်းဆိုသူ အရာရှိကို လည်း အယောင်ပြအရေးယူခဲ့ဖူးကြောင်း ဗိုလ်ကြီးနေမျိုးသက်က ဆိုသည်။ 


“အဲဒီအချိန်တုန်းက ကျူးလွန်ခဲ့တဲ့ တပ်ရင်းမှူးတစ်ယောက်ကို ချုပ်ထားတယ်။ ကျွန်တော်တို့ ခလရ ၂၃၃ ရဲ့ အချုပ်ထဲမှာ ချုပ်ထားတယ်။ ဒါပေမဲ့ အယောင်ပြချုပ်ထားခြင်းပဲဖြစ်တယ်” ဟု ၎င်းက ပြောသည်။“ဒါက ကျွန် တော် က နေခဲ့လို့ သိတာလေ။ တော်ရုံတန်ရုံက ဘယ်သိမလဲ ဒီတပ်ရင်းမှူး ဘယ်ရောက်သွားသလဲဆိုတာ။ ချုပ်ထားတယ်ဆိုတာ တကယ့်ကို ပိတ်မိထားသလိုမျိုး ထင်သွားနိုင်တယ်။ မဟုတ်ပါဘူးနော်။ အချုပ်ခန်းထဲမှာ ကြိုက်တာလုပ်လို့ရတယ်၊ အရက်တောင် သောက်လို့ရတယ်” ဟု ဗိုလ်ကြီးနေမျိုးသက်က ဆိုသည်။


မြန်မာစစ်တပ်သည် ရိုဟင်ဂျာများအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီဘလင်ကန် ယခုလ ၂၂ ရက်တွင် ထုတ်ဖော်ပြောဆိုသည်။


အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်ကို ပစ်မှတ်ထားသည့် ဒဏ်ခတ်အရေးယူမှုများ ဆက်တိုက်ပြုလုပ်ခဲ့ သော် လည်း အမေရိကန်အနေဖြင့် ရိုဟင်ဂျာများအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုနှင့် ပတ်သက်၍ ပထမဆုံး အကြိမ် လူသိရှင်ကြေား ထုတ်ဖော်ပြောဆိုခြင်းဖြစ်သည်။ 


မြန်မာစစ်တပ်သည် ရိုဟင်ဂျာလူမျိုးများအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန် သည့် ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည်ဟု သတ်မှတ်ကြောင်းလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသည်။
.
ဇော်ရဲသွေး / Myanmar Now
Apr 2, 2022

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */