" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, March 29, 2022

ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ အမေရိ ကန်၏ ဆုံးဖြတ်ချက်ကို အရပ်ဘက်လူထုအဖွဲ့အစည်းများ က ကြိုဆို

PV ( Prograssive Voice of Myanmar )
March 29th, 2022
Author: 357 Civil Society Organizations


 

၂၀၂၂ ခုနှစ် မတ်လ ၂၉ ရက်


ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ အမေရိကန်၏ ဆုံးဖြတ်ချက်ကို အရပ်ဘက်လူထုအဖွဲ့အစည်းများက ကြိုဆို
မြန်မာစစ်တပ်ခေါင်းဆောင်များကို တရားစွဲဆိုရမည်


နောက်ကျပြီးမှဖြစ်သော်လည်း ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာလူမျိုးများအပေါ် မြန်မာစစ်တပ်မှ ကျူး လွန်ခဲ့သည့် အကြမ်းဖက်မှုများက လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သော ရာဇဝတ်မှုများ မြောက်ကြောင်း တရားဝင်အသိအမှတ်ပြုသည့် အမေရိကန်အစိုးရ၏ ဆုံးဖြတ်ချက်ကို မြန်မာအရပ်ဘက် လူထု အဖွဲ့အစည်းများ၊ နှင့် ဒေသတွင်းနှင့် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်း ပေါင်း ၃၅၇ ဖွဲ့တို့က ကြိုဆိုလိုက်သည်။

ဤဆုံးဖြတ်ချက်သည် ရိုဟင်ဂျာများ၏ လေးနှစ်ကျော်ကြာအောင် မလျှော့သော ဇွဲလုံ့လ ကြိုးပမ်းအားထုတ်မှုနှင့် အတူ မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းရှိ လူ့အခွင့်အရေးအဖွဲ့များ၏ သွေးစည်းညီညွတ်သော ပံ့ပိုးကူညီမှုတို့ကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ရိုဟင်ဂျာများသည် ၎င်းတို့အတွက် တရားမျှတမှုနှင့် တာဝန်ယူမှု တာဝန်ခံမှု ရှိလာ စေ ရေး၊ နှင့် ၎င်းတို့၏ နိုင်ငံသားဖြစ်မှု ပြန်လည်ရရှိရေး၊ လွတ်လပ်စွာသွားလာလှုပ်ရှားခွင့်နှင့် ရခိုင်ပြည်နယ်တွင်ရှိ သော ၎င်းတို့၏ နေအိမ်များသို့ ဘေးကင်းလုံခြုံစွာဖြင့် ၎င်းတို့သဘောဆန္ဒအလျောက် ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန် နိုင်ရေး တို့အပါအဝင် ၎င်းတို့၏ အခွင့်အရေး ပြန်လည်အသိအမှတ်ပြုခံရရေးအတွက် ဆက်လက်ကြိုးစား လုပ် ဆောင်နေကြသည်။


ထိုရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများအပေါ် ကာလရှည်ကြာစောင့်စားနေခဲ့ရသည့် အမေရိကန်အစိုးရ၏ ဆုံးဖြတ်ချက်နောက်တွင် ထိုရာဇဝတ်မှုများအတွက် ရာဇဝတ်ဆိုင်ရာတရားစွဲဆိုမှုများ ပြုလုပ်ရေး ဦးတည်သော အရေးယူဆောင်ရွက်မှုများ အရေးတကြီးလုပ်ဆောင်ရန် လိုအပ်သည်။ သို့မဟုတ်ပါက ဤဆုံးဖြတ်ချက်သည် စ ကားလုံးသက်သက်အဖြစ် အရာမရောက်ဘဲ ရှိနေမည့်အပြင် ၎င်း၏ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ မူဝါဒများ ဆက် လက် အကောင်အထည်ဖော်ဆောင်နေခြင်းနှင့် ရခိုင်ပြည်နယ်တွင် ကျန်ရှိနေသေးသော ရိုဟင်ဂျာလူဦးရေ ၆၀၀,၀၀၀ အပေါ် ဖိနှိပ်ခြင်း လုပ်ဆောင်နေရုံသာမက နိုင်ငံတစ်ဝှမ်းရှိ ပြည်သူများအပေါ်တွင်လည်း စစ်ရာဇ၀တ် မှု များနှင့် လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သော ရာဇ၀တ်မှုများ ကျူးလွန်နေသာ မြန်မာစစ်တပ်ကို ပိုမို၍ပင် အ တင့်ရဲလာစေမည် ဖြစ်သည်။

ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့သည့် ယင်းစစ်တပ်ကပင် ဒီမိုကရေစီကာကွယ်ရာတွင် ရဲရင့် ပြတ်သား စည်းလုံးညီညွတ်သော မြန်မာပြည်သူများ၏ စုပေါင်းခုခံဆန့်ကျင် မှုကြောင့် ကျရှုံးနေသော ၎င်းတို့၏ အာဏာသိမ်းရေး ကြိုးပမ်းမှုနောက်ပိုင်းတွင် အရပ်သားပြည်သူများအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများ၊ ဥပဒေမဲ့သတ်ဖြတ်မှုများ၊ မတရား အစုလိုက်အပြုံလိုက် ဖမ်းဆီးမှုများ၊ လိင်ပိုင်းဆိုင် ရာနှင့် ကျား-မ ကွဲပြားမှုအပေါ်အခြေခံသည့် အကြမ်းဖက်မှုများ၊ ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုများနှင့် အစုလိုက် အပြုံလိုက် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရ စေမှုများကို ကျူးလွန်နေသည်။

ကုလသမဂ္ဂလူ့အခွင့်အ‌ရေးကောင်စီ၏ ၄၉ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် အရပ်သားပြည်သူ များအပေါ် လေကြောင်းတိုက်ခိုက်မှုများနှင့် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်မှုများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားလုပ် ဆောင်မှုများ အပါအဝင် မြန်မာစစ်အုပ်စု၏ စနစ်တကျ ချိုးဖောက်မှုများသည် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုး နွယ် အပေါ် ဆန့်ကျင်သော ရာဇဝတ်မှုများ မြောက်နိုင်ဖွယ်ရှိသည်ဟု ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီးက ထုတ်ဖော်ပြောဆိုခဲ့သည်။ မြန်မာစစ်တပ်မှ ရရှိနေသော ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အဆုံးသတ်ရမည်ဖြစ်ပြီး ယင်း ကို မြန်ဆန်တင်းကျပ်သော တရားမျှတမှုနှင့် တာဝန်ယူမှု တာဝန်ခံမှု ဖော်ဆောင်ခြင်းတို့မှတစ်ဆင့်သာ ရရှိနိုင်မည် ဖြစ်သည်။

အမေရိကန်အစိုးရမှ အောက်ပါအချက်များကို လုပ်ဆောင်ရန် မိမိတို့မှ တောင်းဆိုလိုက်သည် –
  • မြန်မာနိုင်ငံ၏ အခြေအနေကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) သို့ လွှဲပြောင်းပေးရန်အတွက် ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှ ဆုံးဖြတ်ချက်တစ်ခု ချမှတ်ရေး အကြံပြုတိုက်တွန်းရန်၊
  • ၂၀၀၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ မြန်မာနိုင်ငံပိုင်နက်အတွင်း ကျုးလွန်ခဲ့သော နိုင်ငံတကာ ရာဇ ၀တ် မှုများနှင့် စပ်လျဉ်း၍ ရောမသဘောတူစာချုပ် အပိုဒ် ၁၂(၃)အရ ICC တရားရုံး၏ တရားစီရင်ပိုင်ခွင့် ကို လက်ခံကြောင်း တင်သွင်းသော မြန်မာအစိုးရဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကြေ ညာစာတမ်းကို လက်ခံရေး ICC တရားရုံးအား တိုက်တွန်းရန်၊
  • ဂမ်ဘီယာနိုင်ငံမှ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာတရားရုံး (ICJ) တွင် လက်ရှိစွဲဆိုထားသည့် အမှုအား ငွေ ကြေးနှင့် ဥပဒေဆိုင်ရာ ပံ့ပိုးကူညီမှုများ အပါအဝင် တရားဝင် ထောက်ခံအားပေးရန်၊
  • စစ်တပ်အား တင်းကျပ်သော တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေခြင်းမှတစ်ဆင့် မြန်မာနိုင်ငံ စုပေါင်းညီညွတ် ရေးဆိုင်ရာဥပဒေ ၂၀၂၁ ခုနှစ် (BURMA Act 2021) ကို အတည်ပြုပြဌာန်းနိုင်ရန်အတွက် ကွန်ဂရက် အား တောင်းဆိုရန်၊
  • မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)၊ စစ်တပ်နှင့် ဆက်နွယ်နေသော စီးပွားရေးမိတ်ဖက်များ နှင့် လက်နက်ရောင်းဝယ်သူ ကွန်ရက်များအပေါ် ပစ်မှတ်ထား အရေးယူပိတ်ဆို့မှုများ အပါအဝင် မြန်မာစစ် တပ်နှင့် ၎င်း၏ ခေါင်းဆောင်များအပေါ် ပစ်မှတ်ထား အရေးယူပိတ်ဆို့မှုများ ပိုမိုလုပ်ဆောင်ရန်၊
  • လူမျိုးတုံးသတ်ဖြတ်မှုမှ အသက်ရှင်ကျန်ရစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အခြားနိုင်ငံများရှိ ရိုဟင်ဂျာများ အတွက် အကူအညီအထောက်အပံ့များ တိုးမြှင့်ပေးရေး၊ နှင့် ရိုဟင်ဂျာ ကလေးသူငယ်များအတွက် ပညာ ရေး လက်လှမ်းမီစေရေး အပါအဝင် ရိုဟင်ဂျာဒုက္ခသည်များ လက်ခံထားရေးနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံအနေဖြင့် ရေရှည်တည်တံ့သော မူဝါဒများ ချမှတ်လာစေရေး စည်းရုံးလှုံ့ဆော်ရန်၊
  • စစ်တပ်၏ အကြမ်းဖက်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ထိခိုက်အလွယ်ဆုံးသော ပြည်တွင်း နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူ (IDP) ၈၈၉,၀၀၀ ကျော်ထံသို့ အကူအညီများ ရောက်ရှိစေရန် အ တွက် နယ်စပ်ဖြတ်ကျော် လမ်းကြောင်းများတစ်ဆင့် အပါအဝင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အ‌ရေးပေါ်အကူအညီ ပံ့ပိုးနိုင်ရေး ကြိုးပမ်းမှုများ ညှိနှိုင်းဆောင်ရွက်ရန်အပြင် COVID-19 တိုက်ဖျက်ရေး အတွက် တိုင်းရင်းသားနှင့် လူထုအခြေပြု လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အဖွဲ့အစည်းများနှင့် အ ရပ်ဘက်လူထုအဖွဲ့အစည်းများကို အရင်းအမြစ်များ ထောက်ပံ့ပေးခြင်းနှင့် အဓိပ္ပါယ်ပြည့်ဝစွာဖြင့် တန်းတူ သောမိတ်ဖက်များအဖြစ် ပူးပေါင်းဆောင်ရွက်ရန် USAID အား ညွှန်ကြားရန်၊
  • မြန်မာစစ်တပ်အပေါ် ကမ္ဘာလုံးဆိုင်ရာ လက်နက်ခဲယမ်းရောင်းချမှု ပိတ်ဆို့ရေး ချမှတ်နိုင်ရန်အတွက် ညှိ နှိုင်းဆောင်ရွက်ရန်၊ နှင့်
  • မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကို ရပ်တန့်စေရန်အတွက် လေယာဥ်ဆီတင်ပို့ရောင်းချမှုကို ပိတ် ဆို့ရန်။


ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်
 

  • ဒေါ်ခင်ဥမ္မာ၊ ရှေ့ပြေးအသံအဖွဲ့၊ info@progressive-voice.org
  • Razia Sultana, RW Welfare Society (RWWS), rsmimi15@gmail.com
  • နော်ဆဲဆဲ၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)၊ equality20@protonmail.com

 ပါဝင်လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်းများ

    1. 8888 Generation (New Zealand)
    2. Action Against Myanmar Military Coup (Sydney)
    3. Action Committee for Democracy Development (ACDD)
    4. Ah Nah podcast – Conversation with Myanmar
    5. All Burma Democratic Face in New Zealand
    6. All Burma Federation of Trade Unions (ABFTU)
    7. All Burma Indigenous People Alliance
    8. All Burma Student Democratic Front – Australia Branch
    9. All Young Burmese League (AYBL)
    10. Alternative Solutions for Rural Communities (ASORCOM)
    11. ALTSEAN-Burma
    12. America Rohingya Justice Network
    13. American Baptist Churches USA
    14. American Rohingya Advocacy
    15. Anti-Myanmar Dictatorship Movement
    16. Anti-Myanmar Military Dictatorship Network (AMMDN)
    17. Arakan Institute for Peace and Development
    18. Arizona Kachin Community
    19. ASEAN Parliamentarians for Human Rights (APHR)
    20. Asia Democracy Network
    21. Asia Myanmar Research Institute
    22. Asia Pacific Solidarity Coalition (APSOC)
    23. Asian Dignity Initiative
    24. Asian Forum for Human Rights and Development (FORUM-ASIA)
    25. Association for the Advancement of Freedom of Religion or Belief in Vietnam (AAFoRB-VN)
    26. Association of Human Rights Defenders and Promoters (HRDP)
    27. Athan – Freedom of Expression Activist Organization
    28. Auckland Kachin Community NZ
    29. Auckland Zomi Community
    30. Australia Burma Friendship Association, Northern Territory
    31. Australia Karen Organization WA Inc.
    32. Australia Myanmar Doctors, Nurses and Friends
    33. Australia Myanmar Youth Alliance (AMYA)
    34. Australian Burmese Muslim Organisation
    35. Australian Chin Community (Eastern Melbourne Inc)
    36. Australian Karen Organisation (AKO)
    37. Bamar Community Tasmania
    38. Baptist World Alliance
    39. Blood Money Campaign
    40. Boat People SOS
    41. Burma Action Ireland
    42. Burma Campaign UK (BCUK)
    43. Burma Civil War Museum (BCM)
    44. Burma Human Rights Network (BHRN)
    45. Burma Interest Group
    46. Burma Lawyers’ Council (BLC)
    47. Burma Task Force
    48. Burmese American Community Institute
    49. Burmese American Millennials
    50. Burmese Community Development Collaboration (BCDC)
    51. Burmese Community in South Australia
    52. Burmese Community Support Group (BCSG)
    53. Burmese Democratic Forces
    54. Burmese Friendship Association
    55. Burmese Medical Association Australia (BMAA)
    56. Burmese Rohingya Organisation UK (BROUK)
    57. Burmese Rohingya Welfare Organisation New Zealand
    58. Burmese Women’s Union (BWU)
    59. Calgary Karen Community Association (CKCA)
    60. California Kachin Community
    61. Campaign for a New Myanmar
    62. Canberra Karen Association
    63. Chin Community of Auckland
    64. Chin Community of Western Australia Inc.
    65. Chin Community SA
    66. Chin Community Tasmania
    67. Chin Human Rights Organization
    68. Chin Leaders of Tomorrow (CLT)
    69. Chin Youth Organization
    70. Church of Scientology National Affairs Office
    71. Citizens of Burma Award (New Zealand)
    72. Clarity & Decency
    73. Coalition to Abolish Modern-day Slavery in Asia (CAMSA)
    74. CoBA New Zealand
    75. Committee for Religious Freedom in Vietnam
    76. CRPH & NUG Supporters Ireland
    77. CRPH Funding Ireland
    78. CRPH Support Group, Norway
    79. CRPH/NUG Support Group Australia
    80. CSO Committee for Peace in Tanintharyi
    81. Dallas Kachin Community
    82. Dallas Karen Baptist Church
    83. Danu Youth Organization
    84. Democracy for Burma
    85. Democracy for Myanmar – Working Group (NZ)
    86. Democracy Movement Strike Committee – Dawei
    87. Democracy Movement Strike Committee – Laung Lone
    88. Democracy, Peace and Women’s Organization – DPW
    89. Democratic Youth Council
    90. DFW Karen Community
    91. Dragon Dawn
    92. Edmonton Karen Community Youth Organization
    93. European Karen Network (EKN)
    94. European Rohingya Council
    95. Falam Community in South Australia
    96. Federal FM Mandalay
    97. Federal Myanmar Benevolence Group (NZ)
    98. Finland Karen Culture Association
    99. Florida Kachin Community
    100. Free Burma Action Bay/USA/Global
    101. Free Myanmar Campaign USA/BACI
    102. Free Rohingya Coalition
    103. Freedom for Burma
    104. Freedom, Justice, Equality for Myanmar
    105. Future Light Center (FLC)
    106. Future Thanlwin (FT)
    107. General Strike Committee of Nationalities – GSCN
    108. Generation Wave (GW)
    109. Georgia Kachin Community
    110. Global Movement for Myanmar Democracy (GM4MD)
    111. Global Myanmar Spring Revolution (GMSR)
    112. Houston Kachin Community
    113. Human Rights Foundation of Monland (HURFOM)
    114. In Defense of Human Rights and Dignity Movement (iDefend), Philippines
    115. India For Myanmar
    116. Industrial Training Centre (ITC) Family Sydney
    117. Info Birmanie
    118. Initiatives for International Dialogue (IID)
    119. Institute for Asian Democracy
    120. Interfaith Youth Coalition on Aids in Myanmar (IYCA-Myanmar)
    121. International Campaign for the Rohingya (ICR)
    122. International Karen Organisation
    123. International Society of Myanmar Scholars and Professionals
    124. Iowa Kachin Community
    125. Joint Action Committee for Democracy in Burma (JACDB)
    126. Jubilee Campaign USA
    127. Justice 4 Myanmar – Hope & Development
    128. Justice For Myanmar (JFM)
    129. Kachin Alliance
    130. Kachin American Community (Portland – Vancouver)
    131. Kachin Association Australia
    132. Kachin Association of Australia WA Inc.
    133. Kachin Baptist Churches USA
    134. Kachin Community of Indiana
    135. Kachin Community of USA
    136. Kachin National Organization USA
    137. Kachin Vision
    138. Kansas Karenni Community, KS
    139. Karen American Association of Milwaukee, WI
    140. Karen Association of Huron, SD
    141. Karen Community in Norway
    142. Karen Community in South Australia
    143. Karen Community of Akron, OH
    144. Karen Community of Canada (KCC)
    145. Karen Community of Czech Republic
    146. Karen Community of Finland
    147. Karen Community of Hamilton
    148. Karen Community of Iowa, IA
    149. Karen Community of Ireland
    150. Karen Community of Israel
    151. Karen Community of Kansas City, KS & MO
    152. Karen Community of Kitchener & Waterloo
    153. Karen Community of Leamington
    154. Karen Community of Lethbridge
    155. Karen Community of London
    156. Karen Community of Minnesota, MN
    157. Karen Community of North Carolina, NC
    158. Karen Community of Ottawa
    159. Karen Community of Regina
    160. Karen Community of Saskatoon
    161. Karen Community of Thunderbay
    162. Karen Community of Toronto
    163. Karen Community of Windsor
    164. Karen Community of Winnipeg
    165. Karen Community Society of British Columbia (KCSBC)
    166. Karen Environmental and Social Action Network (KESAN)
    167. Karen Human Rights Group (KHRG)
    168. Karen Organization of America
    169. Karen Organization of Illinois, IL
    170. Karen Peace Support Network (KPSN)
    171. Karen Rivers Watch
    172. Karen Swedish Community (KSC)
    173. Karen Thai Group
    174. Karen Women’s Organization
    175. Karen Youth Education Pathways
    176. Karen Youth Networks
    177. Karen Youth of Norway
    178. Karen Youth of Toronto
    179. Karen Youth Organization
    180. Karenni Civil Society Network
    181. Karenni Community of Arizona, AZ
    182. Karenni Community of Arkensas, AK
    183. Karenni Community of Austin, TX
    184. Karenni Community of Bowling Green, KY
    185. Karenni Community of Buffalo, NY
    186. Karenni Community of Chicago, IL
    187. Karenni Community of Colorado, CO
    188. Karenni Community of Dallas, TX
    189. Karenni Community of Des Moines, IA
    190. Karenni Community of Florida, FL
    191. Karenni Community of Fort Worth, TX
    192. Karenni Community of Georgia, GA
    193. Karenni Community of Houston, TX
    194. Karenni Community of Idaho, ID
    195. Karenni Community of Indianapolis, IN
    196. Karenni Community of Massachusetts, MA
    197. Karenni Community of Michigan, MI
    198. Karenni Community of Minnesota, MN
    199. Karenni Community of Missouri, MO
    200. Karenni Community of North Carolina, NC
    201. Karenni Community of Portland, OR
    202. Karenni Community of Rockford, IL
    203. Karenni Community of San Antonio, TX
    204. Karenni Community of Sioux Falls, SD
    205. Karenni Community of Utah, UT
    206. Karenni Community of Utica, NY
    207. Karenni Community of Washington, WA
    208. Karenni Community of Wisconsin, WI
    209. Karenni Federation of Australia
    210. Karenni Human Rights Group
    211. Karenni National Women’s Organization
    212. Karenni Society New Zealand
    213. Karenni Society of Omaha, NE
    214. Karenni/Kayah Community
    215. Karenni-American Association
    216. Kayan Women’s Organization
    217. Kayin Community Tasmania
    218. Keng Tung Youth
    219. Kentucky Kachin Community
    220. Korea Karen Organization
    221. Korea Karen Youth Organization
    222. Kyae Lak Myay Organization
    223. Kyaukse University Interim Administrative Council
    224. Kyaukse University Students’ Union
    225. La Communauté Birmane de France (France)
    226. LA Rohingya Association
    227. League for Democracy in Burma
    228. LGBT Union Mandalay (လိင်စိတ်ခံယူမှုကွဲပြားသူများသမဂ္ဂ)
    229. Loka Ahlinn – Social Development Network
    230. Louisiana Kachin Community
    231. Mandalay Regional Youth Association
    232. Maryland Kachin Community
    233. Matu Chin Community in Australia
    234. Metta Campaign Mandalay
    235. Michigan Kachin Community
    236. Milk Tea Alliance (Calendar Team)
    237. Milwaukee Myanmar Christian Church
    238. Mindat Chin Community NSW
    239. Mindat Community in Australia
    240. Minnesota Kachin Community
    241. Mizo Community in Australia
    242. Mizo Society of America
    243. Mon Families Group
    244. Mon National Council
    245. MSI – Myanmar Secrect Information
    246. Muslim Youth Network
    247. Myanmar Accountability Project
    248. Myanmar Advocacy Coalition
    249. Myanmar Buddhist Community of South Australia
    250. Myanmar Community Coffs Harbour (MCC)
    251. Myanmar Cultural Research Society (MCRS)
    252. Myanmar Democracy and Peace Committee (Australia)
    253. Myanmar Democratic Movement (MDM)
    254. Myanmar Engineering Association of Australia (MEAA)
    255. Myanmar Engineers – New Zealand
    256. Myanmar Gonye (New Zealand)
    257. Myanmar People Alliance (Shan State)
    258. Myanmar People Residing in Canberra
    259. Myanmar Professionals Association Australia (MPAA)
    260. Myanmar Students’ Association Australia (MSAA)
    261. Myanmar Students’ Union in New Zealand
    262. Nationalities Alliance of Burma USA
    263. Netherlands-Myanmar Solidarity Platform
    264. Network for Advocacy Action
    265. Network for Human Rights Documentation – Burma (ND-Burma)
    266. New York Kachin Community
    267. New Zealand Doctors for NUG
    268. New Zealand Karen Association
    269. New Zealand Zo Community Inc.
    270. NLD Solidarity Association (Australia)
    271. No Business With Genocide
    272. North Carolina Kachin Community
    273. Nyan Lynn Thit Analytica
    274. Olive Organization
    275. Omaha Kachin Community
    276. Oversea Karen Organization Japan
    277. Overseas Mon Association – New Zealand
    278. Pa-O Women’s Union
    279. Pa-O Youth Organization
    280. Peacock Generation Youth Empowerment Society
    281. Pennsylvania Kachin Community
    282. People’s Empowerment Foundation (PEF)
    283. Perth Myanmar Youth Network
    284. Probono Lawyer Network
    285. Progressive Voice
    286. PWVB (Patriotic War Veterans of Burma)
    287. Pyithu Gonye (New Zealand)
    288. Queensland Kachin Community (QKC)
    289. Queensland Myanmar Youth Collective (QMYC)
    290. Queensland Rohingya Community
    291. Red Campaign Nirvana Exhortation Group
    292. Regina Karen Community
    293. Remonya Association of WA (Mon Community)
    294. Rohingya Action Ireland
    295. Rohingya Youth Association
    296. Rvwang Community Association New Zealand
    297. RW Welfare Society (RWWS)
    298. Save and Care Organization for Ethnic Women at Border Areas (SCOEWBA)
    299. SAVE MYANMAR (San Francisco)
    300. Save Myanmar Fundraising Group (New Zealand)
    301. SEA-Junction
    302. Shan Community (New Zealand)
    303. Shan MATA
    304. Shwe Youth Democratic Alliance (SYDA)
    305. Sisters 2 Sisters
    306. Sitt Nyein Pann Foundation
    307. South Carolina Kachin Community
    308. Southcare Medical Centre
    309. Southern Youth Development Organization
    310. Students for Free Burma
    311. Support for Myanmar
    312. Support Group for Democracy in Myanmar (Netherlands)
    313. Support the Democracy Movement in Burma
    314. Sydney Friends for Myanmar Unity
    315. Synergy – Social Harmony Organization
    316. Ta’ang Legal Aid
    317. Ta’ang Women’s Organization (TWO)
    318. Tanintharyi MATA
    319. Tanintharyi Women’s Network
    320. Tennessee Kachin Community
    321. Thai Allied Committee with Desegregated Burma Foundation (TACDB)
    322. The Institution of Professional Engineers Myanmar
    323. The Sentry
    324. Thint Myat Lo Thu Myar Organization
    325. TINT KYWE
    326. Twitter Team for Revolution
    327. U.S. Campaign for Burma
    328. Union Aid Abroad-APHEDA
    329. Union of Karenni State Youth
    330. Unitarian Universalist Service Committee
    331. United Myanmar Community of South Australia
    332. United States Advocacy Coalition for Myanmar (USACM)
    333. United States Chin Coalition (USCC)
    334. University Muslim Students Network- Myanmar
    335. Victorian Burmese Care Community (VBCC)
    336. Victorian Myanmar Youth
    337. Vietnam Coalition Against Torture
    338. Vietnamese Women for Human Rights
    339. Virginia Kachin Community
    340. Washington Kachin Community
    341. We Change
    342. We Pledge CDM (Australia)
    343. West Virginia Kachin Community
    344. Western Australia Myanmar Democratic Network
    345. Wisdom Light Education
    346. Women Activists Myanmar (WAM)
    347. Women Advocacy Coalition-Myanmar (WAC-M)
    348. Women Development Society
    349. Women’s League of Burma (WLB)
    350. Yadanar Foundation
    351. Zo Community in Australia
    352. Zomi Association Australia Inc.
    353. Zomi Community Queensland
    354. Zomi Community South Australia
    355. မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ
    356. အမျိုးသမီးမဟာမိတ်အင်အားစု (Women Alliance Burma)
    357. ဧရာဝတီကရင်လူငယ်

English Version.

 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */