ဗွီအိုအေ (မြန်မာပိုင်းအစီအစဉ်)
ဧပြီ ၀၇ ၂၀၂၂
ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ရောက်နေကြတဲ့ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကို ဘေးကင်းလုံခြုံစွာ အမြန်ဆုံး ပြန်နိုင်ရေး မြန်မာဘက်က ဆောင်ရွက်လာအောင် အမေရိကန်ပြည်ထောင်စုအနေနဲ့ ဖြစ်နိုင်တဲ့နည်းလမ်းစုံသုံးပြီး စည်း ရုံး ပြောကြားပေးဖို့ အမေရိကန်လွှတ်တော်မတ်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ A K Abdul Momen က တောင်းဆိုလိုက်ပါတယ်။
ဂျော်ဂျီယာပြည်နယ်ကိုယ်စားပြု ဒီမိုကရက်ပါတီက အထက်လွှတ်တော်မတ် John Assaf ၊ အာရှ-ပစိဖိတ်၊ ဗဟိုအာရှနဲ့ လက်နက်မပြန့်ပွားရေးဆိုင်ရာ အောက်လွှတ် တော် နိုင်ငံခြားရေးရာကော်မီတီဥက္ကဋ္ဌ ကာလီဖိုးနီးယားပြည်နယ် ဒီမိုကရက်ပါတီ အောက်လွှတ်တော်အမတ် Amy Berer တို့နဲ့ ဝန်ကြီး Momen တို့ တွေ့ဆုံစဉ် အဲဒီလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်က လက်ခံပေးထားတဲ့အပေါ် ကျေးဇူးတင်ကြောင်း လွှတ်တော်အမတ်တွေက ပြောကြားခဲ့ပြီး သူတို့ဘက်ကလည်း အတတ်နိုင်ဆုံး ဆက်လက် ကူညီပံ့ပိုးပေးသွားမယ်လို့ ဝန်ကြီး Abdul Momen ကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
ရိုဟင်ဂျာလို့ခေါ်ဆိုတာကို အာဏာသိမ်းစစ်ကောင်စီက လက်မခံတဲ့အပြင် ရိုဟင်ဂျာဆိုတာ မရှိဘူးဆိုပြီးတော့ပါ ငြင်းဆိုထားပါ တယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး AK Abdul Momen ဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Anthony Blanc နဲ့ နိုင်ငံခြားရေးဌာနမှာ တွေ့ဆုံခဲ့ပါတယ်။ (ဧပြီ ၄၊ ၂၀၂၂)၊
ဂျော်ဂျီယာပြည်နယ်ကိုယ်စားပြု ဒီမိုကရက်ပါတီက အထက်လွှတ်တော်မတ် John Assaf ၊ အာရှ-ပစိဖိတ်၊ ဗဟိုအာရှနဲ့ လက်နက်မပြန့်ပွားရေးဆိုင်ရာ အောက်လွှတ် တော် နိုင်ငံခြားရေးရာကော်မီတီဥက္ကဋ္ဌ ကာလီဖိုးနီးယားပြည်နယ် ဒီမိုကရက်ပါတီ အောက်လွှတ်တော်အမတ် Amy Berer တို့နဲ့ ဝန်ကြီး Momen တို့ တွေ့ဆုံစဉ် အဲဒီလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်က လက်ခံပေးထားတဲ့အပေါ် ကျေးဇူးတင်ကြောင်း လွှတ်တော်အမတ်တွေက ပြောကြားခဲ့ပြီး သူတို့ဘက်ကလည်း အတတ်နိုင်ဆုံး ဆက်လက် ကူညီပံ့ပိုးပေးသွားမယ်လို့ ဝန်ကြီး Abdul Momen ကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
ရိုဟင်ဂျာလို့ခေါ်ဆိုတာကို အာဏာသိမ်းစစ်ကောင်စီက လက်မခံတဲ့အပြင် ရိုဟင်ဂျာဆိုတာ မရှိဘူးဆိုပြီးတော့ပါ ငြင်းဆိုထားပါ တယ်။
Link : Here
.png)
No comments:
Post a Comment