" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label mm. Show all posts
Showing posts with label mm. Show all posts

Thursday, March 24, 2022

ဝ တရုတ်နယ်စပ်က UWSA နဲ့ မြန်မာ့နိုင်ငံရေး၊ ဗကပအလွန် နှစ် ၃ဝ

B B C

ဘိုဘို
ဘီဘီစီမြန်မာပိုင်း
၁၆ ဧပြီ ၂၀၁၉

ဓာတ်ပုံ ရင်းမြစ်,YE AUNG THU, ဝငြိမ်းချမ်းရေး အနှစ် ၃ဝ ဆင်ယင်နိုင်ပြီ

ရှမ်းပြည် အရှေ့မြောက်စွန်းက ဝဒေသကို ၁၉၆ဝ ကျော်နှစ်တွေအထိ လူသူအရောက်အ ပေါက် နည်းခဲ့ ပါတယ်။

ဝနယ်မြေဟာ အစဉ်အလာအားဖြင့် မြန်မာအစိုးရနဲ့ တရုတ်အစိုးရတွေ သြဇာမသက်ရောက်ခဲ့တဲ့ နယ်မြေ ဖြစ်ပြီး ၂ဝ ရာစုဦးက ဒီနယ်မြေကို ဝင်ဖို့ ကြိုးစားတဲ့ အင်္ဂလိပ်နဲ့ တရုတ်တပ်တွေကို တိုက်ထုတ်တာတွေ ရှိခဲ့ပါတယ်။

အနားက ကိုးကန့်နယ်မှာ မြို့စားအုပ်ချုပ်ရေး ရှိခဲ့ပေမယ့် တချိန်က ထိုင်းမြောက်ပိုင်းနဲ့ ကျိုင်းတုံနယ်ကိုပါ စိုးမိုးခဲ့တယ် ဆိုတဲ့ ဝလူမျိုးတွေကတော့ တောင်ပေါ်လူမျိုးစုတွေ အဖြစ် ခေတ်နောက်ကျတဲ့ အခြေအနေမှာ ရှိခဲ့ပါတယ်။

''UWSAခေါ်'ဝ'တွေကိုဘယ်လိုချေမှုန်းမလဲ

''UWSAခေါ်'ဝ'တွေကိုဘယ်လိုချေမှုန်းမလဲ

''ဝ''ဒေသ
ဝနယ်တောင်တန်းများသည် ရှမ်းပြည်နယ်၏အရှေ့မြောက်ပိုင်းတွင်တည်ရှိသည်။သံလွင်မြစ်၏ အရှေ့ဖက်ခြမ်း တောင်ကြီး ကျိုင်းတုံ ကားလမ်း၏ မြောက်ဖက်ခြမ်းတွင် ဝ နယ်တည်ရှိသည်။ သံလွင်အရှေ့ဖက်ခြမ်းတွင်ရှိသော ကိုးကန့်ဒေသမှအပဟိုပန် ပန်လုံ မိုင်းမော ခွင်းမား မန်မန်းဆိုင် ယုံအော ပန်ယန်း ပန်ဆန်း (ပန်ခမ်း)
မော်ဖါ လွယ်ဟိုလာ မိုင်းပေါက် စသည့် ဒေသများသည် ဝ တို့၏ဒေသဖြစ်သည်။

၂၀၀၈ အခြေခံဥပဒေအရ ဝ တို့အား ကိုယ်ပိုင်အုပ်ချုပ်တိုင်းအဖြစ်သတ်မှတ်ပြီး မြို့နယ် ၆ မြို့နယ်ပါဝင်သည်။ ဟိုပန် / မိုင်း မော / ပန်ဝိုင် / နားဖန်း / မက်မန်း /ပန်ဆန်း(ပန်ခမ်း) မြို့နယ်ဟု မြို့နယ် ၆ မြို့နယ်အား ခရိုင် ၂ ခုဖွဲ့စည်းထားရှိသည်။
 

ရိုဟင်ဂျာအရေး မြန်မာအာဏာပိုင်တွေကို မပြတ်ဖိအားပေး သွားဖို့ OIC နိုင်ငံတွေကို ဘင်္ဂလားဒေ့ရှ် တိုက်တွန်း

B B C

ဘီဘီစီမြန်မာပိုင်း

2022-03-24

ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကို ဘေးကင်းလုံခြုံစွာနဲ့ သိက္ခာရှိရှိ ပြန်နိုင်ရေးအတွက် မြန်မာအာဏာပိုင်တွေ အပေါ်မပြတ်ဖိအားပေးရာမှာ ဆက်လက် ပါဝင်ဆောင်ရွက်သွားကြဖို့ OIC အစ္စလာမစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင် နိုင်ငံတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မဆုဒ် ဘင် မိုမန်က တိုက်တွန်းလိုက်ပါတယ်။

မတ်လ ၂၂ ရက်နဲ့ ၂၃ ရက်နေ့က ပါကစ္စတန် အစ္စလာမာဘာ့ဒ်မြို့မှာ ကျင်းပတဲ့ OIC နိုင်ငံခြားရေးဝန်ကြီးများ ကောင်စီရဲ့ ၄၈ ကြိမ်မြောက် အစည်းအဝေးမှာ အခုလို တိုက်တွန်းခဲ့ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Wednesday, March 23, 2022

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့ပြည်တွင်းစစ်တွင် ‘ဝ’ က အစောဆုံးအောင်နိုင်သူဖြစ်လာ (၂)


အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့ပြည်တွင်းစစ်တွင် ‘ဝ’ က အစောဆုံးအောင်နိုင်သူဖြစ်လာ (၂)



မြောက်ပိုင်းဒေ သမှ ခါးသီးသောပြောက်ကျားတိုက်ပွဲသည် RCSS နယ်မြေစူးစမ်းရေးတပ်ဖွဲ့များ၊ တပ်သားသစ် များနှင့် TNLA တပ်များအကြားဖြစ်ပွားသော တိုက်ပွဲများဖြစ်သည်။ ထိုစစ်ပွဲများသည် ကြီးမားကျယ်ပြန့်လာပြီး SSPP လည်း ပါ ဝင်ပတ်သက်လာရသည်။ SSPP က ကျောက်မဲ၊ နောင်ချိုနှင့် သီပေါမြို့နယ်များမှ ရှမ်းလူမျိုး များအ ကျိုးစီး ပွား ကို ကိုယ်စားပြုသည်ဟုဆိုပြီး ၎င်းဒေသများကလည်း SSPP ကို ထောက်ခံမှုများ ရှိနေသည်။

■ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့ပြည်တွင်းစစ်တွင် “ဝ” က အစောဆုံးအောင်နိုင်သူဖြစ်လာ (၁)

 ■ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့ပြည်တွင်းစစ်တွင် “ဝ” က အစောဆုံးအောင်နိုင်သူဖြစ်လာ (၁)


 
မြန်မာစစ်တပ် အာဏာသိမ်းပြီး တစ်နှစ်ပြည့်နှစ်ပတ်လည်နေ့တွင် အောင်မြင်မှုနှင့် ကျရှုံးမှုဆိုင်ရာ အလားအလာ များနှင့် ပတ်သက်ပြီး “တစ်နှစ်အလွန်” အစီရင်ခံစာများကို နိုင်ငံတကာမီဒီယာများက အကျဉ်းချုံးပြီး ပြန်လည်အာ ရုံစိုက်ခဲ့ကြသည်။


အဂတိလိုက်စားမှုဆိုးရွားနေသည့် နိုင်ငံသားကတ်ထုတ်ပေး မှု

ဧရာဝတီ
23 March 2022

စစ်ကောင်စီခန့် လဝက ဝန်ကြီး ဦးခင်ရီ
 

အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ပန်းခင်းစီမံ ချက်ဖြင့် အိမ်ထောင်စုစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်) များ ပြုလုပ်ပေးရာတွင် သတ်မှတ်ငွေကြေး ထက် ပိုမိုတောင်းခံ မှုများ ရှိနေကြောင်း သိရသည်။

ဌာနက သတ်မှတ်ထားသည့် တရားဝင် စာရွက်စာတမ်းကြေးမှာ ထောင်ဂဏန်းမျှသာ ရှိသော်လည်း တကယ်တမ်း သက်ဆိုင်ရာ ရုံးများသို့ သွားရောက်လုပ်ကိုင်သည့်အခါ ပိုက်ဆံပိုပေးမှသာ လုပ်ငန်းစဉ်များ ချောမွေ့စွာ ပြီးစီး ကြောင်း မန္တလေးမြို့မှ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများက ဧရာဝတီသို့ ပြောသည်။ 

လူမျိုးတုံးသတ်ဖြတ်မှု အမေရိကန် သတ်မှတ်ချက် ARSA အဖွဲ့ ကြိုဆို

RFA
Radio Free Asia
2022.03.23 

 ၂ဝ၂၂ ခုနှစ် မတ်လ ၂၁ ရက်နေ့က အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့ရှိ Holocaust Museum လူမျိုးတုံးသတ်ဖြတ်မှု မှတ်တမ်းပြတိုက်မှာ မှတ်တမ်းများ ကြည့်ရူ့နေသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်။

ရိုဟင်ဂျာတွေဟာ မြန်မာစစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို ခံနေရတယ်လို့ အမေရိကန်ပြည်ထောင်စုက သတ် မှတ် လိုက်တာကို ကြိုဆိုကြောင်း ARSA ခေါ် အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော်က မတ်လ ၂၃ ရက် ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

အရပ်သား အစိုးရတွေ အပါအဝင် မြန်မာအစိုးရ အဆက်ဆက်က ရိုဟင်ဂျာတွေကို လူမျိုးတုံးစေဖို့ လုပ်ဆောင်ခဲ့ တယ်လို့လည်း ဆိုပါတယ်။

 

ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှု ကန်သတ်မှတ်ချက် ဘင်္ဂလားဒေ့ရ်ှ ကြိုဆို

VOA
ဗွီအိုအေ (မြန်မာဌာန)
23 မတ်၊ 2022

Foreign Minister A. K. Abdul Momen 

[[Unicode]]

ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှု ကန်သတ်မှတ်ချက် ဘင်္ဂလားဒေ့ရ်ှကြိုဆို

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် စစ်တပ်ရဲ့လုပ်ရပ်ကို လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် အမေရိ ကန် ပြည်ထောင်စု က သတ်မှတ်လိုက်တာကြောင့် တာဝန်ယူ တာဝန်ခံမှုနဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ရေးဆိုင်ရာ ကြိုးပမ်းမှုတွေ အရှိန်မြင့်လာခြေ ရှိတယ်ဆိုပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကြိုဆိုလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Abdul Momen က “နောက်ကျပေမယ့် ဒါဟာ သတင်းကောင်းပါ၊ ကျနော်တို့ ဒါကို ကြိုဆိုပါ တယ်” လို့ အင်္ဂါနေ့က သတင်းထောက်တွေကို ပြောပါတယ်။

Tuesday, March 22, 2022

လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ကြောင်း ကြေညာချက် ပြည်သူတွေ ကြိုဆို

RFA
2022.03.22

မြန်မာနိုင်ငံကနေ နတ်မြစ်ကို ဖြတ်ကူးပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးနေသည့် ရိုဟင်ဂျာ ဒုက္ခသည်များကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် တွေ့ရစဉ်
 
မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုတွေကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် အမေရိကန်အစိုးရက တရားဝင် ကြေညာလိုက်တဲ့အပေါ် ထောက်ခံကြိုဆိုတယ်လို့ RFA က ဒီကနေ့ ဆက်သွယ်မေးမြန်းခဲ့တဲ့ ပြည်သူ တွေက ပြောပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှု အမေရိကန် သတ်မှတ်ချက် မြန်မာစစ် ကောင်စီ ကန့်ကွက်

RFA
Radio Free Asia
2022.03.22

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ အမေရိကန် အစိုးရရဲ့ သတ် မှတ်ချက်ကို အာဏာသိမ်း စစ်ကောင်စီဘက်က ကန့်ကွက်လိုက်ပါတယ်။

အမေရိကန် အစိုးရရဲ့ သတ်မှတ်ချက်ဟာ မမှန်ကန်တဲ့ အချက်အလက်တွေကို ကိုးကားဆုံးဖြတ်ခဲ့တာလို့ မတ်လ ၂၂ ရက် ဒီကနေ့ညပိုင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ တုံ့ပြန်ထားပါတယ်။

မြန်မာစစ်တပ် ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသား မျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှု ကျူးလွန်ဟု ဝန်ကြီး ဘလင်ကန် ပြော

DVB
Published By DVB | 22 March, 2022

                                                    Photo : US Embassy Rangoon

မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ ဝတ် မှုတွေ ကျူးလွန်ခဲ့တယ်လို့ အမေရိကန်အစိုးရက သတ်မှတ်ဆုံးဖြတ်ပြီး ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်က ကြေညာလိုက်ပါတယ်။

ရိုဟင်ဂျာဒုက္ခသည်များဆိုင်ရာပြပွဲ ကျင်းပနေတဲ့ ဝါရှင်တန်ရှိ US Holocaust Memorial ပြတိုက်မှာ မတ်လ ၂၁ ရက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က မိန့်ခွန်းပြောရာမှာ ခုလိုကြေညာလိုက်တာပါ။

အခု သတ်မှတ်ထုတ်ပြန်တဲ့ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေဟာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုတွေအတွက် အဓိကသတ်မှတ်တာဖြစ်ပေမဲ့ တခြား လူနည်းစုတိုင်းရင်းသား တွေနဲ့ ဘာသာခြားတွေအပေါ် ဆယ်စုနှစ်ပေါင်းများစွာ မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ သတ်ဖြတ်မှုတွေ၊ အဓမ္မ ပြုကျင့်မှုနဲ့ တခြား ကြမ်းကြုတ်ရက်စက်မှုတွေကို အသိအမှတ်ပြုဖို့လည်း အရေးကြီးတယ်လို့ ဝန်ကြီး ဘလင် ကန်က ပြောပါတယ်။

လူမျိုးတုန်းသတ်ဖြတ်မှု သတ်မှတ်ကြေညာချက် မြန်မာစစ် တပ် ပယ်ချ

VOA
ဗွီအိုအေမြန်မာပိုင်း
ငြိမ်းချမ်း
22 မတ်၊ 2022 

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နားက မီးလောင်ပြင်ဖြစ်သွားတဲ့ ရိုဟင်ဂျာကျေးရွာများ။ (ယခင်ပုံဟောင်း)
 

[[Unicode]]

လူမျိုးတုန်းသတ်ဖြတ်မှု သတ်မှတ်ကြေညာချက် မြန်မာစစ်တပ်ပယ်ချ

ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့လုပ်ရပ်ဟာ လူမျိုးတုန်းသတ်ဖြတ်မှုဖြစ်တယ်လို့ အမေ ရိကန်အစိုးရက မတ်လ ၂၁ ရက်က တရားဝင် သတ်မှတ်ကြေညာတဲ့အပေါ် စစ်ကောင်စီက ပယ်ချပါတယ်။ အစိုးရအနေနဲ့ရော တပ်မတော်အနေနဲ့ပါ လုပ်ဆောင်ခဲ့တာမရှိဘူးလို့ စစ်ကောင်စီပြောခွင့်ရက ဗွီအိုအေကို ပြော ပါတယ်။ ဒါပေမယ့် ပြစ်မှုကျူးလွန်ခဲ့တဲ့ စစ်သားတချို့တော့ ရှိခဲ့တယ်လို့ သူက ပြောပါတယ်။ ရိုဟင်ဂျာတွေက တော့ အမေရိကန်အစိုးရရဲ့ ကြေညာချက်ကို ကြိုဆိုပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တာကို ကိုငြိမ်း ချမ်း က တင်ပြပေးထားပါတယ်။

မြန်မာစစ်တပ်က ရိုဟင်ဂျာလူမျိုးတုံး သတ်ဖြတ်မှုကျူးလွန် ဟု အမေရိကန်အစိုးရ ဆုံးဖြတ်

ဧရာဝတီ

22 March 2022 

                                ၂၀၁၇ မောင်တောမြို့နယ်၊ ဂေါတုသာရရွာ မီးရှို့ခံရစဉ် / ဧရာဝတီ

မြန်မာစစ်တပ်က ရိုဟင်ဂျာများအပေါ် ကျူးလွန်သော ရက်စက်ကြမ်းကြုတ်မှုများသည် လူမျိုးတုံးသတ်ဖြတ်မှု နှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု မြောက်ကြောင်း အမေရိကန် သမ္မတ ဘိုင်ဒင်အစိုးရက တရားဝင် ဆုံးဖြတ်လိုက်သည်။

ယင်းသည် အာဏာသိမ်း မြန်မာစစ်ကောင်စီကို အရေးယူရန် အားထုတ်မှုများအား အထောက်အကူ ဖြစ်နိုင် ကြောင်း ရိုဟင်ဂျာအရေး လှုပ်ရှားသူများက ပြောသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အန်ထော်နီ ဘလင်ကန်သည် ထိုဆုံးဖြတ်ချက်ကို ဝါရှင်တန်ရှိ အမေရိ ကန် လူမျိုးတုံးသတ်ဖြတ်မှု အမှတ်တရ ပြတိုက်တွင် တနင်္လာနေ့တွင် ကြေညာသည်။ ထိုပြတိုက်သည် လတ်တ လောတွင် ရိုဟင်ဂျာတို့၏ ဆိုးရွားလှသော ကံကြမ္မာနှင့် ပတ်သက်သည့် ပြပွဲတခု ကျင်းပနေသည်။

မြန်မာ-ရိုဟင်ဂျာအသင်းဥက္ကဋ္ဌ ဦးထွန်းခင်နဲ့ RFA တွေ့ဆုံ မေးမြန်းခန်

RFA
လွတ်လပ်တဲ့အာရှအသံ
2022.03.21

အမေရိကန်အစိုးရက မြန်မာစစ်တပ်ကို ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု Genocide ကျူးလွန် တယ် လို့ တရားဝင်ကြေညာလိုက်တဲ့အတွက် “အမေရိကန်ရဲ့ ပေါ်လစီတွေဟာ ဒီထက်မက ပြင်းထန်ပြီးတော့ အရေး ယူ မှု တွေ ရှိလာနိုင်တယ်” လို့ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့က မြန်မာ-ရိုဟင်ဂျာအသင်းဥက္ကဋ္ဌ ဦးထွန်းခင်က သုံး သပ်ပါတယ်။

RFA ဝိုင်းတော်သား ဦးခင်မောင်စိုး တွေ့ဆုံမေးမြန်းထားပါတယ်။ Link : Here

ရိုဟင်ဂျာတွေကိုကျူးလွန်မှု လူမျိုးတုန်း သတ်ဖြတ်မှုအဖြစ် အမေရိကန်အစိုးရသတ်မှတ် ကြေညာ

VOA
ဗွီအိုအေ (မြန်မာဌာန)
21 မတ်၊ 2022 


[[Unicode]]


ရိုဟင်ဂျာတွေကိုကျူးလွန်မှု လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် အမေရိကန်အစိုးရသတ်မှတ်ကြေညာ

မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်တရပ်လုံးအပေါ် ရာဇဝတ် မှုကျူးလွန်ခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ကြေညာလိုက်ပါတယ်။ ဝါရှင်တန် ဒီစီမှာ ဖွင့်လှစ် ထားတဲ့ ဂျူးတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့မှု အောက်မေ့ဘွယ်ပြတိုက်မှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Antony Blinken က ခုလို ပြောခဲ့တာဖြစ်ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟာ ပြတိုက်မှာ ပြထားတဲ့ မြန်မာနိုင်ငံက လူမျိုးတုန်းသတ်ဖြတ်မှုသို့ သွားရာလမ်း ပြပွဲကိုလည်း ကြည့်ရှုခဲ့ပြီးတဲ့နောက် ပြော ခဲ့တာပါ။

Monday, March 21, 2022

မြန်မာစစ်တပ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ကြောင်း အမေရိကန်အစိုးရ ကြေညာမည်

RFA
လွတ်လပ်တဲ့အာရှအသံ
2022.03.20

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးနေသော ရိုဟင်ဂျာဒုက္ခသည်များအား ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့က တွေ့ရစဉ်။


မြန်မာနိုင်ငံမှာ ၂၀၁၇ ခုနှစ်က ဖြစ်ခဲ့တဲ့ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့ လူသား ဖြစ်တည်မှုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုကျူးလွန်ထားတာတွေကို အမေရိကန်အစိုးရက အကြမ်းဖက်မှုအနေနဲ့သာ သတ်မှတ်ပြောဆိုခဲ့ပေမယ့် အဲဒီလုပ်ရပ်ဟာ Genocide ဆိုတဲ့ လူမျိုးတုံးသုတ်သင်ရှင်းလင်းမှု မြောက်တယ်လို့ သတ်မှတ်ကြေညာတော့ မယ့် အကြောင်း သတင်းရရှိပါတယ်။

ဝါရှင်တန်ဒီစီမြို့မှာရှိတဲ့ လူမျိုးတုံးသုတ်သင်ရှင်းလင်းမှုပြတိုက်မှာ မတ်လ ၂၁ ရက်နေ့ ဒီနေ့ ပြုလုပ်မယ့်ရှင်း လင်း ပွဲမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ကြေညာလိမ့်မယ်လို့ အစိုးရအရာရှိတွေက ရိုက် တာ သတင်းဌာနကို ပြောပါတယ်။

ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ် "လူမျိုးတုံးသတ်ဖြတ်မှု" ကျူးလွန်ကြောင်း ကန်အစိုးရ ကြေညာမည်

VOA
ဗွီအိုအေ (မြန်မာဌာန)
21 မတ်၊ 2022

ရခိုင်ပြည်နယ်က အကြမ်းဖက်မှုတွေအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခိုလှုံကြရတဲ့ ရိုဟင်ဂျာဒုက္ ခသည်များ။ (စက်တင်ဘာ ၄၊ ၂၀၁၇)

[(Unicode) ]

ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ် "လူမျိုးတုံးသတ်ဖြတ်မှု" ကျူးလွန်ကြောင်း ကန်အစိုးရ ကြေညာမည်

မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုဟာ genocide လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်မှုမြောက်ကြောင်း ဘိုင်ဒန်အစိုးရအဖွဲ့က တရားဝင်သတ်မှတ်မှုကို တနင်္လာနေ့မှာ ပြောကြားဖို့ရှိတယ် လို့ အမေရိကန်အရာရှိတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

ဒါဟာ မြန်မာနိုင်ငံမှာ လက်ရှိထိန်းချုပ်ထားတဲ့ စစ်တပ်တာဝန်ရှိသူတွေ တာဝန်ခံ တာဝန်ယူမှု ရှိလာစေဖို့ လုပ် ဆောင်မှု ဖြစ်ကြောင်းလည်း ဖော်ပြပါတယ်။

မြန်မာစစ်တပ်က ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန် ခဲ့ဟု အမေရိကန်အစိုးရ သတ်မှတ်

DVB
Published By DVB | 21 March, 2022

မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသား မျိုး နွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေနဲ့ ဆက်စပ်နေတယ်လို့ သမ္မတဘိုင်ဒင်အစိုးရအဖွဲ့က တရားဝင်သတ် မှတ် ဆုံးဖြတ်ထားကြောင်း အမေရိကန်အရာရှိတွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။


လက်ရှိ ရိုဟင်ဂျာဒုက္ခသည်များဆိုင်ရာ ပြပွဲကို ပြသထားတဲ့ ဝါရှင်တန်ရှိ US Holocaust Memorial ပြတိုက်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်က တနင်္လာနေ့ကျရင် ဒီဆုံးဖြတ်ချက်ကို ကြေညာမှာလို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။

Monday, March 7, 2022

အင်ဒိုနီးရှားကို ရိုဟင်ဂျာလှေစီးဒုက္ခသည် ၁၀၀ ကျော် ရောက်လာ

DVB
2022-03-07

 

အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ်၊ ဘီရွန်းမြို့ကို မတ်လ ၆ ရက် မနေ့မနက်အစာပိုင်းက ရိုဟင်ဂျာဒုက္ခသည် ၁၁၄ ဦး စက်လှေနဲ့ ရောက်ရှိလာပါတယ်။

ဒုက္ခသည်တွေကြားမှာ ကလေး ၃၅ ယောက်ပါဝင်ပြီး ကျေးရွာထဲဝင် လုံခြုံမှုအကာအကွယ်ပေးဖို့ တောင်းခံ ပါ တယ်။

ရွာခံတဦးက “ပင်လယ်ကို ဘယ်လောက်ကြာအောင် ဖြတ်ခဲ့သလဲဆိုတာ မသိရသေးဘူး၊ အစိုးရလက်ထဲပဲ လွှဲပေး ရမှာပါ၊ လူသားချင်းစာနာ အကူညီပေးရမယ့်ကိစ္စပဲ၊ ဒီက လက်မခံဘူးဆိုရင် သူတို့ ဘယ်သွားမလဲ” လို့ ပြောပါ တယ်။

ရိုဟင်ဂျာခေါင်းဆောင်ကို သတ်ဖြတ်မှုအတွက် ဘာသာရေး ဆရာကို ဖမ်း

ဧရာဝတီ
7 March 2022

အသက် ၄၀ နှောင်းပိုင်းရှိပြီဖြစ်သော မိုဟစ် အူလာသည် ရိုဟင်ဂျာအရေးကို ဆောင်ရွက်သူများတွင် အထင်ရှား အကျော်ကြားဆုံးဖြစ်သည် / Getty Images

 

မြန်မာနယ်စပ်အနီးမှ ကျယ်ပြန့်လှသော ဒုက္ခသည်စခန်းများတွင် ထင်ရှားသော ရိုဟင်ဂျာ တက်ကြွလှုပ်ရှား သူ တ ဦးကို လွန်ခဲ့သောနှစ်က ပစ်သတ်ရန် အမိန့်ပေးခဲ့သော သြဇာကြီးမားသည့် မွတ်ဆလင်ဘာသာရေးဆရာကို ဘင်္ဂ လားဒေ့ရှ်ရဲများက ဖမ်းဆီးခဲ့ကြောင်း အာဏာပိုင်များက တနင်္ဂနွေနေ့တွင် ပြောသည်။

အရေးပါသော လူမှုအခြေပြုအဖွဲ့အစည်း အကြီးအကဲဖြစ်သူ မိုဟစ် အူလာကို လွန်ခဲ့သောနှစ် စက်တင်ဘာလက သတ်ဖြတ်လိုက်ခြင်းသည် ၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံမှ ဖြိုခွဲမှုများကြောင့် ထွက်ပြေးလာသော သိန်းနှင့်ချီသည့် ဒုက္ခသည် အသိုက်အဝန်းကြားတွင် တုန်လှုပ်မှုများ ဖြစ်စေခဲ့သည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */