" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, March 29, 2022

ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ် Genocide ကျူးလွန် ကြောင်း ကန်ကြေညာချက် PHR ကြိုဆို

VOA
ဗွီအိုအေ (မြန်မာပိုင်း)
29 မတ်၊ 2022
FILE - Rohingya children, who crossed over from Myanmar into Bangladesh, wait squashed against each other to receive food handouts at Thaingkhali refugee camp, Bangladesh, Oct. 21, 2017.

[[ Unicode ]]

မြန်မာ စစ်တပ်က ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေကို သမ္မတ Joe Biden ရဲ့ အမေရိ ကန် အစိုးရက Genocide ခေါ် လူမျိုးတုံး သတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ် အပေါ် ကျူးလွန်တဲ့ ဖြစ်ရပ်အဖြစ် တရားဝင် သတ်မှတ် ကြေညာလိုက်တဲ့ကိစ္စကို PHR လူ့အခွင့်အရေး သမားတော်များအဖွဲ့က ကြိုဆို လိုက်ပါတယ်။ ဒါဟာ ရိုဟင်ဂျာတို့အတွက် တရားမျှတမှု ရရှိရေးနဲ့ မြန်မာနိုင်ငံမှာ ကျူးလွန်တဲ့ ပြစ်မှုတွေအတွက် အဓိပ္ပါယ်ပြည့်ဝတဲ့ တာဝန်ယူမှု ၊တာဝန်ခံမှု ရှိစေရေးမှာ အရေးကြီးတဲ့ ခြေလှမ်းတွေ ဖြစ်တယ်လို့လည်း သူတို့ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။


PHR အဖွဲ့ဟာ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖေါက်ခံရမှုတွေကို သိပ္ပံနဲ့ ဆေးပညာအသုံးပြု မှတ်တမ်း တင်ပြီး ၊ နိုင်ငံတကာက အာရုံစိုက်လာအောင် (၁၅)နှစ်ကြာ ဆောင်ရွက်ခဲ့တဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။ လွတ် မြောက်လာသူ ရိုဟင်ဂျာတွေရဲ့ ဆေးဖက်ဆိုင်ရာ အထောက်အထားနဲ့ ကိုယ်တွေ့ ဖြစ်ရပ်တွေကတဆင့် ၂၀၁၇ သြဂုတ်လကစပြီး ၊ ရခိုင် မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေကို ပစ်မှတ်ထားတဲ့ လိင်ပိုင်းဆိုင်ရာ ကျုးလွန်မှု အပါအ ဝင် စနစ်တကျ အကြမ်းဖက်တာ ၊ ကျေးရွာတွေ မီးရှို့တာ ၊ ပစ်ခတ် သတ်ဖြတ်တာတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့ကြောင်း သိရှိခဲ့ရတယ်လို့ ဆိုပါတယ်။

အခု ဖြစ်နေတဲ့ စစ်အာဏာသိမ်းမှုကို ရပ်ဆိုင်းဖို့ ၊ ရိုဟင်ဂျာတွေ အပါအဝင် မြန်မာပြည်သူ အားလုံးအပေါ် အ ကြမ်းဖက် နေတာတွေကို ရပ်တန့်ဖို့ ၊ နိုင်ငံတကာ အသိုင်းအဝိုင်းက ဝင်ရောက်လုပ်ဆောင် ပေးကြဖို့ကိုလည်း သူတို့ ကြေညာချက်မှာ တောင်းဆိုထားပါတယ်။

--------------------------- 

[[ Zawgyi ]]
ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ် Genocide ကျူးလွန်ကြောင်း ကန်ကြေညာချက် PHR ကြိုဆို

မြန်မာ စစ်တပ်က ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေကို သမ္မတ Joe Biden ရဲ့ အမေရိကန် အစိုးရက Genocide ခေါ် လူမျိုးတုံး သတ်ဖြတ်မှုနဲ့ လူသားမျုးိနွယ် အပေါ် ကျူးလွန်တဲ့ ဖြစ်ရပ်အဖြစ် တရား ဝင် သတ်မှတ် ကြေညာလိုက်တဲ့ကိစ္စကို PHR လူ့အခွင့်အရေး သမားတော်များအဖွဲ့က ကြိုဆို လိုက်ပါတယ်။ဒါဟာ ရိုဟင်ဂျာတို့အတွက် တရားမျှတမှု ရရှိရေးနဲ့ မြန်မာနိုင်ငံမှာ ကျူးလွန်တဲ့ ပြစ်မှုတွေအတွက် အဓိပ္ပါယ် ပြည့် ဝတဲ့ တာဝန်ယူမှု ၊တာဝန်ခံမှု ရှိစေရေးမှာ အရေးကြီးတဲ့ ခြေလှမ်းတွေ ဖြစ်တယ်လို့လည်း သူတို့ရဲ့ ကြေ ညာချက်မှာ ဖေါ်ပြထားပါတယ်။

PHR အဖွဲ့ဟာ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖေါက်ခံရမှုတွေကို သိပ္ပံနဲ့ ဆေးပညာအသုံးပြု မှတ်တမ်း တင်ပြီး ၊ နိုင်ငံတကာက အာရုံစိုက်လာအောင် (၁၅)နှစ်ကြာ ဆောင်ရွက်ခဲ့တဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။ လွတ် မြောက်လာသူ ရိုဟင်ဂျာတွေရဲ့ ဆေးဖက်ဆိုင်ရာ အထောက်အထားနဲ့ ကိုယ်တွေ့ ဖြစ်ရပ်တွေကတဆင့် ၂၀၁၇ သြဂုတ်လကစပြီး ၊ ရခိုင် မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေကို ပစ်မှတ်ထားတဲ့ လိင်ပိုင်းဆိုင်ရာ ကျုးလွန်မှု အပါ အဝင် စနစ်တကျ အကြမ်းဖက်တာ ၊ ကျေးရွာတွေ မီးရှို့တာ ၊ ပစ်ခတ် သတ်ဖြတ်တာတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့ကြောင်း သိရှိခဲ့ရတယ်လို့ ဆိုပါတယ်။

အခု ဖြစ်နေတဲ့ စစ်အာဏာသိမ်းမှုကို ရပ်ဆိုင်းဖို့ ၊ ရိုဟင်ဂျာတွေ အပါအဝင် မြန်မာပြည်သူ အားလုံးအပေါ် အ ကြမ်းဖက် နေတာတွေကို ရပ်တန့်ဖို့ ၊ နိုင်ငံတကာ အသိုင်းအဝိုင်းက ဝင်ရောက်လုပ်ဆောင် ပေးကြဖို့ကိုလည်း သူတို့ ကြေညာချက်မှာ တောင်းဆိုထားပါတယ်။

Link : Here


No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */