" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, April 8, 2022

မြန်မာနိုင်ငံက တရားမဝင် ဝင်ရောက်လာသူ ၆ဝ ကျော် ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံရ

VOA
ဗွီအိုအေမြန်မာပိုင်း
၀၂ ဧပြီလ ၂၀၂၂
အေးအေးမာ 

Human Trafficking လူကုန်ကူး ခံရတဲ့ မြန်မာနိုင်ငံသားများ (ယခင်မှတ်တမ်းဓါတ်ပုံ)

ထိုင်း မလေးရှားနယ်စပ် ဆုံခလာပြည်နယ်ထဲမှာ ဖမ်းမိတဲ့ မြန်မာနိုင်ငံကနေ ဝင်ရောက်လာသူ အထောက်အ ထားမဲ့ ၆၀ကျော်ထဲက ၃၉ဦးဟာ လူကုန်ကူးခံရသူတွေအဖြစ် စစ်ဆေးတွေရှိတယ်လို့ ထိုင်းအာဏာပိုင်တွေ က ဆိုပါတယ်။ ဒီသတင်းကီု ဗွီအိုအေ သတင်းထောက်မအေးအေမာ က သတင်းပေးပို့ထားပါတယ်။


ထိုင်း မလေးရှား နယ်စပ် ဆုံခလာပြည်နယ်ထဲမှာ မြန်မာနိုင်ငံကနေဝင်ရောက်လာသူ အထောက်အထားမဲ့ ၆၀ ကျော်ကို ပြီးခဲတဲ့ ရက်ပိုင်းကပဲ ထိုင်းအာဏာပိုင်တွေကဖမ်ဆီးခဲ့ပါတယ်။ ဒီထဲမှာ အသက်မပြည့်သေးတဲ့ ရိုဟင် ဂျာကလေးငယ် ၂၆ဦးအပါအဝင် မြန်မာနိုင်ငံက လာသူ ၃၉ဦးဟာ လူကုန်ကူးခံရသူတွေဖြစ်ကြောင်း ထိုင်းအာ ဏာပိုင်တွေက ပြောဆိုခဲ့ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို AAC အလုပ်သမားကူညီရေးအဖွဲက ပြောရေး ဆိုခွင့်ရှိသူကိုရဲမင်း က အခုလိုပြောပါတယ်။

"ဆုံခလာနယ်မြေမှာ မြန်မာနိုင်ငံသား ၆၁ဦးဖမ်းဆီးခံရပါတယ်။ အဲဒီထဲက ၃၉ဦးကတော့ လူကုန်ကူးခံရတဲ့ အကြောင်းစစ်ဆေးတွေ့ရှိတယ်လို့ ထိုင်းအာဏာပိုင်တွေကပြောထားပါတယ်။ အဲဒီကမှ အသက်၆နှစ်ကနေ့ ၁၇နှစ်ကြားရိုဟင်ဂျာ ၂၆ဦးပါတယ်။ ကျန်တာကတော့ အလုပ်သွားလုပ်ကြမယ့် တရားမဝင် ရွှေပြောင်းမြန်မာ နိုင်ငံသားတွေပါတယ်။ တချိုကတော့ ထိုင်းထဲကို တချို့လည်း မလေးရှားကိုပေါ့ "

သူတို့ကို ဖမ်းမိပြီး ဌာနဆိုင်ရာအဖွဲ့ပေါင်းစုံက ၅ရက်ခန့် အကြာစစ်ဆေးပြီးတဲ့နောက် လူကုန်ကူးခံရသူတွေဖြစ် ကြောင်း ဆုံးဖြတ်ချက်ချခဲ့တာဖြစ်တယ်လို့လည်း ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနဲ့ ဖွံဖြိုးတိုးတက်ရေးအ ဖွဲ FED က အလုပ်သမားရေးရာတာဝန်ခံဦးမင်းဦးလည်းပြောပါတယ်။

" လူကုန်ကူးတို့ လူမှောင်ခိုတို့ ဖြစ်ပြီဆိုရင် သက်ဆိုင်ရာဌာနတွေက လာပြီးစစ်ဆေးမူ့ယူတယ်။ စစ်ဆေးမူယူတဲ့ အ ချိန်မှာ လဝက ပါတယ်။ ဖောမောလို့ ခေါ်တဲ့ လူသားအရင်းအမြစ်နဲ့ လူမူ့ဖွံဖြိုးရေးဌာန၊ ပြီးတော့ရဲပါမယ်။ ပြီးတော့ ဌာနခွဲဖြစ်တဲ့ မိခင်နဲ့ကလေးစောင့်ရှောက်ရေးဌာနပါမယ်။ အဲဒီက ၄ ဌာနပါပြီးတော့မှ လူကုန်ကူးမူ့ မြောက် တယ်မမြောက်ဘူးဆိုတာကိုတော့ အဲဒီဌာနတွေက သူတို့ရဲ့စစ်ဆေးချက်ကိုရယူပြီးမှ ဆုံဖြတ်ချက် ကိုချတယ် "

ဖမ်းဆီးခံရသူတွေကိုတော့ လူကုန်ကူခံရသူတွေကို ထားတဲ့စင်တာမှာထားပြီး လူကုန်ကူးသူတွေကို တရားစွဲဆို တဲ့အခါမှာ သက်သေတွေအဖြစ် ထွက်ဆိုဖို့ ထားအုန်းမှာဖြစ်တယ်လို့လည်း ဦးမင်းဦးကပြောပါတယ်။

" လူကုန်ကူးတဲ့သူတွေကို တရားစွဲဆိုအရေးယူတဲ့ကိစ္စမှာ သူတို့ကသက်သေတွေဖြစ်နေပြီလေ။ သက်သေထွက် ဆို ချက်တွေလုပ်ရတော့မယ် ။ တရာစွဲဆိုပြီးတဲ့ကိစ္စ အမူတွေပြီးတဲ့အထိ သူတို့နေရတော့မယ်"

လောလောဆယ်မှာတော့ လူကုန်ကူးမူ့မှ ာပါဝင်ပတ်သက်နေတဲ့ ထိုင်းအစိုးရ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ထိုင်း နဲ့မလေးရှားကိုပို့နေတဲ့လူကုန်ကူးတဲ့လမ်းကြောင်းမှာ ပါဝင်ပတ်သက်နေသူတွေကို ဖော်ထုတ်ဖမ်းဆီးဖို့အတွက် လူကုန်ကူးခံရသူတွေကို ထိုင်းအာဏာပိုင်တွေကထိမ်းသိမ်းထားပြီး ဆက်လက်စစ်ဆေးမူတွေကို လုပ်ဆောင်နေ ပါတယ်။

Link : Here


No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */