" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, April 7, 2022

ရိုဟင်ဂျာဆိုတာ ဘယ်သူတွေလဲ (၁)

#တူမီးတော်လှန်ရေးစာစဥ်_S44_A05
ရဲဟိန်းအောင်
ဧပြီလ(၁)ရက် ၂၀၂၂


ဗမာပြည်ရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်ရင် ပဒေသရာဇ်ခေတ်၊ ကိုလိုနီခေတ်၊ လွတ်လပ်ပြီခေတ် စသဖြင့် ခေတ် တိုင်း ခေတ်တိုင်းမှာ ရှုပ်ထွေးတဲ့ နိုင်ငံရေး၊ စစ်ရေး၊ လူမျိုးရေး ပြဿနာတွေ ထုနဲ့ထည်ပါ။ 
 
အငြင်းပွားမှုတွေကလည်း အများအပြားရှိပါတယ်။ အဲ့လို ပြဿနာတွေ၊ ကိစ္စရပ်တွေ၊ အငြင်းအခုံတွေကြားမှာ ရိုဟင်ဂျာ လူမျိုးစုတွေနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကတော့ လူစိတ်ဝင်စားမှုအများဆုံးလို့ ပြောရပါမယ်။ ၂၀၁၂ ခုနှစ်လောက်ကစပြီး ရခိုင်ပြည်နယ်အတွင်း တကျော့ပြန်ဖြစ်လာတဲ့ ပဋိပက္ခတွေ၊ အတော်အသင့် စာနယ်ဇင်း လွတ်လပ်ခွင့်နဲ့ ဆိုရှယ် မီဒီယာ (အထူးသဖြင့် facebook) အသုံးပြုသူတွေကြားထဲမှာ ရိုဟင်ဂျာ လူမျိုးစု တွေနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ငြင်းကြခုံကြ၊ ဆဲကြဆိုကြနဲ့ပါ။
 
အဲ့ဒီအချိန်ကစလို့ ရိုဟင်ဂျာ လူမျိုးစုတွေနဲ့ ပတ်သက်ရင် လေ့လာဖတ်ရှုပြီး ပြောကြဆိုကြတာတွေထက် ကိုယ်ရဲ့ အသိပညာ အကျဉ်းအကျယ်ပေါ်မူတည်ပြီး ထင်တိုင်းပြောကြတာတွေက ပိုများပါတယ်။ အမျိုးသားရေး အစွန်း ရောက်အမြင်၊ နိုင်ငံရဲ့ လုံခြုံရေးရှုထောင်၊ ဘာသာခြားမုန်းတီးမှု၊ နယ်စပ်ပြဿနာ၊ အစ္စလာမ်ဘာသာကို ကြောက် ရွံ့တဲ့ အမြင်၊ အကြမ်းဖက်ဝါဒ စတဲ့ စတဲ့ ရှုထောင့်အမြင်တွေ ပါဝင်တာတွေ့ရပါတယ်။ 
 
အဲ့လိုပြောကြဆိုကြပြီဆိုရင်လည်း အချက်အလက်ကို အခြေခံပြောဆို ငြင်းခုန်တာထက် အမုန်းစကားတွေကို အ သားပေးပြောကြတာပါ။ ဒီနေရာမှာ ပြောဆိုတယ်လို သုံးနှုန်းထားတယ်ဆိုပေမယ့် အရေးအသားနဲ့ စကား အ ပြောအဆို ၂ခုထဲကို ရည်ညွှန်းတာ မဟုတ်ပါဘူး။ သီချင်းတွေ၊ ဇာတ်လမ်းတွေ၊ ကာတွန်းတွေနဲ့ အငြိမ့်တွေ အထိ ပါဝင်ပါတယ်။ 
 
စွတ်စွဲပြောဆိုမှုတွေ မျိုးစုံရှိကြသလို ထင်သလို ကောက်ယူအဓိပ္ပါယ်ဖွင့်တာတွေလည်း ပုံစံအစုံပါ။ အပေါ်မှာ ပြော တဲ့ ပြောကြဆိုကြတဲ့ သူတွေထဲမှာ လူ့အဖွဲ့အစည်းကို ဦးဆောင်နိုင်ငံတဲ့ နိုင်ငံရေးနဲ့ လူမှုရေးနယ်က ပုဂ္ဂိုလ်တွေ၊ စာနယ်ဇင်းသမားတွေ၊ နာမည်ကြီးထင်ရှားတဲ့ ကဗျာဆရာ၊ စာရေးဆရာ၊ ကာတွန်းဆရာကအစ ဗီဒီယို၊ ရုပ်ရှင်သ ရုပ်ဆောင်တွေနဲ့ ဆိုရှယ်မီဒီယာတွေပေါ်က ထင်ရှားသူတွေအလယ် ပညာတစုံတရာတတ်သူတွေ၊ ဘုန်းတော်ကြီး တွေနဲ့ ဘာသာရေးခေါင်းဆောင်တွေအဆုံး ပါဝင်ကြပါတယ်။ 
 
ပြောဆိုကြတဲ့ အချက်တွေအထဲက အများဆုံးကြရတာကတော့ ရိုဟင်ဂျာ ဆိုတာ မရှိဘူး ဘင်္ဂါလီပဲရှိတယ်။ ဘင်္ဂ လား ဒေ့ရှ်က ခိုးဝင်လာတဲ့ ခိုးဝင်ကုလား/ခိုးဝင်ဘင်္ဂါလီ။ ရိုဟင်ဂျာဆိုတာ တိုင်းရင်းသား ၁၃၅မျိုးထဲမှာ မပါဘူး။ အနောက်တံခါးကို ကျူးကျော်ခံရတာ။ ငါတို့ ဘဝမှာ ရိုဟင်ဂျာ ဆိုတာ တခါမှ မကြားဖူးဘူး။ ရိုလိမ်ညာတွေ။ ရခိုင်ကို မွတ်ဆလင်တိုင်းပြည်ဖြစ်အောင်လုပ်ပြီးရင် ကုလားတွေက တတိုင်းပြည်လုံးကို သိမ်းမှာ။ 
 
သားဖောက်နယ်ချဲ့နေတဲ့ ဘာသာရေးက လူတွေ။ မိန်းမလေးယောက်ယူပြီး ကလေးတပြွတ်ပြွတ်မွေးနေ တဲ့ဟာ တွေ၊ ဗုဒ္ဓဘာသာကို ကွယ်ပျောက်အောင် လုပ်ဖို့ ကြိုးစားနေတာ။ လူမျိုးရေး ဝါးမျိုးဖို့ လုပ်နေတာ။ နယ်မြေသိမ်း ပိုက်ဖို့ ဆော်ဒီက လမ်းညွှန်နေတာ။ ကုလားအုပ်လိုကောင်တွေ။ သမိုင်းတု သမိုင်းလိမ် ဖန်တီးတဲ့ လူမျိုး။ မဲမဲသဲသဲ တွေ။ ရွံစရာကောင်းတဲ့ဟာတွေ စတဲ့ စတဲ့ အမုန်စကားနဲ့ ရန်လိုတိုက်ခိုက်တဲ့ စကားတွေကို ပြင်းပြင်းထန်ထန် ကျယ်ကျယ်ပြန့်ပြန့် ပြောကြပါတယ်။ 
 
ဒီပြောစကားတွေနဲ့ ပတ်သက်ပြီး တုံ့ပြန် ရှင်းပြတာ၊ ပြန်လည်ငြင်းခုန်တာမျိုး လုပ်ခဲ့ကြပေမယ့် တကယ်ကို မလွယ် တဲ့ အနေအထားပါ။ ဒါတွေကတော့ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ရိုဟင်ဂျာ လူမျိုးစုတွေနဲ့ ပတ်သက်ပြီး အကြားရ ဆုံး၊ အလွမ်းမိုးနိုင်ဆုံး ပြောစကားတွေ ဇာတ်ကြောင်းတွေပါ။ 
 
၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့က စပြီး စစ်တပ်က အာဏာသိမ်းဖို့ကြိုးစားနေတဲ့ အခုလို ကာလကို ရောက် လာ တဲ့ အထိမှာတော့ ဗမာပြည်ထဲက ပြည်သူတွေရဲ့ (အထူးသဖြင့် လူငယ်) တွေရဲ့ အမြင်ကတော့ ရိုဟင်ဂျာတွေ အပါအဝင် တခြားသော လူမျိုးစုတွေနဲ့ ပတ်သက်ပြီး အပြောင်းအလဲတွေ ပိုဖြစ်လာတာကို တွေ့ရပါတယ်။ ပိုပြီး သိခြင်တာတွေများလာသလို လေ့လာမှုတွေလည်း လုပ်လာကြပါတယ်။ 
 
အခုကတော့ ကျနော်ရဲ့ ရိုဟင်ဂျာ လူမျိုးစုတွေနဲ့ ပတ်သက်ပြီး လေ့လာထားတဲ့ သမိုင်းကြောင်းနဲ့လူမျိုးစုရေးရာ အချက်တွေကို တူမီးတော်လှန်ရေး စာစောင်မှာ ဖော်ပြသွားဖို့ ကြိုးစားပါမယ်။ အဓိကကတော့ အချက်အလက် တွေနဲ့ ကျနော့် အမြင်ကို ပြောပြမှာပါ။ လက်ခံဖို့ဆိုတာထက် ထည့်သွင်းစဉ်းစားဖို့ပါ။ အခုစစခြင်း ဒီတပတ်က တော့ ခင်ဗျာတို့ ကျနော်တို့ ဝန်းကျင်မှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ထဲ ပြောဆိုခဲ့ကြတဲ့ ရိုဟင်ဂျာ လူမျိုးစုတွေနဲ့ ပတ်သက် ပြီး အပေါ်မှာပြောထားတဲ့ အမြင်တွေထဲ၊ စကားတွေကို ကိုယ်တိုင်ရော ပြောခဲ့လား၊ ကြားရောကြားခဲ့မိလား ပြန် စဉ်စားဖို့ပဲ အကြံပြုပါတယ်။ 
 
“The first duty of a revolutionary is to be educated.”
― Che Guevara

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */