" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ၿမန္မာ. Show all posts
Showing posts with label ၿမန္မာ. Show all posts

Thursday, February 27, 2020

အိုအိုင်စီအဖွဲ့ဝင် မော်လဒိုက်နိုင်ငံက မြန်မာကို အိုင်စီဂျေ တရားရုံးအမှုတွင် ပါဝင်တရားစွဲမည်

DVB 
27 February 2020

ရိုဟင်ဂျာတွေကို ပံ့ပိုးကူညီတဲ့အနေနဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (အိုင်စီဂျေ)မှာ မြန်မာနိုင်ငံကို တရားစွဲ ထားတဲ့အမှုမှာ ကြားဖြတ်ပါဝင်တရားစွဲမယ်လို့ အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့(OIC) အဖွဲ့ဝင် မော်လဒိုက်နိုင်ငံက ကြေညာပါတယ်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ကျင်းပတဲ့ (၄၃)ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်း အဝေးရဲ့ အဆင့်မြင့်ကဏ္ဍဆွေးနွေးတဲ့အပိုင်းမှာ မော်လဒိုက်နိုင်ငံခြားရေးဝန်ကြီး အဗဒူလာရှာဟစ်က မြန် မာကို အိုင်စီဂျေမှာ တရားစွဲမယ့်အကြောင်း ကြေညာခဲ့တာလို့ မော်လဒိုက် နိုင်ငံခြားရေးဌာနက ဖေဖော်ဝါရီ ၂၅ ရက် နေ့စွဲနဲ့ ထုတ်ပြန်ပါတယ်။

Wednesday, February 5, 2020

ICJ ကြားဖြတ်အစီအမံ မြန်မာလက်ခံဖို့ EU တိုက်တွန်း

VOA
05 ဖေဖော်ဝါရီ၊ 2020
ဗွီအိုအေ (မြန်မာဌာန)

ICJ နိုင်ငံတကာတရားရုံးက မြန်မာနိုင်ငံအတွက်ချမှတ်ထားတဲ့ ကြားဖြတ်အစီအမံတွေကို လိုက်နာဖို့ EU ဥရောပသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။ ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှာ အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ မြန် မာ့အရေး တံခါးပိတ်ဆွေးနွေးပွဲအပြီး EU ကိုယ်စား Estonian သံအမတ်ကြီး Sven Jürgenson က တိုက် တွန်းခဲ့တာဖြစ်ပါတယ်။

ICJ စီရင်ချက် မြန်မာမလိုက်နာရင် ဘာဖြစ်မလဲ

လွတ်လပ်တဲ့အာရှအသံ ( RFA ) 
သန့်ဇင်ဦး
2020-02-05

နိုင်ငံတကာတရားရုံး (ICJ) ကြားဖြတ်စီရင်ချက်ကို မြန်မာအစိုးရက မစိုးရိမ်ဘူးပြောဆိုနေပေမယ့်၊ တကယ် လို့ ကြားဖြတ်စီရင်ချက်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်ရင် ကုလလုံခြုံရေးကောင်စီထိ ရောက်သွား နိုင်တယ်လို့ ဥပဒေပါရဂူဘွဲ့ရနဲ့ လူ့အခွင့်အရေးတက်ကြွသူတချို့က သုံးသပ်နေကြပါတယ်။

နိုင်ငံတကာတရားရုံး ICJ ကြားဖြတ်စီရင်ချက်တွေထဲက ရည်ရွယ်ချက်ရှိရှိ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်မှု မဖြစ်အောင် မြန်မာအစိုးရက တားဆီးပေးရေးဆိုတဲ့အချက်ဟာ တပ်မတော်နဲ့ မြန်မာအစိုးရအတွက် အ ခက်တွေ့ စေမယ့် အချက်တွေဖြစ်တယ်လို့ ဥပဒေသိပ္ပံပါရဂူ ဒေါက်တာ အင်ဒရူး ငွန်ကျူံးလျန်က ပြောဆို လိုက်ပါတယ်။

Friday, January 31, 2020

ရခိုင်ကိစ္စ တင်းမာမှု ရှိနေသော်လည်း မြန်မာနှင့် နီးနီးကပ် ကပ် ဆက်ဆံသွားမည်ဟု အမေရိကန်သံအမတ် ပြောကြား

မဇ္ဈိမ  
31 January 2020
ဇန်နဝါရီ ၃၁ ။                     ။ ရခိုင်အကျပ်အတည်းနှင့်ပတ်သက်၍ နောက်ဆက်တွဲ အခြေအနေဆိုးကျိုးတစ်ခုနှင့် မြန်မာစစ်တပ် အရာရှိကြီးများအပေါ် ပစ်မှတ်ထားပြီး ဆန်ရှင်ချမှတ်မှုတို့ ရှိနေလင့်ကစား ဝါရှင်တန်အစိုးရအနေဖြင့် မြန်မာနှင့် အခိုင်အမာ ဆက်လက် ဆက်ဆံပတ်သက်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့ မာစီယယ်က ရန်ကုန်မြို့တွင် ပြု လုပ် သည့် ဆွေးနွေးပွဲတစ်ခုမှာ အလေးပေး ပြောဆိုသွားခဲ့သည်။

Saturday, January 25, 2020

ICJ ရဲ့ အမိန့်အပေါ် ရိုဟင်ဂျာတွေနဲ့ မြန်မာအစိုးရ တုံ့ပြန်

NHK WORLD JAPAN
2020.01.25
ရိုဟင်ဂျာ လူနည်းစုတွေကို မြန်မာအစိုးက အကာအကွယ်ပေးဖို့ ကုလသမဂ္ဂရဲ့ အဆင့်အမြင့်ဆုံးတရားရုံးဖြစ် တဲ့ နိုင်ငံတကာတရားရုံး ICJ က အမိန့်ချမှတ်လိုက်ပြီးတဲ့နောက် ရိုဟင်ဂျာ မွတ်စလင်တွေ အများအပြား ဝမ်းသာပျော်ရွှင်နေကြပါတယ်။

ဒါပေမဲ့ မြန်မာအစိုးရအနေနဲ့ အဲဒီအမိန့်အတိုင်း လုပ်ဆောင်မလားဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရှိ ရသေးပါဘူး။

Friday, January 24, 2020

ICJ ဆုံးဖြတ်ချက် မြန်မာမှတ်သားထားကြောင်း သံအမတ် ပြော

လွတ်လပ်တဲ့အာရှအသံ ( RFA )
2020.01.24
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း ကို တွေ့ရစဉ်
Photo: AP Photo/Mary Altaffer

အပြည်ပြည်ဆိုင်ရာ တရားရုံးရဲ့ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ မှတ်သားထား ရှိပါတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ပြောပါတယ်။ 

ရိုဟင်ဂျာများအား မြန်မာနိုင်ငံက အကာအကွယ်ပေးရန် ICJ အမိန့်ချ

မဇ္ဈိမ
By Reuters
23 January 2020
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတွင်းရှိ မွတ်စလင်ရိုဟင်ဂျာများအား ဖိစီးနှိပ်စက်မှုများ၊ ရက်စက်ကြမ်းကြုတ် မှု များမှ အကာအကွယ်ပေးရန်နှင့် ၎င်းတို့အပေါ် ကျုးလွန်သော စွပ်စွဲထားသည့် ရာဇဝတ်မှု သက်သေများကို မပျက်မစီးအောင် ကာကွယ်ရန် အားချင်းလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရေး အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ က ဇန်နဝါရီ ၂၃ ရက်၌ အမိန့်ချမှတ်လိုက်သည်။

Thursday, January 23, 2020

"စစ်ရာဇဝတ်မှုတွေ တရားစီရင်နိုင်ရေး မြန်မာကို အချိန်ပေး ပါ"

လွတ်လပ်တဲ့အာရှအသံ ( RFA )
2020.01.23
၆၈ နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားကို တက်ရောက်လာသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။
Photo: AFP
 
မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှုလုပ်ရပ်တွေ ဆက်လက်မပေါ်ပေါက်အောင် တားဆီးရေးအတွက် ကြားဖြတ်လိုက်နာ လုပ်ဆောင်ရမယ့်အချက်တွေကို ICJ အပြည်ပြည်ဆိုင်ရာတရားရုံးက ချမှတ်လိုက်တဲ့ ဒီနေ့မှာပဲ လန်ဒန်အခြေစိုက် Financial Times သတင်းစာမှာ "စစ်ရာဇဝတ်မှုတွေ တရားစီရင်နိုင်ရေး မြန်မာ ကို အချိန်ပေးပါ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်းပါးတပုဒ် ဖော်ပြခဲ့ပါတယ်။

ICJ ဆုံးဖြတ်ချက်ကို မြန်မာလိုက်နာဖို့ ယန်ဟီးလီပြော ကြား

လွတ်လပ်တဲ့အာရှအသံ ( RFA ) 
မိုးမြင့်၊ ဝေမာထွန်း
2020-01-23
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee ကို တွေ့ရစဉ်၊Photo: RF
 
ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီက နိုင်ငံတကာတရားရုံး ICJ က မြန်မာ အပေါ် ချမှတ်လိုက်တဲ့ ကြားဖြတ်စီရင်ချက်ကို မြန်မာအစိုးရအနေနဲ့ မဖြစ်မနေ လိုက်နာဆောင်ရွက်ဖို့ လို အပ်တယ်လို့ ဒီနေ့ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက် ပါတယ်။

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် ကြားဖြတ်စီမံဆောင် ရွက်ချက်များ ချမှတ်ပေးရန် လျှောက်ထားချက်အပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး၏ ဆုံးဖြတ်ချက်နှင့်ပတ်သက် သည့် သတင်းထုတ်ပြန်ချက်

Thu, 01/23/2020

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် ကြားဖြတ်စီမံ ‌ဆောင် ရွက်ချက်များ ချမှတ်ပေးရန် လျှောက်ထားချက်အပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး၏ ဆုံးဖြတ်ချက်နှင့်ပတ်သက် သည့် သတင်းထုတ်ပြန်ချက်

ပြန်ကြားရေးဝန်ကြီးဌာန
နေပြည်တော်
JANUARY 23, 2020

Wednesday, January 22, 2020

လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်

ပြန်ကြားရေးဝန်ကြီးဌာန
‌နေပြည်တော်
JANUARY 22, 2020
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပြည်ထောင်စုရှေ့နေချုပ်ရုံး

သတင်းထုတ်ပြန်ချက်

၁၃၈၁ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၂ ရက်)


လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ခြင်း
၁။ နိုင်ငံတော်သမ္မတရုံးသည် ၂၀၁၆-၂၀၁၇ ခုနှစ်တွင် မြန်မာ့တပ်မတော်နှင့် ARSA အကြမ်းဖက် အဖွဲ့တို့ အကြား ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုဖြစ်စဉ်များအတွင်း ရခိုင်ပြည်နယ်၌ လူ့ အခွင့်အရေး ချိုးဖောက်မှုများ ရှိ ကြောင်း စွပ်စွဲ ချက်များအပေါ် စုံစမ်းစစ်ဆေးရန် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့တွင် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် (Independent Commission of Enquiry - ICOE) ကို ဖွဲ့စည်းခဲ့ပါသည်။

ကန်အစိုးရရဲ့ ပြည်ဝင်ခွင့်ဗီဇာတိုးချဲ့ ကန့်သတ်မယ့်နိုင်ငံ တွေထဲ မြန်မာပါ

VOA
ဗွီအိုအေ (မြန်မာပိုင်း)
22 ဇန်နဝါရီ၊ 2020 
အမေရိကန် သမ္မတ Donald Trump အစိုးရရဲ့ အငြင်းပွားဖွယ် ပြည်ဝင်ခွင့် ထိန်းချုပ် ကန့်သတ်မယ့် နိုင်ငံ 
တွေ ထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်တယ်လို့ အင်္ဂါနေ့ထုတ် သတင်းတွေကို ကိုးကားပြီး ရိုက်တာ သတင်းက ဖော်ပြပါတယ်။

သမ္မတ Trump အစိုးရဘက်က ပြည်ဝင်ခွင့် ကန့်သတ်နိုင်ငံများ စာရင်းမှာ နောက်ထပ် ၇ နိုင်ငံ ထပ်ထည့်ဖို့ စီစဉ်နေကြောင်း၊ အဲဒီ နိုင်ငံတွေကတော့ မြန်မာ၊ Belarus၊ Eritrea၊ Kyrgyzstan၊ Nigeria ၊ Sudan နဲ့ Tanzania တို့ ဖြစ်တယ်လို့ သတင်းက ဖော်ပြပါတယ်။ ဒီထဲက တချို့ နိုင်ငံတွေကိုတော့ အမေရိကန် ပြည်ဝင် ခွင့် ဗီဇာ အမျိုးအစား တချို့ကိုသာ ကန့်သတ်မှာ ဖြစ်တယ်လို့ Wall Street Journal သတင်းဖော်ပြပါတယ်။

Saturday, January 18, 2020

မြန်မာအပေါ် သြဇာပိုလွှမ်းမိုးနိုင်ဖို့ တရုတ် ကြိုးပမ်း

NHK World Japan
2020.01.18

တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ၂ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်ဟာ သောကြာနေ့က စတင်ခဲ့ပါတယ်။ ဒါဟာ ဆယ်စုနှစ် ၂ ခုနီးပါး အတွင်း တရုတ်ခေါင်းဆောင်တစ်ဦးရဲ့ မြန်မာနိုင်ငံခရီးစဉ် လည်းဖြစ်ပါတယ်။

တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံအကြား သံတမန် ဆက်ဆံရေး နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကို သမ္မတ ရှီ တက်ရောက်မှာ ဖြစ်ပါတယ်။

Thursday, January 16, 2020

ဒုက္ခသည်အရေး မြန်မာကိုဖိအားပေးဖို့ ICRC ကို ဘင်္ဂလား တိုက်တွန်း


ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ကိုယ့်သဘောနဲ့ကိုယ် ဘေးကင်းလုံခြုံစွာ နေ ရပ်ပြန်ပြီး ရေရှည် ရပ်တည်နိုင်မယ့် အခြေအနေတွေ ဖြစ်ပေါ်လာအောင် မြန်မာဘက်က ဖန်တီးပေးရေး ICRC နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ အနေနဲ့ မြန်မာနိုင်ငံနဲ့ လက်တွဲ ဆောင်ရွက်ပေးဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ခြားရေးဝန်ကြီး ဒေါက်တာ AK Abdul Momen က ဗုဒ္ဓဟူးနေ့မှာ တိုက်တွန်းလိုက်ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းမီဒီယာတွေမှာ ရေးသားထားပါတယ်။

Wednesday, January 15, 2020

ဇန်နဝါရီ ၂၃ မှာ အိုင်စီဂျေဆုံးဖြတ်ချက်ချမယ်

B B C
ဘီဘီစီ မြန်မာပိုင်း
2020.01.15
ဂမ်ဘီယာနိုင်ငံရဲ့ မြန်မာလူမျိုးတုံးသတ်ဖြတ်မှု ကြားဖြတ်ဆောင်ရွက်ချက်နဲ့ပတ်သက်ပြီး အိုင်စီဂျေကြားနာ

ကုလသမဂ္ဂရဲ့ အမြင့်ဆုံးတရားရုံးအိုင်စီဂျေက မြန်မာအပေါ် ဂမ်ဘီယာက စွဲဆိုထားတဲ့ အမှုနဲ့ ပတ်သက်ပြီး ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ဆုံးဖြတ်ချက်ချမယ်လို့ ထုတ်ဖော်ပြောကြားပါတယ်။ ဇန်နဝါရီလ ၁၄ ရက်က တွစ်တာမှာ ဂမ်ဘီယာ တရားရေး ဝန်ကြီးဌာနက ရေးသားပြောဆိုခဲ့တာဖြစ်ပါတယ်။

Sunday, January 12, 2020

တရုတ်သမ္မတခရီး မြန်မာပြည်အတွက် ဘာမျှော်လင့်နိုင်

VOA
ဗွီအိုအေ (မြန်မာဌာန) 
မဆုမွန်
11 ဇန်နဝါရီ၊ 2020
တရုတ်သမ္မတ Xi Jinping

တရုတ်သမ္မတ Xi Jinping ရဲ့ ၂၀၂၀ ပြည့် နှစ်သစ်အတွက် ပထမဆုံး သွားရောက်မယ့် ပြည်ပနိုင်ငံဟာ မြန် မာနိုင်ငံဖြစ်တဲ့အတွက် မြန်မာနိုင်ငံအတွက် နိုင်ငံရေး၊ စီးပွားရေးနဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် အလားအလာ ရလဒ်ကောင်းတွေ မြင်ရဖို့ မျှော်လင့်တယ်လို့ တရုတ်-မြန်မာအရေး အ ကဲ ခတ်တွေက သုံးသပ်လိုက်ပါတယ်။ ၁၉ နှစ်တာကာလအတွင်း တရုတ်သမ္မတ တဦးအနေနဲ့ မြန် မာနိုင်ငံ ကို ပထမဆုံး နိုင်ငံတော်ခရီးစဉ်အဖြစ် လာရောက်တဲ့အပေါ် တရုတ်-မြန်မာ နှစ်နိုင်ငံသံတမန်ရေး နဲ့ ဘက်စုံ ပူးပေါင်း ဆောင်ရွက်လာနိုင်ခြေတွေအပေါ် အမြင်သဘောထားတွေကို မဆုမွန်က စုစည်းတင်ပြထားပါ တယ်။

Friday, January 3, 2020

မြန်မာ့ရေပိုင်နက်အနီး လုံခြုံရေးမြှင့်တင်ဖို့ ဘင်္ဂလားဒေ့ရှ်က ခေတ်မီ လက်နက်တွေ ဝယ်မယ်

MCN TV NEWS
၀၃ ဇန္နဝါရီ ၂၀၂၀
မြန်မာနဲ့ ရေနယ်နိမိတ် ထိစပ်နေတဲ့ စိန့် မာတင်ကျွန်းအနီးမှာ လုံခြုံရေး မြှင့်တင်နိုင်ဖို့အတွက် ခေတ်မီ လက် နက်ပစ္စည်းတွေ ဝယ်ယူဖို့ စီစဉ်နေကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဇန်နဝါရီလ ၂ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့ရှိ နယ်ခြားစောင့်တပ် ရုံးချုပ်မှာ ပြုလုပ်တဲ့ သတင်း စာရှင်းလင်းပွဲမှာ နယ်ခြားစောင့်တပ် အထွေထွေ ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် မက်ဒ် ရှဖီနူလ် အစ္စလမ်က ပြောသွားတာပါ။

Tuesday, December 24, 2019

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး မြန်မာကို အင်ဒိုနီးရှား ဒေါ်လာ ၅ သိန်းကျော် ကူညီ

VOA
ဗွီအိုအေ (မြန်မာဌာန)
24 ဒီဇင်ဘာ၊ 2019
ဇော်ဝင်းလှိုင် 
အင်ဒိုနီးရှားအစိုးရက အာဆီယံ အဖွဲ့ကြီးကတဆင့် မြန်မာနိုင်ငံကို ရန်ပုံငွေ ဒေါ်လာ ၅၃၀,၀၀၀ ကျော် လှူဒါန်း

ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ မြန်မာနိုင်ငံကို ပြန်ပို့ရေး ကူညီတဲ့အနေနဲ့ အင်ဒိုနီး ရှား အစိုးရက အာဆီယံ အဖွဲ့ကြီးကတဆင့် မြန်မာနိုင်ငံကို ရန်ပုံငွေ ဒေါ်လာ ၅၃၀,၀၀၀ ကျော် လှူဒါန်းလိုက် ပါတယ်။ ဒုက္ခသည်တွေ အမြန်ဆုံး ပြန်နိုင်ရေးအတွက် အားလုံးက ၀ိုင်းဝန်း လုပ်ဆောင်ကြဖို့ လိုအပ် ကြောင်း လည်း အလှူငွေ ပေးအပ်တဲ့အခမ်းအနားမှာ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

Thursday, December 19, 2019

ဒုက္ခသည်ညီလာခံမှာ ဘင်္ဂလားဒေ့ရှ် မြန်မာကို အပြစ်တင်

VOA
ဗွီအိုအေ (မြန်မာဌာန)
18 ဒီဇင်ဘာ၊ 2019
သားညွန့်ဦး
ဒုက္ခသည်ညီလာခံ

ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးကြန့်ကြာမှုဖြစ်နေတာဟာ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်မယ့်အခြေအနေ မြန်မာဘက်က မဖန်တီးပေးနိုင်တာကြောင့်ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က ထပ်မံ စွပ်စွဲအပြစ်တင်ပါတယ်။ ဂျနီဗာမှာ ကျင်းပနေတဲ့ ပထမဆုံးအကြိမ် နိုင်ငံတကာဒုက္ခသည်များညီလာခံမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကိုယ်စားလှယ်က ပြောဆိုသွားတာဖြစ်ပြီး၊ ဒီဒုက္ခသည်တွေအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေနဲ့ အမေရိကန်ဒေါ်လာ သန်း၆၀၀ ကျော် သုံးစွဲ အကုန်အကျခံခဲ့တယ်လို့လည်း ပြောပါတယ်။ သတင်းအပြည့်အစုံ ကိုသားညွန့်ဦး ပြောပြမှာပါ။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */