Wednesday, January 15, 2020

ဇန်နဝါရီ ၂၃ မှာ အိုင်စီဂျေဆုံးဖြတ်ချက်ချမယ်

B B C
ဘီဘီစီ မြန်မာပိုင်း
2020.01.15
ဂမ်ဘီယာနိုင်ငံရဲ့ မြန်မာလူမျိုးတုံးသတ်ဖြတ်မှု ကြားဖြတ်ဆောင်ရွက်ချက်နဲ့ပတ်သက်ပြီး အိုင်စီဂျေကြားနာ

 ကုလသမဂ္ဂရဲ့ အမြင့်ဆုံးတရားရုံးအိုင်စီဂျေက မြန်မာအပေါ် ဂမ်ဘီယာက စွဲဆိုထားတဲ့ အမှုနဲ့ ပတ်သက်ပြီး ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ဆုံးဖြတ်ချက်ချမယ်လို့ ထုတ်ဖော်ပြောကြားပါတယ်။ ဇန်နဝါရီလ ၁၄ ရက်က တွစ်တာမှာ ဂမ်ဘီယာ တရားရေး ဝန်ကြီးဌာနက ရေးသားပြောဆိုခဲ့တာဖြစ်ပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး ကြားဖြတ်ဆောင်ရွက်ချက်တွေ လုပ်ဖို့ ဂမ်ဘီယာက တရားစွဲဆိုခဲ့ တာကို ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ အိုင်စီဂျေ တရားရုံးကကြားနာ ခဲ့ပါတယ်။

ရခိုင်ပြည်အတွင်း မြန်မာအစိုးရစစ်တပ်က နယ်မြေရှင်းလင်းစစ်ဆင်ရေးတွေ ဆောင်ရွက်ခဲ့ရာမှာ ရိုဟင်ဂျာ ၇ သိန်းကျော်ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မြန်မာအစိုးရက ၁၉၄၈ ခုနှစ်တုန်းက သဘော တူလက်မှတ်ရေးထိုးထားတဲ့ ဂျီနီဗာ သဘောတူညီချက်ကို ချိုးဖောက်တယ်ဆိုပြီး တရားစွဲဆိုခဲ့ တာဖြစ်ပါ တယ်။

အမှုကို ဂမ်ဘီယာနိုင်ငံက အစ္စလာမ်နိုင်ငံများပူးပေါင်းဆောင်ရွက်ရေး အိုအိုင်စီရဲ့ ကိုယ်စား မြန်မာကို တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ မြန်မာစစ်တပ်ဟာ လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့သလို ဆက်လက်ကျူးလွန် မှုတွေလည်း ရှိနေတဲ့ အတွက် ကြားဖြတ်ဆောင်ရွက်ချက်တွေ လုပ်ပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

မြန်မာဘက်ကရှေ့နေအဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်လျှောက်လဲခဲ့


မြန်မာအစိုးရဘက်က နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်တဲ့ ရှေ့နေအဖွဲ့ က ခုခံချေပလျှောက်လဲခဲ့ပါတယ်။

ဂမ်ဘီယာရှေ့နေ အဖွဲ့က လျှောက်လဲရာမှာ မြန်မာအစိုးရစစ်တပ်က မီးရှို့မှု၊ သတ်ဖြတ်မှု၊ မုဒိမ်းမှုတွေ ပြု လုပ်ခဲ့ကြောင်း အဓိကဦးတည်လျှောက်လဲခဲ့ပြီး မြန်မာဘက်က ခုခံရာမှာတော့ လူမျိုးတုံးသတ်ဖြတ်ဖို့ ရည် ရွယ်ချက်မရှိကြောင်းကို ဥပဒေရှုထောင့်က အဓိက ဦးတည်ချေပခဲ့ပါတယ်။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */