Wednesday, February 5, 2020

ICJ ကြားဖြတ်အစီအမံ မြန်မာလက်ခံဖို့ EU တိုက်တွန်း

VOA
05 ဖေဖော်ဝါရီ၊ 2020
ဗွီအိုအေ (မြန်မာဌာန)
ICJ နိုင်ငံတကာတရားရုံးက မြန်မာနိုင်ငံအတွက်ချမှတ်ထားတဲ့ ကြားဖြတ်အစီအမံတွေကို လိုက်နာဖို့ EU ဥရောပသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။ ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှာ အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ မြန် မာ့အရေး တံခါးပိတ်ဆွေးနွေးပွဲအပြီး EU ကိုယ်စား Estonian သံအမတ်ကြီး Sven Jürgenson က တိုက် တွန်းခဲ့တာဖြစ်ပါတယ်။
 
ICJ တရားရုံးကချမှတ်တဲ့ အစီအမံတွေအတိုင်း မြန်မာကလိုက်နာဆောင်ရွက်ဖို့ EU ကတိုက်တွန်းပါတယ်။ ဒီအစီ အမံတွေဟာ နိုင်ငံတကာဥပဒေအရ မဖြစ်မနေလိုက်နာဖို့လိုတယ်ဆိုတာ ထပ်ပြီးပြောလိုပါတယ်။ လူ့ အခွင့်အရေး ချိုးဖောက်ခဲ့သူတွေကို တရားဥပဒေနဲ့အညီအရေးယူနိုင်ဖို့ လက်ခံနိုင်လောက်တဲ့ ဆောင် ရွက် မှုတွေလုပ်ဖို့လိုအပ်ပါတယ်။ ရခိုင်ပြည်နယ်အပြင် ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ ပဋိပက္ခတွေဖြစ်နေရတဲ့ အခြေခံပြဿနာတွေကို မြန်မာအနေနဲ့ ဖြေရှင်းရမယ်လို့ EU ကိုယ်စား ကုလသမဂ္ဂဆိုင်ရာ Estonian သံအ မတ်ကြီး Sven Jürgenson ကပြောကြားသွားတာဖြစ်ပါတယ်။

ရိုဟင်ဂျာတွေ ဘေးကင်း သိက္ခာရှိစွာ ပြန်လာနိုင်မယ့်အခြေအနေတွေကို မြန်မာက ဖန်တီးပေးရ မယ်လို့ လည်း သူကပြောသွားခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၆ ရက်တုန်းက လုံခြုံရေးကောင်စီဥက္ကဋ္ဌရဲ့ ကြေညာ ချက်အတိုင်း ထပ်မံတောင်းဆိုသလို၊ Kofi Annan ကော်မရှင်ရဲ့ အကြံပြုချက်တွေအတိုင်း အကောင်အ ထည်ဖော်ဖို့ EU ကထပ်မံ တောင်းဆိုတယ်လို့လည်း အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။

ICJ တရားရုံးမှာ Gambia နိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲထားတဲ့ အမှု မစတင်ခင် ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုလုပ်ရပ်တွေ ဆက်ပြီး မဖြစ်အောင် တားဆီးရေး ကြားဖြတ်လိုက်နာ ဆောင်ရွက် ချက် တွေ ICJ တရားရုံးက ဇန်နဝါရီကလ ချမှတ်ခဲ့တာပါ။

အဲဒီကိစ္စနဲ့ပတ်သက်လို့ Belgium, Estonia, France, Germany, ဗြိတိန်နဲ့ အမေရိကန်နိုင်ငံတွေရဲ့ တောင်းဆို ချက်အရ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အင်္ဂါနေ့က ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံး အနှုန်းကို လက်မခံတဲ့ မြန်မာကတော့ ICJ တရားရုံးရဲ့ ဆုံးဖြတ်ချက်တွေကို မှတ်သားထားတယ်လို့ တုံ့ပြန် ထားပါတယ်။ 

Link: Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */