Tuesday, December 24, 2019

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး မြန်မာကို အင်ဒိုနီးရှား ဒေါ်လာ ၅ သိန်းကျော် ကူညီ

VOA
ဗွီအိုအေ (မြန်မာဌာန)
24 ဒီဇင်ဘာ၊ 2019 
ဇော်ဝင်းလှိုင် 
 အင်ဒိုနီးရှားအစိုးရက အာဆီယံ အဖွဲ့ကြီးကတဆင့် မြန်မာနိုင်ငံကို ရန်ပုံငွေ ဒေါ်လာ ၅၃၀,၀၀၀ ကျော် လှူဒါန်း
 
ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ မြန်မာနိုင်ငံကို ပြန်ပို့ရေး ကူညီတဲ့အနေနဲ့ အင်ဒိုနီး ရှား အစိုးရက အာဆီယံ အဖွဲ့ကြီးကတဆင့် မြန်မာနိုင်ငံကို ရန်ပုံငွေ ဒေါ်လာ ၅၃၀,၀၀၀ ကျော် လှူဒါန်းလိုက် ပါတယ်။ ဒုက္ခသည်တွေ အမြန်ဆုံး ပြန်နိုင်ရေးအတွက် အားလုံးက ဝိုင်းဝန်း လုပ်ဆောင်ကြဖို့ လိုအပ် ကြောင်း လည်း အလှူငွေ ပေးအပ်တဲ့အခမ်းအနားမှာ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ်၊ သြဂုတ်လအတွင်း တကျော့ပြန်ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေရဲ့ နောက် ဆက် တွဲအဖြစ် တဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားကြတဲ့ ဒုက္ခသည်တွေ အမြန်ဆုံး နေရပ် ပြန် နိုင်ရေးအတွက် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အစိုးရတွေက ဖိအားပေး ပြောဆိုတာ၊ ဘဏ္ဍာရေး အရ ကူညီ ထောက်ပံ့တာတွေ လုပ်ဆောင်နေကြတာမှာ ဒေသတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံ တခုဖြစ်တဲ့ အင် ဒိုနီးရှားအစိုးရကလည်း ဒုက္ခ သည်တွေ နေရပ်ပြန်ရေးကို အထောက်အကူ ပြုစေမယ့် ရန်ပုံငွေတွေ ကူညီ လာနေတာပါ။

ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေကြတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေ နေရပ်ပြန်ရေးကို အထောက်အကူ ပြုစေရေးအတွက် ရည်ရွယ်ပြီး ကမ္ဘာပေါ်မှာ အစ္စလာမ်ဘာသာဝင် အများဆုံးနေထိုင်တဲ့ အင်ဒိုနီးရှားနိုင်ငံက အမေရိ ကန်ဒေါ်လာ ၅၃၀,၀၀၀ ကျော်ကို အာဆီယံအဖွဲ့ကြီးကတဆင့် Grant Aid Agreement for Myanmar ဆိုတဲ့ အစီအစဉ်နဲ့ မြန်မာနိုင်ငံကို လှူဒါန်းလိုက်တာပါ။

ဒီဇင်ဘာ ၂၀ ရက်နေ့က ဂျကာတာမြို့မှာ ပြုလုပ်တဲ့ ရန်ပုံငွေပေးပွဲ အခမ်းအနားကို အင်ဒိုနီးရှားဘဏ္ဍာရေး ဝန်ကြီး ဌာနက ညွှန်ကြားရေးမှူးတဦးဖြစ်သူ Luky Alfirman နဲ့ အာဆီယံ လက်ထောက် အတွင်းရေးမှူးချုပ် R. M. Michael Tene တို့ ၂ ဦးက အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi နဲ့ အာဆီယံအတွင်း ရေး မှူးချုပ် Lim Jock Hoi တို့ ၂ ဦးရဲ့ ရှေ့မှောက်မှာ လက်မှတ် ရေးထိုးခဲ့ကြတာပါ။

မြန်မာနိုင်ငံက ရိုဟင်ဂျာ ပဋိပက္ခဖြေရှင်းရေးအတွက် အာဆီယံဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေ ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က လက်မှတ်ရေးထိုးတဲ့ အခမ်းအနားမှာ ပြောပါ တယ်။

“ဒုက္ခသည်တွေ အမြန်ဆုံး နေရပ်ပြန်နိုင်ရေးအတွက် ကျမတို့အားလုံး ဝိုင်းပြီး ကြိုးစားလုပ်ဆောင်ကြဖို့ လို ပါတယ်။ ဒေသတွင်း လုံခြုံရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်တာမှာ အာဆီယံရဲ့ အရေးပါမှုကို အထူးထင် ရှား စေဖို့၊ လူထုရဲ့ သာယာဝပြောမှုအတွက် အာဆီယံရဲ့ ပါဝင်လုပ်ဆောင်မှုကို ပြသဖို့ရာ အာဆီယံအနေနဲ့ ဒီ ကိစ္စကို ဖြေရှင်းရေး ဟန်ချက်ညီ ပိုအားစိုက်လုပ်ဆောင်ဖို့ကလွဲလို့ တခြားရွေးချယ်စရာ မရှိပါဘူး”

အခုလို ရန်ပုံငွေကူညီတာဟာ ပြီးခဲ့တဲ့လက ဘန်ကောက်မြို့မှာလုပ်တဲ့ အာဆီယံ ထိပ်သီးအစည်းအဝေး အတွင်း သမ္မတ Joko Jokowi Widodo ပြောဆိုထားတဲ့ ရိုဟင်ဂျာဒုက္ခသည် အကျပ်အတည်းကို ဖြေရှင်း တာမှာ အကူ အညီပေးမယ်ဆိုတဲ့ အစိုးရရဲ့ ကတိကဝတ်ကို အကောင်အထည်ဖော်တာ ဖြစ်တယ်လို့ ဝန်ကြီး Marsudi က ပြောပါတယ်။

အာဆီယံ အတွင်းရေးမှူးချုပ် Lim Jock Hoi ကလည်း ဒီရန်ပုံငွေက ဒုက္ခသည်တွေ နေရပ်ပြန်ရေးနဲ့ အဲဒီ ဒုက္ခ သည်တွေအတွက် ရခိုင်ပြည်နယ်အတွင်း ပြန်လည် ထူထောင်ရေးလုပ်ဆောင်နေတဲ့ မြန်မာအစိုးရကို အထောက်အကူ ပြုစေမယ်လို့ လက်မှတ်ရေးထိုးပွဲ အခမ်းအနားမှာ ပြောပါတယ်။

“အခုလို ရန်ပုံငွေ ရရှိတဲ့အတွက် ရခိုင်ပြည်နယ်ထဲမှာ ဖြစ်နေတဲ့ စာနာမှုဆိုင်ရာ အခက်အခဲတွေ ဖြေရှင်းရေး လုပ်ငန်းတွေမှာ အာဆီယံရဲ့ ဆောင်ရွက်မှုတွေအပေါ် ယုံကြည်မှု ပိုပြီး ရရှိလာစေမှာ ဖြစ်ပါတယ်။”

ဒီရန်ပုံငွေဟာ အာဆီယံနဲ့ အဖွဲ့ဝင်နိုင်ငံတခုချင်းစီအကြား သီးခြား ရရှိထားတဲ့ သဘောတူညီချက်အရ အာ ဆီယံအဖွဲ့ဝင် နိုင်ငံတခုက ပထမဆုံးအကြိမ်ပေးတဲ့ ရန်ပုံငွေဖြစ်ပါတယ်။ အခုလို အာဆီယံအဖွဲ့ ကတဆင့် ရန်ပုံငွေထောက်ပံ့တာအပြင် အင်ဒိုနီးရှားအစိုးရက ရခိုင်ပြည်နယ်အတွင်း ဆေးရုံတလုံး တည်ဆောက်ပြီး မြန်မာအာဏာ ပိုင်တွေထံ လွဲပြောင်း ပေးအပ်ပြီး ဖြစ်ပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရကတော့ ဒုက္ခသည်တွေ နေရပ်ပြန်လာနိုင်ရေး အတွက် ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်နေသလို ဒီပဋိပက္ခကို ဖြေရှင်းတာမှာ အာဆီယံရဲ့ ကူညီပံ့ပိုးမှုကို အလျဉ်းသင့်သလို အသိအမှတ်ပြု ထုတ်ဖော်ပြောဆိုလေ့ ရှိပါတယ်။ 

 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */