VOA
16 ဇန္နဝါရီ၊ 2020
16 ဇန္နဝါရီ၊ 2020
ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ကိုယ့်သဘောနဲ့ကိုယ် ဘေးကင်းလုံခြုံစွာ နေ ရပ်ပြန်ပြီး ရေရှည် ရပ်တည်နိုင်မယ့် အခြေအနေတွေ ဖြစ်ပေါ်လာအောင် မြန်မာဘက်က ဖန်တီးပေးရေး ICRC နိုင်ငံ တကာ ကြက်ခြေနီအဖွဲ့ အနေနဲ့ မြန်မာနိုင်ငံနဲ့ လက်တွဲ ဆောင်ရွက်ပေးဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ခြားရေးဝန်ကြီး ဒေါက်တာ AK Abdul Momen က ဗုဒ္ဓဟူးနေ့မှာ တိုက်တွန်းလိုက်ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းမီဒီယာတွေမှာ ရေးသားထားပါတယ်။
ရိုဟင်ဂျာ ပဋိပက္ခကို မြန်မာဘက်က ဖန်တီးတာဖြစ်တဲ့ အတွက် ဒီပြဿနာရဲ့ အဖြေကိုလည်း မြန်မာဘက် ကဘဲ ရှာဖွေ လုပ်ဆောင်ရမှာ ဖြစ်ကြောင်း ဝန်ကြီး Momen က ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ ICRC အဖွဲ့အကြီးအကဲ Pierre Dorbes က နိုင်ငံခြားရေးဌာနမှာ သူ့ရဲ့ ရာထူးခန့်အပ် လွှာ ပေးအပ်ပွဲ အခမ်းအနားမှာ ဝန်ကြီး Momen က အဲဒီလို တိုက်တွန်း ပြောကြားလိုက်တာပါ။
ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းမှာ ရိုဟင်ဂျာတွေ အများအပြား ရောက်ရှိနေတာနဲ့ သူတို့ရဲ့ ကလေးငယ်တွေ ပညာသင်ကြားခွင့်မရတဲ့ ကိစ္စတွေအပေါ် စိုးရိမ်ကြောင်းလည်း ဝန်ကြီး Memon က ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ အကြီးအကဲအဖြစ် တာဝန်ပေးအပ်ခြင်း မခံရခင် Pierre Dorbes ဟာ ICRC အဖွဲ့ရဲ့ အရှေ့အာရှဒေသဆိုင်ရာ အကြီးအကဲအဖြစ် ဘေဂျင်းမြို့မှာ မနှစ် ဇူလိုင်လအထိ တာဝန်ထမ်းဆောင် ခဲ့ တာပါ။
ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရကတော့ တဘက်နိုင်ငံကိုရောက်နေတဲ့ ဒုက္ခသည် တွေ နေရပ်ပြန်လာနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ် အပါအဝင် ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင် ရွက်နေကြောင်း ပြောဆိုထားပါတယ်။
Link : Here

No comments:
Post a Comment